29/09/2026
MBT အသုံးပြုသူတွေအနေနဲ့ အင်တာနက်လိုင်း အဆင်မပြေမှုဖြစ်ပေါ်ခဲ့ရင် ဘယ်ကို ဆက်သွယ်ရမလဲ? ....
သုံးစွဲသူများရဲ့ အသံများကို နားထောင်နိုင်ဖို့ MBT မှ Complaint တင်နိုင်တဲ့နေရာများစွာ ဖွင့်လှစ်ထားရှိပါတယ်။
(၁) MBT Hotline နံပါတ်ဖြစ်သော 01 3684488 (မနက် ၈း၀၀ နာရီမှ ည ၁၁း၀၀ နာရီအထိ) ဆက်သွယ်နိုင်ပါတယ်။
(၂) MBT page Chat Box မှာ ID နံပါတ်နှင့်တကွ ဖြစ်စဥ်ကို ရေးသားပေးပို့နိုင်ပါတယ်။ မနက် 8:00 နာရီ မှ ညနေ့ 5:00 နာရီအတွင်းပြန်လည်ဖြေကြားပေးပါတယ်ရှင်။
(၃) မိမိမြို့နယ်အလိုက် သက်ဆိုင်ရာ ရုံးခွဲဖုန်းနံပါတ်များကို (ရုံးချိန်အတွင်း) ဆက်သွယ်အကြောင်းကြားနိုင်ပါတယ်ရှင်။
(၄) MBT Website ဖြစ်သော www.mbt.com.mm မှာဝင်ရောက်၍လည်း Complaint Form ဖြည့်စွက်ကာ ပေးပို့နိုင်ပါတယ်ရှင်။
(၅) MBT Application မှာလည်း Complaint တင်ထားနိုင်ပါတယ်ရှင်။
MBT ရဲ့ Customer Service Representatives များမှ အမြန်ဆုံးပြန်လည်ဖြေကြားပေးနေတာဖြစ်လို့ အဆင်ပြေဆုံးနည်းလမ်းနဲ့သာ ဆက်သွယ်လိုက်ဖို့ အကြံပေးပရစေရှင်.........