TeleMobile

TeleMobile ဖုန်းစျေးနှုန်း၊ ပစ္စည်း မှန်ရမည်။
ဖုန်းမျိုးစုံကို အမြန် ပြုပြင်ဆောင်ရွက်ပေးနေပါသည် Sale & Services Center

26/05/2026

ဆိုင်ရှေ့ ခွေးချေးတည်လို့ စာကပ်ထားတာ တဝက် အောင်မြင်တယ် ပြောရမယ်။

TeleMobile ရှေ့ မှာ မလုပ်တော့ပဲ တခြားဆိုင်တွေ ရှေ့မှာ နေရာပြောင်း တည်နေတာပါဆို

အဲ့လောက်ထိ စကားနားထောင်တယ်ဆို တလက်စတည်း ပလက်ဖောင်းနဲ့ လွတ်ကင်းတဲ့ အောက်ဆင်းတည်ကြရင် အများကိုယ်စား သိပ်ကျေးဇူးတင်မိမှာပါ..။

😁😁😁

အိမ်ရဲ့ လုံခြုံရေးကို စိတ်ပူတတ်နေပြီလား။ဈေးသက်သက်သာသာနဲ့ ဝယ်လို့ ရမယ့်အပြင် မီးပျက်နေချိန်လည်း Power Bank နဲ့ သုံးလို့ရမ...
26/05/2026

အိမ်ရဲ့ လုံခြုံရေးကို စိတ်ပူတတ်နေပြီလား။

ဈေးသက်သက်သာသာနဲ့ ဝယ်လို့ ရမယ့်အပြင် မီးပျက်နေချိန်လည်း Power Bank နဲ့ သုံးလို့ရမယ့် Borofone ရဲ့ CCTV Portable Camera လေး ရပါတယ်။ အာမခံ တနှစ်ပါတယ်။

အိမ်မှာ ကိုယ်စိတ်မချရတဲ့ အခြေအနေတခုရှိတယ်ဆိုရင် ဈေးနည်းပြီး Function စုံ သုံးလို့ရမယ့် ဒီ Borofone လေး သုံးကြည့်ပါ။

Yoose Apk ကို Download ဆွဲပြီး Account တခုဖွင့်၊ Add Device လုပ်ကာ Wifi နဲ့ ချိတ်ထားဖို့တော့ လိုပါမယ်။

နှစ်ဘက်လုံး ရုပ်မြင် အသံကြားရမယ့် Display ပါ Camera - DBI04 လေးက 133,000 ပါ။

Display မပါတဲ့ Camera DBI03 က 91,000 ပါ။

Memory Card ထည့်မယ်ဆို 8GB ကို တရက်နီးပါးစာ 22 နာရီအများဆုံး Record ဖမ်းပေးထားနိုင်ပါတယ်။

Memory 64GB ထည့်ထားရင် တပတ်စာ ပြန်ကြည့်လို့ရပါမယ်။

Call Function ပါလို့ ဖုန်းအပြန်အလှန် ပြောနိုင်တယ်။ ကျန်တဲ့ အသုံးဝင်မယ့် Function တွေပါ ပါလို့ ဈေးသက်သာစွာနဲ့ ဝယ်မယ်ဆို TeleMobile ကို လာခဲ့ပါ။

သူလည်း လကုန်ရင် တက်မယ်တဲ့။အသက်သာဆုံး ၄ သိန်းကျော်နဲ့ အစုံသုံးနိုင်မယ့် ဖုန်း 😎  ရေစိုခံ၊ အကြမ်းခံတဲ့အပြင် ဒီဇိုင်းကလည်း ...
24/05/2026

သူလည်း လကုန်ရင် တက်မယ်တဲ့။

အသက်သာဆုံး ၄ သိန်းကျော်နဲ့ အစုံသုံးနိုင်မယ့် ဖုန်း 😎

ရေစိုခံ၊ အကြမ်းခံတဲ့အပြင် ဒီဇိုင်းကလည်း လှတယ်!

ကိုင်ရတာ ကျစ်လျစ်ပေါ့ပါးပြီး Multitasking တွေ ဘယ်လောက်လုပ်လုပ် သွက်လက်မြန်ဆန်နေမယ့် ဖုန်းတစ်လုံးကို ရှာနေတယ်ဆိုရင်တော့ Galaxy A07 ကလွဲရင် တခြားမရှိဘူးနော် ✨


A07 ဈေးနှုန်းများ -
📌Galaxy A07 (4/ 64 GB) - MMK 432,000
📌Galaxy A07 (4/ 128 GB) - MMK 519,000
📌Galaxy A07 (6/ 128 GB) - MMK 588,000
📌Galaxy A07 5G (4/ 128 GB) - MMK 790,000

မေလ ၃၁ ရက်နေ့အထိသာ ယခုစျေးနှုန်းဖြင့်ရနိုင်မှာဖြစ်လို့ TeleMobile မှာ အမြန်ဆုံးဝယ်ယူလိုက်တော့နော်

ဆိုင်ဖွင့်တာနဲ့ ဆိုင်က ဝန်ထမ်းတွေ အရင်ဆုံး ဘာလုပ်ရလဲသိလား။ဆိုင်ရှေ့မှာ ရှိတဲ့ ခွေးချေးကို အရင် သန့်ရှင်းရေးလုပ်ရပါတယ်။ ခ...
18/05/2026

ဆိုင်ဖွင့်တာနဲ့ ဆိုင်က ဝန်ထမ်းတွေ အရင်ဆုံး ဘာလုပ်ရလဲသိလား။

ဆိုင်ရှေ့မှာ ရှိတဲ့ ခွေးချေးကို အရင် သန့်ရှင်းရေးလုပ်ရပါတယ်။

ခွေးချေးက ပလက်ဖောင်းပေါ်ကပ်နေရင် ​ရေလောင်းကာ တံမြတ်စီးအကြမ်းနဲ့ ​ လှည်းချရတယ်။ ဆပ်ပြာမှုန့် ဖြူးပြီး ထပ်ပြီး ပြောင်အောင် လှည်းချရတယ်။

မသိတဲ့ သူက ပိုတယ်လို့ ထင်မှာပဲ။ လမ်းပေါ်ပါထားတဲ့ ခွေးချေးကို ဒီလို အားအားယားယား လုပ်ဖို့ လို့သလားလို့ မေးငေါ့ကြမှာပဲ။

ဆိုင်ရှေ့ခွေးချေး တည်သွားတာ ပြဿနာ မဟုတ်ပါဘူး။ အဲ့ဒီခွေးချေးကို လူတယောက်က မမြင်ဘဲ နင်းလာပြီး ဆိုင်ထဲဝင်လာရင် ဇာတ်လမ်းက စပါပြီ။

တခါက အဲ့လိုပဲ ခွေးချေးနင်းလာပြီး တဆိုင်လုံး ပတ်သွားထားတာများ။ ခွေးချေး အဝါကွက်တွေများ နေရာစုံ။ လူစားတဲ့ အစာတွေပဲ စားကြတဲ့ ရန်ကုန် ခွေးချေးနံကတော့ သိတဲ့ အတိိုင်းပါပဲ။

တဆိုင်လုံးကို ဆပ်ပြာမှုန့်း နင်းကြမ်းပတ်ပြီး ဆေးပေရော့...။

ခွေးတွေက တော့ ဆိုင်ရှေ့လာ မပါ တက်ပါဘူး။ ခွေးမွေးသူက ဆိုင်ရှေ့လာလာ တည်ကြတော့ TeleMobile က ဝန်ထမ်းတွေဆိုတာ အလုပ်ကို ရလို့..ဆို

ခွေးချေးဆေးရပါ များလာရင် ခွေးချေးဆိုတဲ့ အသံကို မကြားချင်တော့ဘူးရယ်...။

ဆိုင်မဖွင့်ခင် ဆိုင် ရှေ့ ခွေးချေးလာတည်တဲ့ သူက မသိသလို လုပ်ပြီး တည်ထားခဲ့ပေမယ့် ဆိုင်ဖွင့်ပြီးဆိုတာနဲ့ ဆိုင်က လူတွေက ရေပုံးကိုင်သူကိုင် တံမြတ်စီးကိုင်သူကိုင်ကာနဲ့ အလုပ် ရကြလေသတည်း...။
Photo Credit

02/05/2026

ရောင်းရင် မြတ်တယ်..... ပြန်ဝယ်မှ ရှုံးမယ်။

အရင်းထဲ ငွေ ထပ် ထပ် ထည့်ရင်း ထည့်ရင်းနဲ့ ထည့်နေတဲ့ အချိန်မှာ သိပ် မသိသာပေမယ့်

ငွေထပ်မထည့်နိုင်လို့ ဇာတ်ပေါင်းသော်ဆိုပြီး နိဂုံးချုပ်လိုက်ရင် လက်ကျန်ကုန်ရော၊ လက်ကျန်ငွေရော လျော့သွားကြလေသတည်း။

ဒါဆို "တက်လာနိုင်မယ့် ဈေးကို ကိုယ်က အရင် ဈေးတက်ရောင်းလေ" တဲ့။

လက်ရှိဈေးတောင် မိုးထိုးနေလို့ Customer က ဝယ်ဖို့ ဆိုင်ကို သုံးခေါက်လောက်လာပြီးမှ အဘက််ဘက်က စဥ်းစားပြီး ဝယ်ကြတဲ့ အချိန်မှာ

နောက်အခါလာ နောင်ခါဈေး ပဲဟေ့။

😄😁😬

ဖုန်းဈေးတွေ တက်နေပေမယ့် ဖုန်းသစ်ဝယ်ချင်သူတွေ ဝယ်သင့်နေသေးတဲ့ အတန်ဆုံးစျေးနှုန်းမှာ အမိုက်ဆုံး Performance ကို ၃ သိန်း၇သေ...
27/04/2026

ဖုန်းဈေးတွေ တက်နေပေမယ့် ဖုန်းသစ်ဝယ်ချင်သူတွေ ဝယ်သင့်နေသေးတဲ့ အတန်ဆုံးစျေးနှုန်းမှာ အမိုက်ဆုံး Performance ကို ၃ သိန်း၇သောင်း၇ထောင်နဲ့ဆိုတော့ စဥ်းစားမနေနဲ့။ TeleMobile ကို အခုပဲ လာဝယ်လိုက်တော့..။

မျက်နှာပြင်အကြီးကြီးနဲ့မှ ကြည့်ချင်သူတွေ၊ ကင်မရာကြည်ကြည်လင်လင် ရိုက်ချင်သူတွေအတွက် Specs စုံစုံလင်လင်နဲ့ ထွက်ရှိထားတဲ့ Galaxy A06 က အသင့်တော်ဆုံးပဲပေါ့။ ✨

✅ Display: 6.7” HD+ TFT U-Cut Display
✅ Camera: 50MP Pro-grade Main Camera
✅ Battery: 5,000 mAh (တစ်နေကုန် စိတ်ကြိုက်သုံး)

�Galaxy A06 (4/64 GB) - 377,000 MMK

Samsung Offical အာမခံ ၁နှစ်ပါလို့ အေးအေးဆေးဆေးသုံးပါ။

Borofone BG13 ကြိုးမဲ့ mouse လေး TeleMobile မှာ ရပါပြီနော်။DPI Value ကို 800~1200~1800 သုံးမျိုး ချိန်းလို့ရပါတယ်။အာမခံတ...
27/04/2026

Borofone BG13 ကြိုးမဲ့ mouse လေး TeleMobile မှာ ရပါပြီနော်။

DPI Value ကို 800~1200~1800 သုံးမျိုး ချိန်းလို့ရပါတယ်။

အာမခံတနှစ်ကို 27,500 ဈေးနဲ့ဆိုတော့ လိုအပ်ရင် ဝယ်ထားပါ။

25/04/2026

Borofone ရဲ့ 30,000 mAh ကိုမှ ကိုးသောင်းငါးထောင်ပဲ ရှိတဲ့ Power Bank လေး

DBT46 က 30,000 mAh ပါတဲ့အပြင် 22.5Watt, QC3.0 . PD 20Watt တွေပါလို့ ဖုန်းအားသွင်းမြန်ချင်တဲ့ သူတွေနဲ့ Capacity အကြီးကြီး လိုအပ်နေတဲ့ သူတွေ အတွက် ဈေးနှုန်းသက်သာတဲ့အပြင် ပစ္စည်းကောင်းလေးမို့ ပြောပြပေးလိုက်ပါတယ်။

ငါ့ကို သတိတရ စာပို့တာဆိုလို့ ကျား ဖြန့်တွေပဲ ရှိတယ်။စီးပွားရေးလုပ်ခြင်းရဲ့ နောက်ကွယ်မှာ ဖုန်းနံပါတ်ကို လူတိုင်းသိတော့ ဟိ...
23/04/2026

ငါ့ကို သတိတရ စာပို့တာဆိုလို့ ကျား ဖြန့်တွေပဲ ရှိတယ်။

စီးပွားရေးလုပ်ခြင်းရဲ့ နောက်ကွယ်မှာ ဖုန်းနံပါတ်ကို လူတိုင်းသိတော့ ဟိုလူက ပို့ကြ၊ ဒီလူက ပို့ကြနဲ့ရယ်...

သူတို့ကလည်း သူတို့ Target ပြည့်အောင် ပို့ကြတယ် ထင်ပါတယ်။

ပျံနေတဲ့ ငှက်အုပ်ထဲ ခဲတလုံး ပြစ်ထည့်လိုက်သလို မှန်ချင်ရာမှန်...

ငါတို့တွေမှာလည်း အရည်မရ အဖက်မရကို ထိုင်မဖတ်နိုင်တာကြောင့် Block ရလေသတည်း....

😇😇😇

တသက်နဲ့ တကိုယ် ကိုယ်မသိတဲ့ ဖုန်းနံပါတ်ကို ခဏတိုင်း Block ရမယ်လို့ အရင်က မသိခဲ့ဘူးရယ်..။

23/04/2026

ဖုန်းရေ၀င်ရင် ဖုန်းပျက်မယ်ဆိုတာ သိရဲ့သားနဲ့ကိုဗျာ

ရေဝင်ရင် ပထမအပျက်အများဆုံးက ဖုန်းမှန်ပါ။

ဒုတိယ အပျက် အများဆုံးက Battery ပါ။

မှန်လဲပေးပြီးလို့ အဆင်ပြေသွားတဲ့ ဖုန်းရှိသလို Battery အားမခံလို့ Battery ကောင်းရင် Circuit နဲ့ IC ပိုင်း လိုက်စစ်ရတဲ့ ဖုန်းတွေလည်း ရှိပါတယ်။

အခုဟာက ဘာမှ မလာတဲ့ ဖုန်းကို အပ်ကတည်းက ဘယ်နေ့ရမှာလဲ အရင်မေးကြတာကိုပါ။

ဖုန်းကို အသေးစိတ် စစ်ဆေးပြီးမှ ဘယ်နေ့ ဘယ်အချိန်ရမယ်ဆိုတာ အတိအကျ ပြန်ပြောပေးနိုင်မှာပါ။

အဲ့ဒီလို မကြုံချင်ဘူးဆို သင်္ကြန်မှာ ဖုန်းကို အိမ်မှာ ထားခဲ့ပါ။ ဒါမှ မဟုတ် အသစ်တလုံး ဝယ်နိုင်အောင် ကြိုးစားပါ။

ပြင်မရမှ ဆိုင်ကို အပြစ် လာမရှာပါနဲ့။

ရေဝင်ဖုန်းဆို ပြင်လို့ ရနိုင်၊ မရနိုင်ဆိုတာ ဘယ်သူမှ ချက်ချင်း မသိနိုင်ပါ။

စကားချိုချိုပြောပြီး ဘာမှ လုပ်မပေးတဲ့ ဆိုင်ထဲမှာ TeleMobile မပါပါဘူး။

ပြောသည်ထက်ကို TeleMobile က ဝန်ဆောင်မှု ပိုပေးထားပါတယ်။

ချိုသာရမယ့်နေရာမှ ချိုသာပါတယ်။ သရုပ်ဆောင်တဲ့ ချိုသာမှုမျိုးကို TeleMobile က No ပါ။ ပြဿနာ မဖြစ်ရလေအောင် ပြတ်သားသင့်တဲ့နေရာမှာ ပြတ်ပြတ်သားသား ပြောပါတယ်။

အကြံပြုခြင်းသာ ဖြစ်ပါတယ်။ အဆင်ပြေကြပါစေ။

နှစ်သစ် ဆုတောင်း
17/04/2026

နှစ်သစ် ဆုတောင်း

Address

No. 19, U Chit Maung Road ( West Horse Race RD), Bahan Township
Yangon
11181

Opening Hours

Monday 08:30 - 18:30
Tuesday 08:30 - 18:30
Wednesday 08:30 - 21:00
Thursday 08:30 - 22:00
Friday 08:30 - 22:00
Saturday 08:30 - 22:00
Sunday 08:30 - 22:30

Telephone

+959448002637

Website

Alerts

Be the first to know and let us send you an email when TeleMobile posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TeleMobile:

Share