12/12/2023
It's even worse to lie to yourself😅
မင်းက ... နားလည်ချင်ယောင်ဆောင်တတ်တဲ့ ကလေးမလေးပါကွာ ...
ပျော်ပါတယ် ပြီးတော့ အဆင်ပြေပါတယ်ဆိုတဲ့ စကားလုံးလေးတွေကို သုံးမယ် ပြီးရင် ဘယ်သူမှ မသိအောင် ကြိတ်ငိုမယ် မဟုတ်လား ... ဘယ်အရာကိုမှ မမျှော်လင့်ထားသလိုမျိုး ပြီးတော့ ဘယ်အရာကိုမှ မလိုချင်သလိုမျိုးထိ ရင့်ကျက်ပြမယ်လေ ဘယ်အရာမဆို ခွင့်လွှတ်ပေးနိုင်ပါတယ် နားလည်ပေးနိုင်တယ် ဆိုသလိုမျိုး မင်းက ဟန်ဆောင်တတ်တယ် ။
တကယ့်တကယ်တမ်းကျတော့ မင်းက နားလည်ချင်ယောင်ဆောင်တတ်တဲ့ ကလေးတစ်ယောက်ပါပဲ ... ကိုအဆင်ပြေရင် ရပါတယ်ဆိုတဲ့ စကားလေးကိုသုံးပြီး ဘာလို့လဲဆိုတဲ့ မေးခွန်းပေါင်း သောင်းခြောက်ထောင်နဲ့ ပြီးတော့ မျက်ရည်တွေနဲ့ တစ်ညလုံး အိပ်ချင်မှ အိပ်တတ်တာလေ ။ ဘာလို့လဲ ဆိုပြီး အဖြေမရှိတဲ့ မေးခွန်းတွေမေးပြီး နေ့တွေလဲ ပျော်ချင်မှ ပျော်နေတတ်တာ ။ ပြီးရင် ပျော်ပါတယ် ဘာဖြစ်လို့လဲဆိုတဲ့ စကားလေးကို သုံးဦးမယ် ။
မအားလို့နော် ... ဆိုတဲ့စကားတွေနောက်မှာ မင်းက အမြဲနားလည်ပေးချင်ယောင်ဆောင်တတ်တယ် မဟုတ်လား ။ အင်း လုပ်စရာရှိရင် လုပ်လေဆိုတဲ့ ပုံစံမျိုးနဲ့ တကယ့်လက်တွေ့တွေမှာ နာရီတွေ တကြည့်ကြည့် Active Now တွေ တကြည့်ကြည့်နဲ့ ဒီအချိန်ဆို ပုံမှန်စကားပြောနေကျဆိုတဲ့ အတွေးလေး မင်းမှာ အမြဲရှိနေတတ်တာလေ ။ ရပါတယ် ကျွန်မလဲ အလုပ်တွေ များတယ်လေဆိုပြီး မရှိ ရှိတဲ့ အလုပ်တွေ ရှာကြံ လုပ်ဦးမယ်မဟုတ်လား ။
နည်းနည်းလေး ဂရုမစိုက်မိတာနဲ့ အများကြီး စူပုတ်သွားတတ်တဲ့ မင်းအကြောင်းလေးကို သိတယ် ဒါပေမယ့် ဘာဖြစ်လို့ဆိုတဲ့ မေးခွန်းတွေ မေးနေမယ့်အစား ... ဘာမှ မဖြစ်ပါဘူးဆိုတဲ့ စကားလေးပဲ သုံးပြီး မျက်ရည်တွေကို ဖုံးပြီးကျတတ်တဲ့ ကောင်မလေးပါကွာ ... မပျော်ဘူးဆိုတဲ့ စကားလေးတစ်လုံးကို ပြောဖို့ခက်ခဲတယ် ။ အဆင်မပြေပါဘူးဆိုပြီး ဖွင့်ဟ ၀န်ခံဖို့ ခက်ခဲတယ် ။
မင်းကလေ ... တကယ် နားမလည်နိုင်ပါပဲ နားလည်ချင်ယောင်ဆောင်တတ်တဲ့ ကလေးလေးပါကွာ ... နားလည်မပေးနိုင်တဲ့အရာတွေကို ပြောပြရမယ့်အစား သိမ်းထားတတ်တဲ့ ကလေးမလေးပဲ မဟုတ်လား... ဘာမှ မဖြစ်ပါဘူးဆိုတဲ့ စကားတွေ ကြားရင် ပိုပြီး သတိထားရတတ်တဲ့ ကောင်မလေးပဲ မဟုတ်လား အဆင်ပြေပါတယ်ဆိုပြီး ငိုတတ်တဲ့ ကောင်မလေးပဲ မဟုတ်လား ။
#ကျေးကို
(ရင်နှင့်ရင်း၍ရေးသည်)