Little Boss Creation Group 2

Little Boss Creation Group 2 Little Boss Creation Group Creative Design & Content

မိုးတွေရွာနေတဲ့အချိန်ဆို  တောင့်တမိတာက ?? ကျနော်ကတော့ .. "မမ" 🥲ဟဲဟဲဟဲ စတာပါဗျာLB Team ကတော့ လိမ္မာနေပြီ။ ရေနဲ့ကြက်ကြော်ပ...
12/08/2022

မိုးတွေရွာနေတဲ့အချိန်ဆို တောင့်တမိတာက ??

ကျနော်ကတော့ ..
"မမ" 🥲

ဟဲ
ဟဲ
ဟဲ
စတာပါဗျာ

LB Team ကတော့ လိမ္မာနေပြီ။
ရေနဲ့ကြက်ကြော်ပဲ 😜

** စားသောက်ဆိုင်လုပ်ငန်းရှင်တွေအနေနဲ့
မိမိရဲ့ အစားအသောက် Menu တွေကို
Design ခပ်လန်းလန်းနဲ့ ပွဲထွက်ချင်ရင်
Little Boss မှာ အပ်နှံနိုင်ပါတယ် 👇

📨 m.me/littlebosscreation

☎️ 09 220 1741


ဘယ်စီးပွားရေးလုပ်ငန်းမှာမဆို Product ကစလို့ .. အရာတိုင်းကို copy လုပ်လို့ရပါတယ် .. ! Copy လုပ်လို့မရတဲ့အရာတစ်ခုပဲရှိပါတယ...
08/08/2022

ဘယ်စီးပွားရေးလုပ်ငန်းမှာမဆို
Product ကစလို့ ..
အရာတိုင်းကို copy လုပ်လို့ရပါတယ် .. !
Copy လုပ်လို့မရတဲ့အရာတစ်ခုပဲရှိပါတယ် !
အဲ့တာကတော့ "𝙱𝚁𝙰𝙽𝙳" ပါပဲ ..

Little Boss တို့ သတ်မှတ်ထားတဲ့
"𝙱𝚁𝙰𝙽𝙳" ဆိုတာကတော့ .. 💯

1) 𝙱- Believe

လူတွေယုံကြည်အောင် လုပ်ပါ။
လူတွေက ပစ္စည်းတစ်ခုကိုဝယ်ဖို့ဆုံးဖြတ်တဲ့အခါ "ယုံကြည်မှု" က 50% စကားပြောပါတယ်။

2) 𝚁- Remember

လူတွေ မှတ်မိအောင်လုပ်ပါ။
ကြက်ကြော်ဆိုတာနဲ့ KFC 🍗

Content Marketing Service အပ်မယ်ဆိုတာနဲ့ Little Boss 🤓

အဲသည်လို ပြေးမြင်သလိုပေါ့ဗျာ ..

3) 𝙰- Advertise

ကြော်ငြာပါ။
မကြော်ငြာပဲ ရောင်းနေသရွေ့တော့
​ထင်သလောက်ခရီးမပေါက်တဲ့အပြင်
ကိုယ်နဲ့ဆင်တူ brand တွေက ကျော်တက်နိုင်ခြေအရမ်းများပါတယ်။ ကြော်ငြာခသုံးရမှာ မနှမြောပါနဲ့ !!

4) 𝙽- Name

နာမည်ကိုထိန်းပါ။
လူတွေမှာ နာမည်တွေက အရေးကြီးသလိုပါပဲ.
ဒီလူ့နာမည်ကြားလိုက်တာနဲ့ ပျော်သွားလား ?
စိတ်ပျက်သွားလား ?
ဒီဘရန်းနာမည်ကြားရုံနဲ့ ဘယ်လိုခံစားသွားရလဲဆိုတာ အရမ်းအရေးကြီးပါတယ်။

5) 𝙳- Design

ခေတ်နဲ့လျော်ညီစွာ ဖန်တီးပါ။
ဖန်တီးမှုမပါတဲ့ Business ဟာ
ရေမပါပဲ ထမင်းချက်နေသလိုပါပဲ..!
လေ့လာပါ၊ တီထွင်ပါ၊ လက်တွေ့အသုံးချပါ။

စီးပွားရေးလုပ်ငန်းရှင်ကြီးများ
မိမိ "𝙱𝚁𝙰𝙽𝙳" ကို ဆက်လက်ထိန်းထားနိုင်ကြပါစေ ..💙

Creative Designs တွေနဲ့ Content Package တွေ ရယူလိုပါက

☎️ 09-2201741

ရေမရှားတဲ့အရပ်မှာ ရေခမ်းနေပြီ ..ရွှေမရှားတဲ့အရပ်မှာ ရွှေခမ်းနေပြီ ..ဆန်မရှားတဲ့ပြည်မှာ ဆန်ဈေးတွေခေါင်ခိုက်လျက် ..ပညာတတ်လ...
06/08/2022

ရေမရှားတဲ့အရပ်မှာ ရေခမ်းနေပြီ ..

ရွှေမရှားတဲ့အရပ်မှာ ရွှေခမ်းနေပြီ ..

ဆန်မရှားတဲ့ပြည်မှာ ဆန်ဈေးတွေခေါင်ခိုက်လျက် ..

ပညာတတ်လူငယ်တွေ မရှားတဲ့အရပ်မှာ ပြည်ပထွက်ကုန်ကြပြီ ..

အရာရာ ပေါများနေခဲ့တော့ တန်ဖိုးပဲမထားခဲ့မိတာလား ...?

နောက်ထပ်ရော ဘာတွေများ ထပ်ခမ်းသွားဦးမလဲ ?

နောက်ထပ်ရော ဘာတွေများ ထပ်ရှားသွားဦးမလဲ ?

Social Media Designs များကို ယုံကြည်စွာအပ်နှံပေးပါသော ရှမ်းပလောင်လက်ဖက်ခြောက် ပင်ရင်းမန်းလေး အား ကျနော်တို့ Little Boss ...
30/07/2022

Social Media Designs များကို ယုံကြည်စွာအပ်နှံပေးပါသော ရှမ်းပလောင်လက်ဖက်ခြောက် ပင်ရင်းမန်းလေး အား ကျနော်တို့ Little Boss Creation Group မှ ကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျာ 💙

"ရှမ်းပလောင်" လည်း အခုထက်မက စီးပွားလာဘ်လာဘတွေ တိုးပွားပါစေ ..🙏

လူကြီးမင်းတို့ရဲ့ Social Media Design Post များကို Creative ဖြစ်ဖြစ် ၊ Policy လွတ်လွတ် ရယူလိုပါက . . .

📨 m.me/littlebosscreation

☎️ 09-2201741


#ရှမ်းပလောင်

ကျနော်တို့ client တွေလဲ ethic အပြည့်ပါပဲဗျာ .. ❤️❤️ကျနော်တို့ LB Creation Group လည်း ဒီရက်ပိုင်း page မှာ post တွေ ခဏနား...
25/07/2022

ကျနော်တို့ client တွေလဲ ethic အပြည့်ပါပဲဗျာ .. ❤️❤️

ကျနော်တို့ LB Creation Group လည်း ဒီရက်ပိုင်း page မှာ post တွေ ခဏနားထားပါမယ်။

မားကတ်တင်းဌာနကသူတွေအတွက် အခြား Department ကသူများ ခေတ္တငြိမ်သက်ပေးပါ ..🥰 မားကတ်တင်းဌာနကသူတွေကလေ ... ခေတ်အခြေအနေကြောင့်ရေ...
20/07/2022

မားကတ်တင်းဌာနကသူတွေအတွက် အခြား Department ကသူများ ခေတ္တငြိမ်သက်ပေးပါ ..🥰

မားကတ်တင်းဌာနကသူတွေကလေ ...
ခေတ်အခြေအနေကြောင့်ရော၊
ပြောင်းလဲလာတဲ့ ဖေ့ဘုတ်ခ် ပေါ်လစီတွေရောကြောင့် ...

နေ့စဉ်နှင့်အမျှ ကိုယ့် Boss ရဲ့ Product တွေကို ရောင်းရစေချင်ပေမယ့်
တစ်ဖက်မှာလဲ ကိုယ်တွေကြိုးစားသမျှက ထင်သလောက်အရာမ​ရောက်ဘူး ဖြစ်နေတယ် ... 🤕

ပင်ပန်းနေကြတာ သိပါတယ်..
ကိုယ်တွေလဲ အရင်ကဖြစ်ဖူးလို့ အပြည့်အဝနားလည်တယ်။ 👊

ဒီအခက်အခဲတွေကို ကျနော်တို့ Little Boss Creation Group က ကူညီဖြေရှင်းပေးပါ့မယ် !!

⬇️ ဘယ်လို ကူညီဖြေရှင်းပေးမလဲဆိုတော့ ...

မားကတ်တင်းဌာနက တစ်စုံတစ်ယောက်က ကျနော်တို့ဆီ တွေလာအပ်ရင် 20% Discount ရရှိမှာ ဖြစ်ပါတယ်။ 👏🏻

❗မားကတ်တင်းဌာနကဖြစ်ကြောင်း Staff ID Card ပုံလေးတော့ ပြရပါမယ်ဗျ ❗

👇 ဘယ်လို Package တွေကို ရွေးချယ်နိုင်မလဲဆိုရင် ..

1️⃣ အလန်းစား Content 10 ပုဒ်၊ Design 10 ပုံပါတဲ့

2️⃣ System ကျတဲ့ Planning တွေ၊ Analysis တွေပါဝင်မယ်။ Content 15 ပုဒ်၊ Design 15 ပုံနဲ့ တစ်လစာအပြီးအစီး

3️⃣ အပေါ်က service တွေလည်း ပါမယ်။ Strategy တွေ၊ Concept Development တွေ၊ Motion Video တွေပါ ထပ်ပါဦးမယ့် ၂လစာ

ဒီ package တွေထဲက ကြိုက်တဲ့ package ကို ဝယ်ယူလျှင် 20% Discount နဲ့ ရမှာဖြစ်ပါတယ်။

ဒီတော့ မိတ်ဆွေ ... 📣
ရောင်းတာမရလို့ ခေါင်းပါပွနေတဲ့ အဖြစ်ဆိုးကို ကျနော်တို့နဲ့အတူလက်တွဲပြီး ကျော်လွှားနိုင်ပါတယ်။

အမှန်တကယ်လိုအပ်ပါက ဆက်သွယ်လိုက်ပါ !!

📨 Package တွေအကြောင်း အသေးစိတ်ကို Page Messenger မှာ လာရောက်မေးမြန်းနိုင်ပါတယ်။

Message us : m.me/littlebosscreation

☎️ 09-2201741


𝟏𝟗 𝐉𝐮𝐥𝐲 | အာဇာနည်နေ့ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးသွားသောအာဇာနည်ခေါင်းဆောင်ကြီးများနှင့် နွေဦးတော်လှန်ရေးတွင်ကျဆုံ...
19/07/2022

𝟏𝟗 𝐉𝐮𝐥𝐲 | အာဇာနည်နေ့

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးသွားသောအာဇာနည်ခေါင်းဆောင်ကြီးများနှင့် နွေဦးတော်လှန်ရေးတွင်ကျဆုံးသွားသောအာဇာနည်သူရဲကောင်းများကို လေးစားစွာအလေးပြုပါသည်။

မြန်မာပြည်ကြီးအမြန်ငြိမ်းချမ်းပါစေ🙏

#အာဇာနည်နေ့
#၁၉ဇူလိုင်မမေ့နိုင်

🌕 ဝါဆိုလပြည့်နေ့မှာ ကုသိုလ်ပြုကြသော ဆွေမျိုးမိတ်သင်္ဂဟအပေါင်း ဘေးအန္တရာယ်ကင်းရှင်းကြပါစေကြောင်း Little Boss မိသားစုမှ ဆု...
12/07/2022

🌕 ဝါဆိုလပြည့်နေ့မှာ ကုသိုလ်ပြုကြသော
ဆွေမျိုးမိတ်သင်္ဂဟအပေါင်း ဘေးအန္တရာယ်ကင်းရှင်းကြပါစေကြောင်း Little Boss မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ 🙏

ဝါဆိုလပြည့်နေ့အကြောင်း ဗဟုသုတရစေဖို့ မျှဝေလိုက်ပါတယ်။

#ဝါဆိုလပြည့်နေ့ ကား ဂေါတမမြတ်စွာဘုရားရှင် ပဋိသန္ဓေ နေတော်မူခြင်း၊ တောထွက်တော်မူခြင်း၊ တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်း၊ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာကို ပြတော်မူခြင်း စသော ထူးခြားသည့် ဘာသာရေးမှတ်တိုင်ကြီးများကို စိုက်ထူခဲ့သောနေ့ ဖြစ်ပါသည်။ ထို့ပြင် ဝါဆိုလပြည့်နေ့သည် ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့လည်းဖြစ်သည်။ တရားရတနာ စတင်ပေါ်ပေါက်ရာနေ့လည်း ဖြစ်သည်။ သံဃာရတနာ စတင်ပေါ်ထွန်းသောနေ့လဲ ဖြစ်သည်။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့် ကြုံသောနေ့လည်း ဖြစ်သည်။ ထိုမျှသာမက သံဃာတော်များသည် ဝါဆိုလပြည့်ကျော် ၁-ရက်မှစ၍ ဝါတွင်း၃လ ကာလပတ်လုံး ဝါဆိုဝါကပ်သော အခါထူး အခါမြတ်လည်း ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာတို့သည် ဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားများသို့ သွားရောက်၍ ဝါဆိုပန်းနှင့် သင်္ကန်းများ ကပ်လှူခြင်း၊ ဓမ္မစကြာတရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်ခြင်းများ ပြုကြသည်။

ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည်ကြသူများအဖို့ ဝါဆိုလပြည့်နေ့သည် အယူဝါဒရေးဆိုင်ရာ နေ့ထူးနေ့မြတ်ဖြစ်ပေသည်။ ထူးခြားပုံမှာ ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် အထက် တုသိတာနတ်ပြည်မှ သက်ဆင်း၍ လူ့ပြည်၌ ပဋိသန္ဓေတည်သောနေ့၊ သူအို၊ သူနာ၊ သူသေ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို နတ်များဖန်ဆင်းပြရာတွင် သံဝေဂရ၍ တောထွက်တော်မူသောနေ့၊ ဘုရားအဖြစ်သို့ရောက်ပြီး နောက် ဓမ္မစကြာတရားဦး ဟောတော်မူသောနေ့၊ သာဝတ္ထိပြည် သရက်ဖြူ ပင်ရင်း၌ တိတ္တိသင်းကိုနှိမ်နင်း၍ တန်းခိုးပြာဋိဟာ ပြသောနေ့တို့ ဖြစ်သော ကြောင့်တည်း။

ဂေါတမမြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်တော်မှုပြီးနောက် ဓမ္မစကြာဒေသနာတော်ကို ပဉ္စဝဂ္ဂီငါးဦးတို့အား ဝါဆိုလပြည့်နေ့တွင် မိဂဒါဝုန်တော၌ ဟောကြားတော်မူသည်။ ထို့ကြောင့် ဝါဆိုလပြည့်ကို ဓမ္မစကြာအခါတော်နေ့ဟူ၍ သတ်မှတ်ထားသည်။

ဘုရားရှင်သာသနာတော်ရှိ ရဟန်းတို့သည် ဤဝါဆိုလပြည့်နေ့တွင် ဝါတွင်းသုံးလပတ်လုံး မိမိတို့၏ ကျောင်းအာရမ်အတွင်းမှ အရပ်တစ်ပါးသို့ ရွှေ့ပြောင်းသွားလာခြင်း မပြုပါဟူသော ပဋိညာဉ်ဖြင့် ဝါဆို ဝါကပ်မှုများကိုပြုကြသည်။

ထိုကဲ့သို့ ရဟန်းသံဃာတော်တို့သည် ဝါတွင်းသုံးလပတ်လုံး ငြိမ်သက်စွာ တရားအားထုတ်လျက်ရှိစဉ် လူတို့သည်လည်း ထိုဝါတွင်းသုံးလတွင် ရဟန်းတို့၏ သိက္ခာပုဒ်တော်များကို ကြည်ညိုခြင်းဖြစ်လျက် ရှစ်ရက် လပြည့်လကွယ်နေ့များတွင် သီတင်းသီလဆောက်တည်၍ သူတော်ကောင်း တရား ပွားများအားထုတ်ကြခြင်း၊ ကုသိုလ်ဒါနမှုများကို ပြုကြခြင်းဖြင့် ဝါကပ်သော ရဟန်းတို့အား ချမ်းမြေ့စေရန် ထောက်ပံ့ကြ၏။ ဤသို့ ရဟန်းရှင်လူတို့ သုံးလပတ်လုံး ဒါန၊ သီလ၊ ဘာဝနာ အစရှိသော သူတော်ကောင်းတရားများကို ငြိမ်သက်စွာအားထုတ်ရန် အစပြုသော ဝါဆိုလပြည့်နေ့များတွင် လူတို့သည် ဝါကပ်ခြင်းအမှုကို ပြုကြကုန်သော ရဟန်း သံဃာတို့အား ပန်း၊ ဆီမီးတို့ဖြင့် ပူဇော်ကြကုန်သည်။ ဝါဆို ဝါကပ်ကို အစွဲပြု၍ ဝါဆိုပန်း၊ ဝါဆိုဖယောင်းတိုင် စသည့်ဝေါဟာရများ ပေါ်ပေါက်လာသည်။

မြန်မာမင်းများ လက်ထက်တော်တွင် တစ်လလျှင် ပွဲတော်တစ်မျိုးကျ ကျင်းပလေ့ရှိရာ ဤဝါဆိုလအခါတွင် ပဉ္စင်းတော်ခံပွဲများ ကျင်းပမြဲဖြစ် ၏။ ပဉ္စင်းတော်ခံပွဲမှာ ရဟန်းအဖြစ်သို့ ဝင်ခွင့်ရှိ၍ ဝင်လိုသူ ရှင်လူရဟန်း လောင်းတို့အား ရဟန်းဘောင်သို့အခမ်းအနားနှင့် သွတ်သွင်းချီးမြှင့်ခြင်းပင် ဖြစ်လေရာ ဘုရင်မင်းများကိုယ်တော်တိုင် အလေးအမြတ်ပြုလျက် ကျင်းပသောပွဲတော်ဖြစ်လေသည်။


ရင်ဘတ်ကြီးနဲ့ ကွန်းတန့်ရေးပေးမယ့် ညိုကီ (သို့) ဘာဘီလေးတစ်ယောက်လောက် အလိုရှိ🙄 📣Salary  - 300,000 - 500,000 ပညာအရည်အချင်းက...
06/07/2022

ရင်ဘတ်ကြီးနဲ့ ကွန်းတန့်ရေးပေးမယ့် ညိုကီ (သို့) ဘာဘီလေးတစ်ယောက်လောက် အလိုရှိ🙄 📣

Salary - 300,000 - 500,000

ပညာအရည်အချင်းကတော့ သတင်းကောင်းပဲ !! ကျောင်းမတက်ဖူးတောင် လျှောက်လို့ရတယ် ညိုကီရေ ... 😮

ဒီမှာ ညိုကီ ...

နဲ့ လက်တွဲလုပ်ချင်တယ်ဆိုရင် ...

ခရီရေးတစ် ဖြစ်ဖို့အရေးကြီးဆုံးပါပဲ..
အရေးအသားကို အသွေးအသားထဲကနေ ဝါသနာပါပြီး Idea တွေမထပ်ပဲ Generate လုပ်နိုင်မယ့်သူမျိုးဆိုရင်တော့ အကြိုက်ဗျ.. 👀

ညိုကီတွေအများစုနဲ့ တွဲလုပ်ရမှာမို့ ညိုကီစိတ်ဓာတ်အပြည့်ရှိဖို့တော့လိုပါတယ် .. ငြင်းလို့တော့ရတယ် .. အဲ ရန်တော့မဖြစ်ပါရစေနဲ့နော် LB က ညိုကီတွေက နုနုရွရွလေးတွေမို့ပါ 🙄

LB မှာတော့ အလုပ်တွေပိလဲ ပြုံးပြီးအလုပ်လုပ်ရမှာပါ .. ဟဒယရွှင်ဆေး 24 Hours Free ပါ.. 😆

၁ရက်ကို Quality ကွန်းတန့် ၃ ပုဒ်လောက်ရေးရပါမယ် .. ရုံးလာစရာမလိုပါ။

ရုံးချိန် 9-5 အတွင်း Online ရှိဖို့တော့လိုပါတယ် .. Meeting တွေရှိတဲ့အခါ Join ပြီး ဝေဖန်လေကန်ရေး၊ အကြံပေးဆွေးနွေးရေးတို့ လုပ်ရပါမယ်ဗျ ..

"လျှောက်ထားလိုတယ်ဆိုရင်ဖြင့်.."

ဖော်ပြပါ [email protected] သို့ CV နှင့်တကွ မိမိရေးသားဖူးသည့် ကွန်းတန့် (၂)ပုဒ်လောက်ကို ပေးပို့ထားနိုင်ပါတယ်။

📨 Little Boss ရဲ့ Chat box မှာလဲ ပို့ထားလို့ရပါတယ် ..

👉🏻 ပဏာမရွေးချယ်ခံရသူများကို ပြန်လည်ဆက်သွယ်ပြီး interview အဆင့်ကိုအောင်မြင်ပါက ..

ကောင်လေးဆို "ညိုကီ"

ကောင်မလေးဆို "ဘာဘီ" ဟု ခေါ်ပြီး အလုပ်တူတူလုပ်ပါမည်။

☎️ 09 220 1741


မိတ်ဆွေလုပ်ငန်းကို အွန်လိုင်းဈေးကွက်မှာ နယ်ချဲ့ဖို့ ကျွန်တော်တို့က လောင်စာဖြစ်ပေးပါရစေ 🔥 📶Online ရောင်းဖို့ Page ဖွင့်ထာ...
05/07/2022

မိတ်ဆွေလုပ်ငန်းကို အွန်လိုင်းဈေးကွက်မှာ နယ်ချဲ့ဖို့ ကျွန်တော်တို့က လောင်စာဖြစ်ပေးပါရစေ 🔥

📶Online ရောင်းဖို့ Page ဖွင့်ထားပေမယ့် ရောင်းအားမတက်ပဲ ငြိမ်ကျနေလား?

📶 လုပ်ငန်းရဲ့ ဝင်ငွေတွေကို လပိုင်းအတွင်း
အဆများစွာ တိုးပွားချင်လား?

ဒါဆိုရင်တော့ မိတ်ဆွေလုပ်ငန်းမှာ
လောင်စာထည့်ဖို့လိုနေပါပြီ။🧨

👉🏻 တင်နေကျ အရေးအသားတွေဟာ
customer တွေရဲ့အသွေးအသားထဲထိ ရောက်မယ့် content တွေ ...

👉🏻 မြင်လိုက်တာနဲ့ ဆွဲဆောင်မှုရှိပြီး
ဝယ်ချင်စိတ်တဖြန်းဖြန်းထစေမယ့် Graphic Design တွေနဲ့ ...

👉🏻 Monthly Content Calendar တို့ပါ ပါဝင်မယ့် Content Marketing ကို နဲ့အတူ စတင်လိုက်ပါ။

ရဲ့ Content Marketing Package တွေဟာ ...

✅ boost မလိုပဲ ထိရောက်တယ်
✅ အများနဲ့မတူပဲ ဆန်းတယ်
✅ ဝယ်လိုအားတွေရစေမယ်

တွေက

1. Customizer
2. Influence Package
3. Standard Package (1-Month)
4. Premium Package (2-Month) စသဖြင့်ရှိတာမို့ အသေးစိတ်သိချင်ရင်တော့ ..

📨 Page Chat Box မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျာ။

☎️ 09 220 1741

LION KING Trading & Distribution Co.,Ltd. ကို Content Marketing လုပ်ခွင့်ရလို့ ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ ..! 🥳📶 Conte...
03/07/2022

LION KING Trading & Distribution Co.,Ltd. ကို Content Marketing လုပ်ခွင့်ရလို့ ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ ..! 🥳

📶 Content Marketing Package များနှင့် ဈေးနှုန်းတွေကို Chat Box တွင် စုံစမ်းမေးမြန်းနိုင်ပါတယ် .. 📨

m.me/littlebosscreation

☎️ 09 220 1741




တွန်းလှည်းလေးနဲ့ကြက်ကင်ဆိုင်ကို ဒီဇိုင်းဒါနပြုခဲ့တယ် ... ! ကျနော်တို့အိမ်နားမှာ ကျနော့်သားလေး အမြဲဝယ်စားနေကျ ကြက်ကင်ဆိုင...
01/07/2022

တွန်းလှည်းလေးနဲ့ကြက်ကင်ဆိုင်ကို ဒီဇိုင်းဒါနပြုခဲ့တယ် ... !

ကျနော်တို့အိမ်နားမှာ
ကျနော့်သားလေး အမြဲဝယ်စားနေကျ
ကြက်ကင်ဆိုင်လေးရှိတယ်ဗျ...
မိုးရွာရွာ နေပူပူ
တွန်းလှည်းလေးနဲ့ သူအမြဲရှိတယ်..
မနေ့က ကြက်ကင်သွားဝယ်တော့
တွန်းလှည်းပေါ်က ဆိုင်းဘုတ်လေးက
တော်တော်လေးဟောင်းပြီး အဆင်မပြေတာနဲ့

❝ အကို ... ဆိုင်းဘုတ်လေး အသစ်လဲချင်လား? ❞ လို့ မေးဖြစ်ခဲ့တယ် ..

အရာရာအဆင်မပြေတဲ့ ဒီကာလထဲ
ကျနော်လဲ နိုင်သလောက်ကူချင်ရုံပါပဲ ..!

အဲ့တာနဲ့ ❝ လဲချင်တာပေါ့ ငါ့ညီရာ ..
​ဒီဇိုင်းဖိုး ဘာဖိုး ညာဖိုးနဲ့ နောက်မှပဲလဲပါတော့မယ်ကွာ ❞ ဆိုပြီး စိတ်ပျက်လက်ပျက်အသံလေးနဲ့ ပြန်ဖြေရှာတယ် ..

ဒါနဲ့ ကျနော်တို့ Little Boss လေးတွေလဲ
မီးကလဲလာ၊ အားလဲ အားနေတာနဲ့ ကြက်ကင်ဆိုင်အတွက် လိုအပ်တဲ့ ဆိုင်းဘုတ်ဒီဇိုင်းလေး အလကားဆွဲပေးဖြစ်ခဲ့ပါတယ်။

ဆိုင်ရှင်အကိုလဲ သဘောကျမယ်ထင်ပါတယ်ခင်ဗျာ ... အကိုဒီ့ထက် အများကြီးရောင်းကောင်းပါစေ။ 🙏

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 19:00

Telephone

+959261335900

Website

Alerts

Be the first to know and let us send you an email when Little Boss Creation Group 2 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share