08/08/2021
ညဘက်က လူတိုင်းနီးပါး တစ်ခါတစ်ရံ အတွေးနယ်ချဲ့ တက်လေ့ရှိတယ် ဒီတစ်ခေါက်နယ်ချဲ့ ဖြစ်တာက နေထိုင်မှုပုံသဏ္ဏန် ပြောင်းသင့်မပြောင်းသင့် စဉ်းစားနေဖြစ်ခဲ့တယ်
Introvert က တစ်ယောက်တည်း သီးသန့်နေတာများပြီး ပေါင်းဆက်ဆံမူအားနည်းတယ်
တစ်ယောက်တည်းလုပ်ရတဲ့ အလုပ်တွေမှာ extrovert ထက် အလုပ်ပြီးတာများတယ် လူမူ့ကူညီရေးတွေ ဘော်ဒါတွေနဲ့ အချိန်မကုန်တာများတဲ့အတွက်ကြောင့်ပါ
Extrovert ကတော့ ပေါင်းသင်းဆက်ဆံရေးအားကောင်းတယ် အိုင်ဒီ အတွေ့အကြုံ ဗဟုသုတတွေကို အပေါင်းအသင်းဆီက ရနိုင်တယ်
များသောအားဖြင့် အပျော်အပါးမက်တယ် ပွဲလမ်းသဘင်မက်လေ့ရှိတယ် လူမှု့ဆက်ဆံရေးအတွက် ပိုက်ဆံသုံးရလေ့ရှိတယ်
Team work နဲ့ လုပ်ရတဲ့အလုပ်မှာ အားသာချက်ရှိတယ် စကားလှအောင် ပြောနိုင်တယ်
လုပ်ရတဲ့ လုပ်ငန်းtype ပေါ်မူတည်ပြီး လူတွေက introvert နဲ့ extrovert အဖြစ်ကို ပြောင်းလဲသွားတယ်
ကွန်ပျုတာရှေ့မှာ တစ်နေ့ကုန်ထိုင်ပြီး ပြဿနာများဖြေရှင်းရတဲ့ ဘဝဟာ introvert ဖြစ်သွားပြီး customer service
လုပ်ရတဲ့သူတွေက extrovert ဖြစ်လာနိုင်တယ်
ယေဘုယျအားဖြင့် introvert ထက် extrovert က လူလောကဓံကြောင်း ကောင်းကောင်းသိတယ် လူရည်လည်တယ်လို့ပြောလို့ရတယ် super extrovert တွေကတော့ အားနည်းချက်ကို လှည့်ပတ်ရှာပြီး လိုရာကိုရအောင်ပြောနိုင်စွမ်းရှိတယ် super extrovert အဆင့်မှာ သူအထက်မှာ ဘယ်သူမှ မရှိတော့ပါ ဘယ်သူရဲ့ ဆိုက်ကို ကိုမှ သူ့ဦးနှောက်ထဲ အထည့်မခံတော့ပါ introvert ကတော့ များသောအားဖြင့် ရိုးသားတယ် သူတပါးမှာ မကောင်းကြံတာရှားတယ်
ဘယ်အချိန်မှာ လူတွေ တစ်ကိုယ်ကောင်းဆန်တတ်လဲ
ယေဘုယျအားဖြင့်
- ၁၀ နှစ်အောက် ခလေးတွေက အရမ်းရိုးသားကြတယ်
- ၁၀ နှစ်ကျော် Broken family ကမွေးတဲ့ ခလေးတွေက တစ် ကိုယ်ကောင်းဆန်နိုင်တယ်
- ၂၀ နှစ်ကျော် တစ်ကိုယ်ကောင်း ဆန်စပြုလာပြီ
- ၄၀ နှစ်ကျော် တစ်ကိုယ်ကောင်းဆန်ဆုံးအချိန် ငါ့သားအတွက် ငါ့မိန်းမအတွက် ငါ့ဆွေမျိုးအတွက် ငါ့တွေများလာတဲ့အချိန်
- ၇၀ ကျော် မာန်မာနတွေမရှိတော့တဲ့အချိန် တခြားသူကျွေးသလောက်ကို စားရမယ့်အချိန် တစ်ကိုယ်ကောင်းဆန်မှု ချုပ်ငြိမ်းသွားပါလိမ့်မယ်
😇😇😇