TUN Computer & Mobile Sales & Services

TUN Computer & Mobile Sales & Services Mobile Phone & Computer Repair Services

Lenovo Thinkpad no power done
27/02/2024

Lenovo Thinkpad no power done

Singtech laptop no power
13/09/2023

Singtech laptop no power

Intel Core Inside (CPU line up အကြောင်း Generation အကြောင်း တစ်စေ့တစ်စောင်း) ကွန်ပျူတာဝယ်လို့ CPU ဘယ်လိုရွေးကြမလဲ။ ကွန်ပ...
09/11/2022

Intel Core Inside (CPU line up အကြောင်း Generation အကြောင်း တစ်စေ့တစ်စောင်း) ကွန်ပျူတာဝယ်လို့ CPU ဘယ်လိုရွေးကြမလဲ။

ကွန်ပျူတာလို့ပြောရင် လူတွေ အမြင်မှာ ကီးဘုတ်ကြီးပါတာ မော်နီတာကြီးပါတာကိုဘဲ မြင်နေကြတယ်။

Laptop လို့ပြောတာနဲ့ ခေါက်လို့ရရင်ကို laptop လို့မှတ်ယူနေကြတာလဲ လွဲမှားနေတဲ့ အရာတွေဖြစ်နေတယ်။

Desktop = ခုံပေါ်မှာတင်ပြီးသုံးလို့ Desktop လို့ခေါ်တယ်။
Laptop = ပေါင် (Lap) အပေါ်မှာတင်ပြီးသုံးလို့ ရလို့ laptop လို့ခေါ်တယ်။
Notebook = laptop လောက် performance မထွက် တစ်ကိုယ်ရည် နေ့စဥ်ပေါ့ပေါ့ပါးပါး သုံးစွဲတာကို notebook လို့မှတ်ယူရမယ်။

ဒါတွေက အလွယ်မှတ်နည်းဘဲ ဖြစ်တယ်။

Laptop တွေမှာ notebook တွေမှာ နာမည်အမျိုးမျိုးနဲ့ ထုတ်လုပ်ကြတယ်။ Probook, Thinkbook, Dynabook, Thinkpad, Ultrabook, Vivobook, Chromebook အမျိုးမျိုး သက်ဆိုင်ရာ Brand တံဆိပ်တွေကနေ ထုတ်လုပ်နေကြတယ်။

ဒီနေရာမှာ အဓိကပြောချင်တာက Technician တွေပြောကြတာ ဝယ်ရောင်းတွေပြောကြတာ အရောင်းဝန်ထမ်းတွေ ပြောကြတဲ့ Laptop Laptop နဲ့နောက်ပြီး Generation Generation ကိုအဓိကကြည့်ဆိုတာတွေရဲ့ လွဲမှားတဲ့ အယူအဆတွေကို ဖယ်ရှားပစ်စေချင်တယ်။

ကဲဟုတ်ပြီ Chromebook တွေမှာလည်း Laptop လို ပုံစံအသွင်အပြင်တွေ ရှိတဲ့အပြင်ကိုမှ Mobile Phone တွေမှာသုံးတဲ့ CPU အမျိုးအစား Snapdragon တွေကိုတောင် အသုံးပြုနေကြတယ်။ ကဲဒါဆို generation လေးခွဲပြပါဦးပေါ့။

မြန်မာနိုင်ငံမှာ အဓိက generation ခွဲကြတဲ့အချိန်မှာ ဂဏန်းတွေကိုကြည့်ခွဲနေကြတာက ပြဿနာ တစ်ခုဖြစ်နေကြတာဘဲ။ ကျွန်တော်ကတော့ intel logo တံဆိပ်လေးကိုကြည့်ပြီးခွဲပစ်တယ်။ အလွယ်နည်းနဲ့ ခွဲပစ်တာပေါ့။ တိတိကျကျကြီး မှန်မနေဘူး။

ပြဿနာက ဘာလဲဆိုတော့ Pentium တွေ Celeron CPU တွေကို generation ခွဲကြတဲ့အခါ ပြဿနာတက်ကြပါလေရော။

6th gen LOGO နဲ့ celeron pentium တွေကို 7gen 8gen ပြောလို့ပြော။ 4Cpus တောင် cpu လေးလုံးပါတယ် ပြောလို့ပြော တကယ့်ကို ဗျောင်းဆန်နေကြတာကို မြင်တွေ့နေရတယ်။

တခုခု ထူးဆန်းတဲ့ CPU ကို သုံးထားတာတွေ့ပြီဆို ဟာဒါကတော့ ဘယ်လောက် Gen ဟေ့ဆိုပြီး google ကရှာ တလွဲတွေထွက်လာနေတဲ့ Generation တွေကို အမှန်မှတ် လျှောက်ပြော ဗျောင်းဆန်နေကြတယ်။

တချို့သော laptop တွေ note book တွေမှာဆိုရင် 360° ချိုးလို့ရတာတွေ Touch သုံးလို့ရပြီး ကီးဘုတ်ကနေ ဖြုတ်လိုက်လို့ရတဲ့ laptop တွေ notebook တွေရှိတယ်။

အဲဒီလိုဟာတွေကို Convertible Laptop တွေလို့ခေါ်ကြတယ်။ Tablet ပုံစံလည်း သုံးလို့ရသလို laptop ပုံစံအနေနဲ့လည်း သုံးလို့ရကြတယ်။

အဲဒီလို Convertible တွေမှာ သုံးတဲ့ cpu တွေက m2000/3000 series တွေနဲ့ Atom Intel core တွေ celeron တွေ အများဆုံး သုံးကြတယ်။ Pentium နဲ့ Core i series တွေလည်း သုံးကြပါသေးတယ်။ တချို့ဆို 6Generation LOGO နဲ့ Atom inside ဆိုပြီး စတစ်ကာကပ်ထားတာတွေတောင် ပါသေးတယ်ဗျ။

Atom တွေကျတော့ရော ဆရာသမားတို့ ဘယ်လိုမျိုးများ Generation ခွဲကြမလဲ။ ပြောရင်လည်း နှိမ်ရာကြမယ်။ မြင်‌တောင်မှ မမြင်ဖူးကြတာကိုး။ ကိုင်ကြည့်ဖို့ဆိုတာ ဝေလာဝေးပေါ့။

CPU ထုတ်တဲ့ အခါမှာ Intel က Desktop Version နဲ့ Mobile Version ရယ်ဆိုပြီး နှစ်မျိုးအဓိကခွဲထုတ်လေ့ရှိတယ်။

Core i series တွေရဲ့ generation က ခွဲခြားရလွယ်ပေမယ့်လို့ Celeron, Pentium, Core 2, Atom တွေကျတော့ ခွဲခြားရခက်ကြတယ်။

CPU တွေကို သတ်မှတ်တဲ့ အခါမှာလည်း Intel က သက်ဆိုင်ရာ CPU code name တွေ CPU micro-architecture တွေနဲ့ ပြန်ခွဲပြီး generation လို့ခေါ်လို့ရနိုင်တဲ့ မျိုးဆက်တွေကို ထုတ်လုပ်ကြတယ်။

Core i series မျိုးဆက်နဲ့ Mobile CPU မျိုးဆက်ခြင်းက တူတာမဟုတ်သလို Mobile CPU မျိုးဆက်တွေမှာ Core i series တွေရဲ့ Intel Graphics Generation တွေနဲ့ ထုတ်လုပ်ကြသေးတယ်။
Core i series နဲ့ Mobile cpu တွေရဲ့ အမျိုးအစား family ကိုလည်း Desktop အတွက် Mobile အတွက်ဆိုပြီး နှစ်မျိုးခွဲထုတ်ပါသေးတယ်။

ဥပမာ - Pentium N5030 ဆိုတဲ့ CPU ကို cpu code name ဖြစ်တဲ့ Gemini lake ဆိုတဲ့ နာမည်နဲ့ ထုတ်ပြီးတော့ Intel Graphics Generation ဖြစ်တဲ့ 9th generation graphics နဲ့ တွဲလာတာ ဖြစ်တဲ့အတွက် 9gen လို့ သတ်မှတ်ကြတယ်။ သို့သော် Pentium Line up နဲ့ ပြန်လည် ယှဥ်ချလိုက်တဲ့အခါမှာ Mobile CPU ဖြစ်တဲ့အတွက် SOC လို့သုံးနှုန်းပြီး Third Generation SOC လို့ခေါ်ဆိုလိုက်တယ်။ CPU architecture မှာ Pentium Gold ဆိုပြီး တံဆိပ်ကပ်ပြီး Gemini Lake architecture နဲ့ Gold Mounted cpu လို့ Code name သတ်မှတ်တယ်။ 4 Core နဲ့ Thread အရေအတွက်က Core i series တွေရဲ့ Core အရေအတွက်လို ဖြစ်လာကြသလို အသုံးပြုတဲ့ Ram ကလည်း DDR 4 ကို သုံးစွဲထားတယ်။ Celeron N4020 ဟာလည်း Gemini Lake ရဲ့ စွမ်းရည်ကို ထပ်မြှင့်ထားပြီး Gemini Lake Refresh ဆိုပြီး ထပ်ထုတ်တဲ့အတွက် ဘာ generation လည်းဆိုတာ တိုင်ထပ်ပတ်ကြပါသေးတယ်။

ဒီလိုမျိုးတွေဘဲ Pentium တွေ Celeron တွေကို သက်ဆိုင်ရာ Code name တွေနဲ့ သက်ဆိုင်ရာ CPU Line up Generation ခွဲခြားတတ်ဖို့ လိုအပ်ပါတယ်။

CPU တွေဟာ ပိုပိုပြီး nm နာနိုမီတာတွေ နည်းသထက် နည်းလာပြီး အပူထွက်မှုတွေ စွမ်းအင် အသုံးချမှုတွေ တဖြည်းဖြည်း လျော့နည်းလာကြတယ်။ အဲဒါနဲ့အတူ ပါဝါစွမ်းအင်အစားသက်သာလာအောင် CPU အပြင် Ram တွေရဲ့ DDR တွေကလည်း လိုက်မြင့်လာပြီး ပါဝါစားတာတွေ သက်သာလာပြီး စက်ကို ဘက်ထရီ ပိုကြာရှည်သုံးလို့ရအောင် လုပ်ဆောင်ပေးပါတယ်။

CPU တွေရဲ့ Generation တွေကို ထပ်ပြီး ခွဲလို့ရဦးမလားဆိုရင် intel logo တံဆိပ် အပြင် cpu ရဲ့ LGA နံပါတ် BGA (အတွေ့နည်း) နံပါတ်တွေနဲ့ ထပ်ခွဲလို့ ရတဲ့အပြင် Core i series ထွက်တဲ့ ခုနှစ် ထုတ်လုပ်တဲ့ ခုနှစ်နဲ့ တိုင်ဆိုင်ပြီးတော့လဲ ခွဲခြားလို့ရပါသေးတယ်။ အများအားဖြင့် သတ်မှတ်ကြတာကတော့ Intel Graphics Generation နဲ့ဘဲ ခွဲသွားတာ ဖြစ်ကြပါတယ်။

Core i series တွေ ဖြစ်ကြတဲ့ core i 2/3 generation တွေမှာ M ဆိုတဲ့ product line suffix ကို တွေ့မြင်ရမှာ ဖြစ်ပြီး mobile ဆိုတဲ့ စကားလုံးကို ကိုယ်စားပြုပါတယ်။ ဖြုတ်လို့ တပ်လို့ ရခြင်းဆိုတာ အပြင် laptop အတွက် သုံးခြင်းလို့လဲ အဓိပ္ပာယ်ရပါတယ်။ နောက်ပိုင်းတွေမှာတော့ M series ဟာ ပါဝါစားများတယ်ဆိုပြီး U series တွေထုတ်လုပ်ကြပါတယ်။ ဒါကိုတော့ တချို့တွေက M က ပိုမြင့်ပါတယ်ပြောကြတဲ့ လူတွေတောင် ရှိပါသေးတယ်။

CPU တွေမှာ သက်ဆိုင်ရာ အသုံးပြုမှုရဲ့ အဆင့်သတ်မှတ်ချက်တွေနဲ့ ရည်ရွယ်ပြီး ထုတ်လုပ်တာ ဖြစ်ပါတယ်။

Celeron တွေကို Low end လို့ သတ်မှတ်ပါတယ်။
Pentium တွေကို Entry Level လို့သတ်မှတ်ကြပြီး Core i series တွေကို Budget, Mid Range, Flashship အပြင် Performance high end တွေဆိုပြီး ရည်ရွယ်ထုတ်လုပ်ပါတယ်။

တချို့သော Laptop notebook တွေမှာဆိုရင် Storage အတွက် HDD / SSD တွေမသုံးဘဲ eMCC (embedded Multi Media Card) လို့ခေါ်တဲ့ Nand flash technology သုံး Smart Phone တွေမှာပါတဲ့ Storage တွေကို အသုံးပြုတာတွေရှိပါတယ်။

ဒါကြောင့် ကွန်ပျူတာ တစ်လုံးဝယ်ပြီဆို SSD လား HDD လား eMCC လားဆိုတာ ကြည့်ရမယ့် ပြဿနာသေးသေးလေးတစ်ခုလဲ ဖြစ်ပါတယ်။ eMCC တွေသုံးတဲ့စက်မှာ Storage မြှင့်လို့မရသလို မြှင့်ချင်နေပါပြီဆိုရင် SD Card ဒါမှမဟုတ် Micro SD card ကို အသုံးပြုပြီး မြှင့်တင်ရမှာ ဖြစ်ပါတယ်။

Windows ပြန် Install လုပ်တဲ့ အချိန်မှာလည်း ပုံမှန် install လုပ်သလို လုပ်ရင် Storage မလောက်တာ Storage ကြီးနီနေတာတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် windows ပြန်ပြီး install လုပ်ပေးပါဆို Factory OS version ကို သွားရမှာဖြစ်ပြီး Reset Device ဆိုတာနဲ့ windows install လုပ်ရမှာ ဖြစ်ပါတယ်။ နောက်မှ windows update တစ်ခုချင်း ဒေါင်းလုတ်ချပြီး Windows Version ကို update ပြုလုပ်ရမှာဖြစ်ပါတယ်။ ပြီးသွားရင်တော့ Windows.old file ကိုဖျက်တာ Clean manager ကနေ Old windows file တွေဖျက်ပစ်တာ လုပ်ဆောင်ရမှာပါ။

Ram ကို ဘာလို့ DDR 3 တွေ DDR3L တွေ DDR4 တွေနဲ့ တပ်ဆင်ပြီး ထုတ်လုပ်ကြလဲဆိုရင် အဖြေက ပါဝါစားသက်သာစေဖို့ဘဲ ဖြစ်ပါတယ်။

DDR 3 ကို အသုံးပြုလာပြီး နောက်ပိုင်း သူ့ထက်ပါဝါစားနည်းတဲ့ DDR3L တွေကို ‌ဆက်လက် အသုံးပြုကြပြီးမှ DDR4 ထွက်လာပြီး DDR4 တွေ တပ်ဆင်လာတာဖြစ်ပါတယ်။ ပါဝါစားနည်းလာတဲ့အပြင် Performance တွေကလည်း တိုးတက်လာပါသေးတယ်။ ထွက်လာတဲ့ အပူငွေ့ကလည်း နည်းသထက်နည်းလာကြပါတယ်။

DDR3L ရဲ့ အရှည်ကောက်ကတော့ Double Data Rate 3 Low Voltage ဘဲ ဖြစ်ပါတယ်။ ram အကြောင်း Timing တွေ CL တန်ဖိုးတွေ Voltage တွေ အကြောင်းကတော့ page ထဲမှာဘဲ မွှေနှောက်ကြည့်ကြပါလို့။

ဒါကြောင့် အဆုံးသတ်အနေနဲ့ ပြောချင်တာက Generation ဆိူတာဘဲ ကြည့်နေဖို့ မဟုတ်သလို မိမိ အသုံးပြုမယ့် စက်က Laptop လား Notebook လား အပြင် ပါတဲ့ CPU က ဘာ family လဲ Core i series family လား Celeron လား Pentium လား Atom လားဆိုတာ ခွဲခြားတတ်ဖို့လည်း လိုပါသေးတယ်။ တစ်ခုရှိတာက Pentium တွေ Celeron တွေကို Core i series တွေရဲ့ Generation တွေနဲ့ မယှဥ်မိဖို့ဘဲ လိုအပ်ပါတယ်။ အရေးအကြီးဆုံးက Pentium တွေ Celeron တွေ Aton တွေနဲ့ AMD Athalon တွေ A series တွေကို ရှောင်ရှားဖို့ဘဲ လိုအပ်ပါတယ်။

Intel ဆို Core i series မှ AMD ဆို Ryzen series မှ ဝယ်ယူတာ စိတ်အချမ်းသာရဆုံး ဖြစ်မှာပေါ့လို့ဘဲ ပြောချင်ပါတော့တယ်။

နောက်နေ့တွေ စိတ်ကူးပေါက်ရင် DRAM, SDRAM အပြင် DDR တွေ SODIMM တွေက ဘာကြောင့် ဘယ်လိုခေါ်သလဲ ဆိုတာ ထပ်မံ sharing လုပ်သွားပေးပါဦးမယ်။

16/08/2022

ကွန်ပျူတာရဲ့ အရေးပါသော Short Cut လေးများ
ctrl + a - အားလုံးကို ရွေးပါ
ctrl + b - bold
ctrl + c - ကော်ပီကူးခြင်း
ctrl + d - ဖြည့်ပါ
ctrl + f - ရှာတွေ့သည်
ctrl + g - စာသား ၏ နောက်ထပ် ဖြစ်ရပ်ကို ရှာပါ
ctrl + h - အစားထိုးရန်
ctrl + i - italic
ctrl + k - hyperlink ကို ထည့်ပါ
ctrl + n - workbook အသစ်
ctrl + ဖွင့်သည်
ctrl + p - ပုံနှိပ်ခြင်း
ctrl + r - ဘာမှမရှိပေ
ctrl + s - ကယ်ပါ
ctrl + u - understand
ctrl + v - ပေ့စ်ပေ့စ်
ctrl w - ပိတ်သည်
ctrl + x - cut
ctrl + နှင့် - ထပ်ခါထပ်ခါ
ctrl + z - ပယ်ဖျက်သည်

f1 - ကူညီမှု
f2 - edition
f3 - နာမည်ကိုပေ့စ်လုပ်ပါ
f4 - နောက်ဆုံးလုပ်ဆောင်ချက်ကို ထပ်လုပ်ပါ
f4 - formula ကို ဝင်ရင် ၊ လုံးဝ / အမျိုးအလိုက် ဒိုင်လူကြီးတွေ ပြောင်းလိုက်
f5 - goto
f6 - နောက်ပန်အီး
f7 - စာလုံးပေါင်းစစ်
f8 - mode ရဲ့ တိုးချဲ့မှု
f9 - workbooks အားလုံးကို တွက်ချက်ပါ
f10 - menubar ကို ဖွင့်ပါ
f11 - စာပိုဒ်အသစ်
f12 - save တာအဖြစ်
ctrl +:-လက်ရှိအချိန်ကို ထည့်ပါ
ctrl +;-လက်ရှိရက်စွဲကို ထည့်ပါ
ctrl + "- အထက်ပါဆဲလ်ရဲ့ တန်ဖိုးကို မိတ္တူကူးယူပါ
cell အထက်မှ formula ကို ctrl + '- copy

အလုပ်ချိန် - excel မီနူးမှာ နောက်ထပ်functions အတွက် offset ချိန်ညှိမှု
shift + f1 - ဘာတွေလဲ ။
shift + f2 - cell cell ကို တည်းဖြတ်
shift + f3 - formula မှာ လုပ်ဆောင်မှုကို ပေ့စ်လုပ်ပါ
shift + f4 - နောက်ရှာမယ်
shift + f5 - find
shift + f6 - ယခင် panel
shift + f8 - ရွေးချယ်မှုကိုထည့်ပါ
shift + f9 - တက်ကြွသော အလုပ်စာရွက်ကို တွက်ချက်ပါ
shift + f10 - popup မီနူးပြပွဲ
shift + f11 - spreadsheစာရွက်အသစ်
shift + f12 - ကယ်ပါ

ctrl + f3 - နာမည်သတ်မှတ်ပါ
ctrl + f4 - ပိတ်သည်
ctrl + f5-xl, မူရင်းပြတင်းပေါက် ၏ အရွယ်အစား
ctrl + f6 - နောက်ထပ် workbook window
shift + ctrl + f6 - ယခင် workbook window
ctrl + f7-င်းဒိုးကို ရွှေ့ပါ
ctrl + f8 - resize window
ctrl + f9 - workbook ကို minimize
ctrl + f10 - maximize သို့မဟုတ် ပြန်လည်ထားရှိရန် ပြတင်းပေါက်များ
ctrl + f11 - inset 4.0 macro အလွှာ
ctrl + f1 - open file
alt + f1 - စာပိုဒ်တစ်ခု ထည့်ပါ
alt + f2 - ကယ်ပါ
alt + f4 - output
alt + f8 - macro dialogue
alt + f11 - visual basic တည်းဖြတ်သူ
ctrl + shift + f3 - အတန်းနှင့်ကော်လံအညွှန်းများကို အသုံးပြုပြီး နာမည်တစ်ခုဖန်တီးပါ
ctrl + shift + f6 - ယခင် window
ctrl + shift + f12 - ပုံနှိပ်ခြင်း
alt + shift + f1 - spreadsheet အသစ်
alt + shift + f2 - ကယ်ပါ
alt + = - autosum
formula အတွက် ctrl + '- အဖွင့်တန်ဖိုး / ပြပွဲ
ctrl + shift + a - formula မှာရှိတဲ့ အငြင်းပွားစရာ နာမည်တွေကို ထည့်လိုက်
alt + မြားအောက်မြား - အလိုအလျောက်မြင်ကွင်း စာရင်း
alt + '- format စတိုင် ဒိုင်ယာလော့စ်
ctrl + shift + ~ - general format

crd: orginal writer ...

SINGLE RANK MEMORY VS. DUAL RANK MEMORY (VS QUAD RANK MEMORY) 1Rx8/1Rx16/2Rx8/2Rx16/4Rx8/4Rx16Ram အကြောင်းကို သေချာလေ့လာ...
24/03/2022

SINGLE RANK MEMORY VS. DUAL RANK MEMORY (VS QUAD RANK MEMORY) 1Rx8/1Rx16/2Rx8/2Rx16/4Rx8/4Rx16

Ram အကြောင်းကို သေချာလေ့လာမယ်ဆိုရင် ကျွန်တော်အရင်က ရေးပြခဲ့ဖူးသလို CL တန်ဖိုးတွေ Low voltageတွေ Speed တွေ အကြောင်းအပြင် နဲနဲလေး ပိုပြည့်စုံအောင်သိဖို့ဆိုရင် အပေါ်က အကြောင်းအရာကို သိထားသင့်ပါသေးတယ်။

အခုနောက်ပိုင်း စာရေးပျင်းတာနဲ့ post တွေ သိပ်မတင်ဖြစ်တော့သလို လေ့လာအားလည်း နဲနဲလျော့ပါးလာခဲ့တယ်။

ကဲခေါင်းစဥ်လေးအကြောင်းစလိုက်ကြရအောင်။

Ram လို့ဆိုလိုက်ရင် မိတ်ဆွေတို့ အနည်းအကျဥ်းတော့ သိကြလိမ့်မယ်။ ကျွန်တော်တို့ Ram တစ်ချောင်း ဝယ်တာနဲ့ speed ကို ဦးစားပေးဝယ်ကြတာ ဓမ္မတာဘဲဖြစ်တယ်။

နဲနဲလေးပိုသိလာတဲ့လူတွေကျတော့ CL တန်ဖိုးကဘယ်လို ဆိုတာတွေ ကြည့်ပြီး ပြန်ဆုံးဖြတ်ကြပါသေးတယ်။

ဒီတော့ ပြောချင်တာက ဒီစာကိုဖတ်ပြီးရင် အရမ်းကြီး ဇီဇာလိုက်ကြောင်ဖို့မဟုတ်ပါဘူး။ သိသင့်တာလေးတစ်ခု တိုးတယ်လို့ဘဲ မှတ်ယူသင့်ပါတယ်။

ကျွန်တော်တို့ Ram တွေမှာ မြင်ဖူးတဲ့ 1Rx8 တို့ 2Rx8 တို့ဆိုတာ ဘာကို ဆိုလိုတာလဲ။ ဘယ်လိုမျိုးကောင်းကျိုးရနိုင်မလဲဆိုတာ ဆက်ဖတ်ကြည့်ရအောင်။

1R, 2R ဆိုတဲ့ အဓိပ္ပာယ်က Ram တစ်ချောင်းရဲ့ Rank အဆင့် တစ်နည်း နည်းပညာတစ်ခုလို့ မှတ်ယူရမယ်။

အဆင့်များတာပိုမြင့်တာပေါ့ဆိုရင် ဟုတ်ပါတယ်။ ပိုမြင့်ပါတယ်။ ဒါပေမယ့် အရင်ခေတ် မားသားဘုတ်တွေမှာ ကန့်သတ်ချက်တွေ ရှိနေခဲ့တယ်။ မြင့်တိုင်းလဲ သုံးလို့မရဘူးပေါ့။

1Rx8 = Single Rank (8 Banks - အမဲတုံးရှစ်တုံးလို့ အလွယ်မှတ်မယ်) 1Rx16 = Single Rank (16 Banks - အမဲတုံး ဆယ့်ခြောက်တုံးလို့ အလွယ်မှတ်မယ်) ဒီနေရာမှာ နောက်က တန်ဖိုး Banks သိုလှောင်နိုင်မှုပေါ်မူတည်ပြီး ပိုများတာ ပိုကောင်းတယ်လို့ ဆိုကြတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ ဒီလောက်ထိ အရေးမပါ ပါဘူး။ ဒါကြောင့် ဒါကို လျစ်လျှူရှူသင့်တဲ့အထဲ ပါ ပါတယ်။

2Rx8, 2Rx16 ဆိုရင်လည်း အပေါ်က အတိုင်းဘဲ ဒါပေမယ့် သူက Dual Rank လို့ခေါ်ရမယ်။ ဒါ့အတူ 4Rx8, 4Rx16 ဆိုလည်း တူတူဘဲ Duad Rank လို့ခေါ်ရမယ်။

တစ်ချို့သော လူတွေက ပြောကြတယ် Ram slot မှာ single channel, duel channel တွေမှာ Dual က ပိုကောင်းတယ်။ ပိုမြန်တယ် ပြောကြတယ်။ ထပ်ပြီးလည်း မငြင်းချင်တော့ပါဘူး။

အခုလည်း ထပ်ငြင်းစရာတစ်ခုက Single rank ကကောင်းတာလား Dual rank က ကောင်းတာလားဆိုတဲ့ကိစ္စဖြစ်လာတယ်။

ယေဘုယျအတွေးအခေါ်အရ လူတစ်ယောက် လုပ်နိုင်စွမ်းနဲ့ လူနှစ်ယောက်လုပ်နိုင်စွမ်းလို့ သတ်မှတ်ကြပေမယ့် မှားယွင်းနေတယ်။ လူနှစ်ယောက်တော့ မှန်တယ်။ ဒါပေမယ့် အဲဒီလူနှစ်ယောက်ဟာ ပေါင်းပြီး အလုပ်မလုပ်ဘူး နောက်ပြီး သူတို့ စမှတ်နဲ့ ဆုံးမှတ်ဟာ စက်ဝိုင်းပုံစံ ဖြစ်နေခဲ့မယ်ဆိုရင် ဒီအလုပ်က ဘယ်လိုမှ ပိုမမြန်လာမှာ ကျိန်းသေပေါက်သေချာပါတယ်။

Single Dual Rank ဆိုတဲ့ သဘောတရားက ဒီလိုဘဲ။ Single Rank မှာ တစ်ခါထဲ တစ်ယောက်ထဲက အကုန်လုပ်နိုင်ပြီး ပတ်လမ်းသွားရမှာ တိုတောင်းတယ်။ Dual Rank မှာတော့ ပတ်လမ်းက ပိုရှည်ပြီး ပိုပြီး နှေးကွေးနေတယ်လို့ အကြမ်းဖျင်းသတ်မှတ်ပါတယ်။

Ranks တစ်ခုဟာ read write ဖြစ်စဉ်တစ်ခုကိုသာ လုပ်ပြီး ပို့ဆောင်တာ ဖြစ်လို့ လမ်းကြောင်း တစ်ခုသာလျှင် တစ်ကြိမ်အသုံးပြုပါတယ်။ Dual မှာ Single Rank တစ်ခုသာ တစ်ကြိမ်အလုပ်လုပ်ပြီး dual နှစ်ခုစာ လမ်းကြောင်းကို ပတ်သွားရလို့ ပိုနှေးတယ်လို့ ယူဆပါတယ်။

သို့သော် မှတ်ထားရမှာ တစ်ခုက နည်းပညာမြင့်မားလာတာနဲ့ အမျှ single rank တွေကို ပစ်ပယ်ခဲ့ပြီး dual rank တွေကို ပိုကောင်းအောင် Controller တွေနဲ့ ထောက်ကူပေးလို့ Dual Rank တွေက အကောင်းဆုံးဆိုတာ ဖြစ်လာခဲ့တယ်။ သင့်ကွန်ပျူတာက ဘိုးတော်ဘုရား မင်းတုန်းမင်းကြီး လေးဘက်ထောက်တဲ့ခေတ်က ကွန်ပျူတာ ဖြစ်နေရင်တော့ single rank က အမြန်ဆုံး ဖြစ်နေပါလိမ့်မယ်။

Quad rank တွေက အသုံးမတွင်ကျယ်သေးလို့ မရှင်းတော့ပါဘူး။

Single rank မှာ banks တွေ အမဲတုံးတွေက ram ရဲ့ မျက်နှာပြင် တစ်ခုမှာဘဲပါဝင်ပြီးတော့ Dual Rank မှာ Banks တွေက မျက်နှာပြင်ရဲ့ နှစ်ခုလုံးမှာပါဝင်နေပါလိမ့်မယ်။ ဒါက အကြမ်းဖျင်းသတ်မှတ်တာ ဖြစ်ပြီး မိတ်ဆွေတို့အနေနဲ့ ခွဲခြားချင်ရင် ram မှာပါတဲ့ 1R 2R တွေကိုကြည့်ပြီး ခွဲခြားတာ ပိုအဆင်ပြေပါလိမ့်မယ်။

ကောင်းပြီ နောက်ဆုံး Single Dual ရောသုံးရင် အဆင်ပြေမလားဆိုတဲ့ မေးခွန်းမှာတော့ အသုံးပြုလို့ ရပေမယ့် Timing မကိုက်တာတွေအတွက် မသိမသာလေး နှေးကွေးနေတာတွေ့ရပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ သုံးနေရင် လုံးဝ မသိသာပါဘူး။ သေချာတွက်ချက်ရင်တော့ နှေးပါတယ်။

နောက်တစ်ခု PC3 နဲ့ PC3L ကိစ္စကို ရှင်းရမယ်ဆိုရင် အကြမ်းအားဖြင့် PC3 slot အတွက် Ram ကို PC3 ဘဲ အသုံးပြုသင့်ပါတယ်။ PC3L slot ကိုတော့ PC3L တစ်မျိုးထဲသာ သုံးလို့ရပြီး PC3 ထည့်သုံးရင် လုပ်ငန်းစတင်လည်ပတ်မှု မရှိဘူး စက်က ပွင့်လာမှာ မဟုတ်ပါဘူး။

တချို့သော Desktop motherboard တွေမှာ DDR3 1333 speed တစ်ခုထဲသာ ထောက်ပံ့ပေးတဲ့ ဘုတ်မျိုးရှိပါတယ်။ ဒီအတွက် 1333 speed တခုထဲသာ အသုံးပြုလို့ရပြီး ကျန်တာ သုံးလို့ မရပါဘူး။ windows တက်လာမှာ မဟုတ်ပါဘူး။

ဒီနေ့တော့ ဒီလောက်ပါဘဲ မီးတွေပျက်တာများတော့ ကြောက်လို့ပါ 😁 နောက်နေ့တွေမှာ ဘယ်လို ထူးထူးဆန်းဆန်းတွေ လာဦးမလဲလို့ စောင့်ကြည့်ဖို့ page ကို see first လုပ်ထားပါနော်။ တခါတလေကျရင် ပေါက်ကရတွေ လျှောက်တင်တတ်ပါတယ်။ 😁

တစ်ခုသတိပေးချင်တာက ဒီ post က သိသင့်သိထိုက်လို့ တင်ပြတာဖြစ်ပြီး အရမ်းသတိထားပြီး ဇီဇာကြောင်ဖို့ မဟုတ်ပါဘူး။

SINGLE RANK MEMORY VS. DUAL RANK MEMORY (VS QUAD RANK MEMORY) 1Rx8/1Rx16/2Rx8/2Rx16/4Rx8/4Rx16Ram အကြောင်းကို သေချာလေ့လာ...
23/03/2022

SINGLE RANK MEMORY VS. DUAL RANK MEMORY (VS QUAD RANK MEMORY) 1Rx8/1Rx16/2Rx8/2Rx16/4Rx8/4Rx16

Ram အကြောင်းကို သေချာလေ့လာမယ်ဆိုရင် ကျွန်တော်အရင်က ရေးပြခဲ့ဖူးသလို CL တန်ဖိုးတွေ Low voltageတွေ Speed တွေ အကြောင်းအပြင် နဲနဲလေး ပိုပြည့်စုံအောင်သိဖို့ဆိုရင် အပေါ်က အကြောင်းအရာကို သိထားသင့်ပါသေးတယ်။

အခုနောက်ပိုင်း စာရေးပျင်းတာနဲ့ post တွေ သိပ်မတင်ဖြစ်တော့သလို လေ့လာအားလည်း နဲနဲလျော့ပါးလာခဲ့တယ်။

ကဲခေါင်းစဥ်လေးအကြောင်းစလိုက်ကြရအောင်။

Ram လို့ဆိုလိုက်ရင် မိတ်ဆွေတို့ အနည်းအကျဥ်းတော့ သိကြလိမ့်မယ်။ ကျွန်တော်တို့ Ram တစ်ချောင်း ဝယ်တာနဲ့ speed ကို ဦးစားပေးဝယ်ကြတာ ဓမ္မတာဘဲဖြစ်တယ်။

နဲနဲလေးပိုသိလာတဲ့လူတွေကျတော့ CL တန်ဖိုးကဘယ်လို ဆိုတာတွေ ကြည့်ပြီး ပြန်ဆုံးဖြတ်ကြပါသေးတယ်။

ဒီတော့ ပြောချင်တာက ဒီစာကိုဖတ်ပြီးရင် အရမ်းကြီး ဇီဇာလိုက်ကြောင်ဖို့မဟုတ်ပါဘူး။ သိသင့်တာလေးတစ်ခု တိုးတယ်လို့ဘဲ မှတ်ယူသင့်ပါတယ်။

ကျွန်တော်တို့ Ram တွေမှာ မြင်ဖူးတဲ့ 1Rx8 တို့ 2Rx8 တို့ဆိုတာ ဘာကို ဆိုလိုတာလဲ။ ဘယ်လိုမျိုးကောင်းကျိုးရနိုင်မလဲဆိုတာ ဆက်ဖတ်ကြည့်ရအောင်။

1R, 2R ဆိုတဲ့ အဓိပ္ပာယ်က Ram တစ်ချောင်းရဲ့ Rank အဆင့် တစ်နည်း နည်းပညာတစ်ခုလို့ မှတ်ယူရမယ်။

အဆင့်များတာပိုမြင့်တာပေါ့ဆိုရင် ဟုတ်ပါတယ်။ ပိုမြင့်ပါတယ်။ ဒါပေမယ့် အရင်ခေတ် မားသားဘုတ်တွေမှာ ကန့်သတ်ချက်တွေ ရှိနေခဲ့တယ်။ မြင့်တိုင်းလဲ သုံးလို့မရဘူးပေါ့။

1Rx8 = Single Rank (8 Banks - အမဲတုံးရှစ်တုံးလို့ အလွယ်မှတ်မယ်) 1Rx16 = Single Rank (16 Banks - အမဲတုံး ဆယ့်ခြောက်တုံးလို့ အလွယ်မှတ်မယ်) ဒီနေရာမှာ နောက်က တန်ဖိုး Banks သိုလှောင်နိုင်မှုပေါ်မူတည်ပြီး ပိုများတာ ပိုကောင်းတယ်လို့ ဆိုကြတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ ဒီလောက်ထိ အရေးမပါ ပါဘူး။ ဒါကြောင့် ဒါကို လျစ်လျှူရှူသင့်တဲ့အထဲ ပါ ပါတယ်။

2Rx8, 2Rx16 ဆိုရင်လည်း အပေါ်က အတိုင်းဘဲ ဒါပေမယ့် သူက Dual Rank လို့ခေါ်ရမယ်။ ဒါ့အတူ 4Rx8, 4Rx16 ဆိုလည်း တူတူဘဲ Duad Rank လို့ခေါ်ရမယ်။

တစ်ချို့သော လူတွေက ပြောကြတယ် Ram slot မှာ single channel, duel channel တွေမှာ Dual က ပိုကောင်းတယ်။ ပိုမြန်တယ် ပြောကြတယ်။ ထပ်ပြီးလည်း မငြင်းချင်တော့ပါဘူး။

အခုလည်း ထပ်ငြင်းစရာတစ်ခုက Single rank ကကောင်းတာလား Dual rank က ကောင်းတာလားဆိုတဲ့ကိစ္စဖြစ်လာတယ်။

ယေဘုယျအတွေးအခေါ်အရ လူတစ်ယောက် လုပ်နိုင်စွမ်းနဲ့ လူနှစ်ယောက်လုပ်နိုင်စွမ်းလို့ သတ်မှတ်ကြပေမယ့် မှားယွင်းနေတယ်။ လူနှစ်ယောက်တော့ မှန်တယ်။ ဒါပေမယ့် အဲဒီလူနှစ်ယောက်ဟာ ပေါင်းပြီး အလုပ်မလုပ်ဘူး နောက်ပြီး သူတို့ စမှတ်နဲ့ ဆုံးမှတ်ဟာ စက်ဝိုင်းပုံစံ ဖြစ်နေခဲ့မယ်ဆိုရင် ဒီအလုပ်က ဘယ်လိုမှ ပိုမမြန်လာမှာ ကျိန်းသေပေါက်သေချာပါတယ်။

Single Dual Rank ဆိုတဲ့ သဘောတရားက ဒီလိုဘဲ။ Single Rank မှာ တစ်ခါထဲ တစ်ယောက်ထဲက အကုန်လုပ်နိုင်ပြီး ပတ်လမ်းသွားရမှာ တိုတောင်းတယ်။ Dual Rank မှာတော့ ပတ်လမ်းက ပိုရှည်ပြီး ပိုပြီး နှေးကွေးနေတယ်လို့ အကြမ်းဖျင်းသတ်မှတ်ပါတယ်။

Ranks တစ်ခုဟာ read write ဖြစ်စဉ်တစ်ခုကိုသာ လုပ်ပြီး ပို့ဆောင်တာ ဖြစ်လို့ လမ်းကြောင်း တစ်ခုသာလျှင် တစ်ကြိမ်အသုံးပြုပါတယ်။ Dual မှာ Single Rank တစ်ခုသာ တစ်ကြိမ်အလုပ်လုပ်ပြီး dual နှစ်ခုစာ လမ်းကြောင်းကို ပတ်သွားရလို့ ပိုနှေးတယ်လို့ ယူဆပါတယ်။

သို့သော် မှတ်ထားရမှာ တစ်ခုက နည်းပညာမြင့်မားလာတာနဲ့ အမျှ single rank တွေကို ပစ်ပယ်ခဲ့ပြီး dual rank တွေကို ပိုကောင်းအောင် Controller တွေနဲ့ ထောက်ကူပေးလို့ Dual Rank တွေက အကောင်းဆုံးဆိုတာ ဖြစ်လာခဲ့တယ်။ သင့်ကွန်ပျူတာက ဘိုးတော်ဘုရား မင်းတုန်းမင်းကြီး လေးဘက်ထောက်တဲ့ခေတ်က ကွန်ပျူတာ ဖြစ်နေရင်တော့ single rank က အမြန်ဆုံး ဖြစ်နေပါလိမ့်မယ်။

Quad rank တွေက အသုံးမတွင်ကျယ်သေးလို့ မရှင်းတော့ပါဘူး။

Single rank မှာ banks တွေ အမဲတုံးတွေက ram ရဲ့ မျက်နှာပြင် တစ်ခုမှာဘဲပါဝင်ပြီးတော့ Dual Rank မှာ Banks တွေက မျက်နှာပြင်ရဲ့ နှစ်ခုလုံးမှာပါဝင်နေပါလိမ့်မယ်။ ဒါက အကြမ်းဖျင်းသတ်မှတ်တာ ဖြစ်ပြီး မိတ်ဆွေတို့အနေနဲ့ ခွဲခြားချင်ရင် ram မှာပါတဲ့ 1R 2R တွေကိုကြည့်ပြီး ခွဲခြားတာ ပိုအဆင်ပြေပါလိမ့်မယ်။

ကောင်းပြီ နောက်ဆုံး Single Dual ရောသုံးရင် အဆင်ပြေမလားဆိုတဲ့ မေးခွန်းမှာတော့ အသုံးပြုလို့ ရပေမယ့် Timing မကိုက်တာတွေအတွက် မသိမသာလေး နှေးကွေးနေတာတွေ့ရပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ သုံးနေရင် လုံးဝ မသိသာပါဘူး။ သေချာတွက်ချက်ရင်တော့ နှေးပါတယ်။

နောက်တစ်ခု PC3 နဲ့ PC3L ကိစ္စကို ရှင်းရမယ်ဆိုရင် အကြမ်းအားဖြင့် PC3 slot အတွက် Ram ကို PC3 ဘဲ အသုံးပြုသင့်ပါတယ်။ PC3L slot ကိုတော့ PC3L တစ်မျိုးထဲသာ သုံးလို့ရပြီး PC3 ထည့်သုံးရင် လုပ်ငန်းစတင်လည်ပတ်မှု မရှိဘူး စက်က ပွင့်လာမှာ မဟုတ်ပါဘူး။

တချို့သော Desktop motherboard တွေမှာ DDR3 1333 speed တစ်ခုထဲသာ ထောက်ပံ့ပေးတဲ့ ဘုတ်မျိုးရှိပါတယ်။ ဒီအတွက် 1333 speed တခုထဲသာ အသုံးပြုလို့ရပြီး ကျန်တာ သုံးလို့ မရပါဘူး။ windows တက်လာမှာ မဟုတ်ပါဘူး။

ဒီနေ့တော့ ဒီလောက်ပါဘဲ မီးတွေပျက်တာများတော့ ကြောက်လို့ပါ 😁 နောက်နေ့တွေမှာ ဘယ်လို ထူးထူးဆန်းဆန်းတွေ လာဦးမလဲလို့ စောင့်ကြည့်ဖို့ page ကို see first လုပ်ထားပါနော်။ တခါတလေကျရင် ပေါက်ကရတွေ လျှောက်တင်တတ်ပါတယ်။ 😁

တစ်ခုသတိပေးချင်တာက ဒီ post က သိသင့်သိထိုက်လို့ တင်ပြတာဖြစ်ပြီး အရမ်းသတိထားပြီး ဇီဇာကြောင်ဖို့ မဟုတ်ပါဘူး။

ကျန်ုပ်တို့ Tun  Computer Services မှ ဖော်ပြပါ IT Services များကို ကျန်ုပ်တို့ ရဲ့ တန်ဖိုးထား လေးစားရသော Customer အဟောင်...
20/03/2022

ကျန်ုပ်တို့ Tun Computer Services မှ ဖော်ပြပါ IT Services များကို ကျန်ုပ်တို့ ရဲ့ တန်ဖိုးထား
လေးစားရသော Customer အဟောင်း အသစ်များထံသို့ ထပ်မံဖော်ပြပေးလိုက်ပါတယ်။

-Computerပြုပြင်ခြင်း
-Windows/Software/Game install ပြုလုပ်ပေးခြင်း
-Virus များရှိမရှိစစ်ဆေးပေးခြင်း
-AntiVirus Update ပြုလုပ်ပေးခြင်း
-Data Backup ပြုလုပ်ပေးခြင်း
-Data Recovery ပြုလုပ်ပေးခြင်း
-Laptop မှန်ကွဲ /အစင်းထခြင်း
-Keyboard မကောင်းလဲပေးခြင်း / Keyညိခြင်း
-Power မတက်ခြင်း
-Hardisk (HDD) / Solid State Drive (SSD) လဲလှယ်ပေးခြင်း
-Memory (RAM) ထပ်တိုးခြင်း
-အထူးချိုသာသောနှုန်းသားဖြင့် ရုံးများ အိမ်များ အ‌ေသးစား လုပ်ငန်းများကို လစဉ် Maintenance ပြုလုပ်ပေးခြင်း

အစရှိသော IT services နဲ့ ပတ်သက်သော Services အမျိုးမျိုးတို့ကို Customer များ အလိုရှိသည့် အတိုင်း၊
ကျန်ုပ်တို့ထံမှာ အခမဲ့ လာရောက် ဆွေးနွေး မေးမြန်းနိုင်ပါတယ်။

31/12/2021

Total Graphics ဆိုသည်မှာ ဘာကြီးလဲ။ ဘာကြီးလဲဆိုတော့ Total Graphics ပေါ့။

GPU ဆိုတာနဲ့ Graphics card (GPU), Display card, Display memory တွေအပြင် Video card လို့ပါ ခေါ်ဆိုကြပါတယ်။

Graphics Processing Units (GPU) ရယ်လို့ သတ်မှတ်လိုက်တဲ့အခါမှာတော့ GPU တစ်ခုဟာ Computer တစ်ခုရယ်လို့ သတ်မှတ်နိုင်ပါတယ်။ why?

‌GPU တွေကို reduced instruction set computer လို့ မှတ်ယူရပါမယ်။

Completed Operation set computer တစ်လုံးဖြစ်ဖို့ display နဲ့ system unit အပြင် peripheral device တွေဖြစ်တဲ့ drive rom တွေ printer, scanner, keyboard, mouse တွေ လိုအပ်ပါတယ်။ ဒါပေမယ့်လို့ display, system unit, keyboard, mouse ရယ်လို့ ပါလာပြီဆို ပြည့်စုံတယ်လို့ ခေါ်ရတဲ့ PC(Personal Computer) တစ်လုံးဖြစ်ပါပြီ။

Computer တစ်ခုမှာ cpu, ram, power supply, I/O (input, output), rom ဆိုပြီး ပါကိုပါရှိရမှာ ဖြစ်ပါတယ်။

ဒါဆို graphics card မှာ ဘာပါလဲ တစ်ချက်လေ့လာကြည့်ရအောင်။

CPU - graphics card ရဲ့ cpu က သူ့ရဲ့ မော်ဒယ်နံပါတ် သူ့ရဲ့ series နံပါတ်ကို ဖော်ပြပြီး အဓိက အလုပ်လုပ်တဲ့အရာဖြစ်တယ်။

Ram - graphics card ရဲ့ ram ကို ကြည့်မယ်ဆိုရင် video ram(vram) ဆိုတာကိုကြည့်ရမှာ ဖြစ်ပြီး အဲဒီ vram ဆိုတာက သင့် graphics card ရဲ့ လုပ်ဆောင်နိုင်တဲ့ အစစ်အမှန် ပမာဏဘဲ ဖြစ်ပါတယ်။

Power Supply - power supply အပိုင်းမှာတော့ laptop တွေမှာ dedicated နဲ့ integrated ဆိုပြီး နှစ်မျိုးရှိပြီး မားသားဘုတ်ကနေဘဲ ပါဝါတောင်းယူတဲ့အမျိုးအစားဖြစ်တယ်။ desktop တွေမှာ mother boardရဲ့ Pcie-express အပေါက်ကနေ power တောင်းယူတာဖြစ်ပြီး graphics card အမြင့်စားတွေမှာ ပန်ကာအတွက် 8pins atx connector နဲ့တွဲဖက်အလုပ်လုပ်စေတယ်။ desktop graphics cardတွေရဲ့ cpu နဲ့ ram ကို heat sink သို့မဟုတ် ပန်ကာကို ဖယ်ပြီးလေ့လာကြည့်ရှူနိုင်ပါတယ်။

I/O input output - ဒီအပိုင်းမှာတော့ input system ရော output system ကိုပါ dvi, display port, hdmi, vga ဆိုပြီး သတ်မှတ်ပါတယ်။ input သွင်းတာကို OS က တောင်းဆိုတာလည်း ပါဝင်မှာ ဖြစ်ပါတယ်။

Rom - read only memory လို့ခေါ်တဲ့ chipset မှာတော့ graphics card ရဲ့ firmware တစ်နည်း bios တစ်နည်း os (နည်းပညာ) ကို မှတ်ထားပြီး သင်က ဖျက်ပစ်လို့မရပါဘူး။ အသစ်ပြန်လည်တော့ ရေးဆွဲနိုင်ပါသေးတယ်။ သို့ပေမယ့် ဖျက်လိုက် ရေးလိုက်လုပ်ဖို့ software ဒါမှမဟုတ် device မရှိရင်မဖြစ်နိုင်ပါဘူး။ ဒါကို ကြည့်ချင်တယ်ဆို အရင်က ချိုင်းနားကဒ်တွေ bios firmware ပြန်ရေးပြီး ဂျင်းထည့်ခဲ့ကြတာကို လေ့လာနိုင်ပါတယ်။ firmware တစ်ခု အလုပ်လုပ်စေဖို့ သက်ဆိုင်ရာ firmware ရဲ့ driver ကို တပ်ဆင်ပေးမှ OS က အလုပ်လုပ်ပါမယ်။ မဟုတ်ရင် display ပေါ်ပြီး feature အပြည့် လုပ်ဆောင်မှု အပြည့် အလုပ်မလုပ်နိုင်ပါဘူး။

ဒါဆို graphics card အလုပ်လုပ်ပုံ ပါဝင်ပစ္စည်းတွေနဲ့ အတူ graphics card တစ်ခုဟာ computer တစ်ခုဖြစ်တယ်ဆိုတာ နားလည်ပြီ ထင်ပါတယ်။ Total graphics နဲ့ vram အကြောင်းဆက်ကြရအောင်။

Graphics card ထုတ်လုပ်တဲ့ company တွေ အများကြီး ရှိကြတဲ့ အထဲမှာ နာမည်ကြီးကြတာက intel, nvidia, amd ရယ်ဆိုပြီး နည်းပညာ company သုံးခုကို အလွယ်ဆုံးလေ့လာနိုင်ပါမယ်။

Intel graphics တွေမှာ HD, UHD, XE iris(for gaming ရယ်လို့ ကြွယ်ထားပါတယ်) တွေဆိုပြီး တွေ့ရမှာဖြစ်ပါတယ်။

Nvidia မှာ GT, GTX, RTX ဆိုပြီး သုံးမျိုး family ခွဲထားပြီး series တွေ အပြင် max-q, OC, super, Ti ရယ်ဆိုပြီး နည်းပညာ ထပ်ခွဲကြပါသေးတယ်။

AMD မှာတော့ စိတ်မဝင်စားလို့ များများစားစားမသိပါဘူး။ သိသလောက် ပြောရရင် Radeon, RX, Legacy, HD တွေရှိပါမယ်။ ဒီထက်တော့ ပိုမသိပါဘူး စိတ်မဝင်စားလို့ပါ။ သိထားတာလေးတွေ comment မှာ ပြန်လည်မျှဝေလို့ စိတ်မဆိုးပါဘူး။

Intel Graphics တွေရဲ့ HD, UHD family graphics တွေမှာတော့ vram ပမာဏဟာ 128MB ရယ်ဆိုပြီး အကြမ်းဖျင်းတွေ့ရှိနိုင်ဖြစ်ပါတယ်။

အဲဒီ vram ဆိုတဲ့ ပမာဏက သင့် intel graphics ရဲ့ အမှန်တကယ် လုပ်ဆောင်တဲ့ ပမာဏဘဲဖြစ်ပါတယ်။ share memory လို့ခေါ်တဲ့ MB တွေဟာ သင်က လိုအပ်မှသာ စက်မှာ တပ်ဆင်ထားတဲ့ RAM Card ကနေ ခဏငှားပြီး အလုပ်လုပ်တာ ဖြစ်တဲ့အတွက် အမှန်တကယ် ပါဝင်တဲ့ ပမာဏပါလို့ ပြောဆိုလို့မရပါဘူး။ intel graphics series အလိုက် အများဆုံး ထောက်ပံ့တောင်းဆိုနိုင်တဲ့ ပမာဏဟာ ကန့်သတ်ထားတာဖြစ်ပါတယ်။

သင့်စက်က Ram 4GB ရှိမယ်ဆို intel graphics က 2GB ထိ တောင်းနိုင်မယ်ဆို share memory, total, available memory မှာ 2000MB အကျော်ဖော်ပြထားတာတွေ့ရပါမယ်။ တကယ်လို့များ သင့်စက်က ram 8GB ဖြစ်မယ် intel graphics ကလည်း 4GB ထိတောင်းဆိုနိုင်မယ်ဆို total 4000MB အကျော် ပြထားမှာ ဖြစ်ပါတယ်။ သို့ပေမယ့် 4GB ဘဲ စက်မှာ တပ်ထားရင်တော့ 2GB ထိဘဲ ဖော်ပြမှာ ဖြစ်လို့ Total Graphics ဆိုတဲ့ ဂျင်းကြီးဟာ Ram တိုးရင် တိုးသလောက် graphics card သတ်မှတ်ထားတဲ့ ပမာဏထိ ပြသမှာ ဖြစ်ပါတယ်။ ဒါဆို အဲဒါကသေချာတယ် ဂျင်းဘဲ။ graphics က တောင်းဆိုထားတဲ့ အတွက် သင့်စက်မှာ Ram 8GB တပ်ထားရင် 7.9GB သို့မဟုတ် အဲဒီထက်နည်းပြီး ဖော်ပြတာ တွေ့ရမှာပါ။ ဒီနေရာမှာ system reserved အတွက် ပမာဏ ခဏမေ့ထားပါမယ်။ နောက်နေ့မှာ အဲဒီ ram အပြည့်မပေါ်တာ ရှင်းကြတာပေါ့။

Intel graphics HD, UHD တွေဟာ ဘယ်တော့မှ 2GB, 4GB တွေ မရှိပါဘူး။

AMD graphics တွေကို ကြည့်မယ်ဆိုရင် intel ထက် ram ကနေ တောင်းဆိုတဲ့ ပမာဏက GB လိုက်ချီပြီးတောင်းဆိုတတ်ကြပါတယ်။ ဒါကြောင့် Radeon Graphics သုံးထားတဲ့ စက်တွေမှာဆို သင့်ရဲ့ Ram က 8GB ရှိရင် 6GB ကျော်ကျော်ဘဲ သင့်စက်က multi tasking အတွက် သုံးနိုင်မှာ ဖြစ်ပြီး 4GB သာဖြစ်ခဲ့မယ်ဆို 2/3 GB ကျော်ကျော်ဘဲ သုံးနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် vram ကိုကြည့်ပြီးတော့ဘဲ graphics ပမာဏကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ Total တို့ available တို့ကို ကြည့်ရမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့်လည်း radeon graphics တွေဟာ intel ထက်ကောင်းတယ်ဆိုပြီး အများစု လက်ခံထားကြတာဖြစ်ပါတယ်။ ကျွန်တော့် ပုဂ္ဂလိကအမြင်ဆို AMD graphics တွေဟာ pieces of ၈ ပါဘဲ။ 😁

ဒါကြောင့် သင်ဟာ မယုံကြည်တဲ့ လူတစ်ယောက်ဆို သင့်စက်ကို ram မြှင့်ပြီး လက်တွေ့ စမ်းသပ်နိုင်ပါတယ်။

ဟုတ်ပြီ။ integrated တွေ ပြီးတဲ့ အခါ dedicated တွေ အကြောင်းဆက်ကြရအောင်။

Dedicated ဆိုတဲ့ သဘောတရားက သက်သက်ထပ်ပြီး graphics card တစ်ခုပါဝင်ခြင်း ထပ်တိုးထားခြင်းကို ဆိုလိုပါတယ်။ အပေါ်က ပြောတာတွေကို integrated စက်မှာပါပြီးသား cpu မှာ ပါပြီးသားလို့ မှတ်ထားရပါမယ်။

Dedicated graphics card တွေကို ကြည့်မယ်ဆိုလည်း vram ဆိုတဲ့ ပမာဏကိုသာ ကြည့်ရမှာ ဖြစ်ပါတယ်။

Render ဆိုတဲ့ tab အောက်မှာ dedicated တွေရဲ့ ပမာဏကို ကြည့်နိုင်မှာ ဖြစ်ပါတယ်။

အဲဒီမှာဘဲ ram ကနေ ယူသုံးနိုင်တဲ့ share memory, total, available ဆိုပြီး လျှောက်ရေးထားတာတွေတွေ့ရဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်သုံးပါတယ်လို့ဆိုပေမယ့် မမြင်ရတဲ့ အရာတွေ စိတ်ကူးယဉ်ဆန်တဲ့ဟာတွေဘဲ ဖြစ်ပါတယ်။

သင့်ရဲ့စက်က intel နဲ့ nvidia graphics တို့ ပေါင်းလိုက်မယ်ဆိုရင် intel က 2GB ram ကတောင်းနိုင်မယ် nvidia က 2GB သက်သက် ရှိမယ်ဆို Total 4GB သတ်မှတ်မှာဖြစ်ပါတယ်။ လက်တွေ့သုံးတဲ့အချိန်မှာတော့ intel gpu က desktop background, os ရဲ့ theme တွေ software သေးသေးလေးတွေရဲ့ ရုပ်ဖော်ပြမှု အတွက်ဘဲ သုံးမှာဖြစ်ပါတယ်။

သင်က intel+nvidia စက်ဖြစ်လို့ game ဆော့မယ် engineering software တွေ 3D render တွေ အသုံးပြုမယ်ဆို intel က အော်တို မနိုင်တော့တဲ့ အတွက် nvidia ကိုအသုံးပြုမှာဖြစ်ပါတယ်။

ဒါကို ဘယ်မှာ ကြည့်နိုင်သလဲဆိုရင် task manager မှာ GPU 0 ဟာ intel, GPU 1 ဟာ nvidia ဆိုပြီး တွေ့ရမှာပါ။

GPU 0 အလုပ်လုပ်တာ ထင်သာမြင်သာအောင် ကြည့်ချင်ရင် live wallpaper background ထားပြီး ကြည့်နိုင်ပါတယ်။ GPU 1 အလုပ်လုပ်တာ ကြည့်ချင်ရင် ဂိမ်းဆော့ပြီး ကြည့်နိုင်ပါတယ်။

Intel ကို လုံးဝ မသုံးချင်ဘူး nvidia ဘဲ သုံးမယ်ဆိုပြီး intel ကို ပိတ်ထားလို့လဲ ရနိုင်ပါတယ်။

ဒါကြောင့် အဆုံးသတ်ပြောရမယ်ဆိုရင် graphics card ရဲ့ အစစ်အမှန် ပမာဏကို ကြည့်မယ်ဆိုရင် vram တစ်မျိုးထဲကိုကြည့်ရမှာ ဖြစ်ပြီး Total တွေ Available တွေ share တွေကိုကြည့်ရမှာမဟုတ်ပါဘူး။

သင့်ရဲ့ စက်က core i5 with intel HD/UHD ဆိုရင် အဲဒီစက်ကို graphics မပါတဲ့စက်လို့ သတ်မှတ်ရမှာ ဖြစ်ပြီး core i5 with nvidia, Radeon ဘလာဘလာဆိုရင် graphics card ပါတဲ့ စက်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

Intel + radeon graphics တွေ တွဲလာတာ ရှိပါတယ်။ ဒါကိုတော့ Radeon ရဲ့ vram ပမာဏကိုကြည့်ပြီး graphics ဘယ်လောက်ပါတယ်ဆိုတာကို သတ်မှတ်ရမှာ ဖြစ်ပါတယ်။

ဒီလောက်ဆို Total Graphics ဆိုတာဘာလဲ Vram ဆိုတာ ဘာလဲ သိပြီဖြစ်မယ်လို့ ယူဆပါတယ်။ တကယ်လို့များ မိတ်ဆွေတို့ကို Total graphics ဘယ်လောက်ဆို ပါးသာပိတ်ရိုက်ခဲ့ပါ။ share graphics ပါလို့ပြောရင် လှည့်မကြည့်ဘဲ ပြန်ခဲ့ပါ။ ဒါတွေဟာ သက်သက်နားမလည်သူကို ဂျင်းထည့်နေတာ ဖြစ်ပြီး ဂျင်းကင်းဝေးနိုင်ကြပါစေ။ သိချင်တဲ့ အကြောင်းအရာ Topics တွေများရှိခဲ့ရင် comment မှာဖြစ်ဖြစ် Chat box မှာ ဖြစ်ဖြစ် လာရောက်မေးမြန်းနိုင်ပါတယ်။ ကွန်ပျူတာတောင် သေချာမကိုင်တတ် မသုံးတတ်ဘဲ ရောင်းစားနေတဲ့ ကောင်တွေ တစ်ပုံကြီးရှိပါတယ်။ အဆဲလည်းတော်တော်ခံနေရပါပြီ 😑🤌

30/12/2021

CPU နဲ့ Core ၊ Core နဲ့ Thread ဘာတွေလဲဆိုတာ ကြည့်ကြရအောင်။ 4 cpus, 8 cpus ပြောတာ ယုံတဲ့လူတွေဖတ်ကြည့်နိုင်ဖို့။

အရင်ဆုံးပြောချင်တာက နဲနဲရှုပ်ကောင်း ရှုပ်ပေမယ့် သိထားသင့်လို့ သေချာ ဖတ်သင့်ပါတယ်။

CPU ဆိုတာဘာလဲ။ CPU ဆိုတာကို ကျွန်တော်တို့က Computer တစ်လုံးရဲ့ ဦးနှောက်လို့ခေါ်မယ်။ အရေးအကြီးဆုံးအရာလို့ပြောကြမယ်။

ဒါပေမယ့် ဒါကမှားတယ်။ တကယ်တမ်း Computer မှာ အရေးကြီးဆုံးက power supply🤌 နောက်တာပါ နောက်တာပါ တကယ်လည်း အရေးကြီးဆုံးပါဘဲ။

ကျွန်တော်တို့ အရင်ဆုံး ရှင်းရလွယ်အောင် နာမည်လေးနဲ့ အလုပ်လုပ်တဲ့နာမည်လေးတွေ တွဲရေးကြမယ်။

CPU - Processor
Core - Instructor
Thread - Handle Instructions

ကဲဒါဆို တစ်ခုစီ ပြန်ရှင်းကြရအောင်။

CPU - Processor လို့ခေါ်လိုက်ခြင်းက သူက Process တွေကို ပြီးမြောက်အောင်လုပ်မယ်။ ဥပမာ မေးခွန်းမေးရင် အဖြေပေးတယ်ပေါ့။ သူကတွက်ချက် အဖြေထုတ်တယ်လို့ ထင်ရပေမယ့် တကယ်တမ်း သူတစ်ယောက်ထဲ တွက်ချက်ခဲ့တာ မဟုတ်ပါဘူး။

မိမိက လုပ်ဆောင်ချက် တစ်ခုကိုလုပ်ဆောင်မယ်ဆိုပါစို့။ ဥပမာအနေနဲ့ Right Click တစ်ချက်နှိပ်မယ်လို့မှတ်ယူမယ်။

ဒီလုပ်ငန်းစဥ် Process တစ်ခုမှာ ကွန်ပျူတာရဲ့ OS က Right Click ရဲ့ feature ကို ဘယ်ဟာလို့သတ်မှတ်ထားရင် အဲဒီဟာကို ဖော်ပြလိမ့်မယ်။

Right Click ဆိုတဲ့ Process မိမိက သွင်းလိုက်ပြီဆိုတာနဲ့ CPU မှာရှိတဲ့ Core တွေကို Right Click တော့နှိပ်လိုက်ပြီဟေ့ ငါ့ကို right click ဆိုတာ တွက်ပေးစမ်းလို့ ပြောလိုက်တယ်။

အဲဒီ Core တွေကနေ နောက်ဆုံးဆရာကြီးခိုင်းတဲ့ right click ကို သူ့လက်အောက် Thread ဆီကို right click အကြောင်းတွက်ဖို့ Instruction တွေချပေးလိုက်တယ်။

Thread ကနေပြီးတော့ Instruction ကိုတွက်ချက်ပြီး Core ဆီကို ပို့ဆောင်လိုက်တယ်။ Core ကနေမှ တစ်ဆင့် CPU ကို right click ဆိုတာ ဒါကြီးပါလို့ ပြောပြလိုက်ပြီး CPU ကနေ တစ်ဆင့် မိမိ ခိုင်းလိုက်တဲ့ Right Click ရဲ့ Features တွေကို screen မှာ ပြစေတယ်။

ဟုတ်ပြီ ဒီနေရာမှာ Clock speed တွေအကြောင်း ခဏမေ့ထားပြီး အလုပ်လုပ်ပုံကို မှတ်ထားရမယ်။

ကျွန်တော်တို့ Computer တွေမှာ တွေ့ရတဲ့ celeron, pentium, core i3/5/7/9 တွေနဲ့ generation တွေဆိုတာက အလွယ်ဆုံးမှတ်ရရင် Boss Level တွေလို့ မှတ်ယူရမယ်။

Core series နဲ့ generation မြင့်ရင် မြင့်သလို Performance တက်လာတယ်။ boss level မြင့်လာလေ ပိုကြမ်းလာလေလို့ မှတ်ယူရတယ်။

ကျွန်တော်တို့ တွေ့မြင်ရတဲ့ CPU တွေမှာ 4 core, 8 core တွေဆိုပြီး တွေ့ရတာများကြတယ်။

CPU တစ်ခုဟာ အကြမ်းဖျင်း 2 Core ကနေစလို့ 8 core တွေထိ Intel မှာတွေ့ရသလို AMD CPU တွေမှာဆို 64 core ထိ Threadripper cpu တွေ တွေ့မြင်ရမယ်။

ဒါဆို core အရေအတွက်ကို cpu အရေအတွက်ပါလို့ ပြောရောင်းနေတဲ့ ၂၁ရာစုနောက်ဆုံးဆရာကြီးတွေ Threadripper CPU ကို 64 Cpus ဆိုပြီး ပြောရောင်းကြမှာလား။

ပုံမှန် normal computer cpu တစ်လုံးဟာ 4 core နဲ့ 8 Thread ရှိကြတယ်။

Core တစ်လုံးက Thread နှစ်ခုကို ပိုင်ဆိုင်နိုင်တယ်။

ဒါကြောင့် core i5 Cpu with 4 cores and 8 thread ဆိုပြီး google မှာရော အပြင်မှာပါ လေ့လာလို့ရမယ်။

CPU တစ်လုံးက Hardware ပုံစံ Final Product တစ်ခုဖြစ်ပြီး Core တစ်လုံးဟာ cpu တစ်လုံးမှာပါတဲ့ hardware component လို့ဆိုတဲ့ မြင်သာထင်သာအောင် ပြောရရင် မူလီတစ်လုံးလို့ပြောနိုင်တယ်။ ဒါပေမယ့် core တစ်လုံးကို CPU တစ်လုံး Processor တစ်လုံးလို့ မခေါ်ဆိုနိုင်ဘူး။

Core တစ်လုံးကို Processing Unit တစ်ခု အစိတ်အပိုင်း တစ်ခုလို့ဘဲ ပြောဆိုနိုင်ပြီး CPU တစ်လုံးပါလို့ ရောကြိတ်ရင် မှားပါတယ်။

Thread ဆိုလိုက်ရင် Core တစ်လုံးက ပိုင်ဆိုင်တဲ့ core မှာရှိတဲ့ မူလီတစ်လုံးလို့ဘဲ ဆိုရမယ်။

Thread အရေအတွက်က Core တစ်ခုမှာ နှစ်ခုပါနိုင်တယ်။ နောက်ပြီး Thread တစ်ခုဟာ Processing Unit တစ်ခုဖြစ်ပေမယ့် Software အမျိုးအစား လက်နဲ့ကိုင်လို့မရတဲ့ မျက်မြင်သက်သေ လက်ရောက်မပြနိုင်တဲ့ အမှန်တကယ်ရှိတဲ့ စိတ်ကူးယဉ်ဆန် Processing Unit ဖြစ်တယ်။ နဲနဲတော့ ရှုပ်ကောင်းရှုပ်နိုင်မယ်။ ထပ်လေ့လာကြည့်ရအောင်။

Thread တစ်ခုဟာ သင့်ရဲ့ အတွေးဆိုပါဆို သင့်ဦးနှောက်က coreမှာ Thread နှစ်ခုရှိရင် ထမင်းစားရင်း ဖုန်းကြည့်တယ်ဆိုတဲ့ အတွေးနှစ်ခုကို တစ်ပြိုင်နက်လုပ်နိုင်တယ်။ သင့်ဦးနှောက်က core အရေအတွက်များရင် များသလို အလုပ်လည်းလုပ် စိတ်ကူးလည်းယဥ် သီချင်းလည်း ဆိုနေနိုင်မှာ ဖြစ်တယ်။

ဒါကြောင့် Thread ကို Processing Unit ဖြစ်လို့ Virtual Processor (virtual Core) စိတ်ကူးယဥ် core တစ်လုံးအနေနဲ့ သတ်မှတ်တယ်။

Core တစ်ခုဟာ 2 Threads ပိုင်ဆိုင်နိုင်လို့ သင့်ကွန်ပျူတာမှာ Virtual core နေရာမှာ 8 ဆိုပြီး 4 core အရေအတွက်ရဲ့ နှစ်ဆ ဖော်ပြပါလိမ့်မယ်။

CPU အရေအတွက်လို့ ဆိုလိုက်မယ်ဆိုရင် မိမိမားသားဘုတ်မှာ ထည့်ထားတဲ့ CPU Socket အရေအတွက်အလိုက် ပါဝင်သော CPU အရေအတွက်ကိုသာ CPU ဘယ်နှစ်လုံးပါတယ်လို့ ဆိုနိုင်မှာဖြစ်ပါတယ်။ Socket ဆိုတာ CPU ထည့်ဝင်နိုင်တဲ့နေရာဖြစ်ပါတယ်။ ကျွန်တော်တို့ သုံးနေတဲ့ Desktop Laptop တွေမှာ CPU Socket 1 တစ်ခုသာပါ ပါတယ်။

ကျွန်တော် ဆားဗစ်လုပ်တဲ့ သက်တမ်းတစ်လျှောက်မှာ CPU socket နှစ်ခုနဲ့ CPU နှစ်လုံးပါတဲ့ Desktop တစ်ကြိမ်တစ်ခါဘဲ ကိုင်ခဲ့ဖူးပါတယ်။😑

ဒါကိုတော့ High Performance Computer လို့နာမည်တပ်ခေါ်ရပါတယ်။ သူ့ထက် မြင့်တဲ့ ကွန်ပျူတာတွေရှိပါတယ်။

ဘာတွေလဲ ဆိုတော့ တကယ့် ဆာဗာ အကြီးကြီးတွေမှာ သုံးတဲ့ မားသားဘုတ်တွေမှာ CPU Socket လေးခုနဲ့ CPU လေးလုံးပါပါတယ်။

CPU လေးလုံးပါတာကို ဘဝမှာ တစ်ကြိမ်တစ်ခါဘဲ Network သင်တန်းမှာ တွေ့မြင်ဖူးပါတယ်။ 😑

စာလည်း ရှည်နေပြီဆိုတော့ နိဂုံးချုပ်လိုက်ရအောင်။

CPU အရေအတွက်က Socket ပါဝင်တဲ့ ပမာဏနဲ့ဘဲ CPU ဘယ်နှစ်လုံးဆိုတာ သတ်မှတ်လို့ရမယ်။ Core အရေအတွက်ကို CPU အရေအတွက်လို့ ပြောလို့မရနိုင်သလို Thread အရေအတွက်ကိုလည်း CPU အရေအတွက်လို့ ပြောလို့မရဘူး။

CPU က CPU , Core က Core, Thread က Thread ပါဘဲ။ တကယ်လို့်များ မိတ်ဆွေတို့ကို 4cpu ပါ 8cpu ပါပြောရောင်းခဲ့သော် ရောင်းတဲ့လူ လိမ်တာ ဒါမှမဟုတ် ဗဟုသုတမရှိတာ ဒါမှမဟုတ် ကျပ်မပြည့်တာ ဒါမှမဟုတ် Brain Level နိမ့်တာဘဲ ဖြစ်ပါလိမ့်မယ်။ ဒီလိုမျိုးပြောရောင်းရေးရောင်းတာကို အသစ်တွေသီးသန့်ရောင်းတဲ့ ဆိုင်ကြီးတစ်ဆိုင်မှာတောင် တွေ့ဖူးပါတယ်။ နောက်တော့ မတွေ့တော့တာ တော်တော်ကြာပါပြီ။

နောက်နေ့မှ Total Graphics ဆိုတဲ့ကောင်တွေ ဗျင်းကြတာပေါ့။ ရေးမယ် ရေးမယ်နဲ့ မရေးဖြစ်တာ တော်တော် အခြေအနေဆိုးလာလို့ တင်ပြပါဦးမယ်။

ဆက်လက်ကြိုးစားပါဦးမည်......

Address

No. 35(B)5/5 Wards, Tharaphy Street, Shwepyithar
Yangon
11411

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959420017360

Website

Alerts

Be the first to know and let us send you an email when TUN Computer & Mobile Sales & Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TUN Computer & Mobile Sales & Services:

Share