Favourite Projectors & Accessories

Favourite Projectors & Accessories Projector & Screen ကိုအသက်သာဆုံးဈေးဖြင့် ရောင်းပေးပါသည်။
www.youtube.com/
Ph-09420094301 PH - 09257993799, 09 774410180

2022 Latest Projector & Screen များကိုအသက်သာဆုံးဈေးဖြင့်လက်လီလက်ကားရောင်းချပေးနေပီ..

15/10/2026

ရှယ်ကိတ်ကြီးကိုမှ ကျွတ်ဆင်ကြီးနဲ့ရမယ်ဗျာ
Favourite Mate M9 Projector

Full review မကြာမီလာမည်ဗျာ🤭🤭

#ပရိုဂျက်တာ

နေ့ခင်းကြောင်တောင် အချိန်ကြီးမှာ Projector ဖွင့်ကြည့်ရင် ရုပ်ထွက် မှေးမှိန်ပြီး ဘာမှန်းမသိရဘူးဆိုတဲ့အရာက တကယ်ရောမှန်လား?...
14/10/2026

နေ့ခင်းကြောင်တောင် အချိန်ကြီးမှာ Projector ဖွင့်ကြည့်ရင် ရုပ်ထွက် မှေးမှိန်ပြီး ဘာမှန်းမသိရဘူးဆိုတဲ့အရာက တကယ်ရောမှန်လား??

အရင်ခေတ်က Projector အဟောင်းတွေနဲ့ အရည်အသွေးမမီတဲ့ Model တွေမှာဆိုရင်တော့ ဟုတ်ပါတယ်။

ဒါပေယ့် အခုလို နည်းပညာတွေ တိုးတက်လာတဲ့ခေတ်မှာတော့ Data တွေကိုကြည့်ပြီး သေချာရွေးချယ်တတ်ရင် နေ့ခင်းဘက်မှာလည်း TV တစ်လုံးလို ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက် Quality မျိုးကို ရနိုင်ပါပြီ။

နေ့ခင်းဘက် ကြည့်မယ်ဆိုရင် ပထမဆုံး စဉ်းစားရမှာက Projector ရဲ့ Brightness ပါ။ ဘူးခွံပေါ်မှာ ရေးထားတဲ့ "8000 Lumens", "10000 Lumens" ဆိုတဲ့ အလင်းအားတွေက တကယ်တမ်းတော့ LED Lumens တွေဖြစ်ပါတယ်။ အဲ့တာတွေကို မကြည့်ဘဲ နိုင်ငံတကာ စံသတ်မှတ်ချက်ဖြစ်တဲ့ "ANSI Lumens" စစ်စစ်ကိုသာ ကြည့်ရပါမယ်။

အကြံပေးရမယ်ဆိုရင်

ညဘက် (သို့) အမှောင်ခန်းအတွက်ဆိုရင် 200 မှ 400 ANSI Lumens ဆိုရင် လုံလောက်တဲ့ ပမာဏဖြစ်ပြီးတော့ အခန်းမှောင်မှ ရုပ်ထွက်ကြည်လင်ပြတ်သားမှုကို ရပါမယ်။

နေ့ခင်းဘက် ဧည့်ခန်း (သို့) မီးရောင်အောက်မှာ သုံးမယ်ဆိုရင် အနည်းဆုံး 500 မှ 1000 ANSI Lumens အထက်ရှိတဲ့ စက်တွေကို သုံးမှသာ ရုပ်ထွက်က အလင်းရောင်ကြောင့် မပျောက်သွားဘဲ ကြည်လင်နေမှာပါ။

နေ့ခင်းဘက် သဘာဝအလင်းရောင်(နေရောင်) များတဲ့နေရာမှာဆိုရင်တော့ 1500 မှ 3000 ANSI Lumens အထက်ရှိတဲ့ စက်တွေကတော့ TV တစ်လုံးလို ရုပ်ထွက်မျိုးကို ပြသပေးနိုင်ပါတယ်။

၂။ အလင်းပြန်မှုကို ထိန်းချုပ်ပေးမယ့် ALR Screen

ANSI Lumens ဘယ်လောက်မြင့်မြင့်၊ နံရံအဖြူရိုးရိုး (သို့) ပိတ်ကားအဖြူမှာ ထိုးကြည့်ရင် ပတ်ဝန်းကျင်က အလင်းရောင်တွေနဲ့ ရောထွေးပြီး ရုပ်ထွက်ဖျော့သွားတတ်ပါတယ်။ ဒီပြဿနာကို ALR (Ambient Light Rejecting) Screen က ဖြေရှင်းပေးပါတယ်။

ALR Screen ရဲ့ မျက်နှာပြင်က အခန်းထဲက ဝင်လာတဲ့ သဘာဝအလင်းရောင်နဲ့ မီးချောင်းအလင်းတွေကို စုပ်ယူဖျောက်ဖျက်ပစ်ပြီး၊ Projector ကနေ လာတဲ့ အလင်းကိုသာ ကြည့်ရှုသူရဲ့ မျက်လုံးဆီ တိုက်ရိုက် ပြန်ဟပ်ပေးတဲ့ နည်းပညာ (Optical Technology) ကို သုံးထားပါတယ်။

ဒါကြောင့် နေ့ခင်းဘက် နေရောင်ရှိနေရင်တောင် ALR Screen နဲ့ တွဲသုံးလိုက်တဲ့အခါ Contrast (အဖြူအမဲကွာခြားချက်) က ပိုမိုနက်ရှိုင်းသွားပြီး ရုပ်ထွက်က ပိုပြီး ကြည်တောက်လာပါတယ်။

၃။ Contrast Ratio နှင့် Laser/LED နည်းပညာ

စက်ရဲ့ Contrast Ratio မြင့်လေလေ၊ အလင်း အမှောင် ခွဲခြားနိုင်စွမ်း အားကောင်းလေလေ ဖြစ်ပါတယ်။ လက်ရှိ LED သို့မဟုတ် Laser Light Source သုံးထားတဲ့ Projector တွေက အရောင်အသွေး (Color Gamut) ကို ပိုမို ထင်ရှားစေတဲ့အတွက် နေ့ခင်းဘက် ကြည့်ရင်တောင် အမည်းရောင်က ပြာနှမ်းမနေဘဲ စိုပြေတဲ့ ရုပ်ထွက်ကို ပေးစွမ်းနိုင်ပါတယ်။

၄။ နေရာအထားအသို (Setup)

နေ့ခင်းဘက်ကြည့်ဖို့အတွက် စက်ချည်းပဲ အားကိုးလို့ မရပါဘူး။ နေရာချထားမှုကလည်း အရေးကြီးပါတယ်။

Projector ရဲ့ Screen ကို ပြတင်းပေါက်ကနေ အလင်းရောင် တိုက်ရိုက်ကျတဲ့ နေရာမျိုးမှာ မထားဘဲ၊ အလင်းနဲ့ မျက်နှာချင်းဆိုင် မဖြစ်မယ့် ထောင့်ချိုးနေရာမျိုးမှာ နေရာချပါ။

အလင်းအရမ်းစူးတဲ့ အချိန်တွေမှာ ပါးလွှာတဲ့ လိုက်ကာလေး (Light-filtering Curtains) မျိုး တပ်ဆင်ထားခြင်းက ငွေကုန်ကြေးကျ သက်သာပြီး အကောင်းဆုံး ရုပ်ထွက်ကို ကြည့်ရှုနိုင်တဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

နေ့ခင်းဘက် Projector ကြည့်လို့ အဆင်မပြေဘူးဆိုတာ နည်းပညာအဟောင်းတွေရဲ့ အားနည်းချက်တစ်ခုသာ ဖြစ်ပြီး၊ မှန်ကန်တဲ့ ANSI Lumens ရှိတဲ့ စက်ကို ရွေးချယ်မယ်၊ ALR Screen လို Accessories တွေနဲ့ တွဲဖက် အသုံးပြုမယ်ဆိုရင် အိမ်ဧည့်ခန်းမှာပဲ အလင်းရောင်ရှိနေလျက်နဲ့ Screen Size ကြီးကြီးကို ရုပ်ရှင်ရုံလို အပြည့်အဝ ခံစားနိုင်မှာ ဖြစ်ပါတယ်။

ကိုယ့်အိမ်ရဲ့ ဧည့်ခန်းအလင်းရောင် အနေအထားနဲ့ အကိုက်ညီဆုံးဖြစ်မယ့် Projector မော်ဒယ်တွေနဲ့ Screen အမျိုးအစားတွေကို သိချင်တယ်ဆိုရင်တော့ Favourite Projectors & Accessories ကို အချိန်မရွေး လာရောက်တိုင်ပင် ဆွေးနွေးနိုင်ပါတယ်။

14/10/2026

ဆိုင်မှာ မျက်မြင်ကိုယ်တွေ့ စိတ်တိုင်းကျ ဝယ်ယူချင်တယ်ဆို Favourite Projectors and Accessories ကိုသာ ကြွလှမ်းခဲ့လိုက်ပါဗျာ

#ပရိုဂျက်တာ #ပိတ်ကား ာတ်လမ်းတို

🔥 "Projector ဝယ်ပြီးမှ နောင်တမရချင်ရင် ဒါတွေအရင်သိထား!" (စျေးချိုတိုင်းဝယ်ရင် ကြုံရမယ့် အလွဲများ)ကျွန်တော်တို့တွေက Onlin...
13/10/2026

🔥 "Projector ဝယ်ပြီးမှ နောင်တမရချင်ရင် ဒါတွေအရင်သိထား!" (စျေးချိုတိုင်းဝယ်ရင် ကြုံရမယ့် အလွဲများ)

ကျွန်တော်တို့တွေက Online မှာ ဈေးပေါပေါနဲ့ တွေ့လို့ သဘောကျပြီး ဝယ်လိုက်တာ...

အိမ်ရောက်လို့ ဖွင့်ကြည့်တော့မှ ရုပ်ထွက်က ဝါးတားတား၊ အခန်းကို လုံနေအောင် အမှောင်ချကြည့်တာတောင် ဘာမှန်းမသိရဘူးဆိုပြီး ဒေါသထွက်နေပြီလား?

ဒါမှမဟုတ် အခန်းကျဉ်းလေးထဲမှာ မျက်နှာပြင် အကြီးကြီး ကြည့်ချင်လို့ ဝယ်လိုက်ကာမှ TV ထက်နည်းနည်းလေးပဲ ပိုကြီးတဲ့ အရွယ်အစားလောက်ပဲ ထွက်လာလို့ စိတ်ပျက်သွားဖူးလား?

ဒါတွေက Projector အကြောင်း သေချာမလေ့လာဘဲ ဈေးသက်သာတာ တစ်ခုတည်းကို ကြည့်ပြီး ဝယ်တဲ့သူ ၈၀% လောက် ကြုံရလေ့ရှိတဲ့ ပြဿနာတွေပါ။

ဒီလိုမျိုး ကိုယ့်ရဲ့ ပိုက်ဆံတွေ ရေစုန်မျော မသွားစေဖို့နဲ့ ဝယ်ပြီးမှ နောင်တမရစေဖို့ အောက်က (၃) ချက် ကို မဖြစ်မနေ အရင်သိထားဖို့ လိုပါတယ်။

၁။ Lumens (အလင်းအား) - အရေခြုံ ဂဏန်းတွေကို သတိထားပါ!

ဈေးကွက်ထဲက ဈေးပေါတဲ့ Projector အများစုဟာ လူတွေကို အလွယ်တကူ လှည့်စားလေ့ရှိတဲ့ အချက်က "Lumens" ပါပဲ။ Box ပေါ်မှာ "8000 Lumens", "10000 Lumens" ဆိုပြီး အကြီးကြီးတွေ ရေးထားတတ်ပါတယ်။ တကယ်တမ်း အဲဒါတွေက မီးသီးကနေ ထွက်တဲ့ အလင်းအားသက်သက် (Light Source Lumens / LED Lumens) တွေသာ ဖြစ်ပြီး တကယ့် မျက်နှာပြင်ပေါ် ရောက်လာတဲ့ အလင်းအား မဟုတ်ပါဘူး။

ဒါဆိုဘယ်လိုရွေးမလဲ?🤔🤔

အမှန်တကယ် ကြည့်ရမယ့် စံနှုန်းက "ANSI Lumens" ပါ။ Projector ရဲ့ တကယ့် စွမ်းဆောင်ရည်အစစ်ကို ANSI နဲ့ပဲ တိုင်းပါတယ်။ ဥပမာ - ANSI Lumens နည်းတဲ့ စက်တွေဆို နေ့ခင်းဘက် နေသာတဲ့အချိန်၊ ညဘက် မီးရောင်လေး နည်းနည်းရှိရင်တောင် ရုပ်ထွက်က မှေးမှိန်သွားပါတယ်။

ကိုယ်က အိပ်ခန်းထဲမှာ အမှောင်ချကြည့်မှာလား၊ ဧည့်ခန်းမှာ မီးရောင်အောက် ကြည့်မှာလား ဆိုတာပေါ် မူတည်ပြီး မှန်ကန်တဲ့ ANSI Lumens ရှိတဲ့ စက်ကို ရွေးချယ်ရပါမယ်။

၂။ Resolution (ရုပ်ထွက်ပြတ်သားမှု) - "Supported" ဆိုတဲ့ စကားလုံးနောက် မလိုက်ပါနဲ့!

နောက်ထပ် လူလိမ်ခံရဆုံး အချက်က ရုပ်ထွက်ပါ။ စက်ပေါ်မှာ "1080p Supported" ဒါမှမဟုတ် "4K Supported" လို့ ရေးထားတိုင်း ရုပ်ထွက် ကြည်လင်ပြတ်သားမယ်လို့ အထင်မကြီးလိုက်ပါနဲ့။ "Supported" ဆိုတာက အဲဒီ Resolution ရှိတဲ့ ဖိုင်တွေကို စက်က လက်ခံပြီး ဖွင့်ပေးနိုင်တယ် (Decode လုပ်နိုင်တယ်) လို့ ပြောတာပါ။

ဒါကိုရောဘယ်လိုရွေးမလဲ?

တကယ့် Screen ပေါ်မှာ ထွက်လာမယ့် ရုပ်ထွက်အစစ်ကို "Native Resolution" လို့ ခေါ်ပါတယ်။ ဈေးပေါတဲ့ စက်တွေက Native Resolution 480p (ဒါမှမဟုတ် 720p) လောက်ပဲ ရှိတတ်ပါတယ်။ Phone Screen သေးသေးလေးမှာ ကြည့်ရင် မသိသာပေမယ့် ၁၀၀ လက်မလောက် နံရံမှာ ထိုးကြည့်လိုက်တဲ့အခါ စာတန်းတွေကအစ ဝါးပြီး အတုံးတွေ (Pixels) ထစ်နေပါလိမ့်မယ်။ ဒါကြောင့် ရုပ်ရှင်ကို Quality ကောင်းကောင်း ခံစားချင်ရင် အနည်းဆုံး Native 1080p ရှိတဲ့ Projector ကိုသာ ရွေးချယ်ပါ။

၃။ Throw Ratio (အကွာအဝေးနဲ့ မျက်နှာပြင် အချိုးအစား)

Projector ဝယ်တော့မယ်ဆို ကိုယ့်အခန်း အကျယ်အဝန်း (Distance) ကို အရင်ဆုံး စဉ်းစားရပါတယ်။ ကိုယ်က အခန်းကျဉ်းတယ် (ဥပမာ ၁၀ ပေ ပတ်လည်) မှာ နေပြီး ရိုးရိုး (Standard Throw) Projector ဝယ်လိုက်ရင် မျက်နှာပြင် ၅၀ လက်မလောက်ပဲ ရပါလိမ့်မယ်။ Screen အကြီးကြီး လိုချင်ရင် စက်ကို အနောက်ကို အများကြီး ဆုတ်ရတဲ့အတွက် အခန်းကျဉ်းရင် အဆင်မပြေပါဘူး။

ကိုယ့်အခန်းက ကျဉ်းတယ်၊ ဒါပေမယ့် Screen အကြီးကြီး ကြည့်ချင်တယ်ဆိုရင် Short-Throw သို့မဟုတ် Ultra-Short-Throw (UST) Projector တွေကို ရွေးရပါမယ်။ နံရံနဲ့ ၂ ပေ၊ ၃ ပေ လောက် အကွာအဝေးမှာတင် လက်မ ၈၀ ကနေ ၁၀၀ လက်မ အထိ Screen Size ကို ပြပေးနိုင်တဲ့ အမျိုးအစားတွေ ဖြစ်ပါတယ်။

ဈေးနည်းနည်းလေး သက်သာတာကို မက်ပြီး မျက်စိဒုက္ခခံရမယ်၊ ခဏလေးနဲ့ ပျက်သွားမယ့် စက်မျိုးတွေ ဝယ်မယ့်အစား ကိုယ့်ရဲ့ လိုအပ်ချက်၊ အခန်းအကျယ်အဝန်း၊ ကြည့်မယ့် အချိန် (နေ့/ည) တွေအပေါ် မူတည်ပြီး အကိုက်ညီဆုံးဖြစ်မယ့် Projector ကို သေချာရွေးချယ်သင့်ပါတယ်။

Projector တွေရဲ့ Specs တွေကို သေချာမဖတ်တတ်ဘူး၊ ကိုယ့်အိမ်နဲ့ ဘယ်မော်ဒယ်က အကိုက်ညီဆုံး ဖြစ်မလဲဆိုတာ သေချာမသိဘူးဆိုရင်တော့ ကျွန်တော်တို့ Favourite Projectors & Accessories ကို အချိန်မရွေး ဆက်သွယ်ပြီး အသေးစိတ် လာရောက်တိုင်ပင် ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ

🏙️သီတင်းကျွတ်အထူး Promotion 🎇မူရင်းဈေး-1,050,000 ကျပ်အထူး Promotion-950,000 ကျပ် (Limited Stock)TV Screen နဲ့ ရုပ်ရှင်တွ...
12/10/2026

🏙️သီတင်းကျွတ်အထူး Promotion 🎇

မူရင်းဈေး-1,050,000 ကျပ်
အထူး Promotion-950,000 ကျပ် (Limited Stock)

TV Screen နဲ့ ရုပ်ရှင်တွေကြည့်ရတာ ရိုးနေပြီဆိုရင်တော့ Screen အကြီးကြီး၊ ရုပ်ထွက် ကြည်တောက်ရှင်းနဲ့ Cheerlux C12 Android Projector ရှိနေပါပြီ။

ဒီစက်က ဘာလို့အဲ့လောက်ကြမ်းနေရတာလဲ??🧐🧐

Native 1920x1080p အထိ ရုပ်ထွက်ကို ပြပေးနိုင်လို့ ကြည်တောက်ရှင်း Quality နဲ့ ရုပ်ရှင်တွေကို ကြည့်ရှုခံစားနိုင်မှာပါ

400 ANSI Lumens အလင်းအားပါဝင်လို့ ရုပ်ရှင်ကြည့်မလား၊ ဂိမ်းဆော့မလား လုံးဝ အလင်းအားကောင်းပြီးတော့ သာမာန် မီးချောင်းအလင်းလောက်ကတော့ မီးဖွင့်ပြီးတော့ အသုံးပြုနိုင်ပါတယ်

Screen Size က 40 လက်မကနေ 150 လက်မအထိ စိတ်ကြိုက် ချိန်ညှိနိုင်လို့ အိမ်မှာတင် ရုပ်ရှင်ရုံရောက်သွားသလို Vibe မျိုးနဲ့ ခံစားနိုင်မှာပါ

Android Version ပါဝင်တဲ့အတွက် Wifi ချိတ်ပြီး YouTube, Netflix တွေကို တိုက်ရိုက်ကြည့်ရှုနိုင်တဲ့အပြင် Screen Mirroring ကလဲ Android, IOS, Macbook, Window ကြိုက်တာနဲ့ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်

ဒီ Projector ကို Favourite မှာ Service Warranty 1 Year နဲ့ အခုပဲ Instock ဝယ်ယူလို့ရနေပါပြီ။

Order တင်ရန်
📞 Contact: 09420094301(YGN), 09963200004(MDY)

Telegram Channel Link
https://t.me/favouriteprojectors

Youtube Channel Link
www.youtube.com/

Tiktok Channel Link
favourite.project

🏙Yangon Shop Google Map Link
https://maps.app.goo.gl/F7VtUCtVbfFGGVed7

☎️Contact-09420094301 (Available Viber, Telegram)

🏠Yangon Address-No.38, U Thamadi Condo First Floor, Corner of Moe Kaung Road & Aung Zayya Road, Near KBZ Bank, Yankin, Kyouk Kone.
-----------------------------------------------------
🏙Mandalay Shop Google Map Link
https://maps.app.goo.gl/MecnsvhczSTj41F49

☎️Contact-09963200004 (Available Viber, Telegram)

🏠Mandalay Showroom Address-23nd Street, Between 82x83th Street, Aung Myay Tharzan, Mandalay

#ပရိုဂျက်တာ #ရုပ်ရှင်ပရိုဂျက်တာ

12/10/2026

Bo Bo's Brain Booster သင်တန်းကျောင်းမှာ Projector နဲ့ Screen တစ်ဆက်စာ သွားရောက်တပ်ဆင်ပေးဖြစ်ပါတယ်ဗျာ

# #ပရိုဂျက်တာ #အလင်းအားကောင်းကောင်း #ပိတ်ကား

12/10/2026

ရုံးခန်းတွေ၊ စာသင်ခန်းတွေမှာ သပ်သပ်ရပ်ရပ် Professional ဆန်ဆန်သုံးဖို့ Projector Screen Motorized တွေကို Favourite မှာ ဝယ်ယူအားပေးနိုင်ပါပြီခင်ဗျ

ိတ်ကား #ပိတ်စ

08/10/2026

Meeting တွေနဲ့ သင်တန်းတွေမှာ အလင်းရောင်အောက် Projector ကောင်းကောင်းသုံးချင်တဲ့သူတွေ ဒီ Video ကို ဆုံးအောင်ဆက်ကြည့်သွားပါ

#ပရိုဂျက်တာ #အလင်းအားကောင်းကောင်း

08/10/2026

အခုလိုဝယ်ယူအားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ😍❤️

#ပရိုဂျက်တာ #၁၀သိန်းဝန်းကျင်

Projector ဖွင့်ပြချင်တိုင်း တင်စရာ စားပွဲအမြင့်ရှာရခက်ပြီး စာအုပ်တွေခု၊ ပုံးတွေခုနဲ့ အချိန်ကုန်နေရတုန်းပဲလား? 🤔Price-190...
07/10/2026

Projector ဖွင့်ပြချင်တိုင်း တင်စရာ စားပွဲအမြင့်ရှာရခက်ပြီး စာအုပ်တွေခု၊ ပုံးတွေခုနဲ့ အချိန်ကုန်နေရတုန်းပဲလား? 🤔

Price-190,000 Ks

အိမ်မှာ ရုပ်ရှင်ကြည့်ချင်တာပဲဖြစ်ဖြစ်၊ ရုံးမှာ Presentation လုပ်ချင်တာပဲဖြစ်ဖြစ် အလွယ်တကူ အမြင့်ချိန်ပြီး သုံးလို့ရတဲ့ Projector Tripod Stand လေးရှိရင် အများကြီး အဆင်ပြေသွားပြီနော်။

ဒီ Tripod Stand လေးက ဘာကြောင့် ကိုယ့်အတွက် မရှိမဖြစ် လိုအပ်တာလဲဆိုရင်...

✅ စိတ်ကြိုက်အမြင့်ချိန်လို့ရခြင်း
Tripod အောက်ခြေကနေ ကိုယ်လိုချင်တဲ့ အမြင့်ကို လွယ်လွယ်ကူကူ ချိန်ညှိလို့ရတော့ ပိတ်ကားနဲ့ နေရာတည့်ဖို့ ခုံတွေလိုက်ရှာစရာ မလိုတော့ဘူးပေါ့။

✅ Projector ရော Laptop ပါ တင်လို့ရခြင်း
အပေါ်က Tray ပြားလေးက ကျယ်ကျယ်ဝန်းဝန်းရှိလို့ Projector တင်မလား၊ Laptop ပဲ တင်သုံးမလား... လုံလုံခြုံခြုံနဲ့ စိတ်ချလက်ချ သုံးလို့ရပါတယ်။

✅ သယ်ယူရလွယ်ကူခြင်း
ခေါက်သိမ်းရလွယ်ကူတဲ့ Design ဖြစ်လို့ ရုံးခန်းတစ်ခုနဲ့ တစ်ခုရွှေ့တာပဲဖြစ်ဖြစ်၊ ခရီးသွားရင်း သယ်သွားတာပဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေစေပါတယ်နော်။

✅ ခိုင်ခံ့ပြီး တည်ငြိမ်မှုရှိခြင်း
Stand ခြေထောက်တွေက သေချာခိုင်ခံ့အောင် ထုတ်လုပ်ထားလို့ တင်ထားတဲ့ Projector ပြုတ်ကျမှာ၊ ယိမ်းယိုင်နေမှာကို လုံးဝ စိတ်ပူစရာမလိုပါဘူး။

ရုံးက Meeting Room တွေအတွက်ပဲဖြစ်ဖြစ်၊ အိမ်မှာ မိသားစုနဲ့ Home Theater လုပ်ပြီး ရုပ်ရှင်ကြည့်ဖို့ပဲဖြစ်ဖြစ်၊ သင်တန်းကျောင်းတွေမှာ စာသင်ဖို့ပဲဖြစ်ဖြစ် အရမ်းကို အသုံးဝင်မယ့် Item လေးပါပဲ။ Instock လည်းရှိတာမို့ အကြာကြီး စောင့်စရာမလိုဘူးနော်။

ဝယ်ယူလိုသူများ Page Messenger မှာ အခုပဲ စုံစမ်းမှာယူနိုင်ပါတယ်နော် ❤️

📍 Yangon Showroom
No.38, Moe Kaung Road, Near KBZ Bank, Yankin/ Bouk Htaw, Yangon.
📞 Order & Inquiry — 09420094301

📍 Mandalay Showroom
No.167, 23rd Street, between 82x83, Aung Myay Tharzan, Mandalay.
📞 Order & Inquiry — 09963200004

💬 Messenger — Page Chat Box မှာ တိုက်ရိုက်မေးမြန်းနိုင်ပါတယ်။

Address

No. 38, Thamadi Condo First Floor, Corner Of Moe Kaung Road & Aung Zayya Road, Near KBZ Bank, Yankin/Kyouk Kone
Yangon
11082

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

+959774410180

Website

Alerts

Be the first to know and let us send you an email when Favourite Projectors & Accessories posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Favourite Projectors & Accessories:

Shortcuts

Share