29/11/2023
ဇူကာဘတ်လည်း သူ့လုပ်ငန်းအောင်မြင်ဖို့
ပဌာန်းမရွတ်ပါဘူး
ဒေါ်နယ်ထရန့် ကိုးန၀င်းမစိပ်ပါဘူး
ဘီလ်ဂိတ်လည်း အဓိဌာန်မ၀င်ပါဘူး
EXO အဖွဲ့လည်း သတ်သတ်လွတ်မစားပါဘူး
Girl Generation လည်း ၀တ်မရွတ်ပါဘူး
ဒါပေမဲ့ သူတို့ အောင်မြင်နေကြတယ်။
ကမ္ဘာမှာအောင်မြင်ကျော်ကြားနေသူမှန်သမျှ ဥာဏ်ပညာ လုံးလဝီရိယ အပြည့်စိုက်ပြီးကြိုးစားအားထုတ်ကြလို့
အောင်မြင်နေကြတာပါ။
တစ်ခါတစ်လေ
ထေရဝါဒစစ်စစ်မဟုက်တဲ့ ဗမာအယူတွေက သိပ်ကိုလွဲနေတယ်။
ဒါတွေက ကိုယ်ကို ယုံကြည်မှုတည်ဆောက်တာဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဥပမာ ငါဒီနေ့ ဘုရားရှိခိုးလာတယ်။ ပုတီးစိပ်လာတော့ ငါဒီနေ့ လုပ်သမျှ အောင်မြင်မှာသေချာတယ်၊ အဲဒီစိတ်လေးတစ်ခုတည်း မွေးမြူပေး လိုက်တာ ဒီလောက်ပါပဲ။
မြတ်စွာဘုရားရှင်သာသနာက အရွတ်သာသနာ မဟုတ်ပါဘူး။
အကျင့်သာသနာပါ။
ငါးပါးသီလရွတ်ဆိုပြီး ငါးပါးသီလမလုံရင် ဘာမှဖြစ်မလာသလို။ မေတ္တာသုတ်ရွတ်ပြီး မေတ္တာစိတ်မထားတတ်ရင်လည်း အကျိုးရှိမှာမဟုက်ပါဘူး။
အဓိက ထေရဝါဒဗုဒ္ဓဘာသာတို့ရဲ့ ပန်းတိုင်က နိဗ္ဗာန်ပါပဲ။
ဗုဒ္ဓဘာသာစစ်စစ်ဆိုရင် ဝိပဿနာဉာဏ်စဉ်ရအောင်လုပ် သစ္စာလေးပါးသိအောင်ကျင့်ကြံအားထုတ်ဖို့ပါပဲ။
အတ္တာဟိ အတ္တနော နာထော
မိမိကိုယ်ကိုသာလျှင် အားကိုးရာဖြစ်အောင်
စေတနာကောင်းဆိုတဲ့ကံ
အကြောင်းအကျိုးခွဲခြားစိတ်ဖြာနိုင်ခြင်းဆိုတဲ့ဉာဏ်အပြည့်၊ရည်မှန်းချက်အောင်မြင်သည်အထိကြိုးစားအားထုတ်ခြင်းဆိုတဲ့ဝီရိယ
အပြည့်နဲ့ကြိုးစားအားထုတ်ရမှာ
ဖြစ်ပါတယ်။
ကိုယ်အောင်မြင်ဖို့ ကိုယ်အဆင်ပြေဖို့အတွက်နဲ့တော့
မြတ်စွာဘုရားရှင်ပောကြားထားတဲ့ ဒေသနာတော်တွေကို အလွဲသုံးစား မလုပ်ချင်ဘူး။ လုပ်လို့လည်းမရပါဘူး။
ဟိုဟာရနိုးနိုးဒီဟာရနိုးနိုးနဲ့
ရွတ်လေ ဘာမှမလုပ်ဘဲ အိမ်မှာ အမုန်းထိုင် ရွတ် ဘာမှဖြစ်မလာဘူး။
အချို့ပြောသေးတယ်ကိုယ်ရွတ်ဖတ်နေရင် နတ်တွေက ချစ်တယ်တဲ့။
စဉ်းစားကြည့်လေ နတ်ဘုံက လူ့ဘုံထက်မြင့်တယ်။
လူ့ဘုံထက်နိမ့်တဲ့
တိရစ္ဆာန်ခိုင်းသမျှ ကိုယ်လုပ်လား။ ဘာပြောမှန်းတောင်မသိပါဘူး။
တိရစ္ဆာန်တွေကိုပဲ လူတွေကသင်ပေးရတာ။ နတ်တွေလည်းဒီလိုပဲ ကိုယ်ထက်ကုသိုလ်ကံမြင့်လို့ နတ်ဖြစ်နေတာ ကိုယ့်ထက်သိတယ် ကိုယ့်ထက် တတ်တယ်။ ကိုယ့်ထက် ဥာဏ်အမြော်အမြင်ရှိတယ်။
အရာအားလုံးက
ကံ ကံ၏အကျိုးပါပဲ၊
ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။
မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်။
ဒါတွေကို ဘယ်အရာနဲ့မှ တားဆီလို့မရပါဘူး ချက်ချင်းလက်ငင်း မဟုက်ရင်တောင်
နောက်တစ်ချိန်ချိန်တော့အကျိုးကိုပေးမှာပါ။