Kone Lone Shin
Kone Lone Shin We will do best of the best for latest technology.
Happy Diwali and Happy Holiday
28/10/2019
Happy Diwali and Happy Holiday
27/09/2019
Credit: Zaw Thurein Tun
ယူနီကုတ် သုံးလျှင် သင့်အတွက် ရလာမည့် အကျိုးကျေးဇူးများ
၁။ Gboard Keyboard သုံးလို့ ရသွားပါလိမ့်မယ်။ Gboard Keyboard မှာ မြန်မာလို ပါးစပ်က ပြောရုံနဲ့ အလိုအလျောက် စာရိုက်လို့ ရသွားပါလိမ့်မယ်။
၂။ Google Lens သုံးလို့ ရသွားပါလိမ့်မယ်။ Google Lens မှာ စာတွေကို ကင်မရာနဲ့ဓာတ်ပုံ ရိုက်ပြီး မြန်မာစာကနေ ကြိုက်တဲ့ ဘာသာစကားကို ပြောင်းလဲတာတို့၊ အင်္ဂလိပ်စာကို ဓာတ်ပုံရိုက်ပြီး မြန်မာစာပြောင်းတာတို့ ရသွားပါလိမ့်မယ်။ ဒါ့အပြင် မြန်မာလိုရေးထားတဲ့ စာရွက်ထဲက စာသားတွေကို ဓာတ်ပုံ ရိုက်ပြီး စာသားအဖြစ် ပြောင်းလဲသိမ်းဆည်းတာကိုပါ ရသွားပါလိမ့်မယ်။
၃။ ကိုယ် သွားချင်တဲ့နေရာကို မြန်မာလို ရိုက်ထည့်ရှာနိုင်မယ်၊ ကိုယ့်တည်နေရာကိုလည်း မြန်မာလို လမ်းပြပေးနိုင်မယ့် Google Maps သုံးလို့ ရသွားပါလိမ့်မယ်။
၄။ မြန်မာလို ပါးစပ်က ပြောပြီး ကမ္ဘာပေါ်ရှိ တခြားဘာသာစကားတွေကို ဘာသာပြန်ပေးနိုင်မယ့် Google Translate သုံးလို့ ရသွားပါလိမ့်မယ်။
၅။ ဝီကီပီးဒီးယားလို ကမ္ဘာကျော်စွယ်စုံကျမ်းထဲက အချက်အလက်တွေကို မြန်မာလို ဖတ်ရှုနိုင်ပါလိမ့်မယ်။
၆။ Youtube မှာ တင်ထားတဲ့ မည်သည့်ဗီဒီယိုကိုမဆို မြန်မာ စာတန်းထိုးနဲ့ ကြည့်နိုင်သွားပါလိမ့်မယ်။
၇။ Facebook မှာ ကိုယ်နဲ့ ဘာသာစကား မတူသူတွေနဲ့ ဆက်သွယ်တဲ့အခါမှာ ကိုယ့်ဘက်က မြန်မာလို ပြောရင် တဘက်လူ နားလည်မယ့် ဘာသာစကားကို အလိုလို ဘာသာပြန်ပေးပါလိမ့်မယ်။
၈။ စိတ်ခွန်အားပြည့်စရာ၊ ဗဟုသုတ ရစရာ ဗီဒီယိုတွေများစွာရှိတဲ့ TED Talk ကို မြန်မာလိုသုံးလို့ ရသွားပါလိမ့်မယ်။
၉။ အခမဲ့ ပညာသင်ကြားရေး Website ဖြစ်ပြီး လေ့လာသင်ယူစရာ များစွာရှိတဲ့ Khan Academy မှာ မြန်မာလို လေ့လာ သင်ကြားနိုင်သွားပါလိမ့်မယ်။
၁၀။ ကိုယ့်လက်ရေးနဲ့ ရေးထားတဲ့ စာတွေကို ကွန်ပျူတာစာစီတာမျိုးအတွက် Google OCR စနစ်ကို သုံးလို့ ရသွားပါလိမ့်မယ်။ ကွန်ပျူတာ သို့မဟုတ် ဖုန်းနဲ့ စာပြန်စီစရာမလိုတော့ပါဘူး။
အထက်ဖော်ပြပါ အကျိုးကျေးဇူးများဟာ သင့်အနေနဲ့ ဇော်ဂျီ သုံးနေသမျှ မရနိုင်မယ့်အရာတွေမို့ ဒီနေ့ပဲ ယူနီကုတ် ပြောင်းသုံးဖို့ တိုက်တွန်းပါရစေ။
Credit: Zaw Thurein Tun
http://myanmarharp.com/node/344
23/08/2018
http://myanmarharp.com/node/344
ရန်ကုန်၊ ဩဂုတ်၂၃ ရက်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်နိုင်ငံ၏ ပါဝင်နေသည့်အခန်းကဏ္ဍကို ယူမသ.....
မင်္ဂလာပါရှင် ... လူကြီးမင်းတို့ရဲ့  စီးပွားရေးလုပ်ငန်းတွေမှာ အသုံးဝင်မည့် ကုံလုံရှင် မှ Application တခုနှင့် မိတ်ဆက်ပေးပါ...
31/01/2017
မင်္ဂလာပါရှင် ... လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အသုံးဝင်မည့် ကုံလုံရှင် မှ Application တခုနှင့် မိတ်ဆက်ပေးပါရစေ ...
ဒီ POS System install လုပ်ထားတဲ့ Tablet တခုကို အရောင်းကောင်တာမှာ ပေးထားရုံနဲ့ လူကြီးမင်းတို့ရဲ့ နေ့စဉ် အရောင်းစာရင်း၊ ကုန်လက်ကျန်စာရင်း၊ Customer စာရင်း များနှင့် အခြားသော Daily, Weekly, Yearly Report များကို အချိန် နေရာ မရွေး သိနိုင်မှာ ဖြစ်ပါတယ်ရှင် ...
နောက်ထူးခြားချက်ကတော့ လူကြီးမင်းတို့ရဲ့ လုပ်ငန်း လိုအပ်ချက်အလိုက် Application ကို စိတ်တိုင်းကျ ရေးဆွဲပေးပါတယ် ...
Kone Lone Shin POS မှာ Wireless Printer, Tablet, POS Mobile App, Website Domain, Yearly Customer Care တို့ ပါဝင်မှာ ဖြစ်ပါတယ်ရှင် ..
Wireless Printer လေးကလည်း မှင်ထက်ထည့်စရာမလိုတဲ့ အတွက် အရမ်းကို အဆင်ပြေပါတယ်ရှင် ...
ဈေးနှုန်းမှန်ကန်ပီး ကိုယ့်လုပ်ငန်းနဲ့ တထပ်တည်းကျမယ့် Kone Lone Shin ရဲ့ POS System ကို အားပေးကြဖို့ လူကြီးမင်းတို့ကို ဖိတ်ခေါ်ပါရစေရှင် ...
ဆက်သွယ်ရန် -
Chat Box or 09965088009
[email protected]
စလုံးကနေ ယုံယုံကြည်ကြည်နဲ့ အလုပ်အပ်ပေးတဲ့ MYC Singapore & Malaysia ကို ကျေးဇူးအထူး တင်ရှိပါတယ် ...
11/01/2017
စလုံးကနေ ယုံယုံကြည်ကြည်နဲ့ အလုပ်အပ်ပေးတဲ့ MYC Singapore & Malaysia ကို ကျေးဇူးအထူး တင်ရှိပါတယ် ...
Website Create လုပ်ပေးတယ်ဆိုတာဘာလဲ?အဲ့ဒီမေးခွန်းကို အမှန်တကယ်က နားလည်အောင် ကောင်းကောင်းမဖြေတတ်ပါဘူး။ အလွယ်ဆုံး ထင်သာ...
30/07/2016
Website Create လုပ်ပေးတယ်ဆိုတာဘာလဲ?
အဲ့ဒီမေးခွန်းကို အမှန်တကယ်က နားလည်အောင် ကောင်းကောင်းမဖြေတတ်ပါဘူး။ အလွယ်ဆုံး ထင်သာမြင်သာ ရှိအောင် ဘယ်လိုဖြေရမလဲဆိုတာ အမြဲစဉ်းစားဖြစ်တယ်။ Website တခုဖြစ်တဲ့ Facebook ကိုနမူနာထားပီး ပြောပြပါရစေနော် ...
ဖုန်းတွေမှာ Facebook ဖွင့်မယ်ဆိုရင်တော့ လွယ်လွယ်ကူကူ ဖေ့ဘွတ် အိုင်ကွန်လေးကို နှိပ်လိုက်ယုံပဲလေနော်။ ဒါပေမယ့် Desktop, Laptop တွေက ဖွင့်မယ်ဆိုရင်တော့ Facebook ရဲ့ လိပ်စာကို သိဖို့လိုတာပေါ့။
အဲ့ဒီလိပ်စာကိုတော့ Domain လို့ခေါ်ပါတယ်ရှင်။ www.facebook.com ပါ။
အဲ့ဒါကို အကျယ်ရှင်းမယ်ဆိုရင်တော့ အများကြီးပေါ့နော်။ ရှင်းတော့ဘူးနော်။
အဲ့ဒီ Domian ဆိုတာကို ညီမတို့ဆီမှာ ရောင်းပါတယ်။ ကိုယ့်စိတ်ကြိုက် နာမည်နဲ့ဝယ်လို့ရပါတယ်ရှင်။
Domain ၀ယ်ပီးပီ ဆိုရင်တော့ www.ကိုယ့်စိတ်ကြိုက်နာမည်.com ဆိုတဲ့ Domain ရယ် အီးမေးလ်အကောင့်တွေရယ် ရပါလိမ့်မယ်နော်။ ဒါဆို အီးမေးလ်ကရော ဘာလဲဆိုတာ လိုလာပီနော်။ အီးမေးလ်ကတော့ gmail ကိုအားလုံးသိမှာပါ။ အတူတူပါပဲရှင်။ သူကတော့ ကိုယ့်ရဲ့ကိုယ်ပိုင် Domain လေးနဲ့ email ပေါ့ရှင်။ သူများဟာကို ယူသုံးတာဟုတ်ဘူးပေါ့။ နမူနာပြောရမယ်ဆိုရင်တော့ [email protected] လို ကိုယ်ပိုင် email အကောင့်တွေ စိတ်ကြိုက် လုပ်နိုင်မှာ ဖြစ်ပါတယ်။
ကိုယ့်စိတ်ကြိုက် Domain ၊ Email တော့ရပီ Email သုံးဖို့လည်း ညီမတို့က ကူညီဆောင်ရွက်ပေးပီးသွားပီ ဆိုတော့ နောက်ဆုံး Website ပဲ လိုပါတော့တယ်ရှင်။
www.facebook.com လို့ခေါ်ရင် ဖေ့ဘွတ်ရဲ့ အပြာရောင်နဲ့ ဒီဇိုင်းလုပ်ထားတဲ့ သူ့ website တက်လာတာပါ။ ညီမတို့လည်း ကိုယ်ပိုင် Domain လေးကို ခေါ်ကြည့်လိုက်ရင် ကိုယ့်ရဲ့ စိတ်ကြိုက် ဒီဇိုင်းလေးနဲ့ Website လေးတစ်ခုကို ဖန်တီးပေးပါရစေနော် …
Website မှာ ဘာတွေပါမလဲဆိုတော့ အကုန်ပါလို့ရပါတယ် … ပုံတွေတင်မလား၊ စာတွေတင်မလား၊ စာအုပ်တွေလား၊ သီချင်းတွေလား၊ ကိုယ့်ရဲ့ Company အကြောင်းလား၊ ကိုယ်ရောင်းတဲ့ ပစည်းတွေလား ကြိုက်တာ တင်ပီး အင်တာနက် သုံးတဲ့ လူတိုင်း အယောက်တိုင်းဆီကို ပြလို့ရပါပီနော်။
ဒီလောက်ဆိုရင်တော့ Website create လုပ်ပေးပါရစေလို့ Facebook ပေါ် ကြော်ငြာခဏခဏတက်နေတဲ့ Naltha ရဲ့ ရောင်းကုန်ကို နားလည်သွားပီလို့ ရာနှုန်းပြည့် ယုံကြည်လိုက်မယ်နော် …
ညီမတို့ရဲ့ လုပ်ငန်းလေးကို စိတ်ဝင်စားတယ်ဆိုရင် ဖုန်းဆက်ပီး ပဲဖြစ်ဖြစ်၊ Facebook Message ကနေပဲဖြစ်ဖြစ် အချိန်မရွေး Talk လိုက်ပါနော်
ညီမတို့ဆီက စိတ်ရှည်လှတဲ့ Customer Service က ဖြေသွားပေးပါ့မယ်ရှင့်.... အခုလို အစအဆုံး စိတ်ရှည်ရှည်နဲ့ ဖတ်ပေးတာကို ကျေးဇူးအထူးတင်ပါတယ်ရှင့်။
ယုံကြည်ရတယ်ဆိုတာ Kone Lone Shin (ကုံလုံရှင်) ရဲ့ ဂုဏ်ပါ ။
လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများ အတွက် Website Create လုပ်ချင်တယ်ဆိုရင် ကုံလုံရှင် ရဲ့ Web Servi...
23/07/2016
လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများ အတွက် Website Create လုပ်ချင်တယ်ဆိုရင် ကုံလုံရှင် ရဲ့ Web Service ကို သတိရလိုက်ပါနော် ... နိုင်ငံတကာ အဆင့်အတန်းမှီ Website များ ဖန်တီးပေးပါရစေ ....
PH: 09965088009
14/07/2016
အွန်လိုင်းကနေဝယ်မယ်ဆို ဘယ် payment method ကို အကြိုက်ဆုံးလဲ online shopping ပရိတ်သတ်တို့ရေ ... 💸💸💸
Admin ကတော့ ထိုင်ရာမထ အဆင်ပြေတဲ့ mobile banking ကိုအကြိုက်ဆုံးပဲ ... 👍👍👍
အဆင်ပြေရင်ဖြေခဲ့ဦးနော် 🤗🤗🤗
MPU card ၆ ခု၏ ၀န်ဆောင်ခ နှိုင်းယှဉ်ချက်လေးတွေပါ ...
13/07/2016
MPU card ၆ ခု၏ ၀န်ဆောင်ခ နှိုင်းယှဉ်ချက်လေးတွေပါ ...
MPU card ၆ခု၏ ဝန်ဆောင်ခ နှိုင်းယှဉ်ချက်
ယခုဖော်ပြထားသော အချက်အလက်များသည် သက်ဆိုင်ရာဘဏ်များကို တယ်လီဖုန်းမှတဆင့် ဆက်သွယ်မေးမြန်းထားခြင်းဖြစ်ပြီး ဘဏ်ဝန်ထမ်းများ၏ဖြေကြားချက်များကိုသာ ပြန်လည်တင်ပြထားခြင်းဖြစ်ပါသည်
အသေးစိတ်ထပ်မံသိရှိလိုပါက သက်ဆိုင်ရာဘဏ်များကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်
ပို့စ်တခုကို $2 ထဲနဲ့ ရတဲ့ result လေးက အရမ်းကောင်းတော့ စွန်းပျော်တယ်လေ .... ဒါလေးက စိန်ဆိုင်တခုကို ကြော်ငြာပေးတာပါ...
07/07/2016
ပို့စ်တခုကို $2 ထဲနဲ့ ရတဲ့ result လေးက အရမ်းကောင်းတော့ စွန်းပျော်တယ်လေ .... ဒါလေးက စိန်ဆိုင်တခုကို ကြော်ငြာပေးတာပါ ... အဲ့ဒီနေ့မှာပဲ ၇သိန်းခွဲတန် လော့ကတ်လေးရောင်းရတော့ ... ပိုပျော်ရတာပေါ့ ... Customer တွေရောင်းရတာ ကိုယ်ရောင်းရသလိုပါပဲ
Facebook Advertise ServicesFacebook ပေါ်က online shopping page တွေကို လူပိုသိပီး ပိုရောင်းကောင်းအောင် ကြော်ငြာချင်တယ်ဆို...
05/07/2016
Facebook Advertise Services
Facebook ပေါ်က online shopping page တွေကို လူပိုသိပီး ပိုရောင်းကောင်းအောင် ကြော်ငြာချင်တယ်ဆိုရင်တော့ ဆက်သွယ်လိုက်ပါနော်။ ၀န်ဆောင်ခကလည်း အရမ်းကိုသက်သာပါတယ်နော် ...
👉Package One
ရရှိနိုင်သော ၀န်ဆောင်မှု
1. ပေ့ခ်ျလိုက် (Page Like) များရန် ကြော်ငြာပေးခြင်း
2. တင်ထားသော Post များ ကိုလူပိုသိရန် ကြော်ငြာပေးခြင်း
ဝန်ဆောင်ခ
1. ကြော်ငြာချင်သည့် ငွေပမာဏ၏ ၁၀% ကိုသာ ပေးရပါမည်။
ဥပမာ $5 ဖိုးကြော်ငြာမယ်ဆိုရင် ၀န်ဆောင်ခ $0.5 ပေးရမှာဖြစ်ပါတယ်။
👉Package Two
ရရှိနိုင်သော ၀န်ဆောင်မှု
1. ပေ့ခ်ျလိုက် (Page Like) များရန် ကြော်ငြာပေးခြင်း
2. တင်ထားသော Post များ ကိုလူပိုသိရန် ကြော်ငြာပေးခြင်း
3. ရောင်းကုန်များအား နေ့စဉ်တင်ပေးခြင်း
ဝန်ဆောင်ခ
1. ကြော်ငြာချင်သည့် ငွေပမာဏ၏ ၃၀% ကိုသာ ပေးရပါမည်။
ပျှမ်းမျှဈေးနှုန်း
1 Like = $0.01💰
1 Post Engagement = $0.001💰
ကြော်ငြာချင်တဲ့ မိတ်ဆွေတွေသိအောင် ပို့စ်လေးကို ရှယ်ပေးသွားပါဦးနော် ... ကျေးဇူးအထူးတင်ရှိပါတယ်...💕💕💕
Address
Room 125, Building C, Muditar Housing
Yangon
11062
Opening Hours
Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Alerts
Be the first to know and let us send you an email when Kone Lone Shin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Business
Send a message to Kone Lone Shin:
Share