22/05/2024
ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲ
ညောင်ပင်ကို ဘာ့ကြောင့် ရေလောင်းကျတာလဲ?
ပူအိုက်လှတဲ့ ဒီလိုရာသီမှာ အေးမြစေလိုတဲ့အတွက် ညောင်ရေသွန်းလောင်းကျတယ်လို့ ထင်မိပါတယ်...
နောက်တစ်ချက်ကတော့ အခါတပါး၌ ဒကာ/ဒကာမ များက အရှင်အာနန္တာကို လျှောက်တင်ကြပါတယ်... မြတ်စွာဘုရားမရှိတဲ့အခါ ကိုယ်စားဘယ်သူ့ကို ဆွမ်းကပ်ရမလဲလို့ လျှောက်တင်ကျတဲ့အတွက် အရှင်အာနန္တာက မြတ်စွာဘုရားကို ပြန်လည်လျှောက်တင်တဲ့အခါ ငါဘုရားမရှိတဲ့အခါ ငါ့ကိုယ်စား ဗောဓိညောင်ကို ကပ်လှူပူဇော်ကြလို့ မိန့်ကြားတော်မူခဲ့ပါတယ်...
ဒါ့ကြောင့် ဗောဓိညောင်ပင်ကို ကပ်လှူပူဇော်ခြင်းဟာ ဘုရားကို ကပ်လှူပူဇော်တာနဲ့ တူလို့ အကျိုးရှိပါတယ်... ကူသိုလ်ရပါတယ်...
ဗောဓိညောင်ပင်ကို ရေလောင်းခြင်းကြောင့် အေးချမ်းမှု၊ ရှင်သန်မှုကို ဖြစ်စေနိုင်သကဲ့သို့ မိုးရွာသွန်းမှု၊ ကောက်ပဲသီးနှံများ ဖြစ်ထွန်းမှုကို အကျိုးကို ရရှိစေနိုင်သကဲ့သို့ ဗောဓိညောင်ကို ရေလောင်းခြင်း၊ သန့်ရှင်းရေးဆောင်ရွက်ခြင်း အစရှိတဲ့ ကုသိုလ်များဟာ ရဟန်းတာ ဖြစ်နိုင်သည်အထိ အကျိုးပေးတယ်လို့ ကြားဖူးပါတယ်...
အချုပ်ဆိုရသော် သစ်ပင်ကိုလောင်းတာ ကုသိုလ်ရပမလားလို့ မတွေးပဲ ဗောဓိညောင်ပင်ကို ရေသွန်းလောင်းတာဟာ ဘုရားရှင်ကိုယ်စား ပူဇော်ရာဖြစ်လို့ တနှစ်တခါ ကျရောက်တဲ့ ကဆုန်လပြည့်နေ့မှာ ကုသိုလ်ယူနိုင်ကြပါစေ....