28/09/2020
Red Alert!!!
[[[ 24jobs.com.mm ]]]
မြန်မာပြည် cyber space နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကို လာမေးတိုင်း အားရစရာ မရှိဘူး အမြဲတမ်းပြောခဲ့ပါတယ်။ဒါပေမယ့် အရင်က user data တွေက on paper မှာဆိုတော့ စိုးရိမ်စရာတော့ သိပ်မရှိဘူး။
အခုလိုချိန် လာမေးရင်တော့ ကျွန်တော် တို့ အမှန်တကယ် စိုးရိမ်မိတယ် ပြောရမှာပဲ...
e-Government ကူးပြောင်းလာတာနဲ့ အညီ ကျွန်တော်တို့ နိုင်ငံရဲ့ user data တွေက online ပေါ်ရောက်လာတယ်။သိရက်နဲ့ ဖြစ်စေ မသိလို့ပဲ ဖြစ်စေ ကျွန်တော်တို့ တစ်ဦးစီရဲ့ အဖိုးတန် user data တွေက အစိုးရနဲ့ ကုမ္ပဏီတွေ ဆီရောက်နေတယ်။
ပိုကြောက် မိတာက ကျွန်တော်တို့ရဲ့ user data တွေကို black market တွေ ဆီရောက်သွားမှာကိုပါ။
နောက်တစ်ချက်က
Covid-19 ကာလမှာ သင်တန်းတွေ ပေါလာပြီး developer လို့ ခံယူထားသူတွေ hacker လို့ ခံယူနေတဲ့ လူတွေ တနေ့ကို ဆယ်ယောက်မက များလာပါတယ်
ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ cyber space ကလဲ ပိုမို ကျယ်ပြန့် လာပါတယ်။ကျယ်ပြန့်လာတာ ဝမ်းလဲ သာမိပါတယ်။
ဝါသနာပါလို့ ဝင်လာသူတွေ မဟုတ်ပဲ ငတ်လို့ စီးပွားရေးတစ်ခုလို ဝင်လာတဲ့ ဝတ်ကျေတန်းကျေ web developer တွေကြောင့် ကျွန်တော်တို့ မြန်မာ cyber space လေး အပ်ပေါက်ရာတွေ ဖြစ်နေမှာလဲ ကြောက်မိပါတယ်။
အကြောက်တရားတွေ ဖယ်ပြီး ဆက်ပြောရရင်
တနေ့က ကျွန်တော်တို့ အလုပ်အကိုင် ရှာဖွေရေး website က members data တွေ ရထားပါတယ်
အဲ့ website က active ဖြစ်သည် ဖြစ်စေ မဖြစ်သည်ဖြစ်စေ ကိုယ့်*င်လေးတော့ ကျေးဇူးပြုပြီး လုံအောင် ဖုံးပေးကြပါ။
* { အမှန်ပြောရရင် black_hat တွေလဲ မြန်မာပြည်ရောက်မှ အရောင်လျော့နေရတာ ရှက်လာပါပြီ }