East Wind Solutions Myanmar

East Wind Solutions Myanmar East Wind Solutions was founded by a group of like-minded dedicated professionals who want to make a difference. They are all possible with the help of IT.

Businesses need to improve productivity and find a way to work more efficiently. With Myanmar as a country developing faster than ever before, it is no doubt that we need better business solutions with sustainable growth.

27/07/2016
Messenger iOS အတွက် 3D Touch အထောက်အပံ့ကို Facebook မိတ်ဆက်===============Facebook သည် Messenger iOS app အတွက် 3D Touch ...
14/07/2016

Messenger iOS အတွက် 3D Touch အထောက်အပံ့ကို Facebook
မိတ်ဆက်
===============
Facebook သည် Messenger iOS app အတွက် 3D Touch အထောက်အပံ့ကို မိတ်ဆက်ပေးခဲ့သည်။

ထို့အတွက်ကြောင့် iPhone 6s နှင့် 6s Plus သုံးစွဲသူများသည် Messenger iOS app တွင် စကားပြောဆိုမှုများ၊ ဆက်သွယ်မှုများ၊ တည်နေရာများအပြင် မီဒီယာ၊ ဝက်ဘ်ဆိုက်လင့်ခ်များနှင့် စတစ်ကာများကို 3D Touch ဖြင့် preview ကြည့်နိုင်မည်ဖြစ်သည်။

3D Touch အထောက်အပံ့ဖြင့် အသုံးပြုနိုင်ရန်အတွက် Facebook Messenger ဗားရှင်းသစ်ကို update ပြုလုပ်ရမည်ဖြစ်သည်။

Credit : Internet Journal

BitTorrent သတင်းကွန်ရက်ကို ဇူလိုင်လ ၁၈ ရက်တွင် စတင်မည်===================ဖိုင်များကို peer-to-peer ဝေမျှနိုင်သည့် နည်းလ...
14/07/2016

BitTorrent သတင်းကွန်ရက်ကို ဇူလိုင်လ ၁၈ ရက်တွင် စတင်မည်
===================

ဖိုင်များကို peer-to-peer ဝေမျှနိုင်သည့် နည်းလမ်းကို ဖန်တီးသည့် BitTorrent ကုမ္ပဏီသည် သတင်းကွန်ရက်တစ်ခုကို စတင်မည်ဖြစ်ကြောင်း ကုမ္ပဏီ၏ ဘလော့ဂ်တွင် ထုတ်ပြန်ပေးခဲ့သည်။

ဆန်ဖရန်စစ္စကိုမြို့အခြေစိုက် BitTorrent ကုမ္ပဏီသည် ပြီးခဲ့သည့်နှစ်အစောပိုင်းက ကိုယ်ပိုင် တီဗီထုတ်လုပ်ရေး စတူဒီယိုတစ်ခုကို ဖွင့်လှစ်ခဲ့သည်။ ထို့အပြင် တေးဂီတနှင့် ဗီဒီယိုများပါဝင်သည့် အစီအစဉ်များကို ဇွန်လမှ စတင်၍ live stream ထုတ်လွှင့်ပေးခဲ့သည်။

အဆိုပါအပြောင်းအလဲနှင့် ပတ်သက်၍ “တီဗီသတင်းများမှာ အချိန်အတိုင်းအတာတစ်ခုအတွင်း တိုးတက်မှု ရပ်တန့်လျက်ရှိကြောင်း၊ အွန်လိုင်းအသုံးပြုနေသော မျိုးဆက်ကို ဆွဲဆောင်နိုင်ရန် အခက်ကြုံတွေ့နေရကြောင်း၊ ထိုပြဿနာကို ဖြေရှင်းရန် BitTorrent သတင်းကွန်ရက်ကို တည်ဆောက်ခြင်း ဖြစ်ကြောင်း၊ ကျွန်တော်တို့အနေဖြင့် အရည်အသွေးကောင်းမွန်သော အချက်အလက်နှင့် ကိရိယာအပြင် သုံးစွဲသူ၏ အမူအကျင့်ကို မြန်ဆန်စွာ သိရှိသည့် သတင်းအဖွဲ့အစည်းတည်ဆောက်ရန် ဆီလီကွန်တောင်ကြားမှ ကျွမ်းကျင်သူများ အသုံးပြုသွားမည် ဖြစ်ကြောင်း” BitTorrent မီဒီယာ၏ ဒုဥက္ကဋ္ဌ အီရစ်ခ်ရှဝက်ဇ်ကပြောကြားခဲ့သည်။

ဆက်လက်ပြီး “ယခုသတင်းကွန်ရက်တွင် ငွေကြေးများစွာ သုံးစွဲစရာမလိုဘဲ အချိန်နှင့်အမျှ ပရိသတ်များစွာ ရရှိအောင် ပြုလုပ်ရာတွင် အရေးသာသည့်အချက် ရှိကြောင်း၊ တိုးတက်နေသည့် သတင်းအခြေအနေအတွင်း မဖြစ်နိုင်သည့် စွမ်းဆောင်ရည်ဖြစ်ကြောင်း” ကုမ္ပဏီက ပြောကြားခဲ့သည်။

BitTorrent သတင်းကွန်ရက်ကို ဇူလိုင်လ ၁၈ ရက်တွင် မိတ်ဆက်မည်ဖြစ်ပြီး ၎င်းနေ့က ကလီဗ်လန်းမြို့တွင် ပြုလုပ်မည့် ရီပတ်ဘလစ်ကန် အမျိုးသားညီလာခံစတင်သည့် ရက်နှင့် တိုက်ဆိုင်နေသည်။ အဆိုပါ သတင်းကွန်ရက်အဖွဲ့တွင် CNN ထုတ်လုပ်သူဟောင်း ဟဲရစ်ဆင်ဘိုးမန်းနှင့် အယ်ဂျားဇီးယား၊ ဖောက်စ်သတင်းနှင့် အခြားသတင်းဌာနမှ ဂျာနယ်လစ်များ ပါဝင်သည်။

ထို့အပြင် live-streaming ကွန်ရက်ကို Apple TV နှင့် OS X တွင်ရှိသော ကုမ္ပဏီ၏ BitTorrent Live ပလက်ဖောင်းတွင် ကြည့်ရှုနိုင်မည် ဖြစ်သည်။ အဆိုပါ live-streaming ဝန်ဆောင်မှုကို အခြားထုတ်ကုန်များအတွက် ဖြန့်ချိပေးမည် ဖြစ်သည်။ သမားရိုးကျ BitTorrent ဖိုင်များကဲ့သို့ ထိုဝန်ဆောင်မှုတွင် ဖြန့်ချိရေးအတွက် peer-to-peer ကွန်ရက်ကို အသုံးပြုထားသည်။

Credit : Internet Journal

နည်းပညာကုမ္ပဏီ ၈ ခုက လိုင်စင်အပြောင်းအလဲပြုလုပ်====================ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ဆက်သွယ်ရေးလိုင်စင်လှေ...
14/07/2016

နည်းပညာကုမ္ပဏီ ၈ ခုက လိုင်စင်အပြောင်းအလဲပြုလုပ်
====================

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ဆက်သွယ်ရေးလိုင်စင်လျှောက်ထားခဲ့သည့် နည်းပညာ ကုမ္ပဏီများအနက် နည်းပညာကုမ္ပဏီ ၈ ခုသည် လိုင်စင်အမျိုးအစားကို ပြောင်းလဲခဲ့ကြသည်ဟု သိရသည်။

လိုင်စင်အမျိုးအစားပြောင်းလဲရာတွင် Application Services လိုင်စင်မှ Network Facilities လိုင်စင် (Individual) သို့ပြောင်းလဲခဲ့သည့် ကုမ္ပဏီနှစ်ခု၊ Network Facilities လိုင်စင် (Class) လိုင်စင်မှ Network Facilities လိုင်စင် (Individual) သို့ ပြောင်းလဲခဲ့သည့် ကုမ္ပဏီသုံးခုရှိခဲ့ကြောင်း သိရသည်။

အလားတူ Network Service လိုင်စင်မှ Network Facilities (Individual) သို့ပြောင်းလဲခဲ့သည့် ကုမ္ပဏီနှစ်ခုနှင့် Application Services လိုင်စင်မှ Network Service လိုင်စင်သို့ပြောင်းလဲခဲ့သည့် ကုမ္ပဏီ တစ်ခုရှိခဲ့ကြောင်း သိရသည်။ စုစုပေါင်းအနေဖြင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်ရေးကုမ္ပဏီပေါင်း ၁၀၀ ကျော်ကို လိုင်စင်ချထားပေးပြီး ဖြစ်သည်။

ပြောင်းလဲခဲ့သည့် ဆက်သွယ်ရေးလိုင်စင်များသည် တစ်ခုနှင့်တစ်ခု လိုင်စင်နှုန်းထားများနှင့် လုပ်ပိုင်ခွင့်များ တူညီမှုမရှိကြောင်း ဆက်သွယ်ရေးလိုင်စင် အမျိုးအစား ၅ ခုရှိသည့်အနက် Nationwide Telecommunications လိုင်စင်သည် အမြင့်ဆုံးသော လိုင်စင်ဖြစ်ပြီး တစ်နိုင်ငံလုံးတွင် လိုင်စင်လေးခုသာ ချထားပေးရန် ကန့်သတ်ပြီးဖြစ်ကြောင်း သိရသည်။

လိုင်စင်အမျိုးအစားပြောင်းလဲခဲ့သည့် ကုမ္ပဏီများတွင် NTT Communication, Kinetic Myanmar Technology, Amara Communications, Frontiir Company, Global Technology, Fortune International, Frontiir Company နှင့် Myanmar Technology Gateway ကုမ္ပဏီတို့ ပါဝင်ကြောင်း သိရသည်။

Credit : Internet Journal

အထပ်မြင့်တွေဆောက်တာ ရပ်နားထားပေမယ့် အထပ်နိမ့်တွေ ပြန်ဆောက်ခွင့်ပေးမယ်===================ဇူလှိုင်လကုန်မှ ပြန်လည်လက်ခံ စိစစ...
29/06/2016

အထပ်မြင့်တွေဆောက်တာ ရပ်နားထားပေမယ့် အထပ်နိမ့်တွေ ပြန်ဆောက်ခွင့်ပေးမယ်
===================
ဇူလှိုင်လကုန်မှ ပြန်လည်လက်ခံ စိစစ်ခွင့်ပြုသွားမယ်လို့ သိရပါတယ်။

ရန်ကုန်မြို့တွင်းမှာ အထပ်မြင့်အဆောက်အအုံတွေ တည်ဆောက်ဖို့ အသစ်လာရောက်လျှောက်ထားတာတွေကို လက်မခံဘဲ ခေတ္တရပ်ဆိုင်းထားပြီး အထပ်နိမ့်၊ အထပ်မြင့် အဆောက်အအုံတွေအတွက် တင်ပြမှုတွေကိုလည်း လတ်တလောလက်ခံခြင်းမရှိဘဲ ဇူလှိုင်လကုန်မှဘဲ ပြန်လည်လက်ခံ စိစစ်ခွင့်ပြုသွားမယ်လို့ မြို့တော် အင်ဂျင်နီယာအဆောက်အအုံဌာနကနေ သိရပါတယ်။

အဆောက်အအုံတွေ တည်ဆောက်ခွင့်အတွက် အသစ်တင်ပြတာတွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ချမှတ်မယ့် မူဝါဒအသစ်တွေနဲ့ စိစစ်ခွင့်သွားမယ်လို့ သိရပြီး မူဝါဒအသစ်မှာ အရင်ကကျင့်သုံးနေတဲ့ နည်းစနစ်တွေ ပြောင်းလဲခြင်း၊ စည်းကမ်းချက် အသစ်တွေ ပိုမိုပါဝင်လာနိုင်ပြီး ဆောက်လုပ်ရေးလောကကို ပိုမိုတင်းကျပ်မယ့် အနေအထားရှိမယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ခန့်မှန်းနေကြပါတယ်။
‘‘လျှပ်စစ်မီးကိစ္စနဲ့ မြေအကျယ်ကိစ္စတွေ၊ Zoning plan ကိစ္စတွေ အတည်ပြုပြီး ပြန်ခွင့်ပြုတဲ့အခါ စည်းကမ်းတွေထပ်ပြီး တင်းကျပ်လာနိုင်တယ်’’လို့ တောင်ဥက္ကလာပမြို့နယ်မှ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ခန့်မှန်းပြောဆိုပါတယ်။

လက်ရှိအချိန်မှာတော့ အရင်အစိုးရ လက်ထက်ကမူအားဖြင့် ခွင့်ပြုချက်ရရှိထားတဲ့ ၁၃ ထပ်နဲ့အထက် အဆောက်အအုံ ၁၄၁လုံးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ က တိုက်ရိုက်စစ်ဆေးတာတွေ စတင်ပြုလုပ်နေပြီး စာရွက်ပေါ်စစ်ဆေးမှုတွေ ပြီးစီးသွားလို့ မြေပြင်စစ်ဆေးရေး လုပ်ငန်းတွေ စတင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။
ရန်ကုန်မြို့ထဲမှာရှိတဲ့ ၁၃ ထပ်နဲ့ အထက် အထပ်မြင့်အဆောက်အအုံ ၁၄၀ ကျော်ကို လွန်ခဲ့တဲ့ မေလ ၂၀ရက်က ပြန်လည်စစ်ဆေးမှုတွေ ပြုလုပ်ဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားချက်ထုတ်ပြီး ရပ်ဆိုင်းခဲ့တာပါ။

Credit : DuWun

Like, Share, Follow နှင့် Save ခလုတ်ဒီဇိုင်းများကို Facebook ပြောင်းလဲ===================Facebook သည် Like, Share, Follo...
29/06/2016

Like, Share, Follow နှင့် Save ခလုတ်ဒီဇိုင်းများကို Facebook ပြောင်းလဲ
===================

Facebook သည် Like, Share, Follow နှင့် Save ခလုတ်များ၏ ဒီဇိုင်းကို အဆင့်မြှင့်တင် ပြောင်းလဲခဲ့သည်။

ယခင်က ‘f’ နှင့် post တစ်ခု၏ like အရေအတွက်ကို ဖော်ပြသည့် bubble ဖြင့် ဒီဇိုင်းပြုလုပ် ထားသော်လည်း ဒီဇိုင်းသစ်တွင် ‘f’ ကိုဖယ်ရှားကာ လူသိများသော လက်မထောင်သည့် သင်္ကေတနှင့် like အရေအတွက်ကို icon တစ်ခုတည်းတွင် ပေါင်းစပ်ထည့်သွင်းထားသည်။

ထိုကဲ့သို့ ပြောင်းလဲခြင်းသည် မိုဘိုင်းအတွက်ဖြစ်ကြောင်း၊ မူရင်းဒီဇိုင်းသည် desktop အတွက် အလွန်သင့်လျော်သော်လည်း မိုဘိုင်းကိုဦးစားပေးသည့်ခေတ်ကြောင့် Like ခလုတ်ဖြင့် ပြောင်းလဲရခြင်းဖြစ်ကြောင်း Facebook မှ ပြောကြားခဲ့သည်။

Credit : Internet Journal

ထိုင်းမှ ပြည်တွင်းသို့ငွေလွှဲနိုင်မည့် အစီအစဉ်တစ်ရပ်ကို ဇူလိုင်တွင် စတင်မည်====================ထိုင်းနိုင်ငံမှ မြန်မာနိုင...
28/06/2016

ထိုင်းမှ ပြည်တွင်းသို့ငွေလွှဲနိုင်မည့် အစီအစဉ်တစ်ရပ်ကို ဇူလိုင်တွင် စတင်မည်
====================
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ငွေလွှဲနိုင်မည့် အစီအစဉ်တစ်ရပ်ကို ဇူလိုင်လကုန်တွင်စတင်မည် ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ငွေလွှဲနိုင်ရန် ဆောင်ရွက် လိုက်ခြင်းဖြစ်ပြီး ငွေလွှဲခမှာ မိမိလွှဲလိုသော ပမာဏအပေါ်မူတည်မည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံရှိ True Money ကိုယ်စားလှယ်များမှတစ်ဆင့် လွှဲနိုင်ကာ မြန်မာနိုင်ငံအနှံ့အပြားရှိ True Money ကိုယ်စားလှယ်များထံတွင် ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ True Money Myanmar အေးဂျင့်များအား လက်ဖက်ရည်ဆိုင်များ၊ Mi Thar Su Mart ၏ ဆိုင်ခွဲများအားလုံးနှင့် ရပ်ကွက် အတွင်းရှိ ဈေးဆိုင်ငယ်များတွင် စီစဉ်ပေးထားကြောင်း သိရသည်။

လက်ရှိတွင် ငွေလွှဲနိုင်သည့် ကိုယ်စားလှယ်ပေါင်း မြန်မာနိုင်ငံတစ်ဝန်းတွင် နှစ်ထောင်ကျော်ရှိကြောင်းနှင့် ဆက်လက်တိုးချဲ့ရန်စီစဉ်နေကြောင်း ဆိုသည်။ အဆိုပါ ကိုယ်စားလှယ်များမှတစ်ဆင့် ငွေလွှဲခြင်း အပြင် မီတာဘီလ်ဆောင်ခြင်း၊ စည်ပင်ခွန်ဆောင်ခြင်း၊ ဖုန်းငွေဖြည့်ခြင်း၊ AEON ဖြင့် အရစ်ကျပေးချေနေသူများ ဘဏ်သို့သွားရန်မလိုဘဲ ယင်းမှ ငွေပေးချေနိုင်ခြင်း စသည်တို့ကို ဆောင်ရွက်နိုင်ကြောင်း သိရသည်။

Credit : Internet Journal

စမတ်ဖုန်းဖြင့် ပရော်ဖက်ရှင်နယ်ဆန်ဆန် ဓာတ်ပုံရိုက်ကူးနိုင်စေမည့် အကြံပြုချက် (၅) ချက်=========================ယနေ့ခေတ်မှာ...
28/06/2016

စမတ်ဖုန်းဖြင့် ပရော်ဖက်ရှင်နယ်ဆန်ဆန် ဓာတ်ပုံရိုက်ကူးနိုင်စေမည့် အကြံပြုချက် (၅) ချက်
=========================
ယနေ့ခေတ်မှာ စမတ်ဖုန်းဟာ ကိုင်ဆောင်သူတိုင်းအတွက် အသုံးတည့်လွန်းတဲ့ ကင်မရာတစ်လုံး ဖြစ်နေပါပြီ။ ဒါကြောင့် စမတ်ဖုန်းနဲ့ ဓာတ်ပုံရိုက်ကူးတဲ့အခါမှာ ပရော်ဖက်ရှင်နယ်ဆန်ဆန် ရိုက်ကူးနိုင်စေဖို့အတွက် အထောက်အကူဖြစ်စေမယ့် အကြံပြုချက်များကို ဖော်ပြလိုက်ပါတယ်။

Stock app ကို မသုံးပါနဲ့

iPhone နဲ့ Android ဟန်းဆက်တွေမှာ ပါဝင်တဲ့ stock Camera app ဟာ ကောင်းမွန်ပေမယ့် ပိုကောင်းတဲ့ app ကို ရွေးချယ်အသုံးပြုခြင်းက ဓာတ်ပုံကောင်းတွေကို ရရှိစေနိုင်ပါတယ်။

iPhone အတွက်ဆိုရင် Camera+ ကို ရွေးချယ်သင့်ပါတယ်။ ဒီ app အတွက် ၂.၉၉ ဒေါ်လာ ကျသင့်ပေမယ့် separate exposure, focus control, stabilizer, burst mode, long exposure စတာတွေအပြင် ပရော်ဖက်ရှင်နယ်အဆင့် feature တွေ အများကြီး ပါဝင်ပါတယ်။

Android အတွက်ဆိုရင်တော့ Open Camera ကို ရွေးချယ်နိုင်ပါတယ်။ ဒီ app ကို pro feature အများကြီးနဲ့ သုံးနိုင်ရုံသာမက အခမဲ့အနေနဲ့ပါ ရရှိနိုင်ပါတယ်။

HDR ကို သုံးပါ

Camera app အများစုမှာ HDR (High Dynamic Range) လို့ခေါ်တဲ့ feature တစ်ခုပါဝင်ပါတယ်။ ဒီ feature ဟာ landscape ဓာတ်ပုံတွေ ရိုက်ကူးတဲ့အခါ၊ အလင်းနည်းတဲ့နေရာတွေမှာ ဓာတ်ပုံရိုက်ကူးတဲ့အခါ ဒါမှမဟုတ် နေရောင်ထဲမှာ portrait ဓာတ်ပုံ ရိုက်ကူးတဲ့အခါမျိုးမှာ အထောက်အကူပေးနိုင်ပါတယ်။

App အများစုမှာ HDR ဓာတ်ပုံတစ်ပုံနဲ့ ပုံမှန်ဓာတ်ပုံတစ်ပုံစီ ရိုက်ကူးပေးနိုင်မယ့် လုပ်ဆောင်ချက်ပါဝင်ပါတယ်။ ဒါကြောင့် အကောင်းဆုံး ဓာတ်ပုံကို ရွေးချယ်နိုင်သလို HDR နဲ့ အသုံးတည့်၊ မတည့်ကိုလည်း လေ့လာနိုင်ပါတယ်။

Burst mode

Burst mode ကလည်း Camera app အများစုမှာ ပါဝင်တဲ့ ထူးကဲကောင်းမွန်တဲ့ feature တစ်ခု ဖြစ်ပါတယ်။ ဒီ feature ဟာ shutter ခလုတ်ကိုနှိပ်လိုက်တာနဲ့ ဓာတ်ပုံတွေအများကြီး ရိုက်ကူးပေးတာကြောင့် နောက်ပိုင်းမှာ ကိုယ်ရိုက်ထားတဲ့ ဓာတ်ပုံတွေထဲက အကောင်းဆုံးရိုက်ချက်ကို ရှာဖွေနိုင်ပါတယ်။

Tripod သုံးပါ

ဓာတ်ပုံအများစုမှာ ပြင်ဆင်မှုတွေလုပ်လို့ရတယ်ဆိုပေမယ့် မှုန်ဝါးနေတဲ့ ဓာတ်ပုံတွေကိုတော့ သိမ်းထားရုံကလွဲပြီး ဘာမှလုပ်လို့မရပါဘူး။ ဒါကြောင့် ဓာတ်ပုံတွေမမှုန်ဝါးစေဖို့အတွက် tripod ကို အသုံးပြုသင့်ပါတယ်။

စမတ်ဖုန်း tripod အမျိုးအစားနှစ်ခုရှိပါတယ်။ GorillaPod လိုမျိုး အရွယ်သေးငယ်တဲ့ tripod တွေက စားပွဲပေါ် ဒါမှမဟုတ် ကားစက်ဖုံးပေါ်တင်ပြီး ဓာတ်ပုံကို လျင်မြန်စွာရိုက်ကူးနိုင်ပါတယ်။

Manfrotto Universal Clamp လိုမျိုးအရာတွေကတော့ စမတ်ဖုန်းကို ပုံမှန် tripod နဲ့ ချိတ်ဆက်ပြီး အသုံးပြုနိုင်ပါတယ်။

Clip-on lens များ

နောက်ထပ်နည်းလမ်းတစ်ခုကတော့ လက်ရှိ ကင်မရာမှန်ဘီလူးပေါ်မှာ clip-on lens တွေကို တပ်ဆင်အသုံးပြုခြင်းဖြစ်ပါတယ်။ Olloclip လိုမျိုး clip-on lens တွေကို telephoto, wide-angle နဲ့ marco အပါအဝင် မျိုးစုံရရှိနိုင်ပါတယ်။

Credit : Internet Journal

28/06/2016

မိတ်ဆွေရဲ. စီပွားရေး လုပ်ငန်းကို အချိန်ပြည့် လူတိုင်း သိနိုင်စေဖို.
အင်တာနက်ပေါ် လွှင့်တင် ကြပါစို.
=============================================
=============================================

အချို.သော လုပ်ငန်းရှင် အများစု ဟာ သူတို.ရဲ. လုပ်ငန်းတွေ အတွက် website ရှိခြင်း ဟာအကျိုးသက်ရောက်မှု မရှိနိုင်ဘူး ၊ ရှိခြင်း အားဖြင့်လည်း ပိုက်ဆံ ပိုကုန်တယ်လို.ဘဲ မှတ်ယူကြပါတယ်။ ပြီးတော့ လုပ်ငန်းရှင် နဲ. Customer အများစုဟာ computer, internet မရှိဘဲလည်း အလုပ် လုပ်နိုင်တယ်လို. ယူဆနေကြပါတယ်။ ဒါဟာ မှန်သင့်သလောက်တော့ မှန်ပါတယ် ။ သို.ပေမယ့် အမျှော် အမြင်ရှိသော လုပ်ငန်းရှင် များ အတွက်ကတော့ ခေတ်နဲ. အညီ စီးမျှောဖို.လိုလာ ပါလိမ့်မယ် ။ လူကြီးမင်းတို.ရဲ. လုပ်ငန်းဟာ ဘယ်လောက် ကြီးကြီး သေးသေး ဘာကြောင့် website ရှိဖို.လိုအပ်တာလဲ ဆိုတာ အတွက် အကြောင်းပြချက် (၇) ချက်ပေးပါရစေ ....

၁။ ။ သင့်ရဲ. လုပ်ငန်းကို ယုံကြည် စိတ်ချ လာစေရမှု
ယနေ.ခေတ် customer အများစုဟာ ဆိုရင် အချိန်ကို တန်ဖိုးရှိစွာ သုံးချသော အနေဖြင့် သူတို.လိုချင်သော Products နဲ. Services တွေကို အင်တာနက် ပေါ်မှာ ရှာခြင်းဖြင့် အကျိုးရှိစွာ အသုံးချ နေကြပါပြီ။ လူကြီးမင်းတို. လုပ်ငန်းငန်းဟာ ကိုယ်ပိုင် website ရှိခြင်း အားဖြင့် customer များရဲ. ကြည်မှု ကို တိုးပွား စေပါတယ် ။ website ရှိခြင်း အားဖြင့် လူကြီးမင်း တို.ရဲ. ပြိုင်ဘက်တွေ ထက် ပိုမို လျှင်မြန်စွာ လူကြီးမင်း တို. ကုမ္ပဏီ အချက်အလက်တွေ ကို customer တွေဆီ အရောက် ပို.နိုင်ခြင်း အားဖြင့် ပြိုက်ဖက် တွေကို အလဲ ထိုးနိုင် မှာပါတယ် ။ လူကြီးမင်း တို.ရဲ.လုပ်ငန်းတွေကို ကိုယ်တိုင် သွားရှင်းပြစရာ မလို.ဘဲ လူကြီးမင်းတို. လုပ်ငန်းကို customer များ ယုံကြည်စိတ်ချ မှု ရရှိစေပါတယ် ။

၂။ ။လူကြီးမင်းရဲ. ကုန်ကျ စရိတ်ကို လျော့ချ ပေးနိုင်မှု
လုပ်ငန်းရှင် အများစု ဟာ website တစ်ခုလုပ်ရင် ကုန်ကျ စရိတ် အရမ်းများမှာ စိုးရိမ် တတ်ကြပါတယ် ။ တကယ်တမ်း စဉ်းစား ကြည့်မယ် ဆိုရင် သတင်းစာ ၊ ဂျာနယ် တွေမှာ ကြော်ငြာ တာထက်စာရင် အများကြီးသက်သာပါတယ်။ သတင်းစာ ၊ ဂျာနယ်တွေ ရဲ. ကြော်ငြာခြင်းဟာ တစ်ကြိမ် ဘဲ customer တွေဆီရောက်မှာ ပါ .. website ရှိခြင်းအားဖြင့် လူကြီးမင်း တို.ရဲ. ကုမ္ပဏီ အကြောင်းကို တစ်နှစ်ပတ်လုံး (သို.မဟုတ်) တစ်သက်တာလုံး customer တွေဆီကို အချိန်နဲ. တစ်ပြေးညီ ရောက်ရှိ စေနိုင်ခြင်းဖြင့် ကြော်ငြာ ကုန်ကျ စရိတ်ကို လျော့ချ နိုင်ပါတယ် ။

၃။ ။ အချိန်နဲ. တစ်ပြေးညီ သတင်းပေးနိုင်မှု
Website တစ်ခုဟာ လူကြီးမင်း ကုမ္ပဏီ ရဲ. Catalogue တစ်ခု ဆိုပါစို. .. လူကြီးမင်း တို. ကုမ္ပဏီ ရဲ. အသစ်ထွက်ရှိသော ပစ္စည်း ၊ ပရိုမိုးရှင်း စသော အကြောင်းအရာ များကို လက်ကမ်းကြော်ငြာ ၊ သတင်းစာ ၊ ဂျာနယ် ကြော်ငြာ များထက် ပိုမို လျှင်မြန်စွာ အချိန် နှင့် တစ်ပြေးညီ သိစေချင်ခြင်းဖြင့် လူကြီးမင်းတို. ရဲ. သတင်း အချက်အလက် များကို customer များထံ အရောက် ပို.ပေးနိုင်မှာ ဖြစ်ပါတယ် ။

၎။ ။ အချိန် ပြည်. ၀န်ဆောင်မှု
Website တစ်ခု ဟာ လူကြီးမင်းတို.ရဲ. customer များကို ၂၄ နာရီ ပတ်လုံး အချိန်ပြည့် လူကြီးမင်းတို. ဆိုင်ပိတ်ချိန် ၊ အိပ်ချိန်တွေ မှာတောင် လူကြီးမင်း company ရဲ. ထုတ်ကုန်တွေ ၊ ၀န်ဆောင်မှု တွေကို customer များက ၀င်ရောက် ကြည့်ရှုလေ့လာ နိင်မှာ ဖြစ်ပါတယ် ။ ယနေ.ခေတ် အလုပ်များလှတဲ့ ခေတ်ကြီးထဲ မှာ customer များအတွက် လူကြီးမင်းတို.နှင့် လက်တွဲရန် အကောင်းဆုံး ဆုံးဖြတ်ချက် ချနိုင်ဖို. ကူညီပေးပါလိမ်.မယ် ။

၅။ ။ IT က သင့်လုပ်ငန်းအားလုံးကို ဖော်ပြပေးနိုင်မှု
မည်သည့် စီးပွားရေး လုပ်ငန်းဘဲ ဖြစ်ပါစေ.. website တစ်ခု ဆိုတာ လူကြီးမင်း အလုပ် အတွက် ဈေးအသက်သာဆုံး နဲ. အကောင်းဆုံး showroom တစ်ခုဖြစ်ပါတယ် ။ လူကြီးမင်းတို. ကုမ္ပဏီ သမိုင်းကြောင်း ၊ လုပ်ဖူးခဲ့ သမျှ အလုပ်များ ၊ ဓာတ်ပုံများ နှင့် လူကြီးမင်းတို. လုပ်ငန်း အသေးစိတ် ဖော်ပြချက်များက customer များအတွက် အကောင်းဆုံး သတ်မှတ်ချက် တစ်ခု ကို ပေးနိုင်မှာ ဖြစ်ပါတယ်။

၆။ ။ အချိန်ကုန် သက်သာစေ မှု
Customer တစ်ယောက်က လူကြီးမင်းတို. လုပ်ငန်းအကြောင်းသိချင် ပြီ ဆိုပါစို. . လူကြီးမင်းတို.က ဖုန်း ဖြင့် ဖြစ်စေ ၊ လူချင်းတွေ.ပြီး ဖြစ်စေ ၊ Eamil ဖြင့် ဖြစ်စေ ပြောပြ ရှင်းပြ ရမှာ ဖြစ်ပါတယ် .. အဲအတွက် အချိန်ပေးရမှာ ဖြစ်ပါတယ် .. အချိန်ဟာ ငွေပါဘဲ .. တစ်ကယ်လို. Website သာရှိမယ်ဆိုရင် လူကြီးမင်း တို. ရဲ. Website ကို လမ်းညွှန်ပေးလိုက်တာနဲ. အချိန်ရော ငွေပါ အကုန် သက်သာ စေပါတယ် ..

၇။ ။ Customer Service တိုးတက်စေ မှု
ဥပမာ အားဖြင့် လူကြီးမင်းတို. လုပ်ငန်း အကြောင်း customer များမှ မေးမြန်း မှုများကို အချိန်နဲ. တစ်ပြေးညီ ပြန်လည်ဖြေ ကြားနိုင်ခြင်းကြောင့် လူကြီးမင်းတို. လုပ်ငန်း အပေါ် စိတ်ချ ယုံကြည်မှု ပိုမို တိုးပွားစေ နိုင်ပါတယ် ..

ဆက်သွယ်ရန် ။ ။ No.331, Mhan pyay 8th Street (East), Thaketa Township, Yangon,Myanmar.

ဖုန်း ။ ။ 09-260045465
Email ။ ။ [email protected]

The BEST SERVICES !!!!!!!!!!!!!
28/03/2016

The BEST SERVICES !!!!!!!!!!!!!

Our Best Services For You !!!!!
Pls contact for More Information !!!!!!!

Address

No. 331, ManPyay 8th Street (East), Tharkayta Township
Yangon
11191

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00

Telephone

+959-260045465

Website

http://www.linkedin.com/company/east-wind-solutions-myanmar-pte-ltd

Alerts

Be the first to know and let us send you an email when East Wind Solutions Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to East Wind Solutions Myanmar:

Share