22/09/2026
vivo X500 Series ထွက်ရှိလာပါပြီ
vivo က China မှာ X500, X500 Pro နဲ့ X500 Pro Max ဆိုပြီး ဖုန်းသုံးလုံးကို တရားဝင် ဖြန့်ချိလိုက်ပါပြီ။ ဒီတစ်ခါ ထူးခြားတာက X500 Pro နဲ့ Pro Max နှစ်လုံးက MediaTek ရဲ့ Dimensity 9600 Pro (2nm) chip ကို ကမ္ဘာမှာ ပထမဆုံး သုံးထားတဲ့ ဖုန်းတွေ ဖြစ်နေတာပါ။ Base model X500 ကတော့ Dimensity 9600M ကို သုံးထားပြီး ဒါက ပြီးခဲ့တဲ့နှစ်က Dimensity 9500 ကို နာမည်ပြောင်းပြီး ပြန်သုံးထားတာလို့ ပြောလို့ရပါတယ်။
အဓိက အားသာချက်ကတော့ Camera ပါပဲ။ X500 Pro နဲ့ Pro Max မှာ Sony LYTIA L910 (1/1.28-inch) 50MP main camera ကို vivo နဲ့ ပူးပေါင်းပြီး custom လုပ်ထားတာ ဖြစ်ပါတယ်။ 24mm equivalent၊ f/1.57 fixed aperture၊ Zeiss T* coating ပါပြီး 17 EV dynamic range အထိ ရပါတယ်။ Pro Max ရဲ့ main camera မှာ gimbal-grade လို့ ခေါ်တဲ့ 3-degree OIS ပါပြီး Pro မှာတော့ 1.5 degree OIS ပါပါတယ်။
Telephoto ဘက်ကျတော့ Pro Max မှာ 85mm equivalent 200MP periscope telephoto ပါပါတယ်။ Samsung ISOCELL HP0 (1/1.4-inch) sensor ကို သုံးထားပြီး C**A 7.0 အဆင့် stabilization ရပါတယ်။ X500 Pro မှာတော့ 85mm equivalent 64MP Sony LYTIA 610 (1/2.0-inch) ပါပြီး OIS က Pro Max နဲ့ တူပါတယ်။ Pro နှစ်လုံးလုံးက optional ဖြစ်တဲ့ 400mm Zeiss Telephoto Extender Gen 2 Ultra ကို support လုပ်ပါတယ်။ Ultrawide ကတော့ နှစ်လုံးလုံးမှာ 15mm equivalent 50MP ISOCELL JN5 (1/2.75-inch) ပါပါတယ်။
Base X500 မှာ 23mm equivalent 50MP Lytia 828 (1/1.28-inch) main camera၊ 72mm equivalent 64MP telephoto နဲ့ 50MP ISOCELL JN1 ultrawide ပါပါတယ်။
Video ဘက်မှာလည်း မညံ့ပါဘူး။ Pro နှစ်လုံးလုံးက 4K 240fps cinematic slow motion ကို support လုပ်ပြီး Pro Max ကတော့ 8K 30fps အထိ ရိုက်လို့ရပါတယ်။ 10-bit 422 encoding နဲ့ ACES (Academy Color Encoding System) color management framework ကိုလည်း support လုပ်တာမို့ video ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေအတွက် ကောင်းမယ့် ဖုန်းတွေပါ။
Display ကျတော့ Pro နှစ်လုံးလုံးမှာ 2K resolution၊ 144Hz refresh rate ရှိတဲ့ LTPO AMOLED ပါပါတယ်။ X500 Pro က 6.36-inch၊ Pro Max က 6.85-inch ဖြစ်ပြီး BOE Q11 panel ကို သုံးထားပါတယ်။ Peak brightness က 4,500 nits အထိ ရပါတယ်။ X500 ကတော့ 6.59-inch AMOLED (2K + 144Hz) ပါပြီး peak brightness 4,000 nits ပါ။
Battery ကတော့ X500 Pro Max မှာ 8,000 mAh Si-C battery၊ X500 Pro မှာ 6,510 mAh၊ X500 မှာ 7,500 mAh ပါပါတယ်။ ဖုန်းသုံးလုံးလုံးက 90W wired charging နဲ့ 40W wireless charging ကို support လုပ်ပါတယ်။ IP68 နဲ့ IP69 ရှိပြီး Android 17 အပေါ်မှာ တည်ဆောက်ထားတဲ့ OriginOS 7 နဲ့ ထွက်လာပါတယ်။
အရောင်အနေနဲ့ X500 မှာ white, gray, black ရှိပြီး Pro နဲ့ Pro Max မှာ orange အပို ပါလာပါတယ်။
ဈေးနှုန်းတွေကတော့ ဒီလိုပါ။
X500 က 12GB/256GB ကို CNY 5,499 ($821) နဲ့ စပါတယ်။ 12GB/512GB က CNY 5,999 ($895)၊ 12GB/1TB က CNY 6,999 ($1,045) ပါ။
X500 Pro က 12GB/256GB ကို CNY 6,499 ($970) နဲ့ စပါတယ်။ 12GB/512GB က CNY 7,499 ($1,120)၊ 12GB/1TB က CNY 8,499 ($1,269) ပါ။
X500 Pro Max က 12GB/256GB ကို CNY 6,999 ($1,045) နဲ့ စပါတယ်။ 12GB/512GB က CNY 7,999 ($1,195)၊ 12GB/1TB က CNY 8,999 ($1,344) ပါ။ 16GB/512GB ကတော့ CNY 8,499 ($1,268) ဖြစ်ပါတယ်။
China မှာ open sales ကို September 24 ကနေ စတင်ရောင်းချမှာ ဖြစ်ပါတယ်။ Global launch အကြောင်းကိုတော့ vivo က ဘာမှ မပြောသေးပါဘူး။
#ဖုန်းဆိုင်