Alliance Stars Engineering & Construction

Alliance Stars Engineering & Construction Our Vision
-----------
For more newer, sure and friendier to environment.

📢 Alliance Stars Group of Companies တွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းကောင်းများ ဖိတ်ခေါ်ခြင်းလူကြီးမင်းတို့၏ အရည်အချင်းများ...
10/04/2026

📢 Alliance Stars Group of Companies တွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းကောင်းများ ဖိတ်ခေါ်ခြင်း
လူကြီးမင်းတို့၏ အရည်အချင်းများကို အကောင်းဆုံး အသုံးချပြီး လုပ်ငန်းခွင်တိုးတက်မှုများနှင့်အတူ လက်တွဲလုပ်ကိုင်ရန် အောက်ပါ ရာထူးနေရာများအတွက် အမြန်အလိုရှိနေပါသည်-
👷‍♂️ လစ်လပ်ရာထူးများ (Open Positions):
1. Project Engineer
2. Site Engineer
3. Quantity Surveyor (QS)
4. Junior QS
5. Quality Control (QC)
6. Architect
_______7. M&E Engineer/ Supervisor ________________________________
✅ လိုအပ်ချက်နှင့် အရည်အချင်းများ:
• သက်ဆိုင်ရာ ရာထူးအလိုက် ဘွဲ့ရရှိထားသူဖြစ်ရမည်။
• ဆောက်လုပ်ရေးလုပ်ငန်းခွင် အတွေ့အကြုံရှိသူများကို ဦးစားပေးမည်။
• တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် တက်ကြွစွာ လုပ်ကိုင်နိုင်သူဖြစ်ရမည်။
• သတ်မှတ်ထားသော Project အချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်သူဖြစ်ရမည်။
________________________________________
📩 လျှောက်ထားရန် နည်းလမ်း:
စိတ်ပါဝင်စားသူများသည် မိမိတို့၏ Update CV Form ကို အောက်ပါ Contact များမှတဆင့် ပေးပို့လျှောက်ထားနိုင်ပါသည်-
📧 Email: ([email protected]) 📞 Phone: ( 09425033777)

Concrete MattressConcrete Mattress အား မြစ်ကမ်းပါး ၊ ချောင်းနှင့် ရေပေးတူးမြောင်းများ ရေတိုက်စားခြင်း ၊ နိမ့်လျောပြိုကျခ...
09/03/2026

Concrete Mattress
Concrete Mattress အား မြစ်ကမ်းပါး ၊ ချောင်းနှင့် ရေပေးတူးမြောင်းများ ရေတိုက်စားခြင်း ၊ နိမ့်လျောပြိုကျခြင်းတို့မှ ကာကွယ်ရန် တွင်ကျယ်စွာ အသုံးပြုကြပါသည်။ ဆင်ခြေလျော ၏ ဆွဲအားခံနိုင်မှု မြင့်တက်လာစေရုံသာမက သေသပ်လှပခြင်း ၊ လုပ်ငန်းဆောင်ရွက်ရာတွင် လွယ်ကူမြန်ဆန်ခြင်း ၊ ကွန်ကရစ်နံရံ များနှင့် နှိုင်းယှဉ်ပါက ကုန်ကျစရိတ် သက်သာခြင်း စသည့် အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါသည်။
Concrete Mattress အား 160KN/ m2 ခံနိုင်ရည်ရှိသော Tensile Strength မြင့်မားသည့် PET အမျိုးအစား Woven Geotextile အလွှာ (2) ထပ်ဖြင့် ပြုလုပ်ထားသည်။ အဆိုပါ Concrete Mattress စများအတွင်းသို့ ဘိလပ်မြေနှင့် သဲကို 1း2 အချိုးဖြင့် ရေနှင့်ရော၍ Concrete Pump ဖြင့်မှုတ်သွင်းရသည်။ Concrete Pump တစ်စုံသည် တစ်နာရီလျှင် 10 m2 မှုတ်သွင်းနိုင်သည်။ အသုံးပြုမည့် စီမံကိန်းအနေအထားပေါ်မူတည်၍ Concrete Mattress အား ပုံစံအမျိုးမျိုးဖြင့် ကွဲပြားစွာ အသုံးပြုနိုင်ပါသည်။ တစ်နည်းအားဖြင့် Hybrid System ဖြင့် Concrete Cellular အကွက်များကြားတွင် အပင်များကို စိုက်ပျိုးခြင်းဖြင့် သဘာဝနှင့် ပိုမိုသဟဇာတဖြစ်စေသောနည်းလမ်းများဖြင့်လည်း အသုံးပြုနိုင်ပါသည်။ Concrete Mattress သည် မြေလွှာအတွင်းရှိ ရေကိုစိမ့်ထွက်စေပြီး Fine Particle များ ပါမသွားအောင် ထိန်းသိမ်းပေးနိုင်ပါသည်။ သို့ဖြစ်ပါ၍ အချို့သော မြေထိ်န်းနံရံ ကျောက်စီခြင်း နေရာများတွင် အလွန်ခို်င်ခံ့လှပသော နောက်ဆုံးပေါ် နည်းပညာဖြစ်သည့် Concrete Mattress အားအစားထိုး သုံးစွဲနေကြပြီ ဖြစ်ပါသည်။
အသုံးပြုပုံ
Concrete Mattress အားအောက်ဖော်ပြပါ လုပ်ငန်းများတွင် တွင်ကျယ်စွာ အသုံးပြုနိုင်ပါသည်။
၁။ မြစ်ချောင်းကမ်းပါးများ ရေတိုက်စားမှု မှ ကာကွယ်ရန်
၂။ မတ်စောက်သောနံရံများအား ဆွဲအားခံနိုင်မှုတိုးတက်စေရန်
၃။ ရေတားနံရံအဖြစ် တပ်ဆင်ခြင်းများ
၄။ ရာသီဥတုဒဏ်မှ ကာကွယ်ရန်
၅။ မြေသား ပြုပြင်ခြင်း လုပ်ငန်းများ
၆။ လမ်းနှင့် ဆက်စပ်လုပ်ငန်းများ
၇။ ရေပေးမြောင်းများ
၀ယ်ယူလိုရင်တော့ အသးစိတ်အချက်အလက်များကို Alliance Stars Engineering Co.,Ltd သို့တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ph no – 09425033777

28/02/2026
24/02/2026
Job Vacancy
23/02/2026

Job Vacancy

Rubber Dam သည် အထူးအရည်အသွေးမြင့် ရော်ဘာပစ္စည်းများ ဖြင့် ပြုလုပ်ထားသော ဖောင်းနိုင်၊ လျော့နိုင်သည့် ရေတားဆည်အမျိုးအစား ဖ...
20/02/2026

Rubber Dam သည် အထူးအရည်အသွေးမြင့် ရော်ဘာပစ္စည်းများ ဖြင့် ပြုလုပ်ထားသော ဖောင်းနိုင်၊ လျော့နိုင်သည့် ရေတားဆည်အမျိုးအစား ဖြစ်ပြီး မြစ်၊ ရေလမ်းကြောင်း (canal) သို့မဟုတ် ရေအောင်းကန်များတွင် တပ်ဆင်အသုံးပြုသည်။
အတွင်းပိုင်းကို ရေ သို့မဟုတ် လေဖြင့် ဖောင်းတင်ခြင်း အားဖြင့် အမြင့်ကို ထိန်းချုပ်နိုင်ပြီး ရေစီးဆင်းမှု၊ ရေမျက်နှာပြင်အမြင့်နှင့် ရေလွှမ်းမိုးမှုကို ထိရောက်စွာ စီမံခန့်ခွဲနိုင်သည်။
Rubber Dam တွင် အများအားဖြင့်
• အပြင်အလွှာ၊ အလယ်အလွှာ၊ အတွင်းအလွှာ ပါဝင်သော multi-layer rubber structure ရှိပြီး
• နေရောင်ခြည် (UV)၊ အိုဇုန်း၊ အပူချိန်အလွန်အမင်း ပြောင်းလဲမှုများကို ခံနိုင်ရည်ရှိစေရန် ဒီဇိုင်းပြုလုပ်ထားသည်။
ထိုသို့သော dam စနစ်သည်
• ရေလွှမ်းမိုးမှုထိန်းချုပ်ရေး (Flood Control)
• စိုက်ပျိုးရေးရေချိုပေးရေး (Irrigation)
• ရေအားလျှပ်စစ် (Hydropower)
• ရေသိုလှောင်မှုနှင့် ရေအဆင့်ထိန်းညှိခြင်း (Water Level Regulation)
တို့အတွက် အသုံးပြုနိုင်ပြီး၊ အလျင်အမြန်တပ်ဆင်နိုင်မှု၊ ပြုပြင်ထိန်းသိမ်းရလွယ်ကူမှု၊ ကွန်ကရစ် Dam များထက် ကုန်ကျစရိတ်နည်းပါးမှု တို့ကြောင့် ခေတ်မီ ရေအင်ဂျင်နီယာလုပ်ငန်းများတွင် ကျယ်ပြန့်စွာ အသုံးပြုလာကြပါသည်။

Address

No. 51 (B1) , Skystar Hotel, Tarmwe Township
Yangon
11221

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30

Telephone

+959425033777

Alerts

Be the first to know and let us send you an email when Alliance Stars Engineering & Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Alliance Stars Engineering & Construction:

Share