Kyaw Kyaw-FreeLance Computer Services

Kyaw Kyaw-FreeLance Computer Services အိမ်/အလုပ်အရောက် Computer/Laptop Services ပေးပါတယ်

17/10/2023

ကွန်ပျူတာ Passwords မေ့လို့ ဖွင့်လို့မရတဲ့အခါ
•••••••••••••••••••••••••••••••••••••••••••••••••••••
◘◘နည်းလမ်း(၁)◘◘

°°°°°°°°°°°°°°°°°°°°°

ကွန်ပျူတာစသုံးတဲ့အခါ သို့မဟုတ် ၀င်းဒိုးတင်တဲ့အခါတွေမှာ Username မဖြစ်မနေပေးခဲ့ရပါတယ်။ ထိုအခါ ကွန်ပျူတာ Username နဲ့ Administrator ဆိုပြီးအကောင့်နှစ်ခုဖြစ်သွားပါတယ်။ ဥပမာ Username မှာ Mg Mg လို့ပေးခဲ့ရင် Mg Mg နဲ့အတူ Administratorဆိုတဲ့အကောင့်က ပူးတွဲပါရှိလာပါတယ်။ မိတ်ဆွေက Mg Mg မှာ passwords ပေးထားခဲ့တယ်......

ဒါပေမယ့် မေ့သွားပြီဆိုလျှင် ကွန်ပျူတာကို Restart ချလိုက်ပါ။ Restart ချလိုက်တာနဲ့တပြိုင်နက် F8 ဆိုတဲ့ Key ကိုအဆက်မပြတ်နှိပ်ပေးထားပါ။ နှိပ်ပါဟုဆိုရာတွင် ဖိထားခိုင်းခြင်းမဟုတ်ပါ။ ထိုအခါ Safe Mode မြင်ကွင်းကိုရောက်ရှိသွားပါမယ်။ Safe Mode ဆိုတဲ့စာသားနေရာကို Arrow Key နဲ့ရွှေ့ပြီး Enter ခေါက်လိုက်ပါ။

အချိန်အနည်းငယ်တော့စောင့်ရပါမယ်။ ထိုအခါ ကွန်ပျူတာသည် Safe Mode မြင်ကွင်းနဲ့ ပွင့်လာပါလိမ့်မယ်။ ၄င်းတွင် Administrator နှင့် Username ( Mg Mg) ကိုတွေ့ရပါမယ်။ Username ( Mg Mg) သည် passwords မေ့နေသူရဲ့အကောင့်ပါ။ယခု Administrator အကောင့်ကိုဖွင့်လိုက်ပါ၊ Safe Mode နဲ့၀င်ထားတာဖြစ်တဲ့အတွက် Mg Mg အကောင့်ကိုတော့၀င်လို့ရမည်မဟုတ်ပါ။

Start> Control Panel မှ User

Accounts ( icon ) ကို ကလစ်လုပ်ဖွင့်ပါ။

User Account (box) ပေါ်လာပါမယ်။ ၄င်းတွင် "or pick an account to change" လို့တွေ့ရပါမယ်။ ထိုအခါMgMg ဆိုတဲ့အကောင့်ကို ကလစ်လုပ်လို့ရနိုင်ပါပြီ။ထိုအခါနောက်ထပ်မြင်ကွင်း
တစ်ခုပေါ်လာပါမယ်။ ၄င်းတွင် "What do you want to change about account လို့တွေ့ရပါမယ်။ ၄င်းတွင် "Change the password" ကိုရွေးချယ်ပြီး password အသစ်တစ်ခုပေးပါ။ အရင်စဉ်းစားလို့မရတဲ့ password ကို ပင်ပန်းခံမစဉ်းစားပါနဲ့.။မေ့လိုက်ပါ
အရင်ကဇာတ်လမ်းလေး…..
အဲ..ယောင်လို့..

တကယ်လို့ "Remove the password" ကိုရွေးရင် ဘာpassword မှထည့်စရာမလိုတော့ဘဲ ကွန်ပျူတာပွင့်လာပါလိမ့်မယ်။ "Type a new Password" မှာ passwords အသစ်ထည့်ပေးပါ။ မထည့်ချင်လဲ ဒီအတိုင်းထားပါ။

Change password ခလုပ်ကိုနှိပ်ပါ။ ကွန်ပျူတာကို ပုံမှန်အတိုင်း Restart လုပ်ပါ။ အကောင့်မှာ password တောင်းရင်လဲ ပတ်ဝေါ့ ပေးပြီး၀င်နိုင် ပါတယ်။

မတောင်းရင်လဲ ဒီအတိုင်းဘဲ ပွင့်သွားပါလိမ့်မယ်။

◘◘နည်းလမ်း(၂)◘◘
°°°°°°°°°°°°°°°°°°°°
ကွန်ပျူတာမှာ အခြားသူတစ်ဦးဦးက၀င်လို့ရရင် (အခြား User ရှိရင် သူ့အနေနဲ့၀င်ပါ)။ပထမနည်းအတိုင်းဆောင်ရွက်နိုင်ပါတယ်။

◘◘နည်းလမ်း(၃)◘◘
°°°°°°°°°°°°°°°°°°°°°
ယခုနည်းတွင် ကွန်ပျူတာရဲ့ CD Drive မှာ ၀င်းဒိုးစီဒီကိုထည့်ထားပါ။ BIOS သို့၀င်ပြီးFirst Boot ကို CD-ROM သို့ပြောင်းပါ။ ကွန်ပျူတာကို ပြန် Restart လုပ်ပါ။ ကွန်ပျူတာ ပြန်ပွင့်တာနဲ့Press any Key to boot from CD ဆိုတဲ့စာသားပေါ်လာတာနှင့် တစ်ပြိုင်နက် ကီးခလုပ်တစ်ခုခုကို နှိပ်လိုက်ပါ။

Screen ကိုသေသေချာချာကြည့်ပြီး ပေါ်လာတဲ့ ညွှန်ကြားချက်များ အတိုင်း သေသေချာချာပြုလုပ်ပါ။ ဥပမာ - Licensing Agreement ပေါ်ရင် F8 ကီးကိုနှိပ်တာမျိုးဖြစ်ပါတယ်။

မကြာခင် To set up Windows XP … To repair a Windows XP..လို့ပေါ်လာရင် (R=Repair) ကိုရွေးချယ်လိုက်ပါ။ R ကီးကိုနှိပ်ပါ။ ဆက်ပြီးဆောင်ရွက်မှုများကိုကြည့်နေပါ။ ၀င်းဒိုးစ် reboot တစ်ချက်ပြန်ဖြစ်ရင် မည့်သည့်ကီးကိုမျှ ၀င်မနှိပ်ပါနဲ့။

ဆိုလိုတာက " Press any Key to boot from CD" ဆိုပြီးပြန်ပေါ်ရင် ကီးခလုပ်ကိုမနှိပ်ပါနဲ့။ အလိုလို install လုပ်နေပါလိမ့်မယ်။

မြင်ကွင်း ဘယ်ဘင် အောက်နားကို သတိပြုကြည့်ပါ။ အဲဒီမှာ "Installing Device" progress bar ဆိုတာပေါ်ရင် "Shift+F10" ကို နှိပ်လိုက်ပါ။ ၄င်းသည် အဓိကပြင်ရမယ့်နေရာဖြစ်ပါတလ်။

Command console ပွင့်လာပီး အဲဒီမှာပြင်

ပါမလ်။ "NUSRMGR.CPL" လို့ရိုက်ထည့်ပီး Enter ကီးကိုနှိပ်လိုက်ပါ။ သင့်ရဲ့ User Account (box) ကိုမြင်ရပါမယ်။ ၄င်းတွင် password ကိုပြောင်းလိုကပြောင်း.. ဖယ်လိုက ဖယ်ထုတ်နိုင်ပါပြီ။

တကယ်လို့ password အသစ် မပေးချင်ရင် "Control user-passwords2" လို့ရိုက်ထည့်နိုင်ပါတယ်။ မြင်ကွင်းများကို ပိတ်၊ command box ကနေထွက်ပြီး Repair လုပ်ငန်းစဉ်ကို ဆက်လုပ်ပါ။ လုပ်ငန်းအားလုံးပြီးရင် ကွန်ပျူတာကို သုံးနိုင်ပါပြီ..။

မူးရင်းရေးသားသူများကို Credit ပေးပါသည်။

11/09/2023

ကိန်းဂဏန်းတွေရဲ့တန်ဖိုးကို စာလုံးတွေအဖြစ်ပေါင်းရေးမယ် ဥပမာ (756200=seven hundred fifty-six thousand two hundred)

Microsoft Word မှာပဲရပါမယ် ဂဏန်း 6လုံးအထိပဲ စာလုံးများအဖြစ်ပြောင်းပေးနိုင်ပါတယ်

ပထမဦးစွာ Microsoft Word ကိုဖွင့်ပါ ပြောင်း‌ပေးချင်တဲ့ ဂဏန်းတန်ဖိုးကိုရိုက်ပါ ပြီးရင် Ctrl + F9 တွဲရိုက်ပါ square bracket လေးပေါ်လာရင်အထဲမှာ {=ဂဏန်းတန်ဖိုး\*cardtext} ရိုက်ပါပြီးရင် right click နှိပ်ပြီး update field နှိပ်ပါ ဒါဆို ကိန်းဂဏန်းတွေက စာလုံးတွေအဖြစ်ပေါင်းပေးပါပြီ

မိတ်ဆွေတို့၏computer/laptop များ error တက်ခြင်း၊software/hardware installation ပြုလုပ်ခြင်းများနှင့် Network ချိတ်ဆက်ခြင်း/printer,File sharing ချိတ်ဆက်ခြင်းများကို အလုပ်/အိမ် သို့အရောက် service ပေးပါတယ်ခင်ဗျာ
☎️09970434814 သို့ခေါ်ဆိုလိုက်ပါ

11/09/2023

ကိုယ့် laptop ရဲ့ battery Performance ကိုစစ်ဆေးခြင်း

ပထမဆုံး cmd ကို run as administrator နဲ့ ဖွင့်လိုက်ပါ ပြီးရင်
Powercfg /batteryreport လို့ရိုက်ပါ enter ခေါက်ပါ

ရလာတဲ့ c:/ကစပြီး အဆုံးထိ copy (Ctrl+c)ယူပါ google မှာ paste (Ctrl+v) ပါ laptop က internet ရနေဖို့လိုပါတယ်

ပြီးရင် full charge capacity ကို design capacity နဲ့စားပါ ရလာတဲ့အဖြေကို 100နဲ့မြှောက်ပါ
အဖြေက 60 အထက်ရှိသင့်ပါတယ် 60 အထက်ဆို သင့် laptop ရဲ့ battery Performance ကောင်းပါသေးတယ်

မိတ်ဆွေတို့၏computer/laptop များ error တက်ခြင်း၊software/hardware installation ပြုလုပ်ခြင်းများနှင့် Network ချိတ်ဆက်ခြင်း/printer,File sharing ချိတ်ဆက်ခြင်းများကို အလုပ်/အိမ် သို့အရောက် service ပေးပါတယ်ခင်ဗျာ
☎️09970434814 သို့ခေါ်ဆိုလိုက်ပါ


ကိုယ့် computer ထဲက folder လေးတွေကို ကိုယ့်အမှတ်သားနဲ့ကို အရောင်လေးတွေနဲ့ပါ ချိန်းပြီး မှတ်ထားချင်တယ် ဆို ဒါမျိုးလေးလိုက...
10/09/2023

ကိုယ့် computer ထဲက folder လေးတွေကို ကိုယ့်အမှတ်သားနဲ့ကို အရောင်လေးတွေနဲ့ပါ ချိန်းပြီး မှတ်ထားချင်တယ် ဆို ဒါမျိုးလေးလိုက်လုပ်ကြည့်ပါ 👇👇👇👇

ပထမဆုံး Google browser ဖွင့်ပါ
Folderico ဆိုပြီး ရိုက်ရှာပါ
Download ဆွဲပါ
Install လုပ်ပါ
Folder ပေါ် right click နှိပ်ပြီး change folder icon ကနေ ကြိုက်တဲ့အရောင်ပြောင်းပါ

မိတ်ဆွေတို့၏computer/laptop များ error တက်ခြင်း၊software/hardware installation ပြုလုပ်ခြင်းများနှင့် Network ချိတ်ဆက်ခြင်း/printer,File sharing ချိတ်ဆက်ခြင်းများကို အလုပ်/အိမ် သို့အရောက် service ပေးပါတယ်ခင်ဗျာ
☎️09970434814 သို့ခေါ်ဆိုလိုက်ပါ


ယုဇနဥယျာဉ်မြို့တော်က အစ်မတစ်ယောက် ရောက်လာတယ် သူ့ laptopက သုံးရတာ keyတွေက သူ့ဟာသူလျှောက်ရိုက်နေတယ် app‌ တွေဆိုရင်လည်းဖွင့...
09/09/2023

ယုဇနဥယျာဉ်မြို့တော်က အစ်မတစ်ယောက် ရောက်လာတယ် သူ့ laptopက သုံးရတာ keyတွေက သူ့ဟာသူလျှောက်ရိုက်နေတယ် app‌ တွေဆိုရင်လည်းဖွင့်လိုက်ရင်ပွင့်မလာဘူးရပ်နေတယ် hang လည်း hang တယ် ဆိုင်လည်းပို့ပြီးပြီ သုံးရတာတော်တော်အဆင်မပြေဘူး တော်တော်လည်းစိတ်ညစ်နေပြီတဲ့ အဲ့တာမောင်လေးကို သူငယ်ချင်းတစ်ယောက်က ညွှန်းလို့ပါဆိုပြီ ရောက်ချလာတာ ကိုယ်ကတောင်မသွားရဘဲ သူကိုယ်တိုင်ပဲ ကိုယ့်ဆီရောက်လာတယ် အဲ့အတွက် ကျေးဇူးပါအစ်မ။ စိတ်မပူပါနဲ့ အစ်မlaptopအိုကေမှာစိုပြေပါပြီ ယုံယုံကြည်ကြည်နဲ့ အာကိုးတကြီး ဆက်သွယ် service ယူပေးတဲ့အတွက်လည်းကျေးဇူးပါ

လူကြီးမင်းတို့ရဲ့ laptop and Desktop error များ software/Hardware installation များ Network ချိတ်ဆက်ခြင်း printer ချိတ်ဆက်ခြင်း sharing လုပ်ခြင်းများကို အလုပ်/အိမ်အရောက် service ပေးနေပါပြီ
☎️09970434814

ကိုယ့်ရဲ့ Facebook က ကို့ဖုန်းထဲရှိပြီးသား ဒါပေမဲ့ password မမှတ်မိလို့ logout လည်းမလုပ်ရဲဘူး password change ဖို့တောင် ...
06/09/2023

ကိုယ့်ရဲ့ Facebook က ကို့ဖုန်းထဲရှိပြီးသား ဒါပေမဲ့ password မမှတ်မိလို့ logout လည်းမလုပ်ရဲဘူး password change ဖို့တောင် password အဟောင်းကမသိ ၊ ဖုန်းအသစ်ချိန်းဖို့လည်း အခက်တွေ့ ဒါဆို မိတ်ဆွေ စိတ်ညစ်မနေပါနဲ့ logout တွေ password change ဖို့တွေ ဘာမှမလိုပဲ လက်ရှိ password ကိုပြန်ကြည့်နည်း ‌ပြောပြပေးပါမယ် မိတ်ဆွေဖုန်းက android ဆို ဖုန်းရဲ့setting ထဲ ဝင်လိုက်ပါ ပြီးရင် password and security ထဲသွားပါ manage password နှိပ်ပါ တစ်ချို့ဖုန်းက အဲ့တစ်ဆင့်နဲ့တင် ဖုန်းမှာချိတ်ထားသမျှ acc တွေပေါ်ပါမယ် တစ်ချို့ဖုန်းက Google လို့ပဲပေါ်ပါမယ် Google လို့ပဲပေါ်တဲ့ဖုန်းတွေက Google ကိုပဲဝင်ပါ ပြီးရင် Facebook ကိုနှိပ်ပါ ဖုန်းကို လက်ဗွေထားရင် လက်ဗွေနဲ့ဖွင့်ပါ pin နံပတ်ထားရင် pinပေါ့ဗျာ ပြီးရင် password နေရာက မျက်လုံးလေးကို ဖွင့်လိုက်ပါ ဒါဆို လက်ရှိ password ကိုကြည့်လို့ရပါပြီ

☎️09970434814



မိတ်ဆွေတို့၏computer/laptop များ error တက်ခြင်း၊software/hardware installation ပြုလုပ်ခြင်းများနှင့် Network ချိတ်ဆက်ခြင...
06/09/2023

မိတ်ဆွေတို့၏computer/laptop များ error တက်ခြင်း၊software/hardware installation ပြုလုပ်ခြင်းများနှင့် Network ချိတ်ဆက်ခြင်း/printer,File sharing ချိတ်ဆက်ခြင်းများကို အလုပ်/အိမ် သို့အရောက် service ပေးပါတယ်ခင်ဗျာ
☎️09970434814 သို့ခေါ်ဆိုလိုက်ပါ

Address

Lan Thit Street, Lanmadaw Township
Yangon

Telephone

+959970434814

Website

Alerts

Be the first to know and let us send you an email when Kyaw Kyaw-FreeLance Computer Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share