Asia Star Technology - AST Co., Ltd.

Asia Star Technology - AST Co., Ltd. Our company distributes Mobile & IT gadgets to whole Myanmar.

02/02/2021

အလုပ်မှရပ်စဲကြောင်းကြေညာခြင်း
ရက်စွဲ။ ၂ ၊ ဖေဖော်ဝါရီလ ၊ ၂၀၂၁
Asia Star Technology (AST) Co.,Ltd မှ Sale Representative တစ်ဦးဖြစ်သော မောင်ဝေလွင်အောင်သည် အလုပ်သို့အသိမပေးပဲ ခွင့်မဲ့ပျက်ကွက်ခြင်း ၊ အထက်တာ၀န်ရှိသူများရဲ့ ညွှန်ကြားချက်များကို တိကျစွာမလိုက်နာခြင်းတို့ကြောင့် ဖေဖော်ဝါရီလ ၃ရက်နေ့ ၂၀၂၁ မှစတင်ပြီး အလုပ်မှရပ်စဲကြောင်း ကြေညာအပ်ပါသည်။
ထို့ကြောင့် ယနေ့မှစ၍ မောင်ဝေလွင်အောင် နှင့်ပက်သက်ဆက်နွယ်သော ကိစ္စအ၀၀ကို Asia Star Technology Co,Ltd မှ တာ၀န်ယူဖြေရှင်းပေးတော့မည် မဟုတ်ကြောင်း လေးစားစွာအသိပေးအပ်ပါသည်။

ဒီဇင်ဘာ (၃၁)ရက်နေ့  ညနေ (၄)နာရီမှ စပြီး Company ရဲ့ မိသားစုတွေ New Year Celebration လုပ်ကြမှာဆိုတော့ လက်လီအရောင်းပိုင်း ...
30/12/2020

ဒီဇင်ဘာ (၃၁)ရက်နေ့ ညနေ (၄)နာရီမှ စပြီး Company ရဲ့ မိသားစုတွေ New Year Celebration လုပ်ကြမှာဆိုတော့ လက်လီအရောင်းပိုင်း ဝန်ဆောင်မှုတွေ ခေတ္တ ရပ်နားထားပါမယ် ခင်ဗျ။

Page Reply မဖြေနိုင်တာတွေ၊ ဖုန်းမကိုင်နိုင်တာမျိုးတွေ၊ ဆိုင်ပိတ်ထားတာမျိုးတွေ ကြောင့် အဆင်မပြေ၊ စိတ်အနှောင့်အယှက်ဖြစ်သွားမယ်ဆိုရင် ကြိုတင်တောင်းပန်ပါရစေ ခင်ဗျ။

Website ကနေ ဝယ်ယူမှုတွေကိုတော့ ဆက်လက်လုပ်ဆောင်နိုင်ပါတယ် ခင်ဗျ။

၂၀၂၀ ဇန်နဝါရီ (၁)ရက်နေ့၊ မနက် (၁၁)နာရီက စပြီး လက်လီအရောင်းပိုင်း ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ပါတယ် ခင်ဗျ။

ရုံးပိုင်းကတော့ ၂၀၂၀ ဇန်နဝါရီ (၅)ရက်နေ့မှာ ပုံမှန်ရုံးချိန်အတိုင်း ပြန်လည်ဖွင့်လှစ်ပါမယ် ခင်ဗျာ။

Customer တွေလည်း လာမယ့်နှစ်သစ်မှာ စိတ်သစ်ကိုယ်သစ်နဲ့ အဆင်ပြေပြေ၊ ကျန်းကျန်းမာမာ ဖြတ်သန်းနိုင်ကြပါစေကြောင်းလည်း ကြိုတင်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

ကျေးဇူးတင် ဂုဏ်ပြုခြင်းကျွန်ုပ်တို့ Asia star technology (AST) Co.,Ltd. တွင် (Sales Supervisor) ရာထူးဖြင့် ၂ နှစ်ကျော်ထိ...
03/10/2020

ကျေးဇူးတင် ဂုဏ်ပြုခြင်း

ကျွန်ုပ်တို့ Asia star technology (AST) Co.,Ltd. တွင်
(Sales Supervisor) ရာထူးဖြင့် ၂ နှစ်ကျော်ထိ
တာဝန်ထမ်းဆောင်ခဲ့သည့် (Ms. Khin Khin Htwe) သည်
မိမိတာဝန်၊ မိမိရာထူးအား ကောင်းမွန်စွာထမ်းဆောင်ခဲ့ပြီး လုပ်ဖော်ကိုင်ဖက်များအချင်းချင်း ကောင်းမွန်သော Communication၊ အပြန်အလှန်လေးစားမူ၊
မိမိအဖွဲ့အစည်းအတွက်လည်း အနစ်နာခံကြိုးစားခဲ့ပြီး တာဝန်ယူမူတာဝန်ခံမှုအပြည့်အဝရှိမှု စသည်တို့ဖြင့်ပြည့်စုံသော ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး၊ Customer ၊ clients များကိုလည်း ကောင်းမွန်သောဝန်ဆောင်မူပေးနိုင်ခဲ့သော ဝန်ထမ်းတစ်ယောက်ဖြစ်သည်။

အဖွဲ့အစည်းတွင်သာမက customers များ၏ ယုံကြည်အားကိုးရသော ဝန်ထမ်းဖြစ်ခဲ့ပါသည်။

သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အဖွဲ့အစည်းမှ နှုတ်ထွက်ခဲ့သော (Ms. Khin Khin Htwe) သည်
အဖွဲ့အစည်းအတွက် အကောင်းဆုံးနှင့် အဖွဲ့အစည်းစိတ်ဓာတ်အပြည့်ဝဖြင့်ကြိုးစားလုပ်ကိုင်ပေးခဲ့သည့် အတွက် အဆိုပါ ဝန်ထမ်းအား ကုမ္ပဏီ ၏ ဝန်ထမ်းကောင်းအဖြစ် သတ်မှတ်ပြီး Asia star technology (AST) Co.,Ltd မိသားစုမှ ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။

မအေးသူဇာကို Company ၏Policy၊ စည်းမျဥ်းစည်းကမ်းများ မလိုက်နာခြင်းတို့ကြောင့်Company မှ ရာသက်ပန် အလုပ်ထုတ်ပယ်ပြီး, Blackli...
04/09/2020

မအေးသူဇာကို Company ၏Policy၊ စည်းမျဥ်းစည်းကမ်းများ မလိုက်နာခြင်းတို့ကြောင့်Company မှ ရာသက်ပန် အလုပ်ထုတ်ပယ်ပြီး, Blacklist သွင်းကြောင်းကြေညာခြင်း။

24/08/2020

- Company ၏ digital platform များမှနေ၍ (ဥပမာ facebook, website, etc.) customer များသိရှိလိုသည်များကို စိတ်ကျေနပ်စွာနှင့် စိတ်ရှည်စွာ ပြန်လည် ဖြေကြားပေးရမည်။
- ယင်း platform များမှ ရရှိသော အရောင်း အော်ဒါများကို သက်ဆိုင်ရာ team သို့ အော်ဒါတင်ပေးခြင်း၊ ပစ္စည်းလက်ကျန်ရှိမရှိ စုံစမ်းပေးခြင်း များ လုပ်ရမည်။
- Ecommerce Website, third party Ecommerce Platform များမှနေ၍ company က ဖြန့်ချိတဲ့ product များကို တင်ပြီး ရောင်းချခြင်းများကို စနစ်ကျစွာ ဆောင်ရွက်ရောင်းချပေးရမည်။
- Ecommerce နှင့် သက်ဆိုင်သော marketing ဗဟုသုတများကို အနည်းအများ တီးမိခေါက်မိ ရှိသောသူဖြစ်လျှင်ပိုကောင်းသည်။ ဥပမာ - email marketing, SEO

- စိတ်ဝင်စား၍ လျှောက်ထားလိုလျှင် (သေချာဖတ်ပေးပါရန်။) အောက်ပါအချက်အလက်များအတိုင်း၊ ဖော်ပြပါ Email သို့ လျှောက်ထားနိုင်သည်။
1. ဘာလို့ဒီအလုပ်ကိုလျှောက်ရတာလဲ။ ဘာကြောင့်မိမိကို ခန့်သင့်သလဲ။ ဘာအတွေ့အကြုံတွေရှိသလဲ။ ဘယ်အချိန်လောက် အလုပ် စ ဆင်းနိုင်သလဲ။ ဘာကြောင့် ဒီအလုပ်ကို စိတ်ဝင်စားရတာလဲ။ မိမိကို အလုပ်ခန့်ခြင်းဖြင့် လုပ်ငန်းမှာ ဘာတွေ အကျိုးရှိစေနိုင်သလဲ။ စတာတွေကို ဖြေပေးထားတဲ့ တစ်မျက်နှာစာ Cover Letter (မြန်မာစာ Unicode ဖြင့်သာ)
2. ပြည့်စုံစွာဖြည့်စွက်ထားတဲ့ Resume
3. Passport Photo
4. မျှော်မှန်းလစာ

Email - [email protected], [email protected]

24/08/2020

- Sketch မလို။
- Color Concept, Brand Guideline, Typography စတာတွေကို နားလည်ပြီး အချိတ်အဆက်မိမိနဲ့ Design ဖန်တီးနိုင်တဲ့ Graphic Designer (၁)ဦး အလိုရှိပါတယ်။
- စိတ်ပါဝင်စားပါက မိမိဖန်တီးထားတဲ့ Design Portfolio လေးတွေနဲ့အတူ အောက်ပါ Email သို့ CV Letter ပေးပို့ လျှောက်ထားနိုင်ပါသည်။ မျှော်မှန်းလစာ ထည့်သွင်းပေးပါရန်။
- Smartphone, IT and Accessories ဖြန့်ချိရေးနှင့် လက်လီ လုပ်ငန်း များအတွက် လိုအပ်တဲ့ Graphic Design များကို ဖန်တီးပေးရမှာဖြစ်ပါတယ်။

Email = [email protected], [email protected]

 # Salesperson And Customer Service  M/F (2) PostsAsia Star Technology Company လက်အောက်တွင်ရှိသော Retail Showroom တွင် တ...
22/08/2020

#
Salesperson And Customer Service M/F (2) Posts

Asia Star Technology Company လက်အောက်တွင်ရှိသော Retail Showroom တွင် တာဝန်ထမ်းဆောင်ရန်...

*** တာဝန်ထမ်းဆောင်ရန် နေရာ = အလုံမြို့နယ် နှင့် ကမာရွတ်မြိုနယ် Time City , ရန်ကုန်။***

*** အလုပ်အကိုင်အခွင့်အလမ်းကို မိမိ မိတ်ဆွေများကို အသိပေးလိုလျှင် Post တစ်ခုလုံးက အချက်အလက်တွေကိုပါ ပေးပေးပါ။ ဖုန်းနံပါတ်နဲ့ Email ပေးပြီး "အဲ့ကိုဆက်လိုက်။ အဲ့ကိုလျှောက်လိုက်" စသဖြင့် မလုပ်ပါရန်။ အချက်အလက်နဲ့မကိုက်ညီပဲ လျှောက်ထားမိရင် လျှောက်တဲ့သူကော၊ CV လက်ခံတဲ့သူကော အလုပ်များတာပဲ အဖတ်တင်ပါတယ်။***Agency အကျိုးတူ "လက်မခံပါ".

- အသက် (၂၅)နှစ် ​အောက် ဖြစ်ရမည်။

- တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရပြီးဖြစ်ရမည်။

- IT နည်းပညာနှင့်ဆက်စက်ပစ္စည်းများ စိတ်ဝင်စားသူဖြစ်ရမယ်။

- ရောင်းဝန်ထမ်းအတွေ့ကြုံ 2 နှစ်ရှိသူဖြစ်ရမည်။

- IT နည်းပညာနှင့်ဆက်စက်ပစ္စည်းအရောင်းအတွေ့ကြုံရှိသူ ဦးစားပေးမည်။

- Customer Service/Selling Skill ကောင်းမြန်ရမည်။

-Computer, Internet/Email ကောင်းမွန်စွာ အသုံးပြုနိုင်စွမ်းရှိမည်။
- သွက်သွက်လတ်လတ်ရှိပြီး အလုပ်ကိုကြိုစားလုပ်ကိုင်လိုစိတ်ပြင်းပြသူဖြစ်ရမည်။

- လူမှုဆက်ဆံရေးပြေပျစ်ကောင်းမွန်ပြီး customer များအားရိုသေပြုငှာစွာဆက်ဆံတတ်သူဖြစ်ရမည်။

***လက်လီ Retail Showroom အလုပ်အကိုင်ဖြစ်တဲ့အတွက် Customers များကို ဝန်ဆောင်မှုပေးရသည့် အလုပ်ဖြစ်သည်။** ထို့ကြောင့်...
1. Customer များအပေါ် စိတ်ရှည်နိုင်သူ၊ complaint များကို ခေါင်းမရှောင်သူ ဖြစ်ရမည်။

2. အစိုးရမှ သတ်မှတ်ထားသည့် အလုပ်ချိန်ထက် ပိုမိုဆင်းရန် လိုအပ်သည်။ (ထို့အတွက် အချိန်ပိုကြေးများ ရှိသည်။)

စိတ်ဝင်စား၍ လျှောက်ထားလိုလျှင် (သေချာဖတ်ပေးပါရန်။) အောက်ပါအချက်အလက်များအတိုင်း၊ ဖော်ပြပါ Email သို့ လျှောက်ထားနိုင်သည်။

1. ဘာလို့ဒီအလုပ်ကိုလျှောက်ရတာလဲ။ ဘာကြောင့်မိမိကို ခန့်သင့်သလဲ။ ဘာအတွေ့အကြုံတွေရှိသလဲ။ ဘယ်အချိန်လောက် အလုပ် စ ဆင်းနိုင်သလဲ။ ဘာကြောင့် ဒီအလုပ်ကို စိတ်ဝင်စားရတာလဲ။ မိမိကို အလုပ်ခန့်ခြင်းဖြင့် လုပ်ငန်းမှာ ဘာတွေ အကျိုးရှိစေနိုင်သလဲ။ စတာတွေကို ဖြေပေးထားတဲ့ တစ်မျက်နှာစာ Cover Letter (မြန်မာစာ Unicode ဖြင့်သာ)

2. ပြည့်စုံစွာဖြည့်စွက်ထားတဲ့ Resume
3. Passport Photo
4. မျှော်မှန်းလစာ

လျှောက်လွှာပို့ရန် Email - [email protected] သို့ပို့ရန်။ Subject တွင် “Sales And Customer Service” ဟု ဖြည့်ပေးရန်။
လျှောက်လွှာကို (27.8.2020) နောက်ဆုံး ထားလျှောက်ပေးပါရန်

မှတ်ချက် ** အချက်အလက် ပြည့်စုံစွာ မထည့်သွင်းထားသော CV များကို လက်ခံစဉ်းစားမည် မဟုတ်ပါ။

10/08/2020

ဝန်ထမ်းရေးရာစီမံခြင်းများ၊ ရုံးပိုင်းဆိုင်ရာ စီမံခြင်းများ ဆောင်ရွက်နိုင်သူဖြစ်ရမည်။
သက်ဆိုင်ရာ အစိုးရ ရုံးဌာနများကို လိုအပ်သလို သွားရောက်နိုင်ရမည်။
SME Company ဖြစ်သည့်အတွက် HR နှင့် Admin ပေါင်းထားခြင်းဖြစ်သည်။
HR Career ကိုပိုမိုစိတ်ဝင်စားသူ ဦးစားပေးလိုသည်။

စိတ်ပါဝင်စားပါက အောက်ပါဖုန်းသို့သာ ဆက်သွယ်ပါ။ မဆက်သွယ်ခင် ဒါလေးတွေ ဖတ်ပေးပါ။

*** မှတ်ချက် ***
- မိတ်ဆွေအချင်းချင်း ညွှန်ပေးတာကို ကျေးဇူးတင်ပါတယ်။ ဖုန်းနံပါတ်ပဲ ပေးတာမျိုး၊ mention ခေါ်တာမျိုးဆိုရင်လည်း Job ထဲက စာ ကို သေချာဖတ်ဖို့ ထိ ပြောပေးပါ။ မလုပ်နိုင်လောက်ဘူးထင်တယ်ဆိုရင် မဆက်သွယ်ခိုင်းပါနဲ့။ ဆက်တဲ့သူလည်း အချိန်ကုန်၊ ကျွန်တော်တို့လည်း အချိန်ကုန်ပါတယ်။
- အစိုးရ ရုံးဖွင့်ရက်အတိုင်း ညနေ ၄နာရီမှ ၅နာရီ အတွင်းသာ ဖုန်းခေါ်ဆိုပေးပါရန်။
- အချိန်သတ်မှတ်ရတယ်ဆိုတာက အဲ့အချိန်မှ အားလို့ပါ။
- Start Up Company ဖြစ်တဲ့အတွက် ရုံးမှာ ဒီ Position အတွက် မိမိ တစ်ဦးသာ ရှိပါမယ်။ Department Head တို့၊ Department Manager တို့မရှိပါ။ Learning Curve အားကောင်းပြီး၊ commitment ကောင်းကောင်းနဲ့ အလုပ်လုပ်လိုသူ၊ HR career ကိုပဲ တစိုက်မတ်မတ် သွားမယ့်သူ ဖြစ်ရပါမယ်။ Admin work အနည်းငယ်တော့ ကူပေးရပါမယ်။ (ပွင့်ပွင့်လင်းလင်းပြောရရင် သင့်ကို သင်ပေးမယ့်သူ မရှိပါ။ မိမိကိုယ်ကို ယုံကြည်မှုမရှိတဲ့သူဆို အဆင်မပြေပါ။)
- မနိုင်တဲ့ ဝန်ကိုမခိုင်းပါ။ လုပ်နိုင်ရမှာကို ပြီးအောင်မလုပ်တာလည်း မကြိုက်ပါ။ တကယ်မနိုင်တော့ရင်လည်း man power ဖြည့်ဖို့လည်း ဝန်မလေးပါ။
- တကယ်စိတ်ဝင်စားမှ ဆက်သွယ်ပါ။

ဆက်သွယ်ရန် ဖုန်းက
09 798 851 695 ဖုန်းဆက်တော့မယ်ဆိုရင် မှတ်ချက်ကို သေချာပြန်ဖတ်ပါ။)

လက်ရှိ ကျွန်တော်တို့ company ကနေ ခေါ်ယူနေတဲ့ အလုပ်နေရာတွေ ဖြစ်ပါတယ်။ Agency မဟုတ်ပါဘူးနော်။ ကျွန်တော်တို့ company မှာ လု...
06/08/2020

လက်ရှိ ကျွန်တော်တို့ company ကနေ ခေါ်ယူနေတဲ့ အလုပ်နေရာတွေ ဖြစ်ပါတယ်။

Agency မဟုတ်ပါဘူးနော်။ ကျွန်တော်တို့ company မှာ လုပ်ရမှာပါ။ ရန်ကုန်မြို့တွင်း ခန့်ထားရန်ပါ။

1. Assistant Sales Manager (Distribution - Mobile & IT Accessories)(ကျား/မ - (၁)ဦး)
- မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်း ဖြန့်ချိရေးပိုင်းတွင် တာဝန်ယူရမည်။
- တက္ကသိုလ်(၁)ခုခု မှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
- ဖြန့်ချိရေး အရောင်းပိုင်းတွင် အတွေ့အကြုံ အနည်းဆုံး (၅)နှစ် ရှိရမည်။
- မြန်မာနိုင်ငံ အနှံ့ လိုအပ်သလို သွားလာ နိုင်ရမည်။
- ချမှတ်ထားသော အရောင်း Target များကို ပြည့်မှီအောင် Way Plan, Weekly Plan, Monthly Plan များ ပြန်လည် ချမှတ်ကာ လက်အောက်ရှိ Sales Team ကို ဦးဆောင်နိုင်ရမည်။
- အရောင်းသမားဖြစ်သည့်အတွက် customer relationship management အထူးကောင်းမွန်ရမည်။
*** လစာ - ၅၀၀,၀၀၀ - ၈၀၀,၀၀၀ ***

2. Sales Supervisor (Distribution - Mobile & IT Accessories)(ကျား/မ - (၁)ဦး)
- မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်း ဖြန့်ချိရေးပိုင်းတွင် တာဝန်ယူရမည်။
- တက္ကသိုလ်(၁)ခုခု မှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
- ဖြန့်ချိရေး အရောင်းပိုင်းတွင် အတွေ့အကြုံ အနည်းဆုံး (၃)နှစ် ရှိရမည်။
- မြန်မာနိုင်ငံ အနှံ့ လိုအပ်သလို သွားလာ နိုင်ရမည်။
- အထက်မှ ချမှတ်ထားသော အရောင်း Target များကို ပြည့်မှီအောင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မိမိလက်အောက်ရှိ Sales Team Members များအား လိုအပ်ချက်မရှိအောင် ကြီးကြပ်နိုင်ရမည်။
- အရောင်းသမားဖြစ်သည့်အတွက် customer relationship management အထူးကောင်းမွန်ရမည်။
*** လစာ - ၂၈၀,၀၀၀ - ၄၀၀,၀၀၀ ***

3. Assistant Sales Supervisor (Distribution - Mobile & IT Accessories)(ကျား/မ - (၁)ဦး)
- မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်း ဖြန့်ချိရေးပိုင်းတွင် တာဝန်ယူရမည်။
- တက္ကသိုလ်(၁)ခုခု မှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
- ဖြန့်ချိရေး အရောင်းပိုင်းတွင် အတွေ့အကြုံ အနည်းဆုံး (၃)နှစ် ရှိရမည်။
- မြန်မာနိုင်ငံ အနှံ့ လိုအပ်သလို သွားလာ နိုင်ရမည်။
- အထက်မှ ချမှတ်ထားသော အရောင်း Target များကို ပြည့်မှီအောင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မိမိလက်အောက်ရှိ Sales Team Members များအား Supervisor နှင့်အတူ လိုအပ်ချက်မရှိအောင် ကြီးကြပ်နိုင်ရမည်။
- အရောင်းသမားဖြစ်သည့်အတွက် customer relationship management အထူးကောင်းမွန်ရမည်။
*** လစာ - ၂၀၀,၀၀၀ - ၃၀၀,၀၀၀ ***

အမှတ်စဥ် (1)မှ(3) အထိ
- အလုပ်ချိန် Monday - Fri (Sat တစ်ပတ်ခြား) မနက် (၉)ခွဲ - ညနေ (၅)ခွဲ, Sun Off, အစိုးရရုံးပိတ်ရက်များ Off,
- Ferry စီစဥ်ထားရှိသည်။

- CV လာရောက်လျှောက်ထားရန် လိပ်စာ -
အမှတ် ၄၁, ပထမထပ်, လှည်းတန်းလမ်း (အလယ်ဘလောက်), လမ်းမတော်မြို့နယ်, ရန်ကုန်မြို့။
- CV လျှောက်လျှင်လိုအပ်သောအရာများ
1. ပြည့်စုံစွာ ရေးသားထားသော CV Letter
2. ၃လ အတွင်းရိုက်ကူးထားသော passport ဓာတ်ပုံ ကပ်ခဲ့ပါရန်
3. ဘာကြောင့် ဒီအလုပ်ကိုလျှောက်ရသလဲ။ သင့်ကို ခန့်ခြင်းဖြင့် ကျွန်တော်တို့ company အပေါ် ဘာတွေအကျိုးပြုနိုင်သလဲ။ ရေးသားထားသော Cover Letter

🎉🎉 HAPPY BIRTHDAY !! Ma Su Zin Phyo ❤️🤗 မွေးနေ့မှစပြီး နှစ်တစ်ရာတိုင် သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်များကို ပိုင်ဆို...
16/03/2020

🎉🎉 HAPPY BIRTHDAY !! Ma Su Zin Phyo ❤️

🤗 မွေးနေ့မှစပြီး နှစ်တစ်ရာတိုင် သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်များကို ပိုင်ဆိုင်နိုင်ပါစေလို့ Asia Star Technology Co., Ltd မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်...☺️☺️

🎉🎉 HAPPY BIRTHDAY !! Ko Kyaw Aung Khant ❤️🤗 မွေးနေ့မှစပြီး နှစ်တစ်ရာတိုင် သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်များကို ပိုင...
10/02/2020

🎉🎉 HAPPY BIRTHDAY !! Ko Kyaw Aung Khant ❤️

🤗 မွေးနေ့မှစပြီး နှစ်တစ်ရာတိုင် သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်များကို ပိုင်ဆိုင်နိုင်ပါစေလို့ Asia Star Technology Co., Ltd မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်...☺️☺️

Address

Yangon

Opening Hours

Monday 09:30 - 17:30
Tuesday 09:30 - 17:30
Wednesday 09:30 - 17:30
Thursday 09:30 - 17:30
Friday 09:30 - 17:30

Telephone

959448888748

Alerts

Be the first to know and let us send you an email when Asia Star Technology - AST Co., Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category