Htet Aung Computer Sale / Services and Network solution

Htet Aung Computer Sale / Services and Network solution Computer technology service and support

08/09/2019

unicode:
လက်ရှိ မြန်မာယူနီကုဒ် နဲ့ ဇော်ဂျီ ဖောင့် နှစ်ခုကြားမှာ ဘာလုပ်ရမှန်းမသိဖြစ်နေကြသူတွေများပါတယ်။ ကျွန်တော်ကိုတိုင်လဲ facebook မှာဖတ်လို့မရတဲ့အချက်တွေအတွက် ဇ‌ဝေဇဝါ ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် MUA အဖွဲ့သားတွေက အားလုံးအတွက်အဆင်ပြေအောင် web converter တွေပါစီစဉ်ထားတဲ့အတွက် အားလုံးအတွက် အဆင်ပြေပြေ အသုံးပြုနိုင်ဖို့ အကောင်းဆုံးအခြေအနေတစ်ခုဖြစ်သွားပါပြီ။ ဇော်ဂျီနဲ့ပဲ ရေးရေး ယူနီကုဒ်နဲ့ပဲရေးရေး အဆင်ပြေပြေ ဖတ်လို့ရမယ်ဆိုရင်တော့ ပြောင်းလဲသုံးသင့်ပြီထင်ပါတယ်။ အားလုံးအဆင်ပြေဖို့အတွက် download link တွေလဲတစ်ပါထဲပေးထားပါတယ်။
unicode font and Keymegic keyboard installer- https://my.pcloud.com/publink/show…

Firefox အသုံးပြုသူတွေအတွက် Zawgyi ရော unicode ပါ မြင်ရမယ့် converter add on ပါ
https://addons.mozilla.org/…/add…/mua-web-unicode-converter/

chrome အသုံးပြုသူများအတွက် converter extension ပါ
https://chrome.google.com/…/jnmdbgnckbbmblkbammnfagdmikchhnp

credit: https://www.mmunicode.org

Zawgyi:
လက်ရှိ မြန်မာယူနီကုဒ် နဲ့ ဇော်ဂျီဖောင့် နှစ်ခုကြားမှာ ဘာလုပ်ရမှန်းမသိဖြစ်နေကြသူတွေများပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ facebook မှာဖတ်လို့မရတဲ့အချက်တွေအတွက် ဇဝေဇဝါ ဖြစ်နေခဲ့ပါတယ်။
ဒါပေမယ့် MUA အဖွဲ့သားတွေက အားလုံးအတွက် အဆင်ပြေအောင် web converter တွေပါစီစဉ်ပေးထားတဲ့အတွက် အားလုံးအတွက် အဆင်ပြေပြေ အသုံးပြုနိုင်ဖို့ အကောင်းဆုံးအခြေအနေတစ်ခုဖြစ်သွားပါပြီ။
ဇော်ဂျီနဲ့ပဲရေးရေး ယူနီကုဒ်နဲ့ပဲရေးရေး အဆင်ပြေပြေ ဖတ်လို့ရမယ်ဆိုရင်တော့ ပြောင်းလဲသုံးသင့်ပြီထင်ပါတယ်။ အားလုံးအဆင်ပြေဖို့အတွက် download link တွေလဲတစ်ပါထဲပေးထားပါတယ်
unicode font and Keymegic keyboard installer-
https://my.pcloud.com/publink/show…

Firefox အသုံးပြုသူတွေအတွက် Zawgyi ရော unicode ပါ မြင်ရမယ့် converter add on ပါ
https://addons.mozilla.org/…/add…/mua-web-unicode-converter/

chrome အသုံးပြုသူများအတွက် converter extension ပါ
https://chrome.google.com/…/jnmdbgnckbbmblkbammnfagdmikchhnp

credit: https://www.mmunicode.org

With pCloud's unique Download Link feature you can share files with everyone. Click to download. Join pCloud.com and get up to 20GB FREE cloud storage.

ဒီတစ်ခေါက်မှာတော့ ရုံးတွေ၊ ကျောင်းတွေမှာ Microsoft Office Excel ဖိုင်တွေ ဖွင့်ရင် ဖြစ်တတ်တဲ့ "problem sending the comman...
11/05/2017

ဒီတစ်ခေါက်မှာတော့ ရုံးတွေ၊ ကျောင်းတွေမှာ Microsoft Office Excel ဖိုင်တွေ ဖွင့်ရင် ဖြစ်တတ်တဲ့ "problem sending the command to program" ဆိုတဲ့ ပြဿနာလေးကို ဖြေရှင်တဲ့နည်းလေးကို ပြောပြပေးသွားမှာပါ။

Excel file တွေကို double click လုပ်ပြီး ဖွင့်တိုင်း ပုံမှန် software ပေါ်မလာပဲ error box အောက်မှာပြထားတဲ့ ပုံလို ပေါ်လာပြီဆိုရင်တော့...

Office 2007

ပထမဦးဆုံး excel software ကို အရင်ဖွင့်ပါ ----

ဘယ်ဘက်ခြမ်း အပေါ်ထောင့်က menu ကို နှိပ်ပါ ---

ပေါ်လာတဲ့ box မှာ "Excel Options" ဆိုတာကိုနှိပ်ပါ။

Options screen ပေါ်လာရင် Advanced ကိုနှိပ်ပါ။

ပေါ်လာတဲ့ စာတွေထဲက " Ignore other application that use Dynamic Data Exchange (DDE) " ဆိုတဲ့ စာကြောင်းရှေ့မှာ အမှန်ခြစ်ပေးလိုက်ပါ။

Ok နှိပ်ပြီး ဖွင့်မရတဲ့ file တွေကို ပြန်ဖွင့်ကြည့်လိုက်ပါ။

အားလုံးပဲ အဆင်ပြေနိုင်ကြပါစေ

မိတ်ဆွေတို့ .net framework ကို install လုပ်ချိန်မှာ ဒီလို အခက်အခဲများကြုံဖူးကြပါသလား။အခုကျွန်တော် ဒီ error ကိုဖြေရှင်းနည...
24/05/2016

မိတ်ဆွေတို့ .net framework ကို install လုပ်ချိန်မှာ ဒီလို အခက်အခဲများကြုံဖူးကြပါသလား။

အခုကျွန်တော် ဒီ error ကိုဖြေရှင်းနည်းလေးကို ပြောပြပေးပါ့မယ်။

ပထမဦးဆုံး command prompt မှာ net stop wuauserv လို့ရိုက်ပါ။
Start menu က run မှာ %windir% လို့ရိုက်ပါ။
ပေါ်လာတဲ့ explorer မှာ SoftwareDistribution ဆိုတဲ့ folder ကို SDold လို့နာမည်ပြောင်းပေးလိုက်ပါ။
ပြီးရင် command prompt မှာပဲ net start wuauserv လို့ရိုက်ပါ။
စက်ကို restart လုပ်ပြီး .net framework ကို ပြိ install လုပ်ရင် အဆင်ပြေသွားပါလိမ့်မယ်။

အားလုံးပဲ အဆင်ပြေကြပါစေ

သင်တို့ ရုံးတွေ ကျောင်းတွေ ကွန်ပျူတာ network  ရှိတဲ့နေရာတွေမှာ printer ကို network မှာ တစ်ဖက်က လှမ်းယူသုံးလို့ရအောင် sha...
05/09/2015

သင်တို့ ရုံးတွေ ကျောင်းတွေ ကွန်ပျူတာ network ရှိတဲ့နေရာတွေမှာ printer ကို network မှာ တစ်ဖက်က လှမ်းယူသုံးလို့ရအောင် share လုပ်တဲ့အခါ အောက်ကပုံလို ပြဿနာမျိုး (error 0x000006d9) ဆိုတာမျိုးလေး ပေါ်ဖူးပါသလား ????

ကျွန်တော် အဆိုပါ error ကိုဖြေရှင်းနည်းလေးကို ရှင်းပြပါ့မယ်။ သိပြီးသူတွေကတော့ ကျော်သွားနိုင်ပါတယ်

အမှန်ကတော့ ဒီပြဿနာဟာ windows firewall service တစ်ခုကြောင့်ဖြစ်တာပါ။ printer driver ကိုပြန်ဖျက်တင်လဲ အဆင်မပြေပါဘူး။ service ကိုပြန် run မှအဆင်ပြေမှာပါ။ အောက်ကအတိုင်းအဆင့်ဆင့် လုပ်ပြီး စမ်းကြည့်ကြပါ။

Step 1 - open control panel
Step 2 - view by: Large Icon
Step 3 - Administrative Tools
Step 4 - Services
Step 5 - Windows Firewall Properties
Step 6 - Startup type : Automatic
Step 7 - Press Start button
Step 8 - Apply / OK

ဒီအဆင့်တွေလုပ်ပြီးသွားရင် တစ်ခါ printer ကိုပြန် share ကြည့်လိုက်ပါ အဆင်ပြေသွားပါလိမ့်မယ်။

အားလုံးပဲအဆင်ပြေကြပါစေ
Htet Aung Computer services and network solution

Tower Of PTMP Network Access pointLong range internet connection sharing Network Length - 3.2 milesTower high - 57 ft
19/08/2015

Tower Of PTMP Network Access point

Long range internet connection sharing
Network Length - 3.2 miles
Tower high - 57 ft

U Tube က movies တွေကိုဖုန်းနဲ့ download လုပ်ချင်သူတွေအတွက် အဆင်ပြေမယ့် Android Software လေးပါ။ Download လုပ်ချင်တဲ့ File...
24/10/2012

U Tube က movies တွေကိုဖုန်းနဲ့ download လုပ်ချင်သူတွေအတွက် အဆင်ပြေမယ့် Android Software လေးပါ။ Download လုပ်ချင်တဲ့ File ကိုမိမိကြိုက်နှစ်သက်တဲ့ Resolution နဲ့ ဆွဲနိုင်ပါတယ်။ U Tube မှမဟုတ်ပါဘူး အခြားသော Movies တွေကိုလဲ search လုပ်ပြီး အလွယ်တကူ Download လုပ်နိုင်ပါတယ်။ Android Version 2.4 အထက်ဆိုရင် အဆင်ပြေပါတယ်။ စမ်းသုံးကြည့်ချင်ရင်တော့ အောက်က Link မှာ Down နိုင်ပါတယ်။

http://www.mediafire.com/?arz44c9o8iw47pg

ွှTube God.apk

13/10/2012

အခုတွေရမယ့် အကြောင်းကတော့ စက်တစ်လုံးနဲ့ တစ်လုံးချိတ်ဆက်ရင် အဓိကနေရာမှာရှိတဲ့ IP Address အကြောင်းကို ရှင်းပြပေးမှာဖြစ်ပါတယ်။ IP Address တွေဟာမည်သည့် computer အချင်းချင်း ချိတ်ဆက်တဲ့ အချိန်မဆို သူတို့မပါရင်မပြီးပါဘူး၊ နည်းနည်းနားလည်တဲ့သူဆိုရင် 192.168.1.1 ဆိုတာလောက်တော့ သိမယ် ထင်ပါတယ် ဒီ Address ကတော့ Network device အတော်များများမှာ ပါတတ်သလို၊ Network သမားအတော်များများလည်း ဒီ IP ကို အသုံးများကြပါတယ်။
IP လို့ပြောတာကတော့ အတိုကောက်ပါတယ် တကယ့်အမှန်ကတော့ Internet Protocol ပါ။ အခုပြောပြပေးမယ့် IP Version ကတော့ IP version 4 အကြောင်းပဲဖြစ်ပါတယ်။ ဒီ IP တွေဟာစက်နှစ် လုံး network ချိတ်ဆက်တာအပြင် Internet connection လုပ်တဲ့နေရာမှာလည်းသုံးပါတယ်၊ အခုနောက်ပိုင်း digital နည်းစနစ်သုံး ပစ္စည်း တစ်ချို့တောင်မှ IP ကိုသတ်မှတ်ပေးထားတာကိုတွေ့နေရပါပြီ၊ Camera၊ TV အစရှိသည်ဖြင့်ပေါ့။ ဒီတော့ IP အကြောင်းကတော့ သိထားဖို့လိုအပ်ပါတယ်။

IP Address မှာ ယေဘူယအားဖြင့် Class ၃မျိုးရှိပါတယ်။ Class A, Class B နဲ့ Class C ဆိုပြီး ခေါ်ကြပါတယ်။ သတ်မှတ်တဲ့ အဖွဲ့အစည်းကတော့ IETF (Internet Engineering Task Force) ပါ။ Class တစ်ခုစီဟာ ချိတ်ဆက်လို့ရတဲ့ network နဲ့ device အရေအတွက်ပေါ်မူတည်ပြီး ကွဲပြားသွာပါတယ်။ ကိန်းဂဏန်းအနေနဲ့ကတော့ 0 ကနေ 255 အတွင်းပဲ ပါပါတယ်။ အခု class တစ်ခုချင်းစီရဲ့ တူတဲ့ ဖွဲ့စည်းတည်ဆောက်ပုံအကြောင်းကို အရင် လေ့လာကြတာပေါ့။
Class A,B,C ကြိုက်တာဖြစ်ပါစေ ဖွဲ့စည်းတည်ဆောက်ပုံကတော့ အောက်ကအတိုင်း အတူတူပါပဲ။

x x x . x x x . x x x . x x x

ဂဏန်း ၃ လုံး တွဲ လေးခုပါပဲ၊ အတွဲတစ်ခုစီရဲ့ကြားမှာ “ . ” (Dot) တစ်ခုစီပါပါတယ်။ IP version 4 ဟာ 32 bit ဖြစ်တဲ့အတွက် ဂဏန်း ၃ လုံးတွဲ တစ်စုစီဟာ 8 bit စီရှိပါတယ်။ သဘောကတော့ Binary Number ၈လုံးပါတယ်ဆိုတဲ့ သဘောပေါ့။ Binary Number ဆိုတာကတော့ 0,1 နှစ်လုံးထဲသာရှိတဲ့ Number စနစ်ပါ။ လက်ရှိအပြင်မှာ ကျွန်တော်တို့ သုံးနေတဲ့ Number စနစ်ကတော့ အားလုံးသိကြတဲ့အတိုင်း Decimal ပါ။ နောက်ထပ် နှစ်မျိုးတော့ရှိပါသေးတယ် Octal Number နဲ့ Hexadecimal ဆိုတာတွေပါပဲ။ Octal Number ကတော့ 0 ကနေ 8 အထိရှိပါတယ်၊ Hexadecimal ကတော့ 0 ကနေ F အထိရှိပါတယ်။ အသေးစိတ်ကိုတော့ Computer mathematic ဆိုတဲ့အပိုင်းကိုလေ့လာရင်သိနိုင်ပါတယ်။ အခါအခွင့်သင့်ရင် တင်ပေးပါဦးမယ်။

ဒီတော့ ၃လုံးတွဲ ဂဏန်းတစ်စုစီက 8 bit ဆိုတော့ 0 0 0 0 0 0 0 0 ကနေ 1 1 1 1 1 1 1 1 အထိပါမှာပါ။ သဘောကတော့ 0 0 0 0 0 0 0 0 ဆိုတာ 0 ဖြစ်ပြီး၊ 1 1 1 1 1 1 1 1 ဆိုတာကတော့ 255 ဖြစ်ပါတယ်။ ဒါကြောင့် 8 bit ရဲ့ အနဲဆုံးဂဏန်းက 0 ဖြစ်ပြီး အများဆုံးဂဏန်းက 255 လို့ အလွယ်မှတ်ထားနိုင်ပါတယ်။

ကဲ Class တွေအကြောင်းမပြောခင် အရင်ဆုံး Net နဲ့ Node ဆိုတာကိုအရင်သိဖို့လိုအပ်ပါတယ်။ Net ဆိုတာကတော့ ချိတ်ဆက်နိုင်တဲ့ network အရေအတွက်ကိုဆိုလိုပြီး၊ Node ဆိုတာကတော့ ချိတ်ဆက်နိုင်တဲ့ Client Device အရေအတွက်ကိုဆိုလိုတာပါ။ ဒီတော့ class တစ်ခုစီမှာ net နဲ့ node နှစ်ခုစလုံးရှိရပါတယ်၊ လွယ်လွယ်ပြောရရင်တော့ ဒီထဲမှာ အရေးအပါဆုံးနဲ့ Class တွေကို အဆုံးအဖြစ်ပေးတာကတော့ Net ပါပဲ။ Net အရေအတွက်ပေါ်မူတည် ပြီး Class ကွဲသွားတာပါပဲ။

Class တွေအကြောင်းအသေးစိတ်ကို ဒီ Link မှာ Down နိုင်ပါတယ် အရမ်းများလို့ ဒီအတိုင်းမတင်နိုင်တာကို နားလည်ပေးနိုင်မယ်ထင်ပါတယ်

http://www.mediafire.com/?73i1dbh1idkw6hi

29/09/2012

Windows 7 မှာ ဖိုင်တွေကို Share ပေးလို့/ယူလို့မရဘူးဆိုရင် တော့ ဒီတစ်ခုကို သွားစစ်ဆေးကြည့်သင့်ပါတယ်။ control panel \ Network and Internet \ Network and Sharing Center \ Advanced Sharing Settings ထဲကိုဝင်လိုက်ရင် ပထမဦးဆုံး ပေါ်လာမှက သင်သုံးနေတဲ့ profile ။ သေချာချင်ရင်တော့ Public , Home and Work တစ်ခုခုဘေးမှာ (current profile) ဆိုတာပါတဲ့ profile ကိုဖွင့်ချလိုက်ပါ။ အဲ့ဒီထဲမှာမှ မိမိလုပ်ချင်တဲ့ setting ကိုပြင်လို့ရပါတယ်။ ဥပမာ network ထဲမှာ မိမိစက်ကို သူတစ်ပါးတွေမမြင်စေချင်ဘူးဆိုရင် network discovery ဆိုတဲ့ setting ထဲမှာ Turn off ဆိုတာကို check box on လိုက်တာနဲ့ အဆင်ပြေမှာပါ။ အဓိကကတော့ ဒုတိယ setting ပါပဲ File and printer sharing ဆိုတာပါပဲ windows တင်ပြီးကာစမှာ အများစုက turn off ဖြစ်နေတတ်ပါတယ်၊ အဲ့ဒီလိုဆိုရင် File တွေကို computer တစ်လုံးနဲ့တစ်လုံး share လုပ်လို့မရပါဘူး။ Turn on လုပ်ပေးရပါမယ်။ နောက်တစ်ခုအရေးကြီးတာကတော့ password protected sharing ဆိုတဲ့ setting ပါပဲ။ အပေါ်မှာပြောခဲ့တဲ့ setting ကို ဘယ်လောက်ပဲပြင်ထားပြင်ထား အခု setting ကို မပြင်ပဲနဲ့တော့ ဘယ်သူ share လုပ်ထားတဲ့ File ကိုမှ ဖွင့်မရပါဘူး password ကိုပဲတောင်နေမှာပါ။ ဒါကြောင့် ဒီ setting မှာ Turn off လုပ်မှ network ထဲက Share File တွေကို ကိုယ်ကယူလို့ရမှာပါ။ အားလုံးထဲမှာတော့ ဒီ setting တွေလောက်ပဲ ပြင်စရာလိုပါတယ် တစ်ခြားမလိုအပ်တာတွေကိုတော့ မပြင်တာအကောင်းဆုံးပါ။
ဒါတွေကိုပြင်ပြီးရင်တော့ network ထဲမှာ ပေါ်နေတဲ့ computer တွေက သင့် computer ထဲက Share လုပ်ထားတဲ့ File တွေကို ယူသုံးလို့ရသွားမှာပါ။ အားလုံးပဲအဆင်ပြေ မယ်ထင်ပါတယ်။

29/09/2012

File Share လုပ်ခြင်း
Windows 7 မှာ မိမိ computer က File တွေကို network ထဲက အခြား computer တွေ သုံးလို့ရအောင် share လုပ်ချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းကအဆင်ပြေပါတယ်။ windows တွေမှာတော့ share လုပ်တဲ့ function ကပါခဲ့တာကတော့ ကြာပါပြီ။ windows 95 လောက်မှာကိုတင် သုံးလို့ရနေတဲ့ function တစ်ခုပါ။ ဒါပေမယ့် windows 7 မှာတော့ နဲနဲပုံစံပြောင်းသွားတဲ့အတွက် နဲနဲ ရှတ်သွားပါတယ်။ ပထမဦးဆုံးတော့ Share လုပ်ချင်တဲ့ File (or) Folder ကို select လုပ်ပါ ထို့နောက် Right Click / Properties ကိုနှိပ်ပါ။ Properties windows ထဲက sharing ဆိုတဲ့ tab ကိုနှိပ်ပါ။ အဲ့ဒီထဲမှာမှ share ဆိုတာကို နှိပ်လိုက်ရင် Share လုပ်ချင်တဲ့ လူကို ရွေးရပါတယ်။ တစ်ဦးချင်းစီကို ရွေးပြီး share လုပ်နိုင်ပေမယ့် အခုတော့ Everyone အားလုံးကိုပဲ share လုပ်ပေးပါ့မယ်။ Everyone ကို ရွေးပြီးရင်တော့ Add ဆိုတာကိုနှိပ်လိုက်ပါ။ အောက်က ဇယားထဲကို ၀င်သွားပါလိမ်မယ်။ ၀င်သွားရင် permission Level ကို လည်းပြင်ပေးနိုင်ပတယ်။ ဖတ်ရုံလား၊ ပြင်ပါပြင်ခွင့်ပေးမှာလား ဆိုတာကိုလည်း ပြင်လို့ရပါတယ်။ တစ်ခုခုရွေးလိုက်ပြီး Share ဆိုတာကို နှိပ်လိုက်ရုံနဲ့ တစ်ဖက်က network ထဲက computer တွေ ယူသုံးလို့ရပါပြီ။
တစ်ခြား Computer ကယူတဲ့နည်းကတော့ Network ထဲက တစ်ဖက်က computer name ကို နှိပ်လိုက်ရုံပါပဲ။ computer name ကို သိချင်တယ်ဆိုရင်တော့ တစ်ဖက် computer မှာ Windows Key + Pause Break ကိုတွဲနှိပ်လိုက်ပါ။ ဒါမှမဟုတ် my computer ကို right click / Properties နှိပ်လိုက်ရင်လည်း ရပါတယ်။ အဲ့ဒီထဲမှာ Computer name ကို သိနိုင်ပါတယ်။ အားလုံး အဆင်ပြေနိုင်မယ်ထင်ပါတယ်။ အဆင်မပြေရင်လည်း မေးနိုင်ပါတယ်။

Windows 7 သုံးနေသူတွေအတွက် Windows 7 Loader version အသစ်ပါ အသုံးလိုသူများအတွက် အဆင်ပြေအောင် တင်ပေးလိုက်ပါတယ် အားလုံးကတော...
05/09/2012

Windows 7 သုံးနေသူတွေအတွက် Windows 7 Loader version အသစ်ပါ အသုံးလိုသူများအတွက် အဆင်ပြေအောင် တင်ပေးလိုက်ပါတယ် အားလုံးကတော့ အရင် version နဲ့ အတူတူပါပဲ သုံးရတာလဲအဆင်ပြေပါတယ်။ version က 2.0.9 ပါ။ အောက်က link မှာ download လုပ်နိုင်ပါတယ်။

http://www.mediafire.com/?dd1wy2rylyj8z33

Windows 7 Loader 2.0.9.rar

Address

No/744, Lower Mingalardon Road, Insein Township
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Telephone

+9595130108

Website

Alerts

Be the first to know and let us send you an email when Htet Aung Computer Sale / Services and Network solution posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Htet Aung Computer Sale / Services and Network solution:

Share