30/03/2025
ဒီရက်ပိုင်း ဆိုင်ပိတ်ထားတော့ ဖုန်းဝယ်ဖို့
တကူးတက ဖုန်းဆက်မေးကြတာ ကျေးဇူးတင်ပါတယ်
ပြန်ဖြေတာ လိုအပ်ချက်ရှိခဲ့ရင်လဲ တောင်းပန်ပါတယ်ဗျာ
စျေးရောင်းစျေးဝယ် ဘယ်လိုမှ စိတ်မပါလို့ပါ
မိသားစုရော ဆွေမျိုးရော မရှိသလောက်နည်းလို့
အကုန်ဘေးကင်းပါတယ်
ပိုက်ဆံပေါလို့ ဆိုင်ပိတ်တာမဟုတ်ပါဘူး
ဒီဆိုင်နဲ့ပဲ စားဝတ်နေရေး ဖြေရှင်းနေရတာပါ
စိတ်အဆင်မပြေလို့ပါ အဲ့တာကြောင့်
ရန်ကုန်ဆိုင် အကန့်အသက်မရှိ ပိတ်ထားပါတယ်
ပြန်ဖွင့်ရင် page မှာ ပြန်တင်ပေးပါမယ်နော်
အားလုံးပဲ ဘေးကင်းကြပါစေ
နီးစပ်ရာမှာ တတ်နိုင်တာလေး ကူညီကြပါနော်
အားလုံးပဲ ပြန်တွေ့ကြမယ်ဗျာ