27/05/2023
သံစဉ်တွေရဲ့အနား...
AirPods Pro Second Generation Second Copy
Price - 25000 MMK
(ဈေးနှုန်း - ၂၅၀၀၀ ကျပ်)
Colour - White
(အရောင် - အဖြူရောင်)
Android ရော iOS နဲ့ပါ အဆင်ပြေပြေ အသုံးပြုနိုင်ပါတယ်။
နားကြပ်နှစ်ဖက်လုံး တပ်ရတာ လွယ်ကူပြီး နားကြပ်ဘူးရဲ့ဘေးမှာ လည်ဆွဲကြိုးချိတ်ပြီး အသုံးပြုနိုင်ရန် အပေါက်နှစ်ပေါက်ပါပါတယ်။
Surrounded Sound System ဖြစ်တဲ့ Spatial Audio ကို Android Device တွေမှာ နားကြပ်က Auto Adjust ပြုလုပ်ပေးပြီး iOS Device တွေမှာ နားကြပ် Setting မှ တစ်ဆင့် အပြောင်းအလဲ ပြုလုပ်နိုင်ပါတယ်။
Android Device တွေမှာ Bluetooth Setting မှတစ်ဆင့် AirPods Pro ဆိုတာလေးရှာပြီး ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ iOS Device တွေမှာ Bluetooth Setting မှတစ်ဆင့် Connect ပြုလုပ်ပြီး အသုံးပြုနိုင်သလို Pop Up နဲ့လည်း Connect ပြုလုပ်ပြီး အသုံးပြုနိုင်ပါတယ်။
Android Device တွေမှာ Name ချိန်းဖို့ဆိုရင် Rename ကိုရွေးပြီး Name Change နိုင်ပါတယ်။ iOS Device တွေမှာ information ကို နှိပ်ပြီး Name Change နိုင်ပါတယ်။
Bluetooth Range အနေနဲ့ ၁၀ မီတာ (ပေ၃၀ပတ်လည်) ထိရပြီး အသံပြတ်တောက်မူမရှိဘဲ နားထောင်နိုင်ပါတယ်။
Live Listen (ဖုန်းအနီးနားမှအသံများကို နားကြပ်မှတစ်ဆင့်နားထောင်နိုင်ခြင်း) နဲ့ Background Music(အပြင်သံများကို Music သံများဖြင့်ဖျောက်ခြင်း) တို့ကို iOS Device တွေမှာ Mode ပြောင်းပြီး အသုံးပြုနိင်ပါတယ်
Sound System
ဖုန်းပြောချိန်မှာလည်း တစ်ဖက်အသံကြည်လင်ပြတ်သားမူရှိပြီး အသံတိုးတာမျိုးလည်း မရှိပါဘူး။
သီချင်းနားထောင်ချိန်မှာလည်း အသံအနှိမ့်အမြှင့်ညီညာမူရှိပြီး Bass သံနဲ့ Beat သံလည်း ကောင်းမွန်ပါတယ်။
Use Time
နားကြပ်နှစ်ဖက်ကို Maximum Volume နဲ့နားထောင်မယ်ဆိုရင် (၃) နာရီဝန်းကျင်ထိ နားထောင်နိုင်မှာဖြစ်ပါတယ်။Volume အလျှော့ပေါ်မူတည်၍နားထောင်ချိန် ကွာဟမူရှိပါတယ်။ နားကြပ်နှစ်ဖက်ကို ဗူးထဲထည့်ပြီး အနှိမ့်ဆုံး (၂) ကြိမ်ပြန်လည်အားသွင်းအသုံးပြုနိုင်ပါတယ်။
Charging Type
နားကြပ်ဗူးထဲမှာ USB to Lightning Cable ပါဝင်ပြီး အားသွင်းချိန်အနေနဲ့ (၂) နာရီဝန်းကျင်သာ အားသွင်းအသုံးပြုသင့်ပါတယ်။
နားကြပ်ဗူးရဲ့ Battery မထိခိုက်ဖို့ဆိုရင် နားကြပ်ဗူးထဲမှာ ပါတဲ့ အားသွင်းကြိုးနဲ့သာ အားသွင်းအသုံးပြုသင့်ပါတယ်။
နားကြပ်အသုံးပြုပုံနဲ့ပါတ်သတ်ပြီး ရှင်းပြပေးပါမယ်။
၁- သီချင်းနားထောင်နေချိန် သီချင်းကို ခဏရပ်ချင်တယ်ဆိုရင် နားကြပ်ရဲ့အောက်ခြေနားက Touch Sensor ကို (၁) ချက်နှိပ်ပြီး သီချင်းကို ခဏရပ်နိုင်ပါတယ်။
၂- သီချင်းရပ်ထားတာကို ပြန်ဖွင့်ချင်တယ်ဆိုရင် နားကြပ်ရဲ့အောက်ခြေနားက Touch Sensor ကို (၁) ချက်နှိပ်ပြီး ပြန်ဖွင့်နိုင်ပါတယ်။
၃- ဖုန်းအဝင်ကို ဖြေဖို့ဆိုရင် နားကြပ်ရဲ့ အောက်ခြေနားက Touch Sensor ကို (၁) ချက်နှိပ်ပြီး ဖုန်းဖြေနိုင်ပါတယ်။
၄- ဖုန်ဖြေပြီးလို့ ဖုန်းချချင်တယ်ဆိုရက် နားကြပ်ရဲ့ အောက်ခြေနားက Touch Sensor ကို (၁) ချက်နှိပ်ပြီး ဖုန်းချနိုင်ပါတယ်။
၅- ဖုန်းအဝင်ကို ဖျက်ချချင်တယ်ဆိုရင် နားကြပ်ရဲ့ အောက်ခြေနားက Touch Sensor ကို (၂) စက္ကန့်ဖိပြီး ဖုန်းအဝင်ကိုဖျက်ချနိုင်ပါတယ်။
၆- သီချင်းနောက်တစ်ပုဒ်ကျော်တာကို ညာဘက်နားကြပ်ရဲ့ အောက်ခြေနားက Touch Sensor ကို (၂) ချက်နှိပ်ပြီး သီချင်းနောက်တစ်ပုဒ်ကို ကျော်နိုင်ပါတယ်။
၇- သီချင်းရှေ့တစ်ပုဒ်ကို ပြန်ရစ်ဖို့ဆိုရင် ဘယ်ဘက်နားကြပ်ရဲ့ အောက်ခြေနားက Touch Sensor ကို (၂) ချက်နှ်ိပ်ပြီး သီချင်းရှေ့တစ်ပုဒ်ကို ပြန်ရစ်နိုင်ပါတယ်။
၈- သီချင်းသံချဲ့တာကို ဘယ်ဘက်နားကြပ်ရဲ့အောက်ခြေနားက Touch Sensor ကို (၃) ချက်နှိပ်ပြီး သီချင်းသံချဲ့နိုင်ပါတယ်။
၉- သီချင်းသံလျှော့တာကို ညာဘက်နားကြပ်ရဲ့အောက်ခြေနားက Touch Sensor ကို (၃) ချက်နှိပ်ပြီး သီချင်သံလျှော့နိုင်ပါတယ်။
၁၀- Voice Assistant ကို နားကြပ်ရဲ့အောက်ခြေနားက Touch Sensor ကို (၃) စက္ကန့်ဖိပြီး ဖွင့်နိုင်သလို Hey "Google, Siri" စသဖြင့် Voice Command နဲ့လည်းဖွင့်နိုင်ပါတယ်။
၁၂- Power On/Off ကို နားကြပ်တစ်ဖက်စီရဲ့အောက်ခြေနားက Touch Sensor ကို (၅) စက္ကန့်ဖိပြီး ပိတ်/ဖွင့် ပြုလုပ်နိုင်ပါတယ်။
09684437015/09968792034 (Viber)
မြို့တွင်း/နယ်ဝေး ပို့ပေးပါသည်