SHWE SHIN COMPANY LIMITED

SHWE SHIN COMPANY LIMITED EMPOWERING BETTER SOLUTIONS

02/05/2026
⛔️ အသိပေးချက် ⛔️ကျွန်တော်များ ရွှေရှင်ကုမ္ပဏီလီမိတက်အမည်အား အလွဲသုံးစားပြုလုပ်ကာ ငွေကြေးလိမ်လည်ခြင်းများပြုလုပ်လျက်ရှိသေ...
29/11/2024

⛔️ အသိပေးချက် ⛔️

ကျွန်တော်များ ရွှေရှင်ကုမ္ပဏီလီမိတက်အမည်အား အလွဲသုံးစားပြုလုပ်ကာ ငွေကြေးလိမ်လည်ခြင်းများပြုလုပ်လျက်ရှိသောကြောင့် အများသူငှာသတိထားမိစေရန် အသိပေးအပ်ပါသည်။

ကျွန်တော်များ ရွှေရှင်ကုမ္ပဏီလီမိတက်သည် ယခုအချိန်တွင်ဝန်ထမ်းခေါ်ယူခြင်းများမရှိသေးသလို ရှယ်ယာရှင်အနေဖြင့်လည်းရှယ်ယာများလွှဲပြောင်းခြင်း၊ ရောင်းချခြင်းနှင့် အခြားသောငွေကြေးနှင့်ဆက်စပ်သည့်လုပ်ငန်းစဉ်များအားလွှဲပြောင်းခြင်း၊ ရယူလက်ခံခြင်းမရှိပါ။

လက်ရှိအချိန်တွင် ကုမ္ပဏီမှဝဘ်ဆိုက်ရေးသားခြင်းဝန်ဆောင်မှုသာ ဝန်ဆောင်မှုပေးလျက်ရှိသောကြောင့် အခြားသောပြင်ပမှ ကုမ္ပဏီအမည်အားအလွဲသုံးစားပြုလုပ်လျက် ငွေကြေးလိမ်လည်ခြင်းများအပေါ်တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။

ကုမ္ပဏီအမည်အားအလွဲသုံးစားပြုလုပ်ခြင်း၊ ကုမ္ပဏီမှ ရှယ်ယာရှင် (သို့မဟုတ်) ဝန်ထမ်းကဲ့သို့ဟန်ဆောင်ခြင်း၊ ကုမ္ပဏီပုံရိပ်အားကျဆင်းအောင်လုပ်ဆောင်ခြင်းကဲ့သို့သောကိစ္စရပ်များကို တရားဥပဒေအရအရေးယူသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

ရွှေရှင်ကုမ္ပဏီလီမိတက်

AlgoRun : Coding Gameမိဘများ သားသားမီးမီးတို့ကို ဂိမ်းပေးဆော့တဲ့အခါ သားသားမီးမီးတို့ရဲ့တွေးခေါ်ရည်ကိုတိုးတက်စေမယ့် ပေးဆေ...
20/08/2024

AlgoRun : Coding Game
မိဘများ သားသားမီးမီးတို့ကို ဂိမ်းပေးဆော့တဲ့အခါ သားသားမီးမီးတို့ရဲ့တွေးခေါ်ရည်ကိုတိုးတက်စေမယ့် ပေးဆော့သင့်တဲ့ဂိမ်းအမျိုးအစားထဲက တစ်ခုဖြစ်တဲ့ AlgoRun : Coding game လေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ ဒီဂိမ်းလေးဟာဆိုရင် သားသားမီးမီးတို့ရဲ့တွေးခေါ်နိုင်တဲ့ ဉာဏ်စွမ်းရည်ကိုတိုးတက်စေတဲ့အပြင် အခုလို IT ခေတ်ကြီးထဲမှာ Software တွေကိုတီထွင်ရေးသားကြတဲ့ programming language တွေမှာ တွေးခေါ်ရတဲ့ logical thinking တွေးခေါ်နည်းအဆင့်ဆင့်ကိုပါ အခြေခံတွေးခေါ်တတ်သွားစေမှာဖြစ်ပါတယ်။ မိမိတို့ကိုယ်တိုင်လည်းဆော့ကြည့်နိုင်သလို ဆော့ကြည့်ဖို့လည်းတိုက်တွန်းပါတယ်။ ဒီဂိမ်းလေးကိုဆော့နည်းလေးကတော့ စက်ရုပ်(robot)လေးကိုပေးတဲ့လမ်းကြောင်းလေးကနေတစ်ဆင့် ပန်းတိုင်ကိုရောက်ဖို့ တစ်လှမ်းချင်းစီအတွက်လမ်းကြောင်းပေးပေးရမှာပဲဖြစ်ပါတယ်။ အဲ့လိုမျိုးခြေလှမ်းတွေကိုစီပေးပြီးတာနဲ့ စက်ရုပ်(robot)လေးကို သွားခိုင်းလိုက်ရမှာပဲဖြစ်ပါတယ်။ စက်ရုပ်လေးက ကိုယ်ချပေးတဲ့လမ်းညွှန်ချက်အတိုင်းသွားမှာဖြစ်ပြီးတော့ ပန်းတိုင်ရောက်သွားတယ်ဆိုရင် level ကိုတစ်ဆင့်တက်သွားမှာပဲဖြစ်ပါတယ်။ Programming Logic ကိုအသားပေးထားတဲ့ဂိမ်းဖြစ်တာကြောင့် Function ဆိုတာမျိုးလည်းပါဝင်ထားပါတယ်။ ဂိမ်းလေးကို Android မှာကော iOS မှာပါထည့်သွင်းပြီးဆော့လို့ရတာကြောင့် ထွေထွေထူးထူးပြောမနေတော့ပါဘူးဗျာ။ အောက်ကသက်ဆိုင်ရာလင့်ခ်လေးတွေကနေ install လုပ်ပြီး သားသားမီးမီးတို့အတွက် game လေးသွင်းပေးထားလိုက်ပါဦးနော်။ နောက်ပိုင်းတွေလည်း အခုလိုမျိုးအင်တာနက်သုံးရင်း အကျိုးရှိတာမျိုးတွေဖတ်ဖြစ်အောင် Page ကိုလည်း follow လုပ်ထားလိုက်ပါဦးနော်။

Android: https://play.google.com/store/apps/details?id=com.bitcrumbs.AlgoRunFree&hl=en
iOS: https://apps.apple.com/us/app/algorun-learn-to-code/id1517210466

ရွှေရှင်ကုမ္ပဏီလီမိတက်မှ ဝဘ်ဆိုက်ဆားဗစ်များကို ဈေးနှုန်းချိုသာစွာဖြင့်ဆောင်ရွက်ပေးနေပါပြီ။

Microsoft Windows ကိုအသုံးပြုထားသောကွန်ပျူတာများ Crowdstrike ကြောင့် တစ်ကမ္ဘာလုံး IT Outage (နည်းပညာချို့ယွင်းမှု) ဖြစ်ပ...
19/07/2024

Microsoft Windows ကိုအသုံးပြုထားသောကွန်ပျူတာများ Crowdstrike ကြောင့် တစ်ကမ္ဘာလုံး IT Outage (နည်းပညာချို့ယွင်းမှု) ဖြစ်ပွား
+++++++++++++++++++++++++++++++++++++++
ယခုဖြစ်ပွားလျက်ရှိသော IT Error ကြောင့် Windows Computer များကိုဖွင့်လိုက်လျှင် Blue Screen of Death (BSOD) အပြာရောင်ဖြင့်ပြထားသော Error Message သာပြနေပြီးမည်သည့်လုပ်ငန်းစဉ်မှဆက်လက်လုပ်ဆောင်၍ရနိုင်မည်မဟုတ်ပါ။ ယခုကဲ့သို့ဖြစ်ပေါ်သောနည်းပညာချို့ယွင်းချက်သည် နည်းပညာလုံးခြုံရေး (Crowdstrike) ကြောင့်ဟု Microsoft ဘက်မှပြောကြားထားပါသည်။ ကွန်ပျူတာအလုံးရေသန်းပေါင်းများစွာအထိ ရိုက်ခတ်နိုင်မည်ဟုယူဆရပြီး အမေရိကန်၊ ဂျာမနီ၊ ဂျပန်၊ ဗြိတိန်၊ သြစတေးလျ၊ နယူးဇီလန်နိုင်ငံများနှင့် ကမ္ဘာတဝန်းလုံးသက်ရောက်လျက်ရှိပြီး လေကြောင်းများ၊ ဘဏ်လုပ်ငန်းများ၊ ရုပ်သံလွှင့်လုပ်ငန်းများပါရပ်ဆိုင်းထားရပါသည်။

မိမိတို့အသုံးပြုလျက်ရှိသော Windows ကွန်ပျူတာများတွင် auto-update ဖွင့်ထားမိပါက ယခုလို Error တက်နေနိုင်မည်ဖြစ်ပါသည်။ ထိုကဲ့သို့ဖြစ်ပေါ်ပါက အောက်ဖော်ပြပါအတိုင်းလုပ်ဆောင်ကာ ပြန်လည်သုံးစွဲနိုင်မည်ဖြစ်ပါသည်။
၁။ Windows အား Safe Mode သို့မဟုတ် Windows Recovery Environment ဖြင့်ဖွင့်ပါ။
၂။ File Explorer မှ C:\Windows\System32\drivers\CrowdStrike ဆီသို့သွားပါ။
၃။ “C-00000291*.sys” အမည်ဖြင့်ရှိသောဖိုင်များကို delete လုပ်ပါ။
၄။ Windows ကို restart ပြန်လုပ်ကာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

မြန်မာ့နှစ်သစ်ကူးအခါသမယမှာ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ချမ်းသာခြင်းနှင့် လိုရာဆန္ဒများတစ်လုံးတစ်ဝပြည့်စုံပါစေကြောင်း ရွှေရှင...
17/04/2024

မြန်မာ့နှစ်သစ်ကူးအခါသမယမှာ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ချမ်းသာခြင်းနှင့် လိုရာဆန္ဒများတစ်လုံးတစ်ဝပြည့်စုံပါစေကြောင်း ရွှေရှင်မိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင်🙏🏼🩵

🎉🎉❤️

.mm

Shwe Shin is a software development company which is based in Yangon, Myanmar, providing software services, web development and software development.

13/04/2024

မြန်မာ့နှစ်သစ်ကူး အခါသမယမှာ စိတ်နှလုံးရွှင်လန်းချမ်းမြေ့ပါစေကြောင်း Shwe Shin မိသားစုမှ
ဆု‌တောင်းမေတ္တာပို့သလိုက်ပါတယ်🫶🏼💕

ရွှင်လန်းချမ်းမြေ့ပါစေ 🩵💦

Empowering better solutions

Address

Yangon

Alerts

Be the first to know and let us send you an email when SHWE SHIN COMPANY LIMITED posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SHWE SHIN COMPANY LIMITED:

Share