03/08/2026
LAND ROVER RANGE ROVER EVOQUE – 2019
Engine: 2.0L AJ20P4 Petrol
Transmission: 9-Speed Automatic 9HP50
Suspension Noise Repair • Brake Service • Preventive Maintenance
⚠️ Customer Complaint
Customer မှ ကားမောင်းနှင်နေစဉ် Suspension ပိုင်းမှ အသံထွက်နေခြင်း နှင့် ခရီးဝေးသွားရန်ရှိသဖြင့် Brake System ကိုပါ ကြိုတင်စစ်ဆေးလိုခြင်း ကြောင့် AutoCare Motor Werkz သို့ လာရောက်စစ်ဆေးခဲ့ပါသည်။
⸻
🔍 Technician Finding
AutoCare Technician Team မှ Road Test ပြုလုပ်စစ်ဆေးရာတွင် Front Suspension ပိုင်းမှ “ကလုတ် ကလုတ်” အသံထွက်နေခြင်း ကို တွေ့ရှိခဲ့ပါသည်။
Lift ပေါ်တင်၍ Suspension System ကို အသေးစိတ်စစ်ဆေးရာတွင်—
✅ Front Shock Absorber Assembly များ အလုပ်လုပ်နိုင်စွမ်းလျော့နေခြင်း
✅ Shock Absorber Cushion / Mounting များ ပျက်စီးနေခြင်း
✅ Slow Down / လမ်းမညီသောနေရာများတွင် ငြိမ့်ညောင်းမှုမရှိခြင်း
✅ Rear Shock Absorber ပိုင်းတွင်လည်း အသံထွက်နေခြင်း
✅ Front Lower Control Arm Bush များ ကွဲနေခြင်း
✅ Front Link နှင့် Rear Link များ၏ Dust Cover များ ပေါက်ပြီး Joint များ ချောင်နေခြင်း
တို့ကို တွေ့ရှိခဲ့ပါသည်။
Brake System ကို ဆက်လက်စစ်ဆေးရာတွင်လည်း—
✅ Rear Brake Pad ပါးနေခြင်း
✅ Brake Disc / Rotor များတွင် အဆင်းကြောင်းများ ဖြစ်နေခြင်း
✅ Brake Disc များ ပါးနေခြင်း
✅ Brake Fluid Level လျော့နေခြင်း
✅ Brake Fluid Quality မကောင်းတော့ခြင်း
များကို တွေ့ရှိခဲ့ပါသည်။
⸻
🛠️ Repair Performed
Customer အား စစ်ဆေးတွေ့ရှိချက်များကို ရှင်းလင်းအသိပေးပြီး အောက်ပါ Repair & Service လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။
Suspension Noise Repair
✅ Front Shock Absorber Assembly အသစ်လဲလှယ်ခြင်း
✅ Rear Shock Absorber Assembly အသစ်လဲလှယ်ခြင်း
✅ Front Lower Control Arm အသစ်လဲလှယ်ခြင်း
✅ Front Link အသစ်လဲလှယ်ခြင်း
✅ Rear Link အသစ်လဲလှယ်ခြင်း
✅ Suspension Components များ ပြန်လည်စစ်ဆေးခြင်း
Brake System Service
✅ Front Disc Brake / Rotor အသစ်လဲလှယ်ခြင်း
✅ Rear Disc Brake / Rotor အသစ်လဲလှယ်ခြင်း
✅ Rear Brake Pad အသစ်လဲလှယ်ခြင်း
✅ Brake Wear Sensor အသစ်လဲလှယ်ခြင်း
✅ Brake Fluid အသစ်လဲလှယ်ခြင်း
✅ Brake Bleeding Service ပြုလုပ်ခြင်း
⸻
✅ Final Inspection
Repair ပြီးနောက် Road Test ပြန်လည်ပြုလုပ်စစ်ဆေးရာတွင် ယခင်က Suspension ပိုင်းမှ ထွက်နေသော “ကလုတ် ကလုတ်” အသံများ ပျောက်ကင်းသွားပြီး ကား၏ Ride Comfort သည် အရင်ကထက် သိသာစွာ ငြိမ့်ညောင်းကောင်းမွန်လာခဲ့ပါသည်။
Brake Service ပြုလုပ်ပြီးနောက် Brake Response, Brake Pedal Feel နှင့် Braking Performance များကို ပြန်လည်စစ်ဆေးရာတွင်လည်း ပုံမှန်အခြေအနေသို့ ပြန်လည်ကောင်းမွန်လာကြောင်း အတည်ပြုနိုင်ခဲ့ပါသည်။
ခရီးဝေးသွားရန်အတွက် Suspension နှင့် Brake System များကို စိတ်ချရသောအခြေအနေဖြင့် Customer ထံသို့ ပြန်လည်အပ်နှံပေးခဲ့ပါသည်။
⸻
🔧 Final Check
AutoCare ၏ Final Check ပြုလုပ်စဉ် Engine Oil ညစ်နေပြီး လဲလှယ်ရန်လိုအပ်နေကြောင်း တွေ့ရှိခဲ့ပါသည်။ ထို့ကြောင့် Engine Oil အသစ်လဲလှယ်ပေးခဲ့ပါသည်။
ထို့အပြင် Spark Plug များကို ဖြုတ်စစ်ဆေးရာတွင် Plug Condition မကောင်းတော့သည်ကို တွေ့ရှိခဲ့သဖြင့် Spark Plug များကိုလည်း အသစ်လဲလှယ်ပေးခဲ့ပါသည်။
⸻
📌 AutoCare Technician’s Note
Land Rover / Range Rover Evoque များတွင် Suspension Bush, Shock Absorber, Link Rod နှင့် Control Arm များ သက်တမ်းကြာလာပါက လမ်းမညီသည့်နေရာများတွင် အသံထွက်ခြင်း၊ Ride Comfort လျော့နည်းခြင်းနှင့် Steering / Suspension Stability မကောင်းခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
Brake Pad ပါးခြင်း၊ Brake Disc အဆင်းကြောင်းထွက်ခြင်း၊ Brake Fluid Quality ကျဆင်းခြင်းများကိုလည်း ခရီးဝေးမသွားမီ ကြိုတင်စစ်ဆေးသင့်ပါသည်။ Brake System သည် Safety ပိုင်းအတွက် အရေးကြီးဆုံး System များထဲမှ တစ်ခုဖြစ်သဖြင့် အချိန်မီ Service ပြုလုပ်ခြင်းသည် မောင်းနှင်မှုလုံခြုံရေးအတွက် အလွန်အရေးကြီးပါသည်။
⸻
💎 AutoCare Motor Werkz
Luxury Cars များအတွက် Professional Diagnosis, Suspension Repair, Brake Service, Engine Maintenance & Preventive Inspection Service များကို စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိပါသည်။
📞 ယုံကြည်စိတ်ချစွာ လာရောက်စစ်ဆေးနိုင်ပါသည်။
𝐀𝐮𝐭𝐨𝐂𝐚𝐫𝐞 𝐌𝐨𝐭𝐨𝐫 𝐖𝐞𝐫𝐤𝐳 (ပါရမီ)
𝐍𝐨.𝟑𝟔,𝐏𝐚𝐫𝐚𝐦𝐢 𝐑𝐨𝐚𝐝, (𝟖)𝐖𝐚𝐫𝐝, 𝐘𝐚𝐧𝐤𝐢𝐧 𝐓𝐬𝐩,𝐘𝐠𝐧.
📲𝐇𝐨𝐭 𝐋𝐢𝐧𝐞 : 𝟎𝟗𝟐𝟔𝟐𝟔𝟐𝟐𝟐𝟕𝟕, 𝟎𝟗𝟐𝟔𝟐𝟔𝟐𝟐𝟐𝟓𝟓
⏰𝐎𝐩𝐞𝐧𝐢𝐧𝐠 𝐇𝐨𝐮𝐫𝐬: 𝐌𝐨𝐧𝐝𝐚𝐲 𝐭𝐨 𝐒𝐮𝐧𝐝𝐚𝐲
𝐃𝐚𝐢𝐥𝐲: 𝟗:𝟎𝟎𝐀𝐌 - 𝟓:𝟑𝟎𝐏𝐌
✉️𝐄𝐦𝐚𝐢𝐥: 𝐢𝐧𝐟𝐨@𝐚𝐮𝐭𝐨𝐜𝐚𝐫𝐞𝐦𝐨𝐭𝐨𝐫𝐰𝐞𝐫𝐤𝐳𝐦𝐦.𝐜𝐨𝐦
👩🏻💻𝐖𝐞𝐛𝐬𝐢𝐭𝐞: 𝐡𝐭𝐭𝐩𝐬://𝐰𝐰𝐰.𝐚𝐮𝐭𝐨𝐜𝐚𝐫𝐞𝐦𝐨𝐭𝐨𝐫𝐰𝐞𝐫𝐤𝐳𝐦𝐦.𝐜𝐨𝐦