14/10/2020
ဒီနေ့ October 13 မှာလုပ်ခဲ့တဲ့ Apple Event မှာတော့ Apple lover တွေစောင့်မျှော်နေခဲ့တဲ့ Iphone series ကို မိတ်ဆက်ပေးခဲ့တဲ့အပြင် အခြားစိတ်ဝင်စားဖို့ကောင်းတဲ့ အရာများကိုလဲချပြခဲ့ပါတယ်
အရင်ဆုံး HomePod family ထဲက HomePod mini ကိုမိတ်ဆက်ပေးခဲ့ပါတယ် HomePod mini က ပိုပီးမှတ်ညဏ်ကောင်းမွန်လာတဲ့အပြင် Audio quality ကလဲပိုကောင်းမွန်လာတာတွေ့ရပါတယ်
5G အကြောင်းကိုလဲ အားရပါးရမိတ်ဆက်ပေးခဲ့ပါသေးတယ်
နောက်တော့ Customer များစောင့်မျှော်နေကြတဲ့ 5G ရတဲ့ ပထမဆုံး iphone ကိုမိတ်ဆက်ပေးခဲ့ပါပီ
Iphone 12 ဖြစ်မယ်ဆိုပီး တွေးနေတာမလား?
ဟုတ်ပါတယ် iphone 12 ပါ အရောင်ငါးရောင်နဲ့ ထွက်လာပါပီ
Black,White,(Product)Red,Green နဲ့ Gorgeous Blue တို့ပဲဖြစ်ပါတယ်
Frame ကတော့ Aluminum Frame အမျိုးအစားပါပဲ
Display size ကတော့ 6.1” နဲ့လာမှာဖြစ်ပီး iphone 11 နဲ့ size တူတူပဲဖြစ်ပါတယ်
Iphone 11 နဲ့ 12 ကိုယှဉ်ကြည့်မယ်ဆိုရင်တော့ iphone 12 ဟာ iphone 11 ထက် 11%ပါးမယ်,15% သေးငယ်မယ်, 16% ပိုပေါ့ပါးမယ်လို့ပြောသွားပါတယ်
Display ကရော?
Iphone 12 ရဲ့ Display ကတော့ Super Retina HDR Display ကိုသုံးထားပေးတဲ့အတွက် Photo,Video,Games တွေနဲ့ Dark mode သုံးတဲ့ အချိန်တွေမှာ ပိုပီး သိသိသာသာကောင်းလာပါလိမ့်မယ်
Glass ကလဲ အခြား Smart phone တွေထက် 4x Drop Performance ပိုကောင်းလာပါပီ
Smart Data mode ဆိုတာကရောဘာလဲ?
မိမိရဲ့ ဖုန်းက 5G network သုံးစရာမလိုတဲ့အချိန်မှာ LTEအဖြစ်ပြောင်းပေးပီး ဖုန်းရဲ့ Battery ကိုချွေတာပေးပါသေးတယ်
A14 Bionic Chip သုံးထားပေးတဲ့အတွက်ကြောင့် လုပ်ဆောင်ချက်တွေပိုမိုကောင်းမွန်မြန်ဆန်လာပီး 5G လဲသုံးလို့ရလာတာကြောင့်ဂိမ်းဆော့ချိန်တွေမှာ လဲသိသိသာသာကောင်းမွန်လာပီး Game အရသာကို သေချာခံစားနိုင်မှာဖြစ်တဲ့အကြောင်းကို League of legend (Wild rift)ဂိမ်းနှင့်တကွ ပြပေးခဲ့ပါသေးတယ်
Iphone 12 မှာ iPhone 11 ကလိုပဲ Camera ကတော့ နှစ်လုံးပါလာပီး 12MP ဖြစ်ပါတယ်
ဒါပေမဲ့ Camera ရဲ့လုပ်ဆောင်ချက်တွေကတော့ ပိုမိုကောင်းမွန်လာပီး Night mode,Selfie,Ultra wide,
portrait နဲ့ video ရိုက်တဲ့အချိန်တွေမှာ တော်တော်လေးကိုကောင်းတဲ့အကြောင်း video တွေ photoတွေနဲ့အတူ ပြသခဲ့ပါတယ်
Wireless charger သုံးတဲ့အချိန်မှာ ဖုန်းကိုအလယ်ခေါင်တည့်တည့်တင်မှအားဝင်တဲ့ ပြသနာအတွက် Apple က MagSafe ဆိုတဲ့ အရာလေးကိုပြပေးခဲ့ပါသေးတယ်
ဒါ့အပြင် MagSafe wallet,MagSafe Duo Charger,Car mount နဲ့ Multi charger dock တို့ကိုလဲမိတ်ဆက်ပေးခဲ့ပါတယ်
နောက်တစ်ခုကတော့ Adapter,Headphone တွေပါလာတော့မှာမဟုတ်တဲ့အပြင် iPhone box ကလဲ size 70% သေးငယ်သွားမှာပါ
USB C to lighting cable ကတော့ ထည့်သွင်းပေးထားပါသေးတယ်
နောက်တစ်ခုကတော့ iphone 12 mini ပဲဖြစ်ပါတယ်
Display size က 5.4” နဲ့လာမှာဖြစ်ပီး features တွေကတော့ iPhone 12 နဲ့တူတူပဲဖြစ်ပါတယ်
iPhone 12 Pro နဲ့ 12 Pro Max ကိုလဲမိတ်ဆက်ပေးခဲ့ပါသေးတယ်
အရောင်တွေကတော့ Elegant silver,Deep graphite,Goldနဲ့ Pacific Blue တို့ပဲဖြစ်ပါတယ်
Size ကတော့ iPhone 12 pro က 6.1” ရှိမှာဖြစ်ပီး 12 Pro Max ကတော့ 6.7” ရှိမှာဖြစ်ပါတယ်
ဘေးဘောင်ကလဲ stainless steel နဲ့လာမှာဖြစ်ပီး လေးထောင့်ဆန်ဆန်ဖြစ်တာကြောင့်ပိုပီးလှလာပါတယ်
Display ကလဲ Super Retina HDR display ကိုသုံးထားပေးတဲ့အပြင် A14 Bionic chip ကိုသုံးထားပေးတဲ့အတွက် Performance ပိုကောင်းတာတော့အသေအချာပါပဲ
Camera ကလဲ iPhone 11 ကလိုပဲ Ultra wide , Wide , Telephoto ဆိုပီး camera သုံးခုနဲ့ထွက်လာပေမဲ့ လုပ်ဆောင်ချက်တွေကတော့ပိုမိုကောင်းမွန်လာပါတယ်
Apple ProRaw ဆိုတဲ့ Photography အပိုင်းနဲ့ဆိုင်တဲ့ app လေးကိုလဲမိတ်ဆက်ပေးခဲ့ပါသေးတယ်
2020 နှစ်ကုန်ပိုင်းလောက်မှာ ထွက်လာဖို့ရှိပီး iphone 12 pro နဲ့ 12 Pro Max အတွက်ပဲဖြစ်ပါတယ်
12 Pro နဲ့ 12Pro Max မှာပါတဲ့ LiDAR scanner အကြောင်းလဲရှင်းပြပေးခဲ့ပါတယ်
အဆုံးသတ်အနေနဲ့ပြောရမယ်ဆိုရင်တော့ October 13 event မှာ 5G,iphone 12& 12 mini,12Pro & 12 Pro Max ,HomePod mini အပြင် Siri ပိုကောင်းလာတဲ့အကြောင်း, MagSafe,Camera ပိုကောင်းလာတဲ့အကြောင်း စတာတွေကို မိတ်ဆက်ပေးခဲ့ပါတယ်