Myanmar Millennium Group Company

Myanmar Millennium Group Company MMG is a system integration company founded in 2000. One of the shareholders of Myanmar Information,

16/04/2024
Happy New Year
31/12/2023

Happy New Year

စိတ်ချမ်းသာ ပျော်ရွင်ဖယ် အခါ သမယ ဖြစ်ပါစေကြောင်း
27/11/2023

စိတ်ချမ်းသာ ပျော်ရွင်ဖယ် အခါ သမယ ဖြစ်ပါစေကြောင်း

29/10/2023

ပျော်ရွင်ဖွယ် သီတင်းကျွတ် အခါသမယ ဖြစ်ပါစေ

Happy Thidingyut Festival to you all

13/09/2023

Open Vacancy

Position : Cashier (Female) 3 Posts URGENT
Myanmar Millennium Group Co., Ltd. (MMG)

Job Description
• Preparing the daily cash & bank vouchers.
• Handle cash & bank payment and received.
• Daily Excel cash book & bank transactions with excel format in timely.
• Weekly & Monthly Income & Expenses Report.
• Checking Expense Voucher.
• Prepares and maintains various records, reports, and files of transaction data.
• Collect account receivable if require.

Job Requirements
- Any graduate with LCCI (II) UK Certificate.
- Able to use Microsoft and internet Email.
- Able to work under pressure and quick learn to work process.
- Good communication and interpersonal skill

Salary between 200,000 MMK ~ 300,000 MMK (Depends on your skills)
Working Days – Mon ~ Fri (Sat, Sun, Gatz Off)
Working Time – 8:30 AM ~ 5:30 PM
Lunch Time - 1 Hours
Location - MICT Park, Hlaing Tsp, Building 14.
Contact Ph - 09-764480591
Contact Mail - [email protected]

13/09/2023

Open Vacancy

Sales Engineer (Male / Female) 3 Posts Urgent
Myanmar Millennium Group Co., Ltd. (MMG)
Required Skills
1. Any graduate (Relevant educational background is preferable).
2. Demonstrable experience of selling Professional Services or Solutions or Products of Technology.
3. 3 years sales experience in Technical Sales, Services, Support and/or IT.
4. Computer literate - with a knowledge Word/Excel/email/PowerPoint.
5. ICT products knowledge.
6. Fluent in English.
7. Experienced solution selling.
8. Good Personality.
9. Age between 20 – 40 Yrs.

Job Description
1. Communication and customer relationship must be professional.
2. Keep relationship with old customer / relationship builder.
3. Influencing/Negotiation skills.
4. Target driven.
5. Well established client relationships.
6. Understanding of target market.
7. Technical understanding and quick learner for new technologies.
8. Ability to negotiate.
9. Visiting the private and government office in Yangon, Mandalay, and Naypyitaw.

Salary between 700,000 MMK ~ 1,200,000 MMK (Depends on your skills)
Working Days – Mon ~ Fri (Sat, Sun, Gatz Off)
Working Time – 8:30 AM ~ 5:30 PM
Lunch Time - 1 Hours
Location - MICT Park, Hlaing Tsp, Building 14.
Contact Ph - 09-764480591
Contact Mail - [email protected]

Canva လို့ပြောလိုက်ပြီဆိုတာနဲ့ အခုနောက်ပိုင်း ကမ္ဘာပေါ်မှာ လူအများဆုံးသုံးလာတဲ့ Design Website & Application ကိုတန်းမြင်...
30/05/2023

Canva လို့ပြောလိုက်ပြီဆိုတာနဲ့ အခုနောက်ပိုင်း ကမ္ဘာပေါ်မှာ လူအများဆုံးသုံးလာတဲ့ Design Website & Application ကိုတန်းမြင်ကြမှာပဲဖြစ်ပါတယ်။ Visual Communication မှာအကြမ်းစား Platform တစ်ခုဖြစ်တဲ့ Canva ဟာ လုပ်ငန်းများကို ပိုမိုထိရောက်စွာ လုပ်ကိုင်နိုင်ရန် Ai နည်းပညာသုံး Design Tool များနဲ့ Brand စီမံခန့်ခွဲမှုဆိုင်ရာ Feature များပါဝင်တဲ့ Host အသစ်တစ်ခုကို စတင်မိတ်ဆက်ခဲ့ပါတယ်။

အဆိုပါ Ai နည်းပညာသုံး Tool များကို Canva ရဲ့ Visual Worksuite အသုံးပြုသူများဟာ 2022 ခုနှစ် September လတွင် စတင်အသုံးပြုနိုင်ခဲ့ပြီး Document များ၊ Websites များ၊ Whiteboards များ၊ Video များနှင့် Data Visualization များပါဝင်တယ်လို့ သိရပါတယ်။ Visual Worksuite ကို စတင် Launch လုပ်တဲ့ အချိန်ကစပြီး အသုံးပြုသူအရေအတွက်ဟာဆိုရင် ပြီးခဲ့တဲ့ ၆လထက် 35သန်းကျော် တိုးမြင့်လာခဲ့တယ်လို့ Canva မှ ဆိုခဲ့ပါတယ်။

နောက်ဆုံးထွက်ရှိထားသော Tool အသစ်များမှာဆိုရင်တော့ 'Magic Design' လို့ ခေါ်တဲ့ Feature ပါဝင်မှာဖြစ်ပါတယ်။ အဆိုပါ Feature မှာ Magic Edit ကို အသုံးပြု၍ Image များကို မိမိစိတ်တိုင်းကျ ထည့်သွင်းခြင်း အစားထိုးခြင်းများ ပြုလုပ်နိုင်မှာဖြစ်ပြီး Magic Eraser ကို အသုံပြု၍ Image အတွင်းရှိမလိုအပ်သော အချက်အလက်များကို ရှင်းလင်းနိုင်မှာဖြစ်ပါတယ်။ Canva ရဲ့ Visual Worksuite တစ်ခုလုံးမှာ စိတ်ကြိုက်အသုံးပြုနိုင်တဲ့ Magic Write ဖြင့်လည်း Website Copy နှင့် Presentation အကျဥ်းချုပ် ကဲ့သို့ Content များကို ရိုးရှင်းတဲ့ Text Prompt တစ်ခုမှ ဖန်တီးနိုင်မှာပါ။

Canva Assistant အသစ်ဟာဆိုရင်လည်း မျက်စိကျဖွယ် Element များကို ရှာဖွေပေးနိုင်တဲ့အပြင် Image နှင့် Layout များအတွက် အကြံပြုချက်များကို ပေးနိုင်ပြီး Ai နည်းပညာသုံး Custom Content များကို ဖန်တီးပေးနိုင်တာလည်းဖြစ်ပါတယ်။

Canva တွင် ပြုလုပ်ထားတဲ့ တိုးတက်မှုတိုင်းဟာ Intuitive အဖြစ်ဆုံးနဲ့ Visual Communication အားလုံးကိုတစ်နေရာထဲမှာရနိုင်မယ့် Platform တစ်ခုကိုတည်ဆောက်ဖို့ ပံ့ပိုးပေးလျက်ရှိပါတယ် လို့ Canva ရဲ့ Co-Founder နှင့် C.P.O ဖြစ်သူ Cameron Adam က ‌ဆိုခဲ့ပါတယ်ခင်ဗျာ။

MMG page မှာတော့နည်းပညာပိုင်ဆိုင်ရာဗဟုသုတများကိုအပတ်စဉ်တင်ပြသွားမှာဖြစ်တဲ့အတွက်စိတ်ဝင်စားရင် Like & Follow လုပ်ပေးကြပါခင်ဗျာ။

Cisco ဟာဆိုရင် သူတို့ရဲ့ Webex product line ကို တည်ထောင်ရန်အတွက် အမေရိကန်အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးလုပ်ငန်းပိုင်...
25/05/2023

Cisco ဟာဆိုရင် သူတို့ရဲ့ Webex product line ကို တည်ထောင်ရန်အတွက် အမေရိကန်အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးလုပ်ငန်းပိုင်းဆိုင်ရာ ကုမ္ပဏီများထံ Air-gapped ဟုခေါ်သော Cloud-based collaboration system တစ်ခုကို ပေးပို့ခဲ့ပါတယ်။ အဲ့ System စနစ်ဟာဆိုရင် အမေရိကန်အစိုးရရဲ့ လိုအပ်ချက်များနှင့်ကိုက်ညီမှုရှိပြီး ခိုင်မာသောလုံခြုံရေးအတိုင်းအတာကို ပေးစွမ်းနိုင်မယ့် Collaboration tool များကို လိုအပ်တဲ့ စက်မှုလုပ်ငန်းများမှာ အသုံးချနိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။

2024 ခုနှစ်အစပိုင်းလောက်မှာ Webex system အသစ်ဖြစ်တဲ့ 'Air-Gapped Trusted Cloud' ဟာ Webex App နှင့် လက်တွဲလုပ်ကိုင်နေသာ အဖွဲ့အစည်းများရဲ့ လုံခြုံရေးအတွက် Layer အသစ်တစ်ခုကို ထည့်သွင်းပေးနိုင်လိမ့်မယ်လို့ Cisco မှ ဆိုခဲ့ပါတယ်။

Air gap ဆိုတာကတော့ လုံခြုံရေးဆိုင်ရာ System တစ်ခုဖြစ်ပြီး သူဟာ ကွန်ပြူတာတစ်လုံး (သို့မဟုတ်) Network တစ်ခုကို သီးသန့်ခွဲခြားပေးပြီး အခြားပြင်ပ Connection တစ်ခု မတည်ဆောက်ရန် တားမြစ်ပေးတာပဲ ဖြစ်ပါတယ်။ Air Gap အသုံးပြုထားတဲ့ ကွန်ပြူတာဟာ အခြား လူမှုဆက်သွယ်ရေးကွန်ရက်များကို မချိတ်ဆက်နိုင်တဲ့အတွက် ကွန်ပြူတာအတွင်းမှာရှိတဲ့ အချက်အလက်များအတွက် လုံခြုံစိတ်ချရစေမှာပါ။

အခုဆိုရင် အမေရိကန်အစိုးရဟာ အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများအတွက် အရေးကြီးသော အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းနိုင်ဖို့ Air-gapped cloud အပါအဝင် cloud product များနဲ့ service များကို အသုံးပြုရန် ချဥ်းကပ်မှုများ စတင်လုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။

MMG page မှာတော့နည်းပညာပိုင်ဆိုင်ရာဗဟုသုတများကိုအပတ်စဉ်တင်ပြသွားမှာဖြစ်တဲ့အတွက်စိတ်ဝင်စားရင် Like & Follow လုပ်ပေးကြပါခင်ဗျာ။

Google ကသူတို့ရဲ့ Chrome Browser ထဲမှာ Data ဆုံးရှူံးမှုများတွေကိုကာကွယ်ရန်ဖို့အတွက် Feature အသစ်များစွာကိုထည့်သွင်းခဲ့ပ...
20/05/2023

Google ကသူတို့ရဲ့ Chrome Browser ထဲမှာ Data ဆုံးရှူံးမှုများတွေကိုကာကွယ်ရန်ဖို့အတွက် Feature အသစ်များစွာကိုထည့်သွင်းခဲ့ပါတယ်။

'Content-aware' လို့ခေါ်တဲ့ Feature အသစ်ဟာဆိုရင်တော့ Enterprise Administrator များကို မိမိအသုံးပြုမယ့် စက်ကိရိယာတွေရဲ့ လုံခြုံရေးဆိုင်ရာ DLP rules များကို စိတ်တိုင်းကျ Customize လုပ်နိုင်ရန်အတွက် အကူအညီပေးနိုင်တော့မှာပဲဖြစ်ပါတယ်။ ဒါတင်မက သေးပဲ Feature နောက်တစ်ခုလည်းရှိပါသေးတယ်။ အဲ့ဒါကတော့ DLP feature တစ်ခုဖြစ်တဲ့ 'URL filtering' ပဲဖြစ်ပါတယ်။
ဒီ Feature ဟာဆိုရင် ဝန်ထမ်းများက သူတို့ရဲ့ သက်ဆိုင်ရာအဖွဲ့အစည်းများမှ ချမှတ်ထားသော ပေါ်လစီများကို ချိုးဖောက်တဲ့ Website များသို့ ဝင်ရောက်မည်ဆိုပါက ပိတ်ဆို့ခြင်း၊ သတိပေးခြင်းများ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

Chrome ရဲ့ CRXcavator နဲ့ Spin.AI Risk Assessment လို့ခေါ်တဲ့ tool အသစ်များကိုလည်း browser extension များနှင့် သူနဲ့ဆက်စပ်တဲ့ risk များကို အကဲဖြတ်ရန် ထည့်သွင်းထားပါ‌သေးတယ်။

ဒါတင်မကသေးပဲ Google ဟာ Chrome မှာ Install လုပ်နိုင်တဲ့ လုခြုံရေးဆိုင်ရာ အသိပေးချက်များကို လုပ်ဆောင်ပေးမယ့် extention အသစ်၂ခုကိုလည်း ထပ်မံထည့်သွင်းခဲ့တာလည်းဖြစ်ပါတယ်။

ဒီ feature တွေ အားလုံးဟာဆိုရင်တော့ Google မှာ သူတို့ရဲ့ Chrome Browser မှာ Data ဆုံးရှူံးမှုများကိုကာကွယ်ရန်အတွက် ဖန်တီးထည့်သွင်းခဲ့တဲ့ လုံခြုံရေးဆိုင်ရာ နည်းပညာအသစ်များပဲဖြစ်ပါတယ်။

MMG page မှာတော့နည်းပညာပိုင်ဆိုင်ရာဗဟုသုတများကိုအပတ်စဉ်တင်ပြသွားမှာဖြစ်တဲ့အတွက်စိတ်ဝင်စားရင် Like & Follow လုပ်ပေးကြပါခင်ဗျာ။

San Francisco မြို့မှာ 24 နာရီ/ 7 ရက်လုံး ပြေးဆွဲတော့မယ့် မောင်းသူမဲ့ Cruise robotaxis Cruise robotaxis ဆိုတာကတော့ ကယ်လီ...
15/05/2023

San Francisco မြို့မှာ 24 နာရီ/ 7 ရက်လုံး ပြေးဆွဲတော့မယ့် မောင်းသူမဲ့ Cruise robotaxis

Cruise robotaxis ဆိုတာကတော့ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စမြို့၊ အမေရိကားနိုင်ငံမှာ အခြေစိုက်တည်ထောင်ထားတဲ့ အလိုအလျောက် မောင်းနှင်တဲ့ မောင်းသူမဲ့ (စက်ရုပ်) ကား ကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ်။
ဒီကုမ္ပဏီကို Kyle Vogt က 2013 ခုနှစ်တွင် စတင်တည်ထောင်ခဲ့တာဖြစ်ပြီး၊ General Motors ရဲ့ ကြီးမားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လုပ်ငန်းခွဲတစ်ခုလည်းဖြစ်ပါတယ်။

သိပ်မကြာခင်မှာတော့ Cruise ရဲ့မောင်းသူမဲ့ ကားများဟာဆိုရင် ဆန်ဖရန်စစ္စကိုမြို့ထဲမှာ 24/7 လည်ပတ်တော့မှာ ဖြစ်ပြီး Cruise အတွက် အရေးပါတဲ့ မှတ်တိုင်တစ်ခုအဖြစ် ကြေငြာခဲ့ပါတယ်။

အခုလက်ရှိအချိန်မှာဆိုရင်တော့ ကျယ်ပြန့်လှတဲ့ ဆန်ဖရန်စစ္စကိုမြို့ရဲ့ သုံးပုံတစ်ပုံခန့်မှာ Cruise ကားများကို မနက် 10 နာရီမှ ညနေ 5:30 နာရီအတွင်းသာ ဝန်ဆောင်မှုကို အသုံးလို့ရနိုင်ပါသေးတယ်။ " Cruise မောင်းသူမဲ့ ကားများကို အချိန်နှင့်တပြေးညီ လူအများပြည်သူအတွက် 24/7 ဖွင့်လှစ်မယ့် ဝန်ဆောင်မှုကို စတင်ရန် နီးကပ်လာသည်နှင့်အမျှ ပိုပြီး အဆင်ပြေနိုင်အောင်ကြိုးစားနေပါတယ်လို့ " Cruise ကုမ္ပဏီ ရဲ့ CEO ဖြစ်သူ Kyle Vogt ကပြောကြားခဲ့ပါတယ်။

ဆန်ဖရန်စစ္စကိုမြို့မှာရှိတဲ့ Cruise robotaxis မောင်းသူမဲ့ စက်ရုပ်ကားများကို အားဖြည့်ပေးတဲ့ စနစ်များဟာဆိုရင် ကာလရှည်ကြာ စောင့်မျှော်ခဲ့ရတဲ့ Cruise Origin ကိုအသုံးပြုသည့် နည်းပညာစနစ်များနှင့်လတူညီကြောင်း Cruise ကုမ္ပဏီ ရဲ့ CEO မှ ပြောကြားခဲ့ပါသေးတယ်။

MMG page မှာတော့နည်းပညာပိုင်ဆိုင်ရာဗဟုသုတများကိုအပတ်စဉ်တင်ပြသွားမှာဖြစ်တဲ့အတွက်စိတ်ဝင်စားရင် Like & Follow လုပ်ပေးကြပါခင်ဗျာ။

၃.၅.၂၀၂၃ (ဗုဒ္ဓဟူးနေ့) တွင်ကျရောက်သော ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာနေ့ဖြစ်တဲ့ ကဆုန်လပြည့်နေ့မှစပြီး နိုင်ငံတစ်ဝန်း...
03/05/2023

၃.၅.၂၀၂၃ (ဗုဒ္ဓဟူးနေ့) တွင်ကျရောက်သော ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာနေ့ဖြစ်တဲ့ ကဆုန်လပြည့်နေ့မှစပြီး နိုင်ငံတစ်ဝန်းရှိ (၇)ရက်သားသမီးအပေါင်းတို့ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ၍ ရောဂါဘေးဘယာများ ကင်းဝေးကြပါစေလို့ MMG မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 🙏

ယနေ့ခေတ် IoT လုပ်ငန်းများစွာကို ပံ့ပိုးပေးနေတဲ့ Wifi 6 နဲ့ အနာဂတ်မှာ အသုံးပြုနိုင်မယ့် Wifi 7 လုပ်ငန်းသုံးစက်ရုပ်များမှ ...
29/04/2023

ယနေ့ခေတ် IoT လုပ်ငန်းများစွာကို ပံ့ပိုးပေးနေတဲ့ Wifi 6 နဲ့ အနာဂတ်မှာ အသုံးပြုနိုင်မယ့် Wifi 7

လုပ်ငန်းသုံးစက်ရုပ်များမှ ကုန်ပစ္စည်းအရောင်းစက်များအထိ Wifi များ၏ support လုပ်နိုင်စွမ်းတိုးတက်လာမှုအပေါ် IoT Innovation များမှာ ကျွန်တော်တို့ မြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။

Wifi 6 ဟာ အချိန်တိုအတွင်း အကျိုးကျေးဇူးများစွာ လုပ်ဆောင်‌ပေးနိုင်ခြင်းကြောင့် ကိစ္စရပ်တော်တော်များများမှာ အသုံးဝင်နိုင်မယ့် နည်းပညာဖြစ်ကြောင်းကို သက်သေပြနေတာပဲဖြစ်ပါတယ်။ ဒါကြောင့် တချို့အခြေအနေတွေမှာ Wifi တွေကို Cellular များနည်းတူ Wireless ဖြစ်‌သော်လည်း ကုန်ကျစရိတ်သက်သာမှုကြောင့် ပိုကောင်းသောရွေးချယ်မှုတစ်ခု အဖြစ် ရပ်တည်နေနိုင်နေတာပဲဖြစ်ပါတယ်။

Wifi 7 ရဲ့ အဓိကကျတဲ့အားသာချက်ကတော့ 2.4GHz၊ 5GHz နှင့် 6GHZ frequency band များကို အသုံးပြုနိုင်တာပဲဖြစ်တယ်။ Wifi7 ကိုပြောင်းလဲအသုံးပြုခြင်းဖြင့် Latency များကိုလျှော့ချမှာဖြစ်ပြီး လိုင်းဆွဲအားပိုမို‌မြန်ဆန်ကောင်းမွန်စေမယ့်အပြင် အဘက်ဘက်မှ သိသာထင်ရှားသော တိုးတက်မှုများကို မြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်။ Wifi 7 ဟာ Wifi 6 ရဲ့ သိသာထင်ရှားသောတိုးတက်မှုအဖြစ် ကိုယ်စားပြုနိုင်မှာ ဖြစ်ပေမယ့် 2024 ခုနှစ်လောက်မှသာ အပြီးသတ်ထုတ်လုပ်နိုင်မှာလို့လည်း သိရပါတယ်။

Wifi 6 ကလည်း အလိုအလျောက်မောင်းနှင်နိုင်သောယာဥ်များ၊ စက်မှုလုပ်ငန်းသုံးစက်ရုပ်များနှင့် အခြားလုပ်ငန်းခွင်များစွာအတွက် လိုအပ်တာထက်ပိုတဲ့ အထောက်အပံ့များကို ပံ့ပိုးပေးလျက်ရှိပါတယ်။ ဒါကြောင့် Wifi 7 ဟာ Development အောက်ရောက်ရှိနေပြီဖြစ်သည့်တိုင်အောင် Wifi 6 ဟာလည်း အခုချိန်ထိ Wifi generation အသစ်အဖြစ် ရပ်တည်နေဆဲဖြစ်ပြီး IoT လုပ်ငန်းတွေရဲ့ တိုးတက်မှုနှင့်အတူ အချိန်အတော်ကြာ တည်ရှိနေတာပဲဖြစ်ပါတယ်။

ယနေ့အချိန်မှာ ကျွန်တော်တို့ 5G နှင့် Wifi 6 တို့ရဲ့ခေတ်ကို ရောက်ရှိနေတာဖြစ်ပြီး သိပ်မကြာခင် အနာဂတ်မှာတော့ 6G နှင့် Wifi 7 တို့အထိ အဆင့်မြှင့်တင်နိုင်မယ့် လမ်းကြောင်းပေါ် ရောက်ရှိနေပြီပဲဖြစ်ပါတယ်။

MMG page မှာတော့နည်းပညာပိုင်ဆိုင်ရာဗဟုသုတများကိုအပတ်စဉ်တင်ပြသွားမှာဖြစ်တဲ့အတွက်စိတ်ဝင်စားရင် Like & Follow လုပ်ပေးကြပါခင်ဗျာ။

Address

Room No. (401/403), Building (14), (4) Floor, MICT Park. Hlaing
Yangon
11181

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+19512305208

Alerts

Be the first to know and let us send you an email when Myanmar Millennium Group Company posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Millennium Group Company:

Share