10/08/2020
Boosting ကောင်းတစ်ခုဖြစ်ဖို့ ဘာတွေလုပ်ဆောင်သင့်ပါသလဲ?...............................................................
ဒီတစ်ပတ် Knowledge Sharing Session မှာတော့ Boosting လုပ်တဲ့အခါမှာ သိသင့်တဲ့အချက်လေးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
1. Define Your Objective
Boost လုပ်တဲ့အခါမှာ ကိုယ်လုပ်မယ့် Objective ကိုသေသေချာချာ သတ်မှတ်ဖို့အရေးကြီးပါတယ်။ Customer တွေဆီ Reach များများရောက်ချင်တာလား၊ Engagement များများရချင်တာလားသေချာစဥ်းစားသတ်မှတ်ပါ။
2. Audience Targeting
Audience သတ်မှတ်တဲ့အခါမှာ Audience ၃ မျိုးရှိပါတယ်
-Saved Audience
-Custom Audience
-Lookalike Audience
Audience အသစ်လုပ်ထားတာမရှိသေးဘူးဆိုရင် Details Targeting သေချာရွေးချယ်ပါ။ Location, Demographic, Age, Interests စသည်ဖြင့်ရွေးချယ်ပါ။
3. Write a Clear Content
Boost လုပ်ရာမှာ Content အရေးအသားကလဲအများကြီးအရေးပါပါတယ်။ Facebook Policy နဲ့မကိုက်ညီတဲ့ Content တွေဆိုရင် Boost လုပ်လို့မရပါဘူး။ ဒါကြောင့် Content ရေးတဲ့အခါ ရှင်းရှင်းလင်းလင်းနဲ့ Facebook Policyနဲ့ လွတ်အောင်ရေးသားပါ။
4. Use Perfect Image
Image အသုံးပြုတဲ့အခါမှာလဲ Resolution ကောင်းကောင်းနဲ့ ကြည်လင်ပြတ်သားနေဖို့လိုပါတယ်။ နောက်တစ်ချက်က Content နဲ့ Image လိုက်လျောညီထွေရှိပါစေ။ Image သုံးတဲ့အခါမှာလဲ Facebook Policyတွေရှိပါတယ်။ Image မှာ စာသားများစွာပါဝင်နေရင် Boost လုပ်လို့မရပါဘူး။ လုပ်လို့ရခဲ့ရင်တောင် Reach နည်းပါလိမ့်မယ်။ ဒါကြောင့် Text Overlay မှာ Image စစ်ပြီးမှအသုံးပြုပါ။
5. Make CTA (Call To Action)
Boost လုပ်တဲ့အခါ CTA Button ထည့်ခြင်းက လူများများ ကိုယ့်ဆီ Message ပို့ဖို့အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။ Send Message, Call Now စသည်ဖြင့် CTA တွေထည့်ပြီး Boost လုပ်ပါ။
အခုဖော်ပြပေးခဲ့တဲ့အချက်တွေကတော့ Facebook Boost လုပ်တဲ့အခါ အသုံးဝင်အရေးပါမယ့်အချက်လေးတွေဖြစ်ပါတယ်။
ဒီတပတ် Knowledge Sharing Postလေးက လူကြီးမင်း တို့အတွက်အသုံးဝင်နိုင်မယ်လို့မျှော်လင့်ရင်း စီးပွားရေးလုပ်ငန်းများတိုးတက်အောင်မြင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။🙏🙏🙏
Messenger နဲ့ Commentမှာလည်းသိလိုတာတွေမေးမြန်းဆွေးနွေးနိုင်ပါတယ်။
Think Out of Box IT-Solution
09776769925
[email protected]
No.(29), 5th Fl, Pathein st, Sanchaung Tsp, Yangon
🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷
Beyond Limitations, There's Creativity