03/04/2024
အများသိစေရန်
===========
KDDI Myanmar Co., Ltd. သည် ကုမ္ပဏီမှတ်ပုံတင်အမှတ် (၁၉၄၇၃၀၃၈၁) ဖြင့် လပြည့်ဝန်းပလာဇာ (၁၀)လွှာ၊ အမှတ် (၃၇) အလံပြဘုရားလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့တွင် ရုံးခန်းဖွင့်လှစ်ထားပြီး၊ လုပ်ငန်းစတင် တည်ထောင်သည့် ၂၀၁၃ခုနှစ်၊ ဇန်နဝါရီလမှစ၍ IT နည်းပညာဆိုင်ရာဝန်ဆောင်မှု (IT System Integration Services) များကို စီးပွားရေးလုပ်ငန်းအဖွဲ့အစည်း အသီးသီးသို့ ကုမ္ပဏီအရောင်းဌာန ဝန်ထမ်းများမှ ဝန်ဆောင်မှုသဘောတူ စာချုပ်များဖြင့် တိုက်ရိုက်ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
ကျွန်ုပ်တို့၏ ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များကို ကုမ္ပဏီ၏တရားဝင် ဝက်ဆိုဒ် URL : https://mm.kddi.com/ မှ လည်းကောင်း၊ လူမှုကွန်ယက်စာမျက်နှာ page KDDI Myanmar https://www.facebook.com/profile.php?id=100088730007824&mibextid=LQQJ4d မှ လည်းကောင်း၊ LinkedIn Page https://www.linkedin.com/company/kddi-myanmar-co-ltd/ မှ လည်းကောင်း တရားဝင် ထုတ်ပြန်ကြေညာလျက် ရှိပါသည်။
ယနေ့အချိန်တွင် မသမာသူတချို့မှ KDDI Myanmar Co., Ltd. အမည်ကို အသုံးပြု၍ ဥပဒေနှင့်မညီ မလျော်ကန်သော ဝန်ဆောင်မှုများကို လူမှုကွန်ယက်စာမျက်နှာ (အထူးသဖြင့် Telegram) နှင့် အခြားဆက်သွယ်ရေးကွန်ယက်များကိုသော်လည်းကောင်း အသုံးပြုပြီး ငွေကြေးဆိုင်ရာ လိမ်လည်မှုများ ပြုလုပ်လျက်ရှိပါသည်။
ကျွန်ုပ်တို့၏ KDDI Myanmar Co., Ltd. အနေဖြင့် ကုမ္ပဏီစတင်ထူထောင်ချိန်မှ ယနေ့တိုင် IT နည်းပညာဆိုင်ရာဝန်ဆောင်မှု (IT System Integration Services) များမှ အပ မည်သည့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို online မှသော်လည်းကောင်း လူမှုကွန်ယက်စာမျက်နှာများမှလည်းကောင်း မည်သည့်အခါမှ လုပ်ဆောင်ခြင်းမရှိခဲ့ပါ။
ထို့ကြောင့် KDDI Myanmar Co., Ltd.၏ အမည်နှင့် အမှတ်တံဆိပ်အား တရားမဝင် အသုံးပြု၍ လုပ်ဆောင်ထားသော ငွေကြေးဆိုင်ရာလိမ်လည်မှုများဖြစ်ပေါ်လာသော မည်သည့်ပြဿနာ၊ အရှုပ်အရှင်းကိုမဆို KDDI Myanmar Co., Ltd. အနေဖြင့် တာဝန်ခံ၊ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း သိစေအပ်ပါသည်။
KDDI Myanmar Co., Ltd.၏ ကုမ္ပဏီဂုဏ်သိက္ခာ ကျဆင်းစေရန် အယောင်ဆောင်၍ လိမ်လည် လှည့်ဖျားနေသော မည်သည့်ပုဂ္ဂိုလ်အဖွဲ့အစည်းကိုမဆို ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။
===========================================
To Whom It May Concern
KDDI Myanmar Co., Ltd., Company Registration No. 194730381 which is located at 10th Floor, La Pyae Wun Plaza, No. 37, Alanpya Pagoda Road, Dagon Township, Yangon, was established in January 2013 and operating System Integration service to all business sectors directly from company Sales Team with official Service Agreement. We share our service information through
URL : https://mm.kddi.com/ ,
Facebook : https://www.facebook.com/profile.php?id=100088730007824&mibextid=LQQJ4d and
LinkedIn : https://www.linkedin.com/company/kddi-myanmar-co-ltd/ officially.
Nowadays, some swindler organizations pretend as KDDI Myanmar Co., Ltd. and selling inappropriate service through Social Networking Service (especially Telegram) and probably other channel as well as Multi-Level Marketing strategy for cheating people.
KDDI Myanmar Co., Ltd. do not operate online business and not selling any of our services through Social Media. Therefore, we, KDDI Myanmar will not take any responsibility and will not solve any problem including financial matter to anyone who do not sign our Service Agreement officially from now and future.
KDDI Myanmar Co., Ltd. will take legal action seriously to all organizations who pretend as KDDI Myanmar Co., Ltd., using our Corporate Logo and try to dishonor our company image.