18/04/2024
မြန်မာနိုင်ငံမှာ အရမ်းအောင်မြင်နေတဲ့
Tech Page တစ်ခုတောင် ဟက်ခံလိုက်ရတယ်။
နည်းပညာတွေများ ကြောက်စရာ။
ဒါကြောင့်မို့ ကိုယ့်ရဲ့ အကောင့်တွေ၊ Page တွေကို
အမြဲတမ်း စောင့်ကြည့်ပြီး လုံခြုံအောင်ထားဖို့
လိုအပ်ပါတယ်။
Page ကို အမြန်ဆုံး ပြန်လည် ရရှိပါစေ။
Late night updates.
ဒီရက်ပိုင်း ကျွန်တော်တို့ ခရီးတစ်ခုမှာရှိနေတာနဲ့ Page မှာ Update မတင်ဖြစ်သေးပေမယ့် တနေ့ကမှ သိလိုက်ရတဲ့ သတင်းတစ်ခုရော၊ ထပ်ပြီး အဲ့သတင်းအပေါ်မှာ ပြန်ပြီး မျိုးစုံရေးနေကြတာတွေ တွေ့တာနဲ့ ဒီ Post လေးကို ဒီအတိုင်း ရေးဖြစ်တာပါ...။
ဘာသတင်းလဲဆိုတော့ အကုန်သီပြီးလောက်တဲ့ TBH Labs နဲ့ Founder - ACM တို့ရဲ့ Verified Account တွေကို Hack ခံလိုက်ရတာပါ။ Linus တို့တောင် YouTube Channel အကုန် Hack ခံရဖူးသလို အခု မြန်မာမှာ အကြီးမားဆုံးနဲ့ အအောင်မြင်ဆုံး Tech Channel တစ်ခုပါ ဒီလို ခံလိုက်ရတာက တကယ်စိတ်မကောင်းစရာပါ။
အရင်ဆုံး ဒီ Hack ခံရတဲ့ Case က တကယ်ပါ၊ ကိုယ်တိုင်လည်း ACM ဆိုတာက TBH Labs ဆိုတာမရှိလာသေးခင်၊ Tech Gadget ဆိုတာ ဘာမှမဟုတ် - စာအရှည်ကြီးတွေ အင်္ဂလိပ်လို ကြားညပ်ရေးနေတဲ့အချိန်တည်းက သိနေခဲ့တဲ့သူတစ်ယောက်၊ သူငယ်ချင်းတစ်ယောက်ဆိုတော့ ဒါကတော့ ကျွန်တော်တို့လည်း မေးမြန်းစကားပြောဖြစ်ပြီး တကယ်ဖြစ်ခဲ့တယ် - အသေးစိတ်ကတော့ ACM တို့ပဲ ထပ် Update ပါလိမ့်မယ်။
ဒါကို တမင်လုပ်ကြံနေတယ်ထင်နေကြတာတွေ၊ ကိုယ့် ညဏ်တထွာတစ်မိုက််လောက်နဲ့ စစရက ရေးနေမယ့်အစား အတတ်နိုင်ဆုံး ကူညီနိုင်ရင် ကူညီဖို့ပဲ စဥ်းစားရမှာပါ။ Engagement တစ်ခုကို မက်ပြီး Insights Data နံပါတ်တွေကို ထိုင်ကြွားနေရလောက်တဲ့အဆင့်မဟုတ်တော့တဲ့ Page တစ်ခုက ဒီလိုဖြစ်တာ Tech Indusry တစ်ခုလုံးအတွက်လည်း မကောင်းပါဘူး၊ ကျွန်တော်တို့ကိုယ်တိုင်လည်း Labs Level အထိ အစားထိုးနိုင်တဲ့ Impact တစ်ခုရှိလာဖို့၊ ACM ရဲ့Skill Set ၊ Knowlege Level တစ်ခုရှိလာဖို့မလွယ်ပါဘူး။
ဘာပဲဖြစ်ဖြစ် ဒီသတင်းနဲ့ ပတ်သက်ပြီး သင်ခန်းစာယူလို့ရတာက ကိုယ့် Social Media Account တွေကို လုံခြုံအောင်လုပ်၊ 2FA ခံ၊ Devices တွေကို အမြဲ Monitoring လုပ်၊ Public Wi-Fi တွေ၊ Link တွေကို ဂရုပိုစိုက်ဖို့ပဲရှိပါတယ်။ ဒါတောင် ပါသွားနိုင်တော့ အကောင်းဆုံးက အရေးကြီး စကားတွေဆိုရင် End-to-End Encryption နဲ့ပဲ ဆက်သွယ်ပါ။
ပြောသလို ဒီ Indusry မှာ TBH Labs ဆိုတာက မြန်မာနိုင်ငံအနေနဲ့ တကယ်ကို ထိပ်တန်းအဆင့်ထိရှိနေပြီ။ နိုင်ငံအနေနဲ့လည်း International Event တွေ၊ Exhibitation တွေ၊ Launch Event တွေကို အဖိတ်ခံရတဲ့ Tech Channel တစ်ခုပါ - ကာယကံရှင်မဟုတ်ပဲ စစရက လျှောက်ပြောနေမယ့်အစား ပြန်ရဖို့ပဲ အတတ်နိုင်ဆုံးကူညီကြတာပေါ့
ရဲ့ စာစုကို သဘောထားချင်းထပ်တူကြပါသဖြင့် ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်