Olympic Mobile & Electronic

Olympic Mobile & Electronic Mobile Centre

16/11/2018

ဆက်ဖတ်ရန်နှိပ်ပါ

15/11/2018

ပန်းသီးရှာလကာရည် နှင့် ပျားရည် အစွမ်းအံ့မခန်း
ပန်းသီးရှာလကာရည် လို့ ခေါ်တဲ့ Apple cider vinegar (ACV) က ကျန်မာရေး တော်တော်များများအတွက် ဆေးစွမ်းထက်မြက် လှသလို၊ သဘာဝပျားရည်ကလည်း လွန်စွာဆေးဖက်ဝင်လှပါတယ်။ ၄င်းပစ္စည်းတစ်မျိုးချင်းစီမှာ ပင်ကိုယ်သဘာဝ ဆေးစွမ်း ကိုယ်စီရှိကြရာ၊ အကယ်၍ ထိုပစ္စည်းနှစ်မျိုးကို ပေါင်းစပ်လိုက်တဲ့အခါ ကျန်းမာရေးအစွမ်း အံ့မခန်းကို ခံစားရရှိနိုင်မှာဖြစ်ပါတယ်။ ပျားရည် ချိုချိုထဲကို ပန်းသီးရှာလကာရည် ရောထဲ့သောက်ရတဲ့ အရသာကလည်း ပို၍ ခံတွင်းတွေ့ စေပါတယ်။

ပန်းသီးရှာလကာရည် (ခေါ်) Apple cider vinegar(ACV) အစွမ်းသတ္တိ။

ပန်းသီးရှာလကာရည် ဆိုတာ ပန်းသီးကိုကြိတ်ချေပြီး ပေါင်းခံကာ အချဉ်ဖောက်ထားခြင်းဖြစ်တာကြောင့်၊ ၄င်းရှာလကာရည်မှာ အက်ဆစ်တစ် အက်ဆစ် မြင့်မားစွာပါရှိနေပါတယ်။ ၄င်း အက်ဆစ်တစ် အက်ဆစ်ကို ဆေးသိပ္ပံနည်းအရ ဓာတ်ခွဲစမ်းသပ်ကြည့် ရာ၊ လူကိုဘေးဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်ခြင်း၊ အရေပြားကူစက်ရောဂါအမျိုးမျိုးတို့ မှ ကာကွယ်ပေးခြင်း တို့ ဖြင့် ဆေးဘက်ဝင်ပါတယ်။ ဒါ့ပြင် အက်ဆစ်တစ် အက်ဆစ်ဟာ antiseptic (ခေါ်) ရောဂါပိုးသတ်ဆေးတစ်မျိုးဖြစ်၍ ကိုယ် တွင်းကိုယ်ပ နာတာရှည် ရောဂါကူးစက်မှုဝေဒနာများကို ကောင်းစွာကုသပေးနိုင်ပါတယ်။

သဘာဝပျားရည် အစွမ်းသတ္တိ။

ကမ္ဘာ့အကောင်းဆုံး အစားအစာများထဲမှာ သဘာဝပျားရည်စစ်စစ်ကလည်း တစ်မျိုးအပါအ၀င်ဖြစ်ပါတယ်။ ရှေးရာစုနှစ်ပေါင်း များစွာကတည်းကစ၍ ပျားရည်ကို အမျိုးမျိုးသော ရောဂါကုထုံးအဖြစ် သုံးစွဲလာခဲ့ကြတာပါ။ ပျားရည်ထဲမှာ ဖီနိုလစ် ဓာတ်ပေါင်းစု ပါရှိနေပြီး၊ ၄င်းဓာတ်ပေါင်းစုက ခန္ဓာကိုယ်အတွက် ကောင်းကျိုးပြုသော ဓာတ်တိုးဆန့် ကျင်ပစ္စည်းအဖြစ် စွမ်းဆောင်ပေးနိုင်ပါ တယ်။ ဒါကြောင့်ပျားရည်က ကျန်းမာရေးကို တိုးတက်မြင့်မားစေပြီး၊ ရောဂါဝေဒနာများနှင့် ကိုယ်တွင်းကိုယ်ပ ရောင်ရမ်းနာတို့ မှ ကာကွယ်ပေးပါတယ်။

ပန်းသီးရှာလကာရည် နှင့် ပျားရည် အစွမ်းအံ့မခန်း။

(၁) ဆေးသုတေသီများ၏ ၂၀၀၄ ခုနှစ်မှာ လေ့လာမှုမှတ်တမ်းများအရ၊ ပန်းသီးရှာလကာရည်ဟာ နာတာရှည် အဆစ်အမျက် ရောင်ရမ်းနာကျင်ခြင်းကို ထိန်းချုပ်ပေးနိုင်ကြောင်း လေ့လာတွေ့ ရှိခဲ့ပါတယ်။ ထို့ တူ ၂၀၁၁ ခုနှစ် လေ့လာရာမှာ၊ ပျားရည်က အ ဆစ်ရောင်ရောဂါများကို ကောင်းစွာကုသပေးနိုင်ကြောင်း သိရပါတယ်။

(၂) အိန္ဒိယဆေးသုတေသီများ၏ လေ့လာမှုအရ ပန်းသီးရှာလကာရည် နှင့် ပျားရည်တို့ ကိုရောစပ်၍ ဖျော်သောက်ခြင်းက၊ အစာ အိမ်ထဲရှိ အက်ဆစ်ထွက်ရှိမှုကို မျှတစေကြောင်း၊ ဒါကြောင့် အစာစားပြီးနောက် လေချဉ်တက်လေ့ရှိသူများ နှင့် ရင်ပူ နှလုံးပူ တတ်သူများအနေဖြင့် ၄င်းပစ္စည်းနှစ်မျိုးကို ရောစပ်၍သောက်သင့်ကြောင်း အကြံပြုထားပါတယ်။

(၃) ပန်းသီးရှာလကာရည်၏ အက်ဆစ်တစ် အက်ဆစ်က အစာထဲမှာပါရှိတဲ့ ပရိုတင်းဓာတ်ကို ဖြိုခွဲပေးပါတယ်။ ဒါ့ပြင် အစာအိမ် ထဲရှိ အစားအစာများကို ကောင်းစွာကျေညက်စေဖို့ အတွက်ကိုလည်း အင်ဇိုင်းဓာတ်တစ်မျိုးကို ထောက်ပံ့ပေးပါတယ်။ ပျားရည် က လေထိုး လေပွ ဗိုက်နာခြင်းပြဿနာများကို ပြေပျောက်စေပါတယ်။

(၄) အမေရိကန်ပြည်ထောင်စုရှိ Illinois တက္ကသိုလ်မှ လေ့လာမှုအရ ပန်းသီးရှာလကာရည်(ACV ) ၃၀ မီလီ လီတာကို ရေသန့်  ၅၀၀ မီလီ လီတာဖြင့် သောက်ခြင်းက ခန္ဓာကိုယ်ထဲရှိ အဆီခဲများကိုဖြိုခွင်းပေးကာ အ၀လွန်ခြင်းကို လျော့ချပေးနိုင်ကြောင်း၊ ၄င်း ACV ကို ပျားရည်ဖြင့် သောက်ခြင်းက သွေးထဲရှိ သကြားပမာဏကို ထိန်းညှိပေးခြင်း၊ သွေးကြောထဲရှိ အဆီအနည်ကျမှုကို ကာ ကွယ်ပေးခြင်း၊ ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်း၊ ကိုယ်အလေးချိန်ကျခြင်း စသဖြင့် ကောင်းကျိုးပြုနိုင် ကြောင်း သိရှိရပါတယ်။

(၅) အက်ဆစ်တစ် အက်ဆစ်က အသည်းအဆီဖုံးခြင်းကိုကုသပေး၍ သည်းခြေရည်ကို ကောင်းစွာထွက်ရှိစေတာကြောင့် ကိုလက်စထရော ကျဆင်းစေကြောင်း၊ ပျားရည်ကို မှန်မှန်စားပေးခြင်းက မကောင်းသော LDL ကိုလက်စထရောကို လျော့ချပေး ပြီး ကောင်းသော HDL ကိုလက်စထရောကို တိုးမြှင့်ပေးနိုင်ကြောင်း၊ ၄င်းနှစ်မျိုးဖျော်ရည်က ကိုလက်စထရောပမာဏကို သဘာ ၀ကျကျ လျော့ချပေးကာ သွေးသန့် စေကြောင်းတို့ ကို ဗြိတိန်အာဟာရဗေဒပညာရှင်များက အကြံပြုထားပါတယ်။

(၆) ပျားရည်ထဲရှိ စွမ်းအားပြည့် ဓာတ်တိုးဆန့် ကျင်ပစ္စည်းတွေက နှလုံးသွေးကြောပြဿနာ နှင့် နှလုံးရောဂါအမျိုးမျိုးဖြစ်ခြင်းမှ ကာကွယ်ပေးကာ၊ နှလုံးရောဂါနှင့် ပတ်သက်ဆက်စပ်လျက်ရှိသော လေဖြတ်ခြင်းကို ဟန့် တာပေးနိုင်ပါတယ်။ ACV က ကိုလက် ထစရောကျကာ သွေးဖိအားကို လျော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ၄င်းပစ္စည်း နှစ်မျိုးပေါင်းက နှလုံးကို ကျန်းမာစေပါတယ်။

(၇) ပျားရည် နှင့် ACV တို့ ဓာတ်ပြုမှုက သွေးဖိအားတက်ခြင်းကို လျော့ချပေးနိုင်တာကြောင့် သွေးတိုးရောဂါဝေဒနာသည်များကို ကောင်းကျိုးပြုပါတယ်။

(၈) အမေရိကန်နိုင်ငံလုံးဆိုင်ရာ ဆီးချိုရောဂါအဖွဲ့ အစည်းတစ်ရပ်မှ ထုတ်ပြန်ချက်အရ၊ ဆီးချိုရောဂါအမှတ်-၂ အတွက် သောက် သုံးရသော ဆီးချိုကျဆေးများ၏ အင်ဆူလင်ပြဿနာကို ACV က ကောင်းကျိုးပြုပေးနိုင်ကြောင်း၊ အထူးသဖြင့် ၄င်းရောဂါ ဖြစ် သူများအနေဖြင့် ညအိပ်ခါနီး ACV သောက်ပေးခြင်းက ဆီးသွေးထဲရှိ ဂလူးကို့ စ်ပမာဏကို မှန်မှန်ကန်ကန် ဖော်ပြပေးနိုင် ကြောင်း၊ ပျားရည်ကတော့ သွေးရည်ကြည်ကို ကောင်းကျိုးပြုကာ ဆီးချိုသွေးချိုရောဂါသည်များ၏ သွေးထဲရှိ ဖက်တီးအက်ဆစ် ကို ကောင်းကျိုးပြုစေကြောင်း၊ ဒါကြောင့် ၄င်းပစ္စည်းနှစ်မျိုးဖျော်ရည်ကို သောက်သုံးပေးခြင်းဖြင့် သွေးထဲရှိ သကြားပမာဏကို လျော့ချပေးနိုင်ကြောင်း သိရပါတယ်။

(၉) နံက်ပိုင်း (သို့ ) လေ့ကျင့်ခန်းလုပ်ပြီးနောက် ACV လ္ဘက်ရည် ၁ ဇွန်း (သို့ ) ၂ ဇွန်း ခန့် ကို ပျားရည် လ္ဘက်ရည် ၁ ဇွန်းဖြင့် ဖျော်စပ် သောက်ပေးခြင်းဖြင့် ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေပါတယ်။ အသည်းကိုလည်း သန့် စင်စေပါတယ်။

(၁၀) ချောင်းဆိုးနေသူများ ပျားရည် အသင့်အတင့်သောက်ခြင်းကြောင့် ဘေးထွက်ဆိုးကျိုး လုံးဝမဖြစ်စေပါဘူး။ ACV က ချောင်း ဆိုး၍ လည်ချောင်းနာခြင်းအတွက် ဆေးဖက်ဝင်ပါတယ်။ ၄င်းပစ္စည်းနှစ်မျိုးက ရာသီဖျား ကူးစက်ရောဂါ အအေးမိ နှာစေးချောင်း ဆိုးခြင်း နှင့် လည်ချောင်းနာခြင်းတို့ အတွက် ကောင်းကျိုးပြုပါတယ်။

(၁၁) ACV နှင့် သဘာဝပျားရည်တို့ ၏ ပေါင်းစပ်ဓာတ်ပြုမှုက အရေပြားကို အားဖြည့်၍ ကျန်းမာစေတာကြောင့် ၀ဲနှင်းခူရောဂါ နှင့် အရေပြားအနီကွက်ထ၍ ​ယားယံခြင်းတို့ အတွက် ဆေးဖက်ဝင်ပါတယ်။ ဒါ့ပြင် အရေပြားပေါ်ရှိ ဆဲလ်အသေတွေကို ဖယ်ရှား ပစ်ပြီး ကျန်းမာသန့် စင်တဲ့ အရေပြားအသစ်ကို ဖြစ်တည်ပေးနိုင်ပါတယ်။ ၄င်း ပစ္စည်းနှစ်မျိုးကိုရောစပ်၍ သောက်ပါ၊

Apple cider vinegar ပန်းသီး ရှာလကာရည် ဗဟုသုတ----

ပန်းသီးရှာလကာရည် ဟာ ဘာကြောင့် ထူးခြား မှု ရှိ ရ တာ ပါ လဲ ?

၁. ဗီတာမင်ဓာတ် တွေ ပါ ရှိ ခြင်း
Vitamin A, C, E, B1, B2, B6,

၂. သတ္တုဓာတ် မျိုးစုံ ပါဝင် ခြင်း
Calcium, Chromium, Copper, Iron, Magnesium, Manganese, Phosphorus, Potassium, Selenium, Sodium,
Zinc

၃. အမြှင်ဓာတ် Fiber

၎. The Mother ဆို တာ pure unfiltered apple cider vinegar မှာ ပါ ပါ တယ်။
နည်းနည်း နောက် နေ တဲ့ ပုံ၊ အမှုံ တွေ ပါ သ လို ဖြစ် နေ တတ် ပါ တယ်။
ဒီ Mother ထဲ မှာ ပါ တာ တွေ က တော့ amino acids တွေ၊ digestive enzymes ( အစာချေဆေး ) နှင့် အာဟာရ ဓာတ် များ ပါ ပါ တယ်။ သူ တို့ တွေ ဟာ bacteria, fungus ပိုးမွှား တွေ ကို သုတ်သင် ပေး နိုင် သလို၊ ခန္ဓာကိုယ် ယောင် ကိုင်း ခြင်း ကို လဲ သက် သာ စေ နိုင် ပါ တယ်။

ဘယ် လို မျိုး ပန်းသီး ရှာလကာရည် ကို ဝယ် သင့် ပါ သ လဲ?

Organic unfiltered with the Mother က တတ် နိုင် ရင် တော့ အကောင်းဆုံး ဖြစ် ပါ တယ်။

USA မှာ က တော့ 32oz ဖန်ပုလင်း ကို ၆ ဒေါ်လာ နီး ပါး ပဲ ပေး ရ ပါ တယ်။
ရန်ကုန် မှာ က တော့ ဈေး အတော်ကြီး တယ် ထင် ပါ တယ်။
ကျွန်မ ဆို လို ချင် တာ က တော့ ၊ အလှမ်းမီ မှ ဝယ် ပါ။

ဘယ် လောက် ပဲ ကောင်း တယ် ဆို စေကာ မူ၊ ကိုယ် နဲ့ မတည့် ဖူး ထင် ရင် တော့ မ သောက် ကြ ပါ နဲ့။
ကျွန်မ အတွက် က တော့ အလွန် ပင် ကောင်း ပါ တယ်။

လူ ဆို တာ တစ် ယောက် နဲ့ တစ် ယောက် မတူ ကြ တာ မို့၊ မိမိ နဲ့ သင့် တော် တယ်၊ မသင့် တော် ဖူး ဆို တာ သောက် ကြည့် ရင် သိ နိုင် ပါ တယ်။

ပြော လက်စ နဲ့ သူ အကျိုး ပြု နိုင် ပုံ လေး တွေ ကို ဗဟုသုတ အဖြစ် ဆက် ကြ ရ အောင် -----

၁. အစာကျေ စေ ခြင်း
အစာ မစား ခင် ၁၅ မိနစ် လောက် အလို မှာ သောက် ရင် သင့် တော် ပါ တယ်။
လဖက်ရည် ဇွန်း ၁ - ၂ ကို ရေ ၈ အောင်စ နဲ့ ရော ပြီး သောက် ပါ။

၂. အရိုးအဆစ် တွေ ကိုက် ခြင်း၊ အသားတွေ နာ ခြင်း ကို လည်း သက် သာ စေ ပါ တယ်။
ကိုယ် ချိုး မဲ့ ရေ ထဲ မှာ ရှာလကာရည် ကို 1 cup ကို bath tub ထဲ မှာ ထည့် ပြီး နာရီဝက် - ၄၅ မိနစ် လောက် စိမ် နိုင် မယ် ဆိုရင် ယောင် ကိုင်း ခြင်း တွေ မှ သက် သာ စေ နိုင် ပါ တယ် လို့ ဆို ပါ တယ်။
မြန်မာ ပြည် မှာ လုပ် ဖို့ တော့ လွယ် မယ် မ ထင် ပါ။

၃. ခန္ဓာကိုယ် ခုခံအား ကို လည်း အားရှိ စေ ပါ တယ်။
နေ မကောင်း တဲ့ အခါ တစ်နေ့ ကို သုံး ကြိမ် လောက် သောက် ပေး နိုင် ရင် ကောင်း ပါ တယ်။
ကျွန်မ တော့ မစမ်းသပ် ကြည့် ဖူး သေး ပါ။
သောက် တဲ့ အခါ ဖြေးဖြေး သောက် ပါ။

၎. လည်းပင်း အကြိတ် တွေ ယောင် တတ် သူ များ အတွက် လည်း ကောင်း တယ် လို့ ပြော ပါ တယ်။
swollen lymph nodes

၅. သည်းချေ ကျောက်တည် သူ များ ၊ ကျောက် ကြောင့် ဗိုက် နာ နေ သူ များ အတွက် ကောင်း တယ် လို့ ပြော ပါ တယ်။
1 tablespoon of cider vinegar into a glass of apple juice . ရောမွှေ ပြီး သောက် ကြည့် ပါ တဲ့။

သည်း ချေ ကျောက် ကြေ စေ ချင် ရင် ----
2 teaspoon of apple cider vinegar and 1 teaspoon of lemon juice in a glass of water.
မနက် အိပ်ယာ က နိုးနိုး ခြင်း၊ အစာ မစားမီ သောက် ရ မှာ ဖြစ် ပါ တယ်။
တစ်ပတ် ကို သုံး ကြိမ် သောက် နိုင် ပါ တယ်။
သည်းချေ ကျောက် ကြေ နိုင် တယ် လို့ ဆို ထား ပါ တယ်။
စမ်းကြည့် ချင် ရင် ရ အောင် ရေး ပေး တာ ဖြစ် ပါ တယ်။
ကျွန်မ ကိုယ်တွေ့ တော့ မဟုတ် ပါ။

၆. ထိတ် ခပ် နာ ရှိ သူ များ Sinus infections
Mix apple cider vinegar ½ cup with ½ cup of water. မီး ဖို ပေါ် မှာ ဆူ လာ တဲ့ အထိ တည် ပါ။
ဒီ ဆူ နေ တဲ့ ရေ ကို အဝကျယ် ဖန် ဖူး တစ် ခု ထဲ မှာ ထည့် ပြီး၊ ဖန်အိုးဝ မှာ မျက် နှာ ထား ပါ။ ခေါင်း မှာ မျက်နှာသုတ် ပုဝါ နဲ့ ပတ် ထား ပါ။ အငွေ့ တွေ ကို ရှူ လိုက် ပါ။ သိပ် ပူ နေ ရင် ခဏ စောင့် ပါ။

၇. ကြို့ ဆက် တိုက် ထိုး နေ တာ ကို လဲ ပျောက် စေ ပါ တယ် တဲ့ ( Hiccups )

၈. ပွေး ပေါက် နေ တဲ့ နေ ရာ ကို တို့ ရင် လဲ ပျောက် ကင်း နိုင် ပါ သတဲ့။

၉ . ကျောက်ကပ် မှာ ကျောက် တည် နေ တာ ကို ကျေ စေ နိုင် တယ် လို့ လဲ ပြော ပါ တယ်။

၁၀. အသည်း မှ အဆိပ် တွေ ထုတ် ရာ မှာ လည်း ကောင်း ပါ သ တဲ့။

အခြား သော အကျိုး တွေ လဲ အများ ကြီး ရှိ ပါ သေး တယ်။

အထူး သဖြင့် ကျွန်မ စိတ်ဝင်စား တာ က တော့ သည်းချေ ကျောက် တည် နေ သော သူ များ၊ ကျောက် ကြောင့် နာ နေ သူ များ အတွက် ဖြစ် ပါ တယ်။

စမ်းကြည့် လို့ အောင်မြင် တယ် ဆို ရင် ကျွန်မ ကို ပြန် ပြီး အကြောင်း ကြား စေ ချင် ပါ တယ်။

ပန်းသီး ရှာလကာရည် ၏ စိတ်ဝင်စား ဖွယ် အာနိသင် တစ် မျိုး

နုပျို ချောမွေ့ ပြီး မျက်နှာ ကို ကျန်းမာ ရေး ကောင်း တဲ့ အသွင် ဆောင် စေ ပါ တယ်။

ကျွန်မ တို့ တ တွေ အား လုံး ဟာ အသက် ကြီး လာ တာ နဲ့ အမျှ အသား ရောင် ဟာ အသက် ငယ်စဉ် က လို တောက် တောက် ပပ မရှိ ကြ တော့ ပါ။

အသက် ကြီး လာ တာ နဲ့ အမျှ မျက် နှာ အရေ ပြား မှာ ရှိ တဲ့ dead skin cells ခေါ် အို မင်း ပြီး သေ နေ တဲ့
ကလာပ် စည်း တွေ ဟာ သူ့ အလို အလျောက် ကွာ ကျ ဖို့ ပို ပြီး ကြာ လာ တတ် ပါ တယ်။

ဒီ ကလာပ် စည်း တွေ နဲ့ ဖုံး နေ တဲ့ မျက် နှာ ဟာ ငယ်စဉ် အခါ က လို တောက် ပ ခြင်း မရှိ တော့ တာ အမှန် ပဲ ဖြစ် ပါ တယ်။

အခု ခေတ် မှာ ဆို ဓာတု ဆေး မျိုး စုံ နဲ့ ဆေး ခန်း တွေ မှာ၊ အလှ ပြင် ဆိုင် တွေ မှာ မျက်နှာ ပေါ် ရှိ သေ နေ တဲ့ ကလာပ်စည်း ကို ခွါ ပေး လေ့ ရှိ ပါ တယ်။

Facial ကို အလှ ပြင် ဆိုင် တွေ မှာ လုပ် မယ် ဆို ရင် ဈေး ကြီး ပါ တယ်။

ဒီ တော့ ကာ အိမ် မှာ ပဲ ကိုယ့် ဖာသာ ကိုယ် လုပ် ကြ ရ အောင်။

၁. မျက်နှာ ကို ရေ နွေးနွေး လေး နဲ့ သစ် ပါ၊ ဆပ် ပြာ မတိုက် ရ ပါ။

၂. ရေ ပူ ပူ မှာ wash cloth လို့ ခေါ် တဲ့ လက် သုတ် ပုဝါ သေးသေး ကို စိမ် ပြီး ညှစ် ထုတ် ပြစ် ပါ။
ပြီး ရင် မျက် နှာ ပေါ် မှာ ၃ မိနစ် လောက် ကပ် ထား လိုက် ပါ။

၃. ပန်းသီး ရှာလကာရည် ထမင်းစားဇွန်း တစ်ဇွန်း ကို ရေ တစ်ခွက် နဲ့ ရော လိုက် ပါ။
ပိတ်ပါး တစ် ခု ကို စွတ်စို စေ ပြီး မျက် နှာ ကို ခပ် ရွ ရွ ပွတ် ပေး လိုက် ပါ။

၎.. ပိတ်ပါး ကို ပန်းသီ ရှာလကာရေ ဖျော်ရည် ထဲ မှ ပြန် စိမ် ပြီး မျက် နှာ ပေါ် တင် လိုက် ပါ။
သူ့ အပေါ် မှာ ရေပူပူ နဲ့ စွတ် ထား ပြီး ညှစ် ထား တဲ့ မျက် နှာ သုတ်ပုဝါ အသေး ကို ထပ် တင် လိုက် ပါ။

၅. လှဲ အိပ် လိုက် ပြီး ၁၀ မိနစ် ခန့် ထား လိုက် ပါ။

၆. ပိတ်ပါး နဲ့ မျက်နှာသုတ် ပုဝါ တို့ ကို ဖယ် ပြစ် လိုက် ပါ။

ရ. မျက်နှာ သုတ် ပုဝါ ကြမ်းကြမ်း သို့ မဟုတ် loofah or သပွတ်သီး နုနု လေး နဲ့ မျက် နှာ ကို ဖြေးဖြေး အောက် က နေ အထက် သို့ ပွတ် ပေး ပါ။

မျက်နှာ ပေါ် ရှိ မလိုအပ် တဲ့ သေ နေ တဲ့ ကလာပ်စည်း အ ဟောင်း များ ကွာ ကျ သွား ပြီး၊ အောက် မှ
ကလာပ်စည်း အနု တွေ ပေါ် လာ ပါ လိမ့် မယ်။

မျက်နှာ အရေ ပြား ဟာ ချောမွတ် ပြီး နု နေ ပါ လိမ့် မယ်။

မျက် နှာ လည်း အရောင် ထွက် လာ ပါ လိမ့် မယ်။

အမျိုးသား တွေ လဲ လုပ် လို့ ရ ပါ တယ်။

တစ်ပတ် တစ်ခါ ဖြစ် စေ၊ ကိုယ် အလို ရှိ သ လို လုပ် လို့ ရ ပါ တယ်။

Bragg Brand Apple Cider Vinegar with the mother က တော့ ဈေး အား ဖြင့် နည်းနည်း ပို ကြီး ပါ တယ်။

Costco မှာ ရောင်း တဲ့ organic apple cider vinegar with the mother က ဈေး ပို ချို ပါ တယ်။ ပမာဏ အား ဖြင့် ၂ ဆ ပို ပြီး ရ ပါ တယ်။

Facial wash အတွက် သုံးရန် ပို ပြီး အဆင် ပြေ တယ် လို့ ထင် ပါ တယ်။

credit

08/07/2017

ဒီစာကိုဖတ်ပြီး ကြက်သီးတောင် ထမိပါတယ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အရည်အချင်း ( ၁၀ ) ခု

08/06/2017
02/06/2017
အားလုံးလည်းသိထားပါပြီ New Product OPPO F1S ကိုRAM.3 ROM 32 screen 5.5 inches အပြင် fingerprint လည်းပါသေးတယ်နော်ကင်မရာရှေ...
17/08/2016

အားလုံးလည်းသိထားပါပြီ New Product OPPO F1S ကိုRAM.3 ROM 32 screen 5.5 inches အပြင် fingerprint လည်းပါသေးတယ်နော်ကင်မရာရှေ့16သုံးထားတဲ့အပြင်4G လုံးလေးမို့ customers များ Olympic mobile အနော်ရထာလမ်း ၂၇လမ်းထောင့် ပန်းဘဲတန်း ရန်ကုန်မြို့းOh -09-254777400/ viber ph 09-420305358Pre-Order ကို17 Augမှ-25Augအထိသာ(9)ရက်အခွင့်အရေးကမက်လောက်စရာလက်ဆောင်တွေရိပဲနော်ဈေးနှုန်းအနေနဲ့လည်း269000အံသြလောက်တဲ့ဈေးနူန်းလေးဖြစ်လို့အမြန်ဆုံးသာဝယ်ယူလိုက်ကြရအောင်လားရှင်

Address

No. 291, Ahnawrahta Road, Coner Of 27th Street
Yangon
11111

Telephone

+959254777400

Website

Alerts

Be the first to know and let us send you an email when Olympic Mobile & Electronic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share