01/07/2026
The Journey of Flavour Specialty Coffee
မြန်မာ့ ကော်ဖီယဉ်ကျေးမှုအသစ်တစ်ခုဆီသို့
Flavour Specialty Coffee ကို ၂၀၂၃ ခုနှစ်တွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ (၃၈) လမ်း၌ Specialty Coffee ချစ်သူများအတွက် ကောင်းမွန်သော ကော်ဖီများကို နိုင်ငံတကာ အဆင့်မှီပေးစွမ်းနိုင်ရန် ရည်ရွယ်ပြီး စတင်တည်ထောင်ခဲ့ပါသည်။ မိမိတို့နှစ်သက်မြတ်နိုးလှသော ကော်ဖီလုပ်ငန်းအပေါ် အလေးအနက်ထားကာ (၃) နှစ်တာကာလပတ်လုံး ကြိုးစားအားထုတ်ခဲ့ပြီးနောက်၊ ယခုအခါ ပိုမိုပြည့်စုံကောင်းမွန်ပြီး ကော်ဖီချစ်သူများ စုံစည်းရာနေရာတစ်ခုဖြစ်သည့် **YSCH (Yangon Specialty Coffee Hub)** သို့ ပြောင်းရွှေ့ကာ ဆိုင်ခွဲအသစ်ဖြင့် တိုးချဲ့ဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။
ကျွန်တော်တို့ Flavour Specialty Coffee တွင် အသုံးပြုမည့် ကော်ဖီစေ့များကို မြန်မာ့ကော်ဖီမြို့တော်ဖြစ်သော မေမြို့ (ပြင်ဦးလွင်) တွင် စနစ်တကျ ကိုယ်တိုင် Processing ပြုလုပ်ပြီး အရည်အသွေးကို အကောင်းဆုံးအနေအထားတွင် တသတ်မှတ်ထဲရှိစေရန် သေချာစွာ ထုတ်လုပ် ပါသည်။
ထို့နောက် ရရှိလာသော အရည်အသွေးမြင့် ကော်ဖီစေ့များကို ကျွန်တော်တို့၏ ကိုယ်ပိုင် Brand ခွဲတစ်ခုဖြစ်သည့် Rio Grande Coffee Roastersမှတစ်ဆင့် နားလည်သော ပညာရှင်များမှ သေချာစွာ လှော်ပေးလျှက်ရှိပါသည်။
Rio Grande Coffee Roasters သည် အရည်အသွေးမြင့် ကော်ဖီစေ့များကို ဒေသတွင်းရှိ Local Cafe များသို့လည်း ယုံကြည်စိတ်ချစွာ ဖြန့်ဖြူးပေးနေသော ကော်ဖီလှော်လုပ်ငန်းတစ်ခုဖြစ် ပါသည်။
ယခုဆိုင်သစ်တွင် ပြင်ဦးလွင်နှင့် ကမ္ဘာ့ဒေသ အသီးသီး၌ထွက်ရှိသော Specialty Coffee များကို Hand Drip မီနူးတွင် ထည်သွင်းထားပေးပါသည်။
Flavour Specialty Coffee အနေဖြင့် သာမန်ကော်ဖီတစ်ခွက်ထက်ပိုသော အရသာကို ပေးစွမ်းလိုပါသည်။ မေမြို့၏ ကော်ဖီပျိုးခင်းများမှသည် Rio Grande Roasters ၏ ကော်ဖီလှော်စက်များဆီသို့၊ ထိုမှတစ်ဆင့် သင့်ခွက်ထဲသို့ ရောက်ရှိလာမည့် ကော်ဖီခွက်တိုင်းတွင် ကော်ဖီတောင်သူများ၊ ကော်ဖီလှော်သူများနှင့် Barista များ၏ စိတ်အားထက်သန်ခြင်းနှင့် ကြိုးစားမှုများ စွာပါဝင်နေပါသည်။
Flavour Specialty Coffee သည် ပိုမိုအဆင့်အတန်းမြင့်မားသော Myanmar Specialty Coffee Culture ကို နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန် အစဉ်အမြဲ ကြိုးစားနေမည် ဖြစ်ပါသည်။
The Journey Of Flavour Specialty Coffee: Toward a New Coffee Culture.
Flavour Specialty Coffee was founded in 2023 on 38th Street, Kyauktada Township, Yangon, with the vision of delivering international-standard, premium coffee to specialty coffee enthusiasts. After three years of dedicated hard work driven by our deep passion for the craft, we have decided to expand. We are opening a new branch at **YSCH (Yangon Specialty Coffee Hub)**—a more complete, elevated space designed to be a gathering point for coffee lovers.
At Flavour Specialty Coffee, consistency and peak quality are our top priorities. Our journey involves a meticulous, hands-on process:
We source our coffee beans directly from Myanmar's coffee capital, Maymyo (Pyin Oo Lwin), where we systematically oversee the processing ourselves to ensure top-tier quality control.
These Coffee beans are then roasted using precise, state-of-the-art techniques by our own sub-brand, Rio Grande Coffee Roasters.
Rio Grande Coffee Roasters is a trusted roasting business that also supplies high-quality coffee beans to local cafes across the region.
In our new shop, the Hand Drip menu will proudly feature exceptional specialty coffees sourced from both Pyin Oo Lwin and various renowned coffee regions around the world.
More Than Just a Cup
Flavour Specialty Coffee aims to offer an experience that goes far beyond an ordinary cup of coffee. From the rich soil of Maymyo to the roasters of Rio Grande, and finally into your cup—every single serving carries the passion, dedication, and hard work of the coffee farmers, roasters, and baristas.
We are fully committed to continuously elevating Myanmar's Specialty Coffee scene, shaping it into a more premium and sophisticated Specialty Coffee Culture.