BizTech Consulting and It Services

BizTech Consulting and It Services Website Development Company

သင့်ထုတ်ကုန်တွေကို ဝယ်ကိုဝယ်မဲ့ Customer တွေက ဘယ်သူတွေပါလဲ  အပိုင်း_၁Potential Customer တွေကို ရှာဖွေရာမှာ လုပ်လေ့ရှိကြတ...
28/10/2025

သင့်ထုတ်ကုန်တွေကို ဝယ်ကိုဝယ်မဲ့ Customer တွေက ဘယ်သူတွေပါလဲ
အပိုင်း_၁

Potential Customer တွေကို ရှာဖွေရာမှာ လုပ်လေ့ရှိကြတာက.. ပထမအဆင့်အနေနဲ့ ကိုယ့်လုပ်ငန်းရဲ့ Product ကို ဝယ်ယူစားသုံးနိုင်တဲ့ Customer တွေကို အုပ်စုခွဲလိုက်တယ်.. ပြီးရင် ကိုယ်တကယ်ဝန်ဆောင်မှုပေးနိုင်တဲ့ အကောင်းဆုံး Segment အုပ်စု ကို ရွေးချယ်တာပဲဖြစ်ပါတယ်။ ဒီနေရာ မှာ မိမိမှာ ရှိနေတဲ့ Resources တွေနဲ့ ချိန်ညှိပြီးတော့လည်း စဉ်းစားတွက်ချက်ပြီး Target Segment (Target Audience) ကို ချမှတ် လေ့ရှိကြပါတယ်
သည်လို Target Segment ကို ချမှတ်တဲ့ နေရာမှာ ဈေးချိုတာကို ကြိုက်တတ်တဲ့အုပ်စု ၊ Fashion Trend တစ်ခု ကို ကြိုက်တတ်တဲ့ အုပ်စု၊ Spicy အရသာကို ကြိုက်တတ်တဲ့ အုပ်စု စတဲ့ သူတွေဆီ Target ထားပြီး သွားမယ်လို့ စဉ်းစားတတ်ကြပါတယ်.. အဲ့လို စဉ်းစားပြီးရင်တော့ ကိုယ်Target ထားတဲ့ Customer Segment အကြောင်းကို ပိုပြီး ခြေခြေမြစ်မြစ်သိနေဖို့လိုပါတယ်. ဒီနေရာမှာ ကိုယ်က ဈေးသက်သာ တဲ့ အဝတ်အထည်လေးတွေကို ဈေးကွက်ကို တင်သွင်းချင်တယ် ဆိုပါစို့ .. ဈေးသက်သာတာကို ကြိုက်တတ်တဲ့ customer ဆိုတဲ့ အချက်တချက်ပဲ သိလို့ မရပါဘူး .. တခြားအချက်အလက်တွေလည်း သိရှိဖို့ ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ဒါမှလည်း ပိုမို ထိရောက်ကောင်းမွန်တဲ့ Marketing Strategy တွေ ချမှတ် နိုင်မှာပဲ ဖြစ်ပါတယ် ..
ဘယ်လိုအချက်အလက်တွေကို သိရှိထားဖို့လိုအပ်တာလဲ ???

Demographic Data: ကိုယ့်ရဲ့ Target Audience ရဲ့ အသက်အရွယ်၊ ကျား/မ၊ အရပ်ဒေသ၊ ဝင်ငွေ၊ အလုပ်အကိုင် စတာတွေကို သိရှိဖို့လိုပါတယ်။
• ဉပမာ ကိုယ်ရောင်းချင်တဲ့ ပစ္စည်းက local made အမျိုးသမီးဝတ် brand တစ်ခုဖြစ်တယ်ဆိုပါစို့ . ဒါဆိုရင်တော့ အသက်အရွယ် ဘယ်လောက်အတွက် ဉီးတည်မလဲ၊ နောက် ဘယ်အရပ်ဒေသကို အဓိကထားရောင်းချမလဲပေါ့ . တနေရာနဲ့ တနေရာက အပူအအေး ရာသီဉတု လည်း ကွာတတ်သလို Fashion Trend အရ အမြင်လည်း ကွာတတ်တာမို့ အရပ်ဒေသကိုလည်း စဉ်းစားရမယ်ပေါ့ .. နောက်တခုက ဝင်ငွေပေါ့ .. ဝင်ငွေ level ဒါမှမဟုတ် အသုံးပြုနိုင်လောက်တဲ့ ပမာဏ ကိုလည်း သိနေရပါမယ်.. အလုပ်အကိုင်ကကော ဘယ်လိုအလုပ်မျိုးလုပ်တဲ့သူတွေကိုရောင်းချင်တာလဲပေါ့.. ဥပမာ Office သမားတွေအတွက်လား ကျောင်းသူလေးတွေအတွက်လား.. ဒါလေးတွေသိဖို့လိုပါမယ်. ဒါမှလည်း ဝယ်ကိုဝယ်ရမဲ့ Product လေးတွေထုတ်နိုင် ရောင်းနိုင်မှာပဲဖြစ်ပါတယ်။

နောက်တခုကတော့
Psychographic Data: ကိုယ့် Target Audience ရဲ့ စိတ်ဝင်စားမှု၊ သူကြောက်တဲ့အရာ၊ တန်ဖိုးထားတဲ့အရာ၊ သူလိုချင်တဲ့အရာနဲ့ သူအတွက် စိန်ခေါ်မှုတွေကိုလည်းနားလည်ဖို့လိုပါမယ်။
ဒါဆိုရင် အပေါ်က အချက်လေးတွေပေါ်မူတည်ပြီး ထပ်စဉ်းစားရမှာက ဒီ ကိုယ် ဉီးတည်ရောင်းချမဲ့ အမျိုးသမီးလေးတွေရဲ့ တွေးပုံတွေးလေ့ ရှိမှာလေးတွေ.. .သူတို့ ကို influence ဖြစ်နေနိုင်တဲ့ brand/design တွေ၊ စတာတွေသိဖို့လိုပါမယ် ..သူတို့မဖြစ်ချင်တာလေးတွေကိုလည်း သိဖို့လိုပါမယ် .. ဆိုပါစို့ ကိုယ်က အသက် ၃၀/၄၀ ဝန်းကျင်အမျိုးသမီးတွေ ဝတ်မဲ့အဝတ်အစားတွေထုတ်မယ်ဆိုပါစို့ .. ဒါဆိုရင်တော့ ကိုယ်အလေးချိန်ကို ဝစေ၊ ပွစေမဲ့ပုံလေးတွေကို ရှောင်သင့်ပြီး ဗိုက်ပူတာကို မသိသာစေတဲ့ပုံမျိုးလေးတွေက ပိုရောင်းကောင်းတတ်ပြန်ပါတယ်၊
ဒီနေရာမှာတော့ ကိုယ် Customer အကြောင်းကိုယ်ပိုသိလေလေ ပိုကောင်းတဲ့ Product တွေစဉ်းစားနိုင်လေလေ ပါပဲ ..
နောက်တချက်ကတော့
Behavioral Data: အပြုအမူပိုင်းဆိုင်ရာ အချက်အလက်များဖြစ်ပါတယ်.................. ဆက်ရန်.

Good Morning Everyone😊😊
08/09/2024

Good Morning Everyone😊😊

မြန်မာသက္ကရာဇ် ၁၃၈၅ သို့ အကူးအပြောင်းနှစ်ကူး အခါသမယမှအစ  နှစ်သစ်မှာ ပျော်ရွှင်သာယာပါစေကြောင်း.. ကျန်းမာ ချမ်းသာပါစေကြောင...
06/04/2023

မြန်မာသက္ကရာဇ် ၁၃၈၅ သို့ အကူးအပြောင်းနှစ်ကူး အခါသမယမှအစ နှစ်သစ်မှာ ပျော်ရွှင်သာယာပါစေကြောင်း.. ကျန်းမာ ချမ်းသာပါစေကြောင်း.. အလုပ်အကိုင် စီးပွားလာဘ်လာဘများ ဒီရေအလားတိုးတက်ပွားများပါစေကြောင်း ကျနော်များ BizTech IT မိသားစုမှ ဆုမွန်ကောင်းများပို့သအပ်ပါသည်ခင်ဗျာ...

ဆိုရှယ်မီဒီယာမှ တဆင့် သင့်Website ကို Traffic များအောင် ဘယ်လို ဆောင်ရွက်ရမလဲ???ပထမဆုံးအနေနှင့် ကိုယ့်ရဲ့Social Media ၏ R...
31/03/2023

ဆိုရှယ်မီဒီယာမှ တဆင့် သင့်Website ကို Traffic များအောင် ဘယ်လို ဆောင်ရွက်ရမလဲ???

ပထမဆုံးအနေနှင့် ကိုယ့်ရဲ့Social Media ၏ Reach And Engagement ကို များပြားအောင်ဆောင်ရွက် ဖို့ဆိုရင် သင့်ရဲ့ Social Media ၏ Media Reach, Engagement နှင့် Quality Followers အရေအတွက်တိုးစေဖို့ကောင်းမွန်တဲ့ မည့်သည့် Strategy မဆိုသုံးစွဲနိုင်ပါတယ်။ ဒါက Posts နှင့် Profile ကို လူကြည့်များစေသလို ကိုယ့်လုပ်ငန်းပုံရိပ် Brand ကို ပိုမို ရင်းနှီးသွားစေပါတယ်။
ထိုနည်းလမ်းတွေကပဲ သင့်ရဲ့ Social Media Referral Traffic ကိုတိုးတက်စေမှာဖြစ်ပါတယ်။
ဒါကြောင်မို့ပထမဆုံးအနေနှင့် အောက်ပါ Social Media Best Practice တွေကို အရင်ဆုံး သေချာအောင် အသုံးပြုသင့်ပါတယ်။

1. Post တွေကို ပုံမှန်တင်ပေးခြင်း

သင့် Followers နှင့် အပြန်အလှန်အဆက်အသွယ်မပြတ်ထားရှိခြင်း၊ ဆွဲဆောင်မှုရှိတဲ့ Design တွေနဲ့ Content တွေကို ပုံမှန်တင်ခြင်း တို့ကို ဆောင်ရွက်ပေးခြင်းအားဖြင့် သင့်လုပ်ငန်း၏ Social Media Metrics ကို များစွာတိုးတက်စေမှာဖြစ်ပါတယ်။

2.ကိုယ့် Company ရဲ့ Web Traffic တိုးတက်စေရန် ဆောင်ရွက်ပေးနိုင်သော Social Media Platforms တွေကို ပိုအာရုံစိုက်ရန်

အကယ်၍ များ သင့်ရဲ့ပန်းတိုင် ရည်မှန်းချက်က Social Media မှ Traffic တိုးတက်စေဖို့ ရည်မှန်းထားတယ် ဆိုရင်ဖြင့် အခုအချိန်ကစပြီး ကိုယ့်လုပ်ငန်းအတွက် Best-Suited Social Media Platform များ ကို ရွေးချယ်ဖို့သင့်ပါပြီ။
ဒါကြောင့် သင့် Website ဆီသို့ Traffic များများရရှိအောင် Best Social Media Platform ကို ဘယ်လိုရွေးချယ်ရမလဲဆိုတောတော့ စဉ်းစားဖို့လိုလာပါပြီ။
ဥပမာ။။ Facebook သည် Social Media Referrals အတွက် အကောင်းဆုံး Platform လို့တင်စားကြတယ်။
ဒါက အံ့သြစရာတော့ မဟုတ်ပါဘူး။ ပြောရရင် Facebook ကအခုထိတော့ Most Popular Social Media Network အနေနှင့်ရှိနေသေးတာဖြစ်ပါတယ်။
သို့ပေမယ့် Twitter ကလည်းပဲ လျင်မြန်ပြီးတိုတောင်းတဲ့ Text Message တွေသုံးပြီး ကြီးမားသော သတင်းဖြန့်ကျက်မှုကို ဆောင်ရွက်နိုင်ပါပြီး High Volumes of Traffic ကို ရရှိစေနိုင်ပါတယ်။
သို့ပေမယ့် အထက်ပါအချက်အလက်များသည် အသုံးပြုသော လုပ်ငန်းအမျိုးမျိုးအပေါ်မူတည်ပြီး ကွဲပြားနိုင်ပါသေးပါတယ်။
ဒါကြောင့် ကိုယ့် Brand And Audience အတွက် ဘယ် Social Media Channel က အကောင်းဖြစ်နိုင်လဲဆိုတာ မှန်မှန်ကန်ကန်ဆုံးဖြတ်သုံးသပ်နိုင်မှုကသာလျင် သင့် Website ကို Traffic ပို ရရှိနိုင်မည့် သော့ချက်တစ်ခုဖြစ်ပါတယ်။

3.သင့်ရဲ့Social Media Profiles မှ တဆင့် သင့် Websites ကို ရောက်နိုင့်မယ့် Website Link ထည့်သွင်းပေးခြင်း

Social Media Profile တိုင်းလိုလိုမှာ သင့်လုပ်ငန်းအကြောင်းကို သင့် Followers တွေသိမြင်စေရန် နေရာအလွတ်လေးတစ်ခု ပါရှိပါတယ်။ ဥပမာအားဖြင့်
• “Bio” (On Twitter, Tiktok Or Instagram) Or
• An “About Section” (On Linkedin, Facebook Or Youtube)
စသဖြင့်ပါရှိတာကို တွေ့မြင်ရပါတယ်။
ထိုနေရာတွေမှာ သင့်website ရဲ့linkတွေထည့်ထားခြင်းအားဖြင့်သင့် Social Media မှတဆင့် သင့်လုပ်ငန်းအကြောင်း တစ်နေရာထဲမှာ တွင် ပြည့်စုံစွာဖော်ပြပေးနိုင်သော Landing Page ကို ရောက်သွားမည်ဖြစ်ပါတယ်။
အထက်ပါ နည်းလမ်းအရ သင့် Customer တွေအနေနှင့် သင့်လုပ်ငန်းကို အလွယ်တကူတွေ့မြင်နိုင်ပြီး သင့်၏ social media မှ တဆင့် သင့် Website ဆီကိုရောက်လာပြီး Traffic တိုးပွားစေမှာဖြစ်ပါတယ်။

4.သင့်ရဲ့social Media Posts တွေမှာပါ Website ဆီကို ရောက်နိုင်မယ့် Links တွေ ထည့်ပြီး Traffic များအောင်ဆောင်ရွက်ခြင်း

သင့်ရဲ့ Social Media Profile အပြင် Social Media Post များကို အသုံးပြုပြီး သင့် Website ကို Traffic များဖို့ Website Links များထည့်သွင်းပေးလို့ရပါသေးတယ်။
အကယ်၍ သင့်လုပ်ငန်းကို စိတ်ဝင်စားသော User အနေနှင့် သင့်ရဲ့စိတ်ဝင်စားဖွယ်ကောင်းသော Content တွေကို ကြည့်ရှုပြီးတာနှင့် တပြိုင်နက် ပြည့်စုံသော Website Information ဘက်သို့ ဆွဲခေါ်သွားခြင်း အားဖြင့် Traffic ကို ပိုမိုများစေမှာဖြစ်ပါတယ်။
Post ရဲ့အဆုံးပိုင်းတွေမှာလည်း CTA (Call To Action) အသုံးပြုပီး ပိုပြီးအချက်အလက်ပေးနိုင်သော Website ကို ပို့ဆောင်ပေးခြင်းအားဖြင့် Website Traffic များပြီး လုပ်ငန်းကို လူပိုသိများစေမှာဖြစ်ပါတယ်။

5. Website Traffic အမြင့်ဆုံးရနိုင်ဖို့ဆိုရင် သင့်ရဲ့ Facebook Post Strategy ကိုအမြဲတမ်း လိုလို Review လုပ်သင့်ပါတယ်။

မတူညီတဲ့ Social Media Algorithms တွေရဲ့အလုပ်လုပ်ပုံတွေကို ကောင်းမွန်စွာ သိနားလည်ထားဖို့လိုပါတယ်။ Social Media တွေဘယ်လို အလုပ်လုပ်လဲဆိုတာ သိမြင်နားလည်ထားခြင်းအားဖြင့် တနည်း
Social Media မှာ နေ့စဉ်လာရောက်နေတဲ သူတွေကို ပိုမိုများပြားစေခြင်းအားဖြင့် သင့် Website ကိုလည်း Traffic များစေမှာဖြစ်ပါတယ်။

6. လူသိများ​​​ တဲ့ Social Media Groups တွေမှာ သင့် Websites ကို ရောက်စေမယ့် Link တွေထည့်ပေးခြင်း
လူသိများတဲ့ Social Media Groups တွေရဲ့လွှမ်းမိုးနိုင်တဲ့အခြေအနေကို အသုံးချပြီး သင့် Website ကို ပိုမို Traffic များအောင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
သင့်လုပ်ငန်းနှင့် သက်ဆိုင်တဲ့ လူကြည့်များတဲ့ Social Media Groups တွေမှာ သင့်လုပ်ငန်းရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ Content တွေ Links တွေ ထည့်ပေးခြင်းက သင့် Website ကို ပိုကောင်းမွန်တဲ့traffic တွေရရှိစေမှာဖြစ်ပါတယ်။
Facebook, WhatsApp, LinkedIn အစရှိတဲ့ social media အများစု တွေမှာ Group Features
ပါရှိသဖြင့် ထိုအချက်ကို ပါးနပ်စွာအသုံးချခြင်းအားဖြင့် လုပ်ငန်းကို ပိုမိုလူသိများစေမှာဖြစ်ပါတယ်။

7. Social Media Shares တွေအသုံးပြုခြင်းအားဖြင့် Web Traffic ကို တိုးတက်စေခြင်း

Social media မှ Referral Traffic ရစေရန် နောက်ထပ်နည်းလမ်းတစ်ခုကတော့ ကိုယ့်လုပ်ငန်းနှင့်ပတ်သက်တဲ့စိတ်ဝင်စားစေတဲ့Content တွေကို အခြား Follower နဲ့ Traffic များသူတို့ရဲ့ ကိုယ်ပိုင် Network တွေဖြစ်တဲ့ Facebook, Twitter တို့မှတဆင့် Share ပေးရန် အကူညီတောင်းခြင်းဖြစ်ပါတယ်။ သည်လိုနည်းလမ်းနဲ့လည်း မိမိရဲ့ Website ကို Traffic များလာဖို့ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

သည်တပတ်တင်ပြပေးသွားတဲ့ Website Traffic နဲ့ တိုးဖို့ Third Party Social Media Platform တွေက တဆင့်ဘယ်လို လုပ်ဆောင်သင့်တယ်ဆိုတဲ့အချက်အလက်များက စာဖတ်သူတို့အတွက် တစုံတရာ အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။ သင့် ရဲ့ Website နဲ့ Social Media ပိုင်းအတွက် အသုံးဝင်နိုင်မဲ့ Post လေးတွေကို ကျနော်များ Team က ရှာဖွေတင်ပြပေးသွားမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုနိုင်ဖို့ Page ကို Like and Follow လေးလုပ်ထားနိုင်ပါတယ်ခင်ဗျာ။





Online ရောင်းချရာကနေ E commerce ကိုစတင်ပြီး အသက်သွင်းချင်တဲ့ SME လုပ်ငန်းရှင်များအတွက် ဈေးနှုန်းသက်သာတဲ့ Starter Package...
24/02/2023

Online ရောင်းချရာကနေ E commerce ကိုစတင်ပြီး အသက်သွင်းချင်တဲ့ SME လုပ်ငန်းရှင်များအတွက် ဈေးနှုန်းသက်သာတဲ့ Starter Package လေးကိုမိတ်ဆက်ပေးချင်ပါတယ်..

ပါဝင်မဲ့ Feature တွေ အနေနဲ့ကတော့ E commerce လုပ်ဆောင်ချက်တွေကို ပြည့်ပြည့်စုံစုံလုပ်ဆောင်နိုင်မဲ့ Function တွေဖြစ်တဲ့

📍သပ်ရပ်လှပပြီးစွဲဆောင်မှုရှိသော Design သွင်ပြင်များနှင့် Home Page ရှိပြီး

📍Home Page မှာလည်း New Arrival, Promotion Item, Seasonal Item စသည်တို့ကိုပြသထားနိုင်ပါတယ်။

📍Product အလိုက် Category တွေခွဲထားလို့ရပြီး Search Box နဲ့လည်းအလွယ်တကူ ရှာဖွေနိုင်ပါတယ်

📍Product တစ်ခုချင်းစီရဲ့ Detail Information ကိုပြသထားလို့ရပြီး

📍Product တခုနဲ့တခု ယှဉ်တွဲပြီးကြည့်နိုင်တဲ့ Compare Feature လည်းပါဝင်ပါတယ်

📍Product Variant တွေဖြစ်တဲ့ (Size/Color/weight) စသည်တို့ကိုပြသထားနိုင်ပါတယ်

📍Mobile Responsive ဖြစ်တဲ့အတွက် Mobile/ Tablet စသည်တို့နဲ့လည်း အသုံးပြုလို့ရနိုင်ပါတယ်

📍Unlimited Category, Unlimited Product, Unlimited Page အသုံးပြုနိုင်မှာဖြစ်ပါတယ်.
အထက်ပါ feature တွေအပြင် Review ပေးနိုင်တာ၊ point, coupon စတဲ့ loyalty feature တွေလည်းပါဝင်ပါတယ်။

အခြားအသေးစိတ် feature များနှင့်တကွ Demonstration လေးကြည့်ရှုချင်တယ်ဆိုရင်တော့ ကျနော်များ ဖုန်းနံပါတ် 09 76922 7597/ 09 769228464 သို့ဖြစ်စေ Page Chat Box မှ တဆင့်ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်..



ကျနော်တို့ တချို့ Online ရောင်းချသူတွေမှာတွေရတတ်တာက Content Creation တွေ Storyline နဲ့ကိုယ်တိုင် Modeling လုပ်ပြီးကြော်င...
15/02/2023

ကျနော်တို့ တချို့ Online ရောင်းချသူတွေမှာတွေရတတ်တာက Content Creation တွေ Storyline နဲ့ကိုယ်တိုင် Modeling လုပ်ပြီးကြော်ငြာတဲ့အထိ ဖန်တီးမှုအားတွေ အရမ်းကောင်းကြပေမဲ့ ရောင်းချတဲ့နေရာမှာ ဝယ်သူတွေကို ဖမ်းဆုပ်ထားနိုင်တဲ့အပိုင်းမှာတော့ တချို့ကသာလုပ်နိုင်သေးတာတွေ့ရပါတယ်။

နည်းပညာခေတ်မှာ ကုန်ပစ္စည်းရောင်းချသူတွေဟာပုံစံမျိုးစုံ Channel ပေါင်းစုံကနေ နည်းမျိုးစုံနဲ့အရောင်းမြှင့်တင်လာကြတာတွေ့ရပါတယ်။ သည်လိုမြှင့်တင်ရာမှာ ဝယ်ယူသူရဲ့ Attention ကိုရနိုင်ဖို့ ဝယ်သူရှိနိုင်မဲ့ Channel နေရာတွေ (ဥပမာ Facebook, Instagram, Twitter စသည်)မှာ ကိုယ့် Product/Service စတာတွေကိုကြော်ငြာကြတာတွေ့ရပါတယ်.

ဒါပေမဲ့ ဘာကြောင့်များ အများကြီးလည်း Upselling/Cross selling တွေလုပ်လို့ရပြီး Lifetime Customer တွေပါ ရှိနိုင်မဲ့ နေရာတစ်ခုကို မတည်ဆောက်ကြတာပါလိမ့်…

တကယ်တော့ အဲ့လို Attention ရပြီးတဲ့နောက်မှာတော့ ဝယ်ယူမှုကို ဖြစ်စေမဲ့ ၊ များများဝယ်ယူဖြစ်စေမဲ့၊ ထပ်ပြန်တလဲ ဝယ်ယူဖြစ်စေမဲ့ streamline process တစ်ခု၊ ကိုယ်ပိုင် Online E commerce Website တစ်ခုကိုဖန်တီးတည်ဆောက်ထားသင့်တယ်လို့ အကြံပြုလိုပါတယ်

သည်လိုဖန်တီးတည်ဆောက်ထားလိုက်ခြင်းအားဖြင့်.
📈 Facebook, Instagram, YouTube စသည်အားဖြင့် ကျနော်တို့ ကြော်ငြာလို စိတ်ဝင်စားလာမဲ့ Customer တွေကို ကျနော်တို့ရဲ့ကိုယ်ပိုင် Website ထဲကို Streamline လုပ်ပြီးဆွဲခေါ်သွားလို့ရမယ်
(သည်နေရာမှာ Facebook Algorithm အရ ကျနော်တို့ကြော်ငြာနဲ့ မျိုးတူ ကြော်ငြာတွေလည်း ရှာဖွေသူ ကတွေ့လာရမှာဖြစ်လို့ Site ထဲကို Streamline လုပ်ဖို့အကြံပေးတာဖြစ်ပါတယ်)
📈 အဲ့နောက်မှာတော့ ကျနော်တို့ရဲ့ကိုယ်ပိုင် E commerce Platform မှာ ဝယ်သူရှာဖွေနေတဲ့ပစ္စည်းကို ပိုဝယ်ဖြစ်စေဖို့ (Upselling လုပ်ဖို့) Promotion ပေးတာတွေ၊ Quantity များလာတဲ့အခါ ဈေးလျော့ သွားတဲ့ schme တွေကို လုပ်ပြီးအရောင်းမြှင့်တင်လို့ရပါမယ်
📈နောက်တစ်ခုက ဝယ်သူရှာနေတာနဲ့ ဆက်စပ်တဲ့ အခြား Related Product တွေကိုလည်း Recommend ပေးလို့ရပြီး Cross Selling လုပ်ပြီးလည်း အရောင်းမြှင့်တင်နိုင်ပါမယ်.
📈 အဲ့နောက်မှာတော့ ဈေးလျော့ပေးချင်တာမျိုး ၊ ပစ္စည်းသစ်ရောက်တာမျိုးတွေကိုလည်း ခင်းကျင်းပြသ ထားနိုင်တဲ့ Site တစ်ခုဖြစ်လို့
အရောင်းပိုင်း ကို နည်းပညာအားနဲ့ အများကြီး ထပ်မြှင့် နိုင်တယ်လို့ ကျနော့်အနေနဲ့အကြံပြုလိုပါတယ် ..

နှစ်သစ်မှာE commerce Website တစ်ခုဖန်တီးပြီး အရောင်းမြှင့်တင်ဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ ကျနော်များ BizTech Consulting and IT Services ရဲ့ ဖုန်းနံပါတ် 09 76922 7597/ 09 76922 8464 တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျာ..




14/02/2023
ကျွန်တော်တို့ BizTech IT and Consulting လုပ်ငန်းမှ ဝန်ဆောင်မှုပေးလျက်ရှိသော service များနှင့်မိတ်ဆက်ပေးပါရစေခင်ဗျာ..ဝန်ဆ...
28/01/2023

ကျွန်တော်တို့ BizTech IT and Consulting လုပ်ငန်းမှ ဝန်ဆောင်မှုပေးလျက်ရှိသော service များနှင့်မိတ်ဆက်ပေးပါရစေခင်ဗျာ..
ဝန်ဆောင်မှုများအနေနှင့် …
📍သင်တန်းကျောင်းများ Private School/ International School စသည်တို့တွင် Online သင်ကြားရေး channel ကို စနစ်တကျ ဖွင့်လှစ်သင်ကြားစေနိုင်မည့် Learning Management System (LMS)
📍Online ဈေးဆိုင်များအတွက် စနစ်ကျ အချိန်ကုန်သက်သာပြီး ရောင်းအားများအစွမ်းကုန်မြှင့်တင်နိုင်မဲ့ E commerce System
📍Hotel နှင့် ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းများအတွက် လှပသေသပ်ပြီး ဆွဲဆောင်မှုရှိသော ရှုခင်း အလှအပများကို ဖော်ပြပေးနိုင်မည့် Website Design များ
📍Real Estate အိမ်ခြံမြေလုပ်ငန်းများ၊ Employment Agency အစရှိသည့်လုပ်ငန်းများ အတွက် Functional Website များ
📍လူကြီးမင်းတို့၏လုပ်ငန်းများကို ထိထိရောက်ရောက် ကြော်ငြာရန်နှင့် ဝန်ဆောင်မှုများကို ပိုမိုပြသနိုင်ရန်အတွက် Website Development Service
📍လုပ်ငန်းဆိုင်ရာ Software များနှင့် Enterprise Resource Planning (ERP) စနစ်များ
📍လူကြီးမင်းတို့၏လုပ်ငန်းများအတွက် နည်းပညာဆိုင်ရာများကို ဆွေးနွေးညှိနှိုင်းပေးမည့် Technical Consulting Service
အစရှိသည့် ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဆက်သွယ်မေးမြန်းလိုပါက Facebook Messenger Box မှ ဖြစ်စေ ဖုန်းနံပါတ် 09 76922 7597/ 09 76922 8464 များသို့ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။








Online သင်တန်းတိုင်းအတွက် မရှိမဖြစ် LMS 2020 Global Pandemic ကစလို့ Online သင်တန်းကျောင်းတွေစတင်ပေါ်ပေါက်လာခဲ့ပါတယ်. အရင...
28/01/2023

Online သင်တန်းတိုင်းအတွက် မရှိမဖြစ် LMS

2020 Global Pandemic ကစလို့ Online သင်တန်းကျောင်းတွေစတင်ပေါ်ပေါက်လာခဲ့ပါတယ်. အရင်ကတော့ Online သင်တန်းကို မြန်မာပြည်မှာ သိပ်မတွေ့ရတတ်ပါဘူး.. ကျောင်းသားတချို့ ဆရာတချို့ ပြောကြတာကတော့ Online ကသင်တာ သိပ်အားမရဘူးပေါ့နော်. သည် Global Pandemic မှာ သင်ကြားသူတွေဟာ မဖြစ်မနေ Online ကနေသင်ကြားအပြီးမှာ တချို့ကတော့ Online သင်ကြားမှုကို နှစ်သက် လက်ခံသွားကြတာတွေ့ရပါတယ်.. အချိန်ကုန်သက်သာတာ၊ သွားရလာရတာသက်သာသွားတာ၊ နောက် နယ်ခြားနေပါစေ ဘယ်နေရာ ဘယ်သင်တန်းကို မဆိုတက်နိုင်တာ၊ ည အိမ်ပြန်နောက်ကျမှာ မပူရတာ၊ အပြင်သင်တန်းတွေထက် ဈေးသက်သာတာ စသည်ဖြင့် အကျိုးကျေးဇူးတွေကို နှစ်သက်ကြတာဖြစ်ပါတယ်..
သည်လိုနဲ့ သင်တန်းကျောင်းတွေအနေနဲ့လည်း Online သင်ကြားမှုကို ချဲ့ထွင်လာတာတွေရပါတယ်.. သင်ခန်းစာတွေမှာလည်း တချို့သင်ခန်းစာတွေက Online Learning နဲ့လည်း အလွယ်တကူ သင်ကြားလို့ရနိုင်တာတွေလည်း ရှိနေပြန်ပါတယ် ..

Online ကနေ သင်ကြားရာမှာ Zoom၊ Video Recording စသည်ဖြင့် အစပိုင်းမှာ သင်ကြားကြတာတွေ့ ရပြီး အခုနောက်ပိုင်းမှာတော့ ရေရှည် အသုံးပြုဖို့ နဲ့ အဆင့်မြှင့်တင်ဖို့အတွက် LMS လို့ခေါ်တဲ့ Online Teaching Platform တွေကို အသုံးပြုလာကြပါတယ်။

Learning Management System များမှာဆိုရင် သင်ခန်းစာများကို (စာဖိုင် ၊ ရုပ်ပုံ ၊ Video၊ Presentation စသည်ဖြင့် စိတ်ကြိုက်ဖန်တီးနိုင်ပြီး သင်ယူတတ်မြောက်မှုကိုပြန်စစ်ဆေးတဲ့ Quiz နဲ့ စာမေးပွဲ ပြုလုပ်လို့ရတဲ့ Feature တွေလည်းပါဝင်ပါတယ် .

စာမေးပွဲဖြေပြီးတဲ့ နောက် Grade တွေကိုပြန်ကြည့်နိုင်ပြီး Certificate ပါထုတ်ပေးလို့ရတာကြောင့် All-In-One Solution တစ်ခုဖြစ်ပြီး သင်ကြားမှုကို စနစ်ကျစေပါတယ်..

LMS ကိုသုံးခြင်းအားဖြင့် ပို အဆင်ပြေလာစေတာတွေကတော့.

💠သင်ခန်းစာတွေကို One-Time ပဲ Record လုပ်ထားဖို့လိုပြီး ထပ်ပြန်တလဲ ပြန်အသုံးပြုနိုင်တာ
💠Face to Face Zoom အချိန်တွေကို လျော့ချပေးနိုင်တာဖြစ်လို့ အင်တာနက် မရတဲ့ အခက်အခဲ လိုမျိုးမတွေ့ရတော့ပဲ အဆင်ပြေတဲ့ အချိန်မှာ အလွယ်တကူလေ့လာနိုင်တာ.
💠ဆရာအင်အား ဝန်ထမ်းအင်အား ကျောင်းနေရာ လိုအပ်မှုကို လျော့ချပေးနိုင်ပြီး စရိတ်စက သက်သာစေတာ
💠 ၂၄ နာရီ ဖွင့်ထားလို့ရတဲ့ ကျောင်းဖြစ်ပြီး
💠စနစ်တကျရှိတဲ့ Online သင်ကြားမှုကြောင့် ကျောင်းရဲ့ စံချိန်စံညွှန်းအရည်အသွေးမြင့်မားမှုကို ပြသရာရောက်ပြီး ဂုဏ်သတင်းပိုကောင်းမွန်စေတာ
ဒါအပြင် ကျောင်းရဲ့ Marketing ပိုင်းအတွက် အရောင်းမြှင့်တင် ဖို့ အမှန်အကန်အသုံးတည့် တဲ့ စနစ်တစ်ခုလည်းဖြစ်ပါတယ်.
အရောင်းမြှင့်တင်တဲ့ အပိုင်းကိုတော့ Post ရှည်သွားမှာစိုးလို့နောက်တပိုင်းမှာ ဆက်လက်ရေးသားသွားပါမယ်.
ကျောင်းတွေအနေနဲ့ဆိုရင် မြေပြင် Campus မှာသင်ကြားမှုတွေအပြင် Online Market ကိုလည်း စနစ်တကျတိုးချဲ့ထားတာ လုံးဝမမှားနိုင်တဲ့ ရွေးချယ်မှုတစ်ခုလည်းဖြစ်ပါတယ်။
သည်လိုစတင်ဖို့အတွက် စဉ်းစားပြီး တိုင်ပင်ချင်တယ် ဆိုရင်တော့ နည်းပညာဆိုင်ရာဆွေးနွေးမှုတွေအတွက် ကျနော်များရဲ့ Biztech Consulting ဖုန်းနံပါတ် 09 76922 7597/ 09 76922 8464 တို့ကို📲📲 Hello လုပ်လိုက်ပါခင်ဗျာ.



ခရစ်နှစ် 2023 သို့ ကူးပြောင်းတဲ့ နှစ်သစ်အခါသမယမှာ မင်္ဂလာအပေါင်းနှင့်ခညောင်းပြည့်စုံလျက် ကျန်းမာချမ်းသာ ဘေးရန်ဘယာဝေးပါစေ...
30/12/2022

ခရစ်နှစ် 2023 သို့ ကူးပြောင်းတဲ့ နှစ်သစ်အခါသမယမှာ မင်္ဂလာအပေါင်းနှင့်ခညောင်းပြည့်စုံလျက် ကျန်းမာချမ်းသာ ဘေးရန်ဘယာဝေးပါစေကြောင်း……. အလုပ်အကိုင်စီးပွားများလည်း ဖြောင့်တန်းတိုးတက်လျက် လာဘ်လာဘများလျှံပယ်ဖြိုးမောက်ပါစေကြောင်း ကျွန်တော်များ BizTech Consulting မိသားစုမှ ဆုမွန်ပြုအပ်ပါသည်ခင်ဗျာ..

Address

Yangon

Alerts

Be the first to know and let us send you an email when BizTech Consulting and It Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share