24/09/2026
WDF Class အကြောင်း အသိပေးခြင်း
WDF Class နဲ့ ပတ်သက်ပြီး ကျောင်းသား၊ ကျောင်းသူတွေအားလုံးကို အရေးကြီးတဲ့ အသိပေးချက်တစ်ခု ပြောပြချင်ပါတယ်။
လက်ရှိ WDF Class ကို သင်ကြားပေးနေတဲ့ ဆရာ ဇေယျာဝင်းဟာ ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံတက်ရောက်ကုသနေရပါတယ်။
ဆရာ့ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံက ဆင်းပြီးနောက်မှာလည်း အနည်းဆုံး တစ်လခန့် အနားယူပြီးမှ အတန်းတွေကို ပြန်လည်စတင်နိုင်မယ်လို့ အသိပေးထားပါတယ်။
ဒီအခြေအနေကြောင့် လက်ရှိ တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် အဆင်မပြေမှုတွေ ဖြစ်သွားတဲ့အပေါ် CCM ဘက်က အနူးအညွတ် တောင်းပန်ပါတယ်။
အထူးသဖြင့် ကိုယ့်အချိန်တွေ ဖယ်ထားပြီး အတန်းတက်ဖို့ စီစဉ်ထားတဲ့သူတွေ၊ ဒီ Class ကို မျှော်လင့်ပြီး လေ့လာနေတဲ့သူတွေအတွက် အခုလို ရပ်နားလိုက်ရတာ အဆင်မပြေဘူးဆိုတာ ကျနော်တို့ နားလည်ပါတယ်။
ဒါကြောင့် လက်ရှိ တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ဆရာ ပြန်လည်သက်သာပြီး အတန်းပြန်စတဲ့အချိန်မှာ အတန်းကို အစကနေ ပြန်လည်တက်ရောက်နိုင်အောင် CCM ဘက်က စီစဉ်ပေးသွားပါမယ်။
ဒါ့အပြင် WDF ပြီးတဲ့နောက် ဆက်တက်ရမယ့် Advanced Agentic Coding Class တွေကိုလည်း 40% Discount နဲ့ ဆက်လက်တက်ရောက်နိုင်အောင် စီစဉ်ပေးသွားမှာပါ။
ဒီအခြေအနေက CCM ဘက်က ရည်ရွယ်ပြီး ဖြစ်လာတာမဟုတ်ပေမယ့် အတန်းတက်နေတဲ့သူတွေအပေါ် သက်ရောက်မှုရှိသွားတာကိုတော့ ကျနော်တို့ အပြည့်အဝ နားလည်ပါတယ်။
အဆင်မပြေမှုတွေ ဖြစ်သွားတဲ့အတွက် တကယ်ကို အားနာပြီး CCM Founder အနေနဲ့ အနူးအညွတ် တောင်းပန်ပါတယ်။
တစ်ဖက်မှာလည်း ဆရာ ဇေယျာဝင်း အမြန်ဆုံး ကျန်းမာလာပြီး အတန်းတွေကို ပြန်လည်သင်ကြားနိုင်ဖို့ ဆုတောင်းပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ❤️
နားလည်ပေးကြတဲ့ ကျောင်းသား၊ ကျောင်းသူ တစ်ယောက်ချင်းစီကိုလည်း ကျနော်တို့ဘက်က အထူးကျေးဇူးတင်ပါတယ်။
CCM က ကျောင်းသားတွေရဲ့ Learning Journey မရပ်သွားအောင် အတတ်နိုင်ဆုံး တာဝန်ယူပြီး ဆက်လက် Support ပေးသွားပါမယ်။