23/01/2024
iOS 17.3 မှာ အသစ် ပါလာမဲ့ Stolen Device Protection ဆိုတဲ့
Apple ရဲ့ Security Features အသစ်ကြီးက တော့ တော်တော်ကို ကြမ်းသွားပြီ ..
တော်တော်လေး Powerful ဖြစ်ပြီး တော်တော်ကြီးကိုလည်း Security အရ စိတ်ချ လို့ ရသွားပြီ ..
iOS 17.3 တင်လိုက်မယ်ဆိုရင် ...
Face ID & Passcode Settings အောက်ထဲမှာ .. Stolen Device Protection ဆိုတဲ့ New Feature တစ်ခု ပါလာမှာ ဖြစ်ပြီး
Protection On လိုက်တာနဲ့ .. စတင် အသုံးပြုလို့ ရမှာ ဖြစ်ပါတယ် ..
အဓိက အားသာချက်ကတော့ ..
Device ရဲ့ Passcode ( Screen Password ) ကို သိတယ် ..
နောက်ဆုံး iCloud ရဲ့ Password ကို သိပါစေဦး ..
ဖုန်း ကို လုံးဝ Passcode ချိန်းမရ ၊ iCloud လုံးဝ ထွက်လို့ မရတဲ့ Feature မျိုးပါ ..
ပထမဆုံး Register လုပ်ထားတဲ့ သူရဲ့ Face လို ကို လိုပါတယ် .. (Register လုပ်ထားတဲ့ Face မပါပဲ ဘာ Settings ကိုမှ ချိန်းခွင့်
မရှိတာပါ .. )
ဆိုလိုချင်တာက ပိုင်ရှင် ကိုယ်တိုင်ရဲ့ Face ပြမှပဲ Passcode ချိန်းခွင့် iCloud Password ပြောင်းခွင့် ရတော့မှာပါ ..
ကိုယ့်ရဲ့ Face ID Access မရှိပဲ နောက်ထပ် Face ID အသစ် တစ်ခု တောင် ထပ်ပြီး Register လုပ်ခွင့် ..
Passcode ချိန်းခွင့် လုံးဝ မရှိတော့ပါဘူး ..
တကယ်လို့ . ခဏ ခဏ မှားပြီး Access လုပ်နေမယ်ဆို .. ကိုယ့်ရဲ့ Face ID ပြန် ပြတောင်
Security Delay အနေနဲ့ 1 Hour ပြီးမှပဲ
Passcode Change တာ ၊ Face အသစ် ထည့်တာနဲ့ iCloud အကောင့် Log Out လုပ်တာတွေ ကို လုပ်ဆောင်လို့ ရတော့မှာပါ ..
( ဖုန်း တစ်ခုလုံး သုံးမရတာမျိုး မဟုတ်ပဲ .. Settings ထဲက Security နဲ့ သက်ဆိုင်တာလေးတွေပဲ သုံးလို့ မရတာမျိုးပါ ဖုန်း က တော့ အကုန်လုံး ဆက်ပြီး သုံးလို့ ရနေမှာပါ ... )
အဲ့ဒါကြောင့် အခု ဒီ Feature လေး ကို On ထားလိုက်တာနဲ့ .. တစ်ခြား ကိုယ် မဟုတ်တဲ့ ဘယ်သူက မှ ..
Apple ID Password Change ခွင့် မရှိတော့ပါဘူး ..
Apple ID Security Settings နဲ့ ပတ်သတ်တာတွေ ၊ 2 Step Phone Number တွေ ၊ Security Key ေတွ ပြောင်းလဲခွင့် မရှိတော့ပါဘူး ..
iPhone Passcode လည်း Change ခွင့် မရှိတော့ပါဘူး ..
Face ID အသစ်လည်း ထပ်ပြီး Register လုပ်ခွင့် မရှိတော့ပါဘူး ..
အဲ့လိုပဲ .. Find My iPhone နဲ့ iCloud Sign Out လုပ်တာ
အခု ဒီ Feature ဖြစ်တဲ့ Stolen Device Proection ကို Off တာမျိုး ..
တစ်ခြား တစ်ယောက်က Device Passcode သိရင်တောင် လုပ်ဆောင်နိုင်ဖို့ လုံးဝ ကို မဖြစ်နိုင်တော့ပါဘူး ခင်ဗျာ ..
အဲ့ဒါကြောင့် .. Security အရ အရမ်း ကို အမြင့်ဆုံး မြှင့်တင်ပေးထားတဲ့ ..
iOS 17.3 ထွက်လာရင်လည်း Update လုပ်ပြီး စမ်းသပ် ကြည့်ကြပါဦး ခင်ဗျာ ..
Crd post..
FYI