13/05/2026
🖥️Monitor ဝယ်တော့မယ်ဆို ဒီ ၅ ချက်ကို မဖြစ်မနေ သိထားသင့်ပါတယ်
Monitor တစ်လုံးဝယ်တော့မယ်ဆို Size ကြီးတာပဲကြည့်ပြီး မဝယ်သင့်ပါဘူး ❌
ကိုယ့်အသုံးပြုပုံနဲ့ ကိုက်ညီဖို့အတွက် ဒီအချက်တွေက အရေးကြီးပါတယ်👇
1️⃣ Panel Type
IPS — Color လှ၊ Viewing Angle ကောင်းပြီး Designer / Office / Movie ကြည့်သူတွေအတွက် သင့်တော်ပါတယ်။
VA — Contrast ကောင်းပြီး Movie & Casual Gaming အတွက် သင့်တော်ပါတယ်။
TN — Response မြန်ပြီး Competitive Gaming အတွက် ကောင်းပါတယ်။
2️⃣ Refresh Rate (Hz)
Monitor က တစ်စက္ကန့်မှာ ပုံဘယ်နှစ်ခါပြမလဲဆိုတာပါ။
60Hz 👉 Normal Use
100Hz / 144Hz 👉 Gaming & Smooth Experience
Hz မြင့်လေလေ Screen Motion ပိုချောမွေ့လေဖြစ်ပါတယ်။
3️⃣ Resolution
Screen ကတော့ FHD (1920×1080) 👉 အသုံးအများဆုံးဖြစ်ပြီး 2K 👉 ပိုရှင်းရှင်းလင်းလင်း ကြည့်ရမယ်။
4K 👉 Detail အရမ်းကောင်းမယ်။
Screen Size ကြီးရင် Resolution လည်း လိုက်မြှင့်သင့်ပါတယ်။
4️⃣ Response Time
Gaming အတွက် အရမ်းအရေးကြီးပါတယ် 🎮
1ms / 5ms ဆို Motion Blur နည်းမယ်။
FPS Game ဆော့သူတွေအတွက် ပိုသင့်တော်ပါတယ်။
5️⃣ Ports
ဝယ်ခါနီး HDMI / DisplayPort / USB-C ပါမပါ စစ်ပါ 🔌
Laptop နဲ့ချိတ်မယ့်သူဆို Compatibility အရေးကြီးပါတယ်။
✨ Bonus Tip
Monitor ကို 24” FHD က Office & Daily Use အတွက် balance အဖြစ်ဆုံး size တစ်ခုပဲ ဖြစ်ပါတယ်။