04/04/2026
🔥 ဖုန်းဆိုင်တွေနဲ့လုပ်ငန်းရှင်တွေသတိထားကြဖို့
သူတို့ရဲ့ပုံတွေကို ထည့်ပေးထားပါတယ်
ဟိုတလောက ဘောင်ချာမှာ သုညတစ်လုံးမပါလို့ ဖုန်းကို Deli နဲ့သွားပို့တာမှာ ၅၅၀၀၀ ဘဲရှင်းပေးပြီး ဆိုင်ဖုန်းနံပါတ်တွေအကုန် Block လုပ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြောချင်လို့ပါရှင်🙏
ပထမဦးစွာ ဖုန်းပိုင်ရှင် အစ်ကိုနဲ့အစ်မကိုလဲ တောင်းပန်လိုက်ပါတယ်🙏
(ဖုန်းမှာ wallpaper တင်ထားတဲ့ ပုံကို တင်လိုက်မိလို့ပါ/ တင်လိုက်ရခြင်းမှာ ဖုန်းပိုင်ရှင်အစစ်နဲ့ အချိတ်အဆက်ရချင်လို့ပါရှင် .
ဒီအတွက် စိတ်ထိခိုက်စရာတွေကြုံလိုက်ရတဲ့အတွက် ကျွန်မတို့ Amara Mobile မှတောင်းပန်ပါတယ်ရှင်)
မြိတ်မြို့က Customer အစ်ကိုက Samsung S22 Ultra ကို Oled မှန်လဲဖို့ ကျွန်မတို့ဆိုင်ကိုပို့ဖို့အတွက် ရန်ကုန် ရွှေပြည်သာမှာ လူခံအသိ (သူ့သူငယ်ချင်း)ဆီကို ဖုန်းပို့ပြီး ကျွန်မတို့ဆိုင်မှာ ဖုန်းပြင်ဖို့ အကူညီတောင်းပြီး ပို့လိုက်ပါတယ်ရှင်
ဖုန်းလာပြင်တဲ့နေ့က တနလာင်္နေ့ဖြစ်လို့ ကျွန်မတို့ဆိုင်က ပိတ်ပါတယ် . ဒါပေမဲ့ မိသားစုလိုက်ရောက်လာပြီးပြင်တာမလို့ ကျွန်မတို့ဘက်ကလဲ
လက်ခံပြင်ပေးပါတယ်. မှန် ပစ္စည်းသွားယူတာနဲ့ မှန်လဲတာနဲ့ကို ကြာချိန် (၃နာရီ) ပြောထားပါတယ်ရှင်. မှန်သွားယူနေချိန်မှာ နေပူတာတကြောင်း/ လူကြီးပါလာလို့ဆိုတာနဲ့ ဖုန်းကိုပို့ပေးလားလို့မေးပါတယ် . Deli နဲ့ပို့ပေးတယ်ဆိုလို့ ဘောင်ချာဖြတ်ပြီးလာပို့ပေးပါမယ်ဆိုပြီး ဘောင်ချာဖြတ်ပေးလိုက်ပါတယ်.(ဘောင်ချာဖြတ်ပေးချိန်မှာ ကိုဇာနည်က ဆိုင်မှာရှိတဲ့ ပြင်ရမဲ့ ဖုန်းတွေကို software လုပ်နေတုန်း တန်းလန်းနဲ့ ဖြတ်ပေးလိုက်မိတာမလို့ သုညတစ်လုံးကျန်ပြီး 55000 ဆိုပြီးဘဲ ရေးပေးလိုက်မိပါတယ်)
နောက်တနေ့ မှန်လဲတဲ့ဖုန်းကရလို့ အိမ်နားက Deli ကိုခေါ်ပြီး ရွှေပြည်သာ ဏကွေ့မှတ်တိုင်ကိုသွားပို့ဖို့နဲ့
ပိုက်ဆံ 5သိန်း5သောင်းတောင်းခဲ့ဖို့ကိုလဲ Deli ကို သေချာလေး မှာလိုက်ပါတယ်.Deli ဘက်ကလဲ
သတိမေ့ပြီး ဘောင်ချာထဲကအတိုင်း ပေးလို့ယူလာခဲ့ပါတယ် .
ညနေဘက် ဆိုင်ကို ၅၅၀၀၀ ဘဲပိုက်ဆံပြန်ပေးချိန် နားလည်မှုလွဲတယ်ထင်ပြီး ဖုန်းဆက်ဖို့ လုပ်တော့ ဆိုင်ဖုန်းတွေအကုန်လုံးကို Block ထားပါတယ်, ဆိုင်ဖုန်းနံပါတ်မဟုတ်တဲ့ အခြားနံပါတ်နဲ့ခေါ်တဲ့အခါမှာလဲ လာကိုင်ပြီး ပြန်ချပစ်ပါတယ်/ ပြီးတော့ Block ပါတယ်.
နောက်နေ့ Deli က အဲ့မှတ်တိုင်နားကိုသွားပြီး စုံစမ်းတော့လဲ မရခဲ့ပါဘူး/ ကျွန်မတို့ online ပေါ်တင်တော့ ရွှေပြည်သာမြို့နယ်က လူမှုကူညီရေးအသင်းက အစ်ကိုတစ်ယောက်ကတွေ့ပြီး
ကျွန်မတို့ကို လိုက်လံရှာဖွေကူညီပေးတာလဲ
မတွေ့ရပါဘူးရှင်/ ဖုန်းနံပါတ်ကိုဆက်တော့လဲ ဝင်ပြီး မကိုင်ဘူး/ အကုန်လုံးက ဝိုင်းပြီးဆက်ကြတော့ နောက်ဆုံး ဖုန်းကဒ်ကို ထုတ်ပစ်လိုက်တယ် ထင်ပါတယ် . ဒါနဲ့ဆက်မလိုက်တော့ဘဲ စိတ်ကို ဖြတ်လိုက်တော့မလို့ လုပ်ချိန်မှာ
မြိတ်မြို့က နယ်ခံအစ်ကိုတွေနဲ့ချိတ်ဆက်မိပြီး ဖုန်းပိုင်ရှင်အစစ်ကို ရှာပေးကြပါတယ်. အခုဖုန်းပိုင်ရှင်နဲ့ချိတ်မိပြီး အပြည့်မဟုတ်ပေမယ့် ငွေ၃သိန်းပြန်ရပါတယ်ရှင် .
ဖုန်းပိုင်ရှင်တွေဘက်ကိုလဲ ရွှေပြည်သာက သူတို့သူငယ်ချင်းက မှန်လဲတာ 750000 ကျတယ်ပြောပြီးတောင်းထားတာပါတဲ့
ဖုန်းပို့တော့လဲ မှန်လဲတာက အဆင်မပြေလို့ တခြားဆိုင်မှာ အသစ်သွားလဲရတယ်ဆိုပြီးတောင် လီဆယ်ပြီး ပြောထားပါသေးတယ်တဲ့ )
အခုပိုစ့်ကိုလဲ ဖုန်းပိုင်ရှင်ဘက်က တင်ပေးဖို့ ပြောလို့ ပြန်တင်ရတာပါ
ယုံကြည်မှုကို အလွဲသုံးစားလုပ်တာရယ်
သူတပါးရဲ့အမှားတခုကို အချောင်ယူပြီး ကလိမ်ကျတဲ့သူ မိသားစုကို လူအများသိအောင် ရှဲလ်ပေးကြပါရှင် 🙏