02/06/2021
Usb Type
TYPE A,B,C ,Micro Usb ပတ်သတ်လေးတွေ မျှဝေချင်ပါတယ်ဗျ 🙂
ပထမဆုံး USB ဆိုတာလေးကို ပြောချင်တယ်ဗျ ရှည်ရှည်ဝေးဝေးပြောမနေတော့ပဲ USB ဆိုတာက Universal Serial Bus တဲ့ဗျာ Bus ကားလိုပဲလို့ မှတ်လိုက် ပစ္စည်းတခုကို တနေရာကနေ တနေရာ ရွေ့ဖို့ ကားလိုသလို အိုက်အတိုင်းပဲ ဒီ Usb ဆိုတာကလည်း interface တခုဖြစ်တယ် ။ Computer မှ ဖုန်းကို ဖုန်းမှ computer တာကို ချိတ်ဆက် အသုံးပြုဖို့ ကြားခံ interface တခု အဖြစ်ဆောင်ရွက်ဖို့ လုပ်ဆောင်ထားတာ ဖြစ်တယ်ဗျ ။ ဆိုပါစို့ ကျွန်တော် တို့ copy ကူး file ကူးရင် သုံးတဲ့ memory stick ကလည်း Usb အမျိုးစားဖြစ်တယ်ဗျ
USB type A
Usb type A ကို ကျွန်တော်တို့ အားသွင်းကြိုးရဲ့ တဖက်မှာ ပါတဲ့ ခေါင်းကို ခေါ်တယ် ဗျ ။ အများစု Tv အနောက်မှာ ၊ DVD မှာ charging တုံးတွေမှာ ပါတဲ့ အပေါက်က Type A အပေါက်တွေ ဗျ ။😎😎😎
USB type B
Usb Type B ကျတော့ ကျွန်တော်တို့ သိပ်တော့ မြင်ဖူးမှာ မဟုတ်ဘူးဗျ ရှားတယ် အထူးသဖြင့် Printer တွေမှာပဲ အသုံးများတယ်ဗျ 😕😕
အိုက် Usb type B ကနေမှ Mini Usb ,micro Usb ထပ်ခွဲသွားတယ်ဗျ 😉
Mini USB ဆိုတာ ကျွန်တော်တို့ အရင်က mp4 အားသွင်းတဲ့ ခေါင်းလေးတွေကို ပြောတာဗျ ။ တချို့ အရင်က ဖုန်းတွေကလည်း mini Usb နဲ့သွင်းရတာဗျ :):) အောက်က ပုံလေးမှာ ကြည့် လိုက်ပါ မှတ်မိသွားအောင် 🤨🤨🤨
Micro Usb
အိုက် ကောင်က ကျွန်တော် တို့အခု အများဆုံးသုံးနေတဲ့ ဖုန်းတွေ မှာ သုံးတဲ့ ခေါင်းကို ပြောတာဗျ Android ခေါင်းလို့လည်း အလွယ်ခေါ်ကျတယ်😞
Usb Type C
အိုက် Type C က ဒီနေ့ ခေတ်မှာ တအားကျော်ကြားထင်ရှားနေတယ် ဗျ ။ သူရဲ့ အဓိက အားသားချက်က ဘာလည်းဆိုတော့ အားသွင်းရင် အတည့်ထိုးထိုး ပြောင်းပြန် ထိုးထိုး ရတယ်ဗျ အဲ့ဒါကြောင့် ဖုန်းရဲ့ ထိခိုက်မှုလည်း နည်းစေတယ်ဗျ ။:) အဲ့ဒါတင် မဟုတ်ပဲ type C က reverse Charging လည်းပြန်ရတယ်ဗျ ဒါမဲ့ ဖုန်းရဲ့ hardware က support လုပ်မှနော် 😕😕😕 ပြီးတော့ ဒီကောင်က data သွားနှုန်း အားဝင်နှုန်းတွေလည်း မြန်စေတယ်ဗျ ။
နောက်ထက်တခု က Usb 1,2,3 ဆိုတာကဘာတွေကိုပြောချင်တာလည်း တော်တော်များများ မသိကြဘူးဗျ ။ အမှန်တော့ Usb 1,2,3 ဆိုတာက Generations တွေကိုပြောတာဗျ။ အခုနောက်ဆုံး Usb 3.1 ထိထွက်နေပြီ 🙂 အောက်မှာ ပုံလေးနဲ့ ပြထားတယ်တချက်ကြည့်ပေးပါ ရှင်းသွားမယ် ။ သူက Gen တခုထက် တခုများလာလေ data သွားတဲ့ speed က ပိုများလာပြီ ၊ ပြီးမြောက်မှု အချိန်လည်းလျော့နည်းစေတယ်ဗျ 😎😎😎
ရှာဖွေ တွေ့ရှိသမျှ စုစည်းဖော်ပြထားပါတယ်ဗျ
အမှားပါရင်လည်း ခွင့်လွှတ်ပေးပါအုန်းဗျ
https://www.facebook.com/BIT-BY-BIT-104153388148212
မင်္ဂလာရှိသော သာယာပျော်ရွင်သော နေ့ရက်လေးကို ပိုင်ဆိုင်နိူင်ပါစေဗျ 😍😍😍
Credit...BIT BY BIT TECH
#သင်တန်းများစုံစမ်းရန်
# it computer center.... ph:0943197742