Nya Kyaung ညကျောင်း

Nya Kyaung ညကျောင်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nya Kyaung ညကျောင်း, Mobile Phone Shop, Hledan, Yangon.

03/06/2025

Nya Kyaung ညကျောင်း Page လေးတောင် (၃) နှစ်ပြည့်ပြီ ❗❗❗

အခက်အခဲတွေကြားကလုပ်ကိုင်နေရတဲ့ အခြေအနေမို့ Activities တွေ မရှိသေးနိုင်တာတောင် CB မှာလာမေးကြတဲ့ ကလေးငယ် ကျောင်းသားတွေကို အားနာမိပါတယ်

Community အတွက် Support လုပ်ထားတဲ့ Page မို့ ဒီထပ်မက လုပ်နိုင်ဖို့ အားထုတ်ကြရင်း 🔸🔸

♦️♦️♦️

Celebrating our 3rd year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

𝐒𝐞𝐜𝐨𝐧𝐝 𝐓𝐢𝐦𝐞 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐒𝐚𝐠𝐚𝐢𝐧𝐠 𝐄𝐄𝐑 𝐃𝐨𝐧𝐚𝐭𝐢𝐨𝐧 𝐓𝐫𝐢𝐩  ♦️♦️♦️♦️ #မန္တလေးစစ်ကိုင်းအမရပူရ အလှူခရီးစဉ်နှင့် အင်းလေး ပျော်ဘွယ် လှူဒ...
01/06/2025

𝐒𝐞𝐜𝐨𝐧𝐝 𝐓𝐢𝐦𝐞 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐒𝐚𝐠𝐚𝐢𝐧𝐠 𝐄𝐄𝐑 𝐃𝐨𝐧𝐚𝐭𝐢𝐨𝐧 𝐓𝐫𝐢𝐩 ♦️♦️♦️♦️

#မန္တလေးစစ်ကိုင်းအမရပူရ အလှူခရီးစဉ်နှင့် အင်းလေး ပျော်ဘွယ် လှူဒါန်းမှူ ♦️♦️♦️

YGN နှင့် ညကျောင်းမှ ဉီးစီး၍ (၇) ရက်သားသမီးများ၏ ဒုတိယအကြိမ် စုပေါင်းလှုဒါန်းမှုကြီး အောင်မြင်စွာနဲ့ပြီးဆုံးသွားပါပြီ 📢📢

တစ်ဉီးတစ်ယောက်တည်းနဲ့ မပြီးတဲ့ အလှူမှာ ဝိုင်းကူပေးကြလို့ ကျေနပ် ပီတီဖြစ်ရပါတယ် ....

ဒုတိယအကြိမ် အလှူ ခရီးစဉ် - (၂၅/၅/၂၅ ) မှ ( ၂၈/၅/၂၀၂၅)

#ပျော်ဘွယ်မြို့ (၁၄/၅/၂၅ _ ကိုမင်းမင်း + မသူဇာ မှတဆင့်)

#မြင်းဘက်ရပ်ကွက် ပျော်ဘွယ်မြို့နယ်
အိမ်ခြေ (၂၀) စာ စောင်၊ ခြင်ထောင် ၊ ခေါင်းအုံး ၊ အခင်းဖျာများ

#စစ်ကိုင်းမြို့

၂၆/၅/၂၀၂၅ (တနင်္လာနေ့)

#နိဓြောဒါရုံကျောင်းစစ်ကိုင်း -
အဝတ်အစား (၃၀) ခန့် ၊ စားသောက်ကုန်များ ၊ အမျိုးသမီး လစဉ်သုံးပစ္စည်းများ

#သုံးရေကန်/ချိုးရေကန် အလှူတော် 🔹🔹🔹

✅ဉီး Edward မောင်မောင်လေး (ကမာရွတ်မြို့နယ် _လှည်းတန်း) ၏ မတည်ငွေ (၄) သိန်းနှင့်အတူ ကောက်ခံရရှိသော အလှုငွေများဖြစ်တဲ့ -

✅ဖြိုးကိုကိုဆွေ နှင့် မိသားစု မိတ်ဆွေများ ကောင်းမှု - ၅၀၀,၀၀၀ /- ကျပ်

✅ဉီးခင်ဇော် ၊ ဒေါ်ခင်သန်းလွင် _ကမာရွတ်မြို့နယ် လှည်းတန်း - ၃၀၀,၀၀၀/- ကျပ်

✅မစိုးမဉ္ဇူလှိုင် နှင့် ရွှေပြည်သာမြို့နယ် မိတ်ဆွေများကောင်းမှူ - ၉၀,၀၀၀/- ကျပ်

✅ကိုကျားကြီး - ၃၀,၀၀၀/- ကျပ်

✅ကိုပြည့်ဖြိုးအောင် (YWA Engineering Co.,Ltd) - ၁၀၀,၀၀၀/- ကျပ်

✅ကိုရဲရင့်သူ + မယုယုမွန် -သမီး နန်းဆန်သူ မိသားစု အလှူ(ထွန်းထွန်းလင်း _ညကျောင်း )မှတဆင့်
၁၀၀, ၀၀၀/- ကျပ်

✅ဒေါ်စန်းစန်းမြင့် မိသားစု (ကိုဖြိုးနိုင် မှတဆင့်) - ၁၀၀,၀၀၀/- ကျပ်

✅ကိုခွန်ဟိန်းထက်အောင် ( ခေတ္တ_ ကိုရီးယား ) (ချစ်ဖူးမှ တဆင့်) -၂၀၀,၀၀၀/- ကျပ်

✅Ma Htun Eaindra Linn ( ဂုဏ်ရောင်လင်း မှ တဆင့်) - ၅၀,၀၀၀/- ကျပ်

✅ဒေါ်ခင်အုန်းလွင် _ကမာရွတ်မြို့နယ် 🔺 ၁၀၀,၀၀၀/- ကျပ် (ငွေသားဖြင့်)
စုစုပေါင်း ၂,၉၇၀,၀၀၀/- ကျပ် တို့ရဲ့ စုပေါင်းအလှုနဲ့ ရေကန် ( သုံးကန်/ချိုးကန် ) လှုဒါန်းဖို့ စီစဉ် ဆောင်ရွက်ခဲ့ပါတယ် ။

ရေချိုးကန်/ သုံးရေကန် အလှူ - ခန့်မှန်းကုန်ကျငွေ ၂၅/၃၀ သိန်း ( ဆောက်လုပ်ရန် စတင်နေပြီဖြစ်သည်)
ရေတွင်းရေကန် အလှူအတွက် နတ်လူသာဓုခါ် စေသော်ဝ်

#ဝိမုတ္တိရသာရုံကျောင်း -

ကမာရွတ် လှည်းတန်းက ကျွန်မတို့ ဘိုးဘွားတွေဖြစ်ကြတဲ့ ကျေးဇူးရှင် အဖိုး + အဖွား
✅ဦး‌မောင်လှ + ဒေါ်အေးကြည်
✅ဦးအုန်း + ဒေါ်သန်းစိန်
ကောင်းမှုပြုပြီး ဓမ္မပီတီ နိဗ္ဗာန်ကုန်ထုတ်လုပ်ရောင်းဝယ်ရေးမှ ဆောက်လုပ်ပေးတဲ့ အိမ် ကျောင်း ဇရပ်များအတွက် နေအိမ်တစ်လုံးစာ - ငွေကျပ် သိန်း (၃၀) နဲ့အတူ...
ဝိမုတ္တိရသာရုံကျောင်းမှ အနီးရှိ ရပ်ကွက်
ကလေးဝတ်အပါအဝင် အဝတ်အထည် (၄၀) ခန့် ခေါက်ဆွဲခြောက်များ ၊ ဆေးဝါးများ ၊ ရေသန့်ကတ်များ ၊ Royal D များ။

#ရွှေကြက်ထောင့် - (ဒုတိယအကြိမ် သွားရောက်ခြင်း )
အဝတ်အထည်များ ၊ စောင်၊ခြင်ထောင်၊ခေါင်းအုံး အခင်းဖျာနဲ့ စားသောက်ကုန်များ ၊ ထီး (၄)လက်၊ အမိုးအကာများ၊ ရေသန့်ကတ်များ (ဒုတိယအကြိမ်)
#ပွဲဆိတ်ရပ်ကွက် -
အိမ်ခြေ (၂၀ ) စာ အတွက် စောင် ၊ခြင်ထောင်၊ ခေါင်းအုံး ၊ အခင်းဖျာ နှင့် အဝတ်အထည်များ ၊ ခေါက်ဆွဲခြောက်များ ။

#သက်တော်ရှည် ဘုန်းကြီးကျောင်း -
အိမ်ခြေ (၂၀) စာခန့် အတွက် စောင် ၊ခြင်ထောင်၊ ခေါင်းအုံး ၊ အခင်းဖျာ နှင့် အဝတ်အထည်များ ၊ အမိုးအကာများ ။
ဘုန်းဘုန်း - ဝတ္ထုငွေ (၂) သိန်းကျပ် ။
အိမ်ပြိုပျက် မိသားတစ်စု - (၁) သိန်းကျပ် ။

#အင်းလေး ( စစ်ကိုင်းပရဟိတ အစ်မများက တဆင့်အလှူခံလို့ လှူဒါန်းပေးခဲ့ပါတယ်)

ခြင်ဆေး၊ Royal D ၊ စား သောက်ကုန် ခြောက်များ၊
ဆေးဝါးအချို့ ။

၂၇/၅/၂၀၂၅ (အင်္ဂါနေ့)
အမရပူရမြို့နယ်နှင့် အနီးတစ်ဝိုက် ပြိုပျက် အိမ်များအတွက်အလှူ

#စံပြမေတ္တာ ပရဟိတ အဖွဲ့ - အဝတ်အစား (၂၀)ခန့်၊ ဆေးဝါးအချို့နှင့် Dead Body Bags များ ၊Mask များ ။
#တောင်ရင်ပုံ ရပ်ကွက် - အဝတ်အထည် (၃၅) အိမ်စာနှင့် ရေသန့်ကတ်များ ၊ ခေါက်ဆွဲ‌ခြောက်နှင့် အရက်ပြန်ဗူးများ
#ဈေးကုန်းရပ် နှင့် #ပြိုပျက်အိမ်တစ်ချို့အား -
စောင်၊ခြင်ထောင် ၊ခေါင်းအုံးနှင့် အဝတ်အထည်များ
#တရုတ်တန်းရပ်ကွက် - အိမ်ခြေ (၂၀) စာ အတွက် အဝတ်အထည်များ၊ ခေါက်ဆွဲခြောက်နှင့် အမိုးအကာအနည်းငယ် + အဝတ်အထည်များ ( လူများ၍ ထပ်မံလှူဒါန်း)

#မြတောင်တိုက် သာယာဝင်းကျောင်း ဆရာတော် ဉီးဝရဏ-
အဝတ်အထည်နှင့် ခြင်ဆေးခွေများ နှင့် ဝတ္ထုငွေကျပ် (၁) သိန်း ။

ပစ္စည်းလှုဒါန်းမှုအတွက် အလှုရှင်များဖြစ်တဲ့ -

Zvezda နှင့် အလှူရှင်များ _အင်းစိန်မြို့နယ်🔺
ခေါက်ဆွဲခြောက်၊ ဆီဗူးများ ၊ ဓါတ်ဆား ၊ ဆေးဝါးများ ၊ခြင်ဆေးများ ၊ Royal D များ ၊ အမျိုးသမီးလစဉ်သုံး ပစ္စည်းများ ။

မယဉ်မင်းအိ (ပဲခူးမြို့) 🔺
ထီးရှည် (၂) လက် ။

မနန်းအိအိခိုင် (ခေတ္တ - USA) 🔺
မိသားစုအိပ်ခြင်ထောင် + ခြုံစောင်နှင့် အိပ်ရာခင်း အစုံ (၅၀) စီ

မသန္တာမိသားစု _ Purusoft (ပြူးရီဆော့ ) မိသားစု _အလုံမြို့နယ်🔺
ခြုံစောင် အထည် (၅၀) + ဆေးဝါးများ +ခြင်ထောင် နှင့် ကလေးအဝတ်အထည်များ။

ရဲရင့်မာန်အောင် (Volunteer) နှင့် စမ်းချောင်းမြို့နယ် အလှူရှင်များ 🔺
အဝတ်အထည်များ ၊ DB Bags များ ၊ ခြင်ဆေးဘူးများ ၊ Royal D နှင့် အသုံးအဆောင်ပစ္စည်းများ ။

မစစ်မွန်ဝင်းမိသားစု _Ngwe Oak _တာမွေ မြို့နယ် 🔺
အဝတ်အထည်များ ။

မခိုင်ဖူးဝေ _Lives of Light _လှိုင်မြို့နယ်🔺
အဝတ်အထည် ၊ ဆေးနှင့် ရေသန့်ကတ်များ။

မရွှေရည်ထွေး နှင့်မိသားစု _ အလုံမြို့နယ်🔺
အိပ်ရာခင်း ၊ ခေါင်းအုံး၊ အဝတ်အထည်၊ အားသွင်းမီးချောင်း ၊ ဓါတ်မီး ။

မရူပါ (၈၇လမ်း _ မင်္ဂလာတောင်ညွန့်) 🔺(Sis Thidar မှတဆင့်)
အဝတ်အထည်များ ။

မလဲ့လဲ့ဝင်း ( စမ်းချောင်းမြို့နယ်) 🔺
အမျိုးသားဝတ် ၊အမျိုးသမီးဝတ်နှင့် New Born ကလေးအဝတ်အထည်များ ။

ဦးခင်ဇော် +ဒေါ်ခင်သန်းလွင်_ကမာရွတ်မြို့နယ်🔺
အဝတ်အထည်များ

ဒေါ်ခင်အုန်းလွင် _ကမာရွတ်မြို့နယ်🔺
အဝတ်အထည်များ

ကိုဂျူလိုင်သွေး + မအေးအိအိအောင်မိသားစု _ကမာရွတ်မြို့နယ် 🔺
Luggage ပါဝင်သော အဝတ်အထည်များ

မမေသူ နှင့်မိသားစု _သန်လျင်မြို့နယ် 🔺
Mask များ ၊ လက်အိတ်များ ၊ အရက်ပြန် ဘူးကြီး ဘူးသေး ၊ ရေသန့်ကတ်များ၊ ပတ်တီးနှင့်ဆေးဝါးများ ၊ Towel များ၊ အမျိုးသမီးလစဉ်သုံးများ ၊ကွတ်ကီးမုန့်များ၊ ရေသန့်ကတ်များ

မမြဘုန်းဆင့် _ Growth Session Myanmar _လှိုင်မြို့နယ် 🔺
ကလေးအဝတ်အထည်နှင့် ကလေး ပစ္စည်းများ

မစုလှိုင် _ကမာရွတ်မြို့နယ် 🔺
အဝတ်အထည်များ

မပိုးအိစံ _အရှေ့ဒဂုံမြို့နယ် 🔺
ခေါင်းအုံး (၅၇) လုံး

မောင်ဘုန်းခန့်ကျော် _Dream Builders & Associative Education _ လှိုင်မြို့နယ် 🔺
မိုးကာ (၂၁) ခု

ဒေါ်စန္ဒာအေး _ စမ်းချောင်း မြို့နယ် 🔺
အဝတ်အစားများ ၊ကြွေပန်းကန်များ ၊ ဖန်ခွက်များ ။

မောင်ထည်ဝါ _ YGN Electrical Engineering Group 🔺
အဝတ်အထည်များ

မောင်ဟန်သီဟ _ YGN Electrical Engineering Group 🔺
အဝတ်အထည်များ

ညီမလေး Zue Latt Yadanar _ Dream Builders & Associative Education _ လှိုင်မြို့နယ် 🔺
မိသားစုအိပ် ခြင်ထောင် (၂၅)လုံး

ဒေါ်စန္ဒာဝင်း _ သဃ်န်းကျွန်းမြို့နယ် 🔺
ယိုးဒယား ခေါက်ဆွဲခြောက် (၁၅) ဖာ

မရွှေပုံမြင့်အောင် နှင့် မစီစီမြင့်အောင်_ မင်္ဂလာတောင်ညွှန့် မြို့နယ် 🔺
အဝတ်အထည်များ ။

ဒေါ်ခင်လေးဝင်း _ရန်ကင်းမြို့နယ် 🔺
အဝတ်အထည်များ ။

မမြသက်ဝေ Mya Thet Wai _အရှေ့ဒဂုံမြို့နယ် 🔺
အဝတ်အထည်များ ။

ဦးမင်းလွင် + ဒေါ်သန်းသန်းအေး U Min Lwin _ လှိုင်မြို့နယ် 🔺
အဝတ်အထည်များ ။

ဦးမျိုး + အန်တီဝေ _ အမရပူရမြို့ 🔺
ရေသန့်ကတ်များ ။

မစင်ဒီ _ ကမာရွတ်မြို့နယ် 🔺
လူကြီးအဝတ်အထည်များ ၊ ကလေးအဝတ်အထည်များ၊ ဖိနပ်များ ၊ ကလေးထမင်းစားခုံ၊ လွယ်အိတ်များနှင့် ဟင်းချက်အိုး (၃) အိုး ။

အစရှိတဲ့ ကောက်ခံရရှိပစ္စည်းများကို ငလျင်ဘေးသင့်ဒေသများရဲ့ လိုအပ်တဲ့နေရာ အသီးသီးလှုဒါန်းပေးခဲ့ကာ ဒုတိယအကြိမ် (၇)ရက်သားသမီးများ စုပေါင်းအလှုခရီးစဉ် အောင်မြင်စွာ သွားရောက်လှုဒါန်းမှုအတွက် မှတ်တမ်းတင် ကျေးဇူးတင်ပါရစေရှင့် ။

ခရီးစဉ် အစအဆုံး ငွေအား လူအား ကူညီပေးခဲ့ကြတဲ့

အထက်ပါအလှုရှင် အသီးသီးရဲ့ လှူဒါန်းမှုနဲ့ အတူ 🙏🙏

♦️YGN Electrical Engineering Group နဲ့ Nya Kyaung ညကျောင်း Vocational Education ရဲ့ Founder ဆရာ ဝေယံမင်း
♦️အလှူကိုအားဖြည့်ပေးတဲ့ လှည်းတန်းမိသားစုဝင်အားလုံး
♦️မြို့နယ်အလိုက် ပစ္စည်းတွေ ဝိုင်းကောက်ပေးတဲ့ ဂုဏ်ရောင်လင်း၊ သက်ထားညွန့် အပါအဝင် Volunteer (၉) ယောက်
♦️နောက်ကနေ Support ပေးခဲ့တဲ့ YGN Team မှ ညီမလေး ဇင်မာအောင် နဲ့ ခရီးသွားတိုင်း အတွဲညီခဲ့တဲ့ ညီမလေး ပန်းအိ
♦️အလှူခရီးမှာ တစ်ထောင့်တစ်နေရာပါဝင်ချင်လွန်းလို့ အတန်းတွေဖျက် စာတွေ စောသင်ပြီး ကျောင်းတစ်ကျောင်းလုံးထားခဲ့ရတဲ့ Neriah International
School Founder ကြီး Mabel
♦️သင်တန်းမှာ ထိုင်စရာနေရာမရှိအောင် များတဲ့ ပစ္စည်းတွေကို ရက်ရှည်လများ သည်းခံပြီး Packing လုပ်ပေးကြတဲ့ YGN ယောကျ်ားလေးအဖွဲ့သားများ
♦️ပစ္စည်းတွေ မသယ်နိုင်လို့ နေရာ စီစဉ်ပေးတဲ့ သမ္မတ မျက်မှန်ဆိုင် #သမ္မတမျက်မှန်
♦️ဆာလာအိတ်အကြီးဆိုဒ် (၈) အိတ် ၊ ကတ်ထူပုံး ( ၇) ပုံးနဲ့ တိုလီထွာလီ ပစ္စည်းတွေကို မန္တလေးထိ ငွေကြေးတစ်ပြားမှမယူ ပို့ပေးတဲ့အပြင် Print ကအစ ထုတ် ကူညီပေးပါသော #ကိုအာလူး #ကိုကြက်သွန်နှင့် အစ်ကိုများ #လမင်းအောင်ကုန်စည် ပို့ဆောင်ရေး
♦️(၃) ရက်တာ တည်းခိုဖို့ နေရာ စီစဉ်ပေးတဲ့ မြတောင် ဆရာတော် ဘုန်းဘုန်း ဉီးဝရဏ နဲ့ အစ်မ အဖေ ဉီးမျိုး + အန်တီဝေ ( အမရပူရ)
♦️ဂိုထောင်ကနေ ပစ္စည်းတွေ ထုတ်ပေး ပစ္စည်းတွေ ကူသယ်ပေး စစ်ကိုင်း ဂျောင်ဂျိုဂျောင်ကြားအထိ ပို့ပေးတဲ့ ကိုနောင် (ကညန) နဲ့ တောင်ကြီးသား
♦️နေရာမသိ မလာရဲလို့ အတွေးတွေ များနေတာကို စစ်ကိုင်းကနေ အမရပူရထိ လာကြိုပေးတဲ့ #ဓမ္မပီတီ က ကိုချစ်ပိုင်
♦️ကိုးပေတံတာနား ရွှေကြက်ထောင့် ကို လိုက်လံ ပို့ဆောင်ပေးတဲ့ ဘုန်းဘုန်း ဝိမုတ္တိရသာရုံကျောင်း မှ ဉီးဝိစက္ခဏ
♦️စစ်ကိုင်းက ရပ်ရွာအကျိုးလုပ်ပေးကြတဲ့ မအေးသင်းနဲ့ မနေ့သစ် တို့ ပရဟိတ အဖွဲ့
♦️သွားဖို့လာဖို့ အဆင်ပြေအောင် Online ကနေတဆင့် ချိတ်ဆက်ပေးတဲ့ သူငယ်ချင်း ပြည့်ဖြိုးသူရအောင် နဲ့ ဆရာ ဘုန်းမြတ်မောင် ၊ #မေမြို့ကော်ဖီ အစ်မ မအဏ္ဏဝါ

ရေစက်ပါလို့ ဒီလူတွေနဲ့ အတူတူ ✅✅
EER ရဲ့ ပြန်လည်ထူထောင်ရေးမှာ တစ်ဖက်တစ်လမ်းကပါဝင်ခွင့်ရခဲ့တယ် 🔸
လူသားဆန်တဲ့ လုပ်ရပ်တစ်ချို့နဲ့ နေ့ရက်အချို့ကို ဖြတ်သန်းခွင့်ရခဲ့ပါတယ် 🔸

နောက်ပြီး ဒီအလှူမှာ ညီမလေး ဇူးလတ်ရတနာနဲ့ မောင်လေး ဘုန်းခန့်ကျော် လူငယ်ကလေးတွေ ဦးဆောင်တဲ့ Dream Builders & Associative Education ကနေကောက်ခံထားတဲ့ (၇) ရက်သားသမီးများရဲ့ အလှူငွေများဟာ သူတို့လေးတွေ နေပူ မိုးရွာထဲ ပင်ပန်းခံလိုက်လံကောက်ခံတဲ့ငွေတွေမို့ ကိုယ်ကလည်း လှူဒါန်းပေးသွားဖို့ အင်အားဖြစ်သလို ဒီအလှူ ဖြစ်လာလို့ Appreciate လုပ်ပါတယ် လူငယ်လေးတို့ရေ ❗❗❗

ပါဝင်သူတစ်ဉီးတစ်ယောက်ချင်းစီအား ထပ်ပြီးလည်း ကျေးဇူးအထူးအထူးတင်ကြောင်း ပြောကြားပါရစေနော် 🔹🔹 🔹











#စာနာဖေးကူဒို့အလှူ

ပျော်ရွှင်ဖွယ် နှစ်သစ် မင်္ဂလာ ဖြစ်တဲ့ မြန်မာတို့ရဲ့ မြန်မာ နှစ်ဆန်းတစ်ရက်နေ့လေးမှာ စိတ်ရော ကိုယ်ပါ ကျန်းမာ ချမ်းသာခြင်း...
16/04/2025

ပျော်ရွှင်ဖွယ် နှစ်သစ် မင်္ဂလာ ဖြစ်တဲ့ မြန်မာတို့ရဲ့ မြန်မာ နှစ်ဆန်းတစ်ရက်နေ့လေးမှာ စိတ်ရော ကိုယ်ပါ ကျန်းမာ ချမ်းသာခြင်းများပြည့်စုံပြီး ဘေးအန္တရာယ်အသွယ်သွယ်မှ ကျော်လွှားနိုင်ကြပါစေလို့ ညကျောင်း မိသားစုဝင်များမှ ဆုတောင်းမေတ္တာပို့သလိုက်ပါရစေ🙏🙏

ပထမဆုံးသွားရောက်လှူဒါန်းခဲ့တဲ့ စာနာဖေးကူ ဒို့အလှူမှာ 🔺🔺

ညကျောင်း ၊ YGN နှင့် သင်တန်းကျောင်းမိတ်ဆွေများ ၊ ကျောင်းသားကျောင်းသူများ ၊ သူငယ်ချင်း ဆွေမျိုးများနဲ့ ရပ်ဝေးရပ်နီး ခုနှစ်ရက် သားသမီး အလှူရှင်များရဲ့ စုပေါင်းအင်အားများဖြင့် လှူဒါန်းခဲ့သော ငါးရက်တာ ခရီးစဉ်မှာ #မန္တလေးစစ်ကိုင်းအင်းဝတံတားဉီး နဲ့ #ပျဉ်းမနားမြို့ရှိ မြေငလျင်ဘေးသင့် ကျေးရွာများသို့ လက်ဝယ်ရောက်ရှိနိုင်အောင် ကြိုးစားပေးခဲ့ကြတဲ့ ပုဂ္ဂိုလ်တစ်ဉီးတစ်ယောက်ချင်းစီအားလုံးနဲ့ ခရီးစဉ် အစအဆုံး ကူညီကြတဲ့ Volunteer များအား ကျေးဇူးအထူးပင်တင်ရှိပါတယ် 🔹

စပြီး လှုပေးချင်စိတ်ဖြစ်မိစဉ်ကတည်းက ဒီအလှူကို ကိုယ်နဲ့ ထပ်တူ စိတ်ရောကိုယ်ပါ ထပ်တူကျပြီး ယုံယုံကြည်ကြည်နဲ့ လာရောက်လှူဒါန်းကြပေးတဲ့ မိတ်‌ဆွေများနဲ့ ကျောင်းသားများရဲ့ စေတနာကိုလည်း အမှန်အကန်ကို ကြည်နူးရပါတယ် 🔺

ခရီးစဉ်တစ်လျောက်မှာ ပြည်သူများရဲ့ အခက်အခဲများကို စာနာဖေးမကာ သူတို့ရဲ့ အသံများနဲ့ လှူဒါန်းမှုတွေကို တတ်နိုင်သမျှ ထိရောက်အောင် လှူဒါန်းခဲ့ပါတယ် ။ စစ်ကိုင်းဘက်နဲ့ ပျော်ဘွယ်၊ ကျောက်ဆည်ဘက်မှ လိုအပ်ချက်များ ရှိရာနေရာများသို့ ဒုတိယအကြိမ် ထပ်မံသွားရောက်ဖို့လည်း ထပ်မံ စီစဉ်လက်ရှိပါတယ် ။

အားလုံးရဲ့ အင်အားတွေနဲ့ အခက်အခဲတွေ အတူတူကျော်ဖြတ်နိုင်ဖို့ ညကျောင်းကလည်း ကူညီရန် အသင့်ရှိနေပါတယ် ။

အလှူရှင်များ မိမိအလှူကို ပီတိဖြစ်စေနိုင်ရန် သွားရောက်လှူဒါန်းမှူရဲ့ မှတ်တမ်းများကို ဖော်ပြပေးလိုက်ရပါတယ်🙏🙏

စာနာဖေးကူ ဒို့အလှူများ လှူဒါန်းအားဖြည့်ကြတဲ့ အလှူရှင်များစာရင်းများ🔹🔹

#ပစ္စည်းအလှူရှင်များ🔺🔺

ဒေါ်ယမင်းရွှေစင် ၊ မခြူးမြတ်သဒ္ဒါထက် ၊ မစနိုးရွေစင် မိသားစု -စည်သွပ်ဘူးကတ်များ၊ ၊ ဆေးဝါးများ ၊ အမျိုးသမီး လစဉ်သုံးပစ္စည်းများ ၊ အဝတ်အထည်များ ၊ ခေါက်ဆွဲခြောက် ၊ဆီ ၊ အချိုရည်ကတ်များ ၊ အားဖြည့်အချိုရည်များ ၊ Mask များ။🔹

ဉီးစောလွင် ၊ ဒေါ်မာမာဉီး - စောင်၊ ခြင်ထောင် ၊ အချိုရည် နှင့် ဆေးဝါးများ ။🔹

ကိုဇာနည် ( YGN ကျောင်းသားဟောင်း ) - အဝတ်အထည်များ ။🔹

ဆရာခန့် (Former YGN Trainer) -အဝတ်အထည်များ ။ ခရီးဆောင်အိတ်များ ။🔹

မစစ်မွန်နှင့် မိသားစု ( AYA Bank ) - ဆန်အိတ် - ၅ အိတ် နှင့် ၁၀ပိဿာ ဆီပုံး ၃ ပုံး ၊ ခေါက်ဆွဲခြောက်များ ၊ ဘီစကစ်မုန့်များ ။🔹

မခိုင်ငြိမ်းငြိမ်းစု - အစားအသောက်များ နှင့်‌ ရေသန့်ကတ်များ ။🔹

မကြည်ကြည်ဝင်း - ရေသန့်ကတ်များ ။🔹

ဉီးဝေယံမင်း ၊ သက်ဝေ (YGN မိသားစု) နှင့် အလှူရှင်များ စုပေါင်းအလှူ - အားသွင်းမီးလုံး (၁၂၀) လုံး ၊ ဆန် (၁) အိတ် ၊ ဆီ (၁) ဗူး ။🔹

မနန်းအိအိခိုင် ( ခေတ္တ - USA ) - ရေသန့်ကတ် (၅၀) ကတ်။🔹

မြသက်ဝေ ( ဝေယံမင်း သူငယ်ချင်း ) - အမျိုးသမီး လစဉ်သုံးထုတ် (၅၀) ထုတ်။🔹

မယဉ်မင်းအိ (ပဲခူးမြို့ ) - ဆန် ၊ ဆီပုံးများ ။🔹

ကိုလှမျိုးအောင် - (သာကေတ ) - ရေသန့်ကတ်များ ၊ Royal D အထုတ်များ ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများ ။🔹



ကိုရဲရင့်နှင့် စမ်းချောင်းမြို့နယ် မိသားစု စုပေါင်းအလှူ - ရေသန့်ကတ်များ ၊ ဆေးဝါးများ ၊ Wet Tissue ထုတ်များ ၊ မုန့်ထုတ်များ ။🔹

မမေဘယ်လ် ( Neriah International School ) နှင့် အလှူရှင်များ -Hand Sanitizer ဗူးကြီး တစ်ပါကင် ၊ အိတ်ဆောင်ဗူးများ ။🔹

မသီတာအေး - Mingalar Taung Nyunt Volunteer -ဉီးထုတ် -(၁၀၀) လုံး🔹

#ငွေသားအလှူရှင်များ

ဝေယံမင်း ၊ သက်ဝေ မိသားစု - ၃,၀၀၀,၀၀၀/- ကျပ်

မသန်းသန်းဉီး ( ဉီးဇင်းလေးမှတဆင့် ) - ၁,၀၀၀,၀၀၀ /- ကျပ်

ကိုထွန်းထွန်းလင်း ( ညကျောင်း ကျောင်းသားဟောင်း ) - မွေးနေ့အလှူ - ၂၀၀,၀၀၀/- ကျပ်

ကိုထွန်းထွန်းလင်း ( ညကျောင်း ကျောင်းသားဟောင်း၏ မိတ်ဆွေများဖြစ်သော -

ဒေါ်နှင်းသီတာထွန်း + ဉီးမျိုးသန့်ထွေး (ရွှေနွယ်ရိုး) မိသားစု - ၅၀,၀၀၀/- ကျပ်

ကိုကျော်စွာဝင်း + မမေစံပါယ်ဖြူ မိသားစု - ၂၀၀,၀၀၀ /- ကျပ်

မအိသန္တာထွန်း - ၂၅,၀၀၀/- ကျပ်

ကိုကျော်မင်းအောင် - ၁၀၀,၀၀၀/- ကျပ်

ဉီးကျော်မင်းသူ + မအိအိမွန် မိသားစု - ၁၀၀,၀၀၀/- ကျပ် တို့၏ စုပေါင်းအလှူ )- ၄၇၅,၀၀၀ /- ကျပ်

မထားမြတ်စန္ဒီစော - (TTC ) - ၁၀၀,၀၀၀/- ကျပ်

ဉီးမောင်မောင်ကြီး (လှည်းတန်း) - ၁၀၀,၀၀၀/- ကျပ်

ကိုဂျူလိုင်သွေး ၊ မအေးအိအိအောင် (လှည်းတန်း ) - ၁၀၀,၀၀၀/- ကျပ်

ဒေါ် ခင်အုန်းလွင် (လှည်းတန်း)- ၁၀၀,၀၀၀/- ကျပ်

ဒေါ်လှလှသန်း မိသားစု (လှည်းတန်း) -၁၀၀,၀၀၀/- ကျပ်

ကိုလင်းထက် (AYA Bank) ၊ မခိုင်ဇွန်ကို (DHL) မိသားစု - ၁၀၀,၀၀၀/- ကျပ် ( City Reward ဖြင့်)

ကိုအောင်မျိုးဉီး - (YGN ကျောင်းသား ) - ၅၀,၀၀၀/- ကျပ်

ကိုသန်းဝင်းအောင် - (Contractor)- ၁၀၀,၀၀၀ /- ကျပ်

မဆုသန္တာထွန်း (YGN ကျောင်းသား ) - ၃၀,၀၀၀/- ကျပ်

ဘုန်းဟိန်းခန့် (YGN ကျောင်းသား ) -၃၀,၀၀၀/- ကျပ်

ဉာဏ်လင်းထွန်း( ဖိုးဉာဏ်) -၁၀၀,၀၀၀/- ကျပ်

ဆရာသက်မင်းအောင် ( Nicolas Solar Design Group) - ၅၀ .၀၀၀/- ကျပ်

ပန်းအိဖြူ (YGN Electrical Engineering Group)၊ရှင်မင်းခန့် - ၈၀,၀၀၀/- ကျပ်

ဇင်သန့် ( ခေတ္တ -ထိုင်း ) - ၅၀၀,၀၀၀/- ကျပ်

မဇွန်ပွင့်ဖြူ ( ခေတ္တ - စင်ကာပူ ) - ၃၀၀,၀၀၀/- ကျပ်

မယုသန္တာကျော် ( AYA Bank) - ၁၀၀,၀၀၀ /- ကျပ်

မထက်ထက်ဉီး ( UCSY - ခေတ္တ - စင်ကာပူ )- ၂၄၅,၀၀၀ /- ကျပ် ( ဆိုလာမီးလုံးဝယ်ရန်)

ချမ်းမြေ့ထွေး - (YGN ကျောင်းသား ) -၇၅,၀၀၀/- ကျပ်

ဉီးမျိုးမင်းအောင် ၊ ဒေါ်ဉမ္မာ ( ခေတ္တ - ဂျာမနီ) -၅၀၀,၀၀၀/- ကျပ်

မဖူးပြည့်သျှန် - ( ခေတ္တ- ဂျာမနီ ) - ၅၀၀,၀၀၀/- ကျပ်

Peter Khua Lian Thang (YGN ကျောင်းသား - ခေတ္တ - စင်ကာပူ) - ၁၅၀,၀၀၀ /- ကျပ်

မင်းနိင်စိုး (YGN ကျောင်းသား ) - ၂၀၀,၀၀၀/- ကျပ်

စုပေါင်းအလှူ - ဆေးဝါးများ ၊ Permanent Marker များ ( အလှူအတွက် အသုံးပြုရန်)

မချစ်နှင်းအေး ( ခေတ္တ- ထိုင်း ) ၊ Mr.Raadschilders - ၆၃၂,၅၀၀ /- ကျပ် ( Thai Baht -5000 )

(၇) ရက်သားသမီးများ ဝမ်းမြောက်ဝမ်းသာစွာ နတ်လူ သာဓု ခေါ်ဆိုနိုင်ပါစေ

မိမိနီးစပ်ရာနေရာများမှာလည်း လက်လှမ်းမှီသလောက် ကူညီကြပါလို့ တိုက်တွန်းပါရစေ ....

ထပ်မံလှူဒါန်းလိုသူများ အောက်ပါ ဖုန်းနံပါတ် (Viber ) နံပါတ်နှင့် Chat Box မှာ လာရောက်လှူဒါန်းနိုင်ပါတယ်ရှင့် ။

#စာနာဖေးကူဒို့အလှု





#ငလျင် #မန္တလေးငလျင် #စစ်ကိုင်းငလျင်



မလှူရသေးသောပစ္စည်းနှင့် ငွေသားများ

#ငွေသားများ

ကိုဖြိုးကိုကိုဆွေ နှင့် မိသားစု မိတ်ဆွေများ ကောင်းမှု - ၅၀၀,၀၀၀ /- ကျပ်

ဉီးခင်ဇော် ၊ ဒေါ်ခင်သန်းလွင် (လှည်းတန်း ) -၃၀၀,၀၀၀/- ကျပ်

မစိုးမဉ္ဇူလှိုင်နှင့် ရွှေပြည်သာမြို့နယ် မိတ်ဆွေများကောင်းမှူ - ၉၀,၀၀၀/- ကျပ်

ကိုကျားကြီး - ၃၀,၀၀၀/- ကျပ်

ကိုပြည့်ဖြိုးအောင် - ၁၀၀,၀၀၀/- ကျပ်

#ပစ္စည်းများ

Zvezda နှင့် အလှူရှင်များ ( အင်းစိန်မြို့နယ်) - ခေါက်ဆွဲခြောက်၊ ဆီဗူးများ ၊ ဓါတ်ဆား ၊ ဆေးဝါးများ ၊ခြင်ဆေးများ ၊ Royal D များ ၊ အမျိုးသမီးလစဉ်သုံး ပစ္စည်းများ ။

မယဉ်မင်းအိ - ထီးရှည် (၂) လက် ။

02/04/2025

ညကျောင်း ၊ YGN ၊ 𝑵𝒆𝒓𝒊𝒂𝒉 𝑰𝒏𝒕𝒆𝒓𝒏𝒂𝒕𝒊𝒐𝒏𝒂𝒍 𝑺𝒄𝒉𝒐𝒐𝒍 သင်တန်းကျောင်းတစ်ချို့မှ ဉီးစီး၍ လူငယ်များအင်အားဖြင့် သက်ဆိုင်ရာ မြို့နယ်များသို့ အလှူခံ ပစ္စည်းများ ကောက်ခံပေးမည် ဖြစ်ပါသည်။

ငွေကြေး လုံးဝကောက်ခံခြင်း မပြုစေဘဲ လူသုံးကုန် ဆေးဝါးများသာ လှုဒါန်းပေးစေလိုပါသည်။ လှူဒါန်းပစ္စည်းများကို မလှူဒါန်းမီ စာရင်း အတိအကျပေးသွင်းပြီးမှသာ လှူဒါန်းစေလိုပြီး သက်ဆိုင်ရာမြို့နယ်အလိုက် လှူဒါန်းမှုများ ဖော်ပြသွားပါမည်။

လှူဒါန်းနိုင်သည့်ပစ္စည်းများ 🔺
ငွေသားမှလွဲ၍ အသုံးအဆောင်ပစ္စည်းများ ၊ စားသောက်ကုန်အခြောက်အခြမ်းများ ။ အဝတ်အထည်ဟောင်းများ လှူဒါန်းခြင်းကို သည်းခံပေးပါရန် အနူးအညွန့် တောင်းဆိုအပ်ပါသည် ။

ဘယ်လိုလှူရမလဲ ❓❓❓

၁) ပထမနည်း 🔺
အနီးစပ်ဆုံးမြို့နယ် တာဝန်ခံများကို ဖုန်းဆက်သွယ် လှူဒါန်းခြင်း ။ ( update ပြုလုပ်သွားပါမည် )

၂)ဒုတိယနည်း 🔺
Hotline ဖုန်းသို့ ဆက်သွယ်၍ လှူဒါန်းပစ္စည်းများအား မိမိအိမ်သို့ လာရောက်ကောက်ခံစေခြင်း ။

၃)တတိယနည်း 🔺
ပင်မ ပစ္စည်း လက်ခံရာနေရာ #ကမာရွတ် သို့ လူကိုယ်တိုင်လာရောက်လှူဒါန်းခြင်း ။

ရုံးပိုင်း ဆက်သွယ်ရေး ၊ ဝယ်ခြမ်းရေး ၊ ပို့ဆောင်ရေး များ ထပ်မံလိုအပ်ချက်ရှိပါသည် ။
‌လျှောက်ထားလိုသူများဆက်သွယ်ပါနော် ။

ရုံးလိပ်စာ ။ အမှတ် (၁၄) ၊ လှည်းတန်းစင်တာရှေ့ ၊ (၃) လွှာ ၊ ကမာရွတ်မြို့နယ် ၊ရန်ကုန်မြို့ ။

GPS Location -
https://www.facebook.com/share/1JotfmU7vr/?mibextid=qi2Omg

ဖုန်း 📱- 09955444123 / 09796215634

တာဝန်ခံများနှင့် အဖွဲ့အစည်းများသည် မည်သည့်အခကြေးငွေ မယူဘဲ လူသားချင်း စာနာထောက်ထားသော ပရဟိတ စိတ်ဓါတ်များဖြင့်သာ ကူညီကြခြင်းဖြစ်ပြီး လိုအပ်ချက်များ ရှိလာပါက နားလည်ခွင့်လွတ်ပေးကြပါရန် မေတ္တာရပ်ခံပါရစေရှင့် ။

လူငယ်များအင်အား ၊ ပြည်သူများ အင်အားဖြင့် စာနာဖေးကူကြပါစို့ ။

မြို့နယ်အလိုက် လှူဒါန်းပစ္စည်းတာဝန်ခံများ ♦️♦️

#ပင်မနေရာ
ကမာရွတ်🔹
မစင်ဒီ -09955444123
လှည်းတန်းစင်တာရှေ့ ၊ (၃) ရပ်ကွက် ၊ သမ္မတမျက်မှန်တိုက် ။

#မြောက်ဥက္ကလာ🔹

ဦးနေမျိုးအောင် - 09251038960
လိပ်စာ - အမှတ် ၅၆၀၊ ဣန္ဒာ ၂ လမ်း၊ ဇ ရပ်ကွက်၊ မ
ဥက္ကလာ။

#တောင်ဥက္ကလာ 🔹
မဆုလဲ့မွန် -09254106759
No-771(b), Saging St, 5 ward(Near to Nandawan Zay)

#ရွှေပြည်သာ 🔹

မစိုးစိုး -09792596610
5/7(149A)ချယ်ရီလမ်းရွှေပြည်သာ။

#စမ်းချောင်း 🔹

ရဲရင့်-09780905245
9 tha ya won street, sanchaung

#မဂ်လာတောင်ညွှန့် 🔹
မသီတာအေး - 09750340310
အမှတ် ၁၈၊၅လွှာ၊မန္တလေး လမ်းသွယ် ၃ လမ်း၊မဂ်လာတောင်ညွှန့် ။
(သိမ်ဖြူစာတိုက် မှတ်တိုင်အနီး)

#မဂ်လာဒုံ 🔹
Ma Mabel -09971981605
အမှတ် 25၊ ကျောင်းကြီး 2လမ်း၊ သက်န်းကျွန်းကြီး၊ မဂ်လာဒုံ။

#လှည်းကူး 🔹
Ma Mabel - 09971981605
အမှတ် 44၊ မဒေါ့ပင်၊ စာဘူးတောင်းကျေးရွာအုပ်စု၊ လှည်းကူး။

#တာမွေ 🔹
မသက်ထားညွန့် - 09-774959201

No.10 Thudhammar Street, Kyauk Myaung Ward, Tamwe Township, Yangon.

#သံလျင် 🔹
မမေသူ - 09799430445
သန်လျင်မြို့ ၊ အမှုထမ်းရပ်ကွက် ၊ ရွှေဝါလမ်း ။

#ပဲခူးမြို့🔹
မယဥ်မင်းအိ - 09882228942
အမှတ် 242၊ မှော်ကန်14လမ်း၊ အရှေ့ဖက်ထိပ် ဂုတ်အိမ်
မက္ကဒစ်လမ်းမမှဝင်လာရင် ညာဖက်အခြမ်းဂုတ်အိမ်ပါ
ပဲခူးမြို့။

#ညကျောင်း

စာနာဖေးကူ ဒို့အလှူ 🙏🙏YGN နဲ့ ညကျောင်းမှ ဦးစီးပြီး မြေငလျင်ဘေးသင့် ပြည်သူများသို့ သွားရောက်လှူဒါန်းသွားပါမည် 🙏🙏နိုင်သလောက...
29/03/2025

စာနာဖေးကူ ဒို့အလှူ 🙏🙏

YGN နဲ့ ညကျောင်းမှ ဦးစီးပြီး မြေငလျင်ဘေးသင့် ပြည်သူများသို့ သွားရောက်လှူဒါန်းသွားပါမည် 🙏🙏

နိုင်သလောက်ဝန် ထမ်းကြရင်းဝိုင်းဝန်းကူညီပေးကြပါစို့ 📢📢

ဘာမှမကူညီနိုင်ဘူးလို့ ကိုယ့်ကိုကိုယ် အပြစ်တင်နေမယ့်အစား ❌❌
စိတ်ဓါတ်ကျ ပြိုလဲနေမယ့်အစား ❌❌
ဒေါသထွက် ငိုနေမယ့်အစား မျက်ရည်တွေသုတ် 🔺🔺
စိတ်ဓါတ်ခွန်အား ဉာဏခွန်အား ကာယခွန်အား ပေးနိုင်ဖို့ တစ်ခုခုတော့ ကူညီလိုက်ပါ 📢📢

16/02/2025

ယဉ်ကျေးပြီး လေးစားမှု ရှိတဲ့ လူငယ်က
အရာရာမှာ တစ်ပန်းသာတာပဲ။

ပညာရေးရဲ့ integral part အနေနဲ့လည်း ဒီအချက်ကို မဖြစ်မနေ ပျိုးထောင်ပေးရမယ်။

Youth Development မှာ Skill တွေပဲ အသားပေးပြီး hard development ကိုပဲ အာရုံစိုက်လို့မရဘူး။

Myanmar Youth ဆိုတဲ့ personality ကို shape လုပ်တဲ့ နေရာမှာ ယဉ်ကျေးတဲ့ဓလေ့နဲ့ပါ ပေါင်းစပ်ပြီး soft development ကိုပါ အဓိက လေ့ကျင့်ပျိုးထောင်ပေးဖို့လိုတယ်။

ပညာတွေတတ်ပြီး respect မရှိရင် ဘယ်နယ်ပယ်မှာမှ မအောင်မြင်နိုင်ဘူး။

Post ပိုင်ရှင်အား လေးစားစွာဖြင့် Credit ပေးပါတယ် 🙏

Credit - Ko Chan Myae


များများနဲ့ မြန်မြန်ရောက်နိုင်ဖို့ Volunteer တွေ ခေါ်မယ်ဆို စိတ်ဝင်စားကြမလား ❓❓Team လေးအတွက် ရင်ခုန်နေပါပြီ ....Founding...
29/01/2025

များများနဲ့ မြန်မြန်ရောက်နိုင်ဖို့ Volunteer တွေ ခေါ်မယ်ဆို စိတ်ဝင်စားကြမလား ❓❓

Team လေးအတွက် ရင်ခုန်နေပါပြီ ....
Founding Members အဖွဲ့ဝင်တွေ ဘယ်သူဖြစ်မလဲ ❓❓

2 Member is already seated ♦️♦️

Volunteer လုပ်ချင်ပေမယ့် ဘယ်လိုနေရာမျိုးမှာလုပ်ရင်ကောင်းမလဲဆိုတာဆိုတာမသိဘူးဖြစ်နေပြီလား❓️🙋‍♀️

✅️ ဝါသနာ, career နဲ့ဆိုင်တဲ့နယ်ပယ်

ကိုယ့်ရည်မှန်းချက်၊ ဝါသနာနဲ့ သင့်တော်တဲ့နေရာမှာ volunteer လုပ်ပါ။ စိတ်မဝင်စားတဲ့ နယ်ပယ်မှာမလုပ်သင့်ပါဘူး။

✅️ တကယ်လိုအပ်တဲ့နေရာ

လူ့အဖွဲ့အစည်းအတွက် တကယ် အကူအညီလိုအပ်နေတဲ့နေရာလေးတွေမှာကူညီပါ။

✅️ အဖွဲ့အစည်းအကြောင်း အသေးစိတ်

ကိုယ် volunteer လုပ်မယ့်အဖွဲ့အစည်းရဲ့အသိအမှတ်ပြုခံရမှု၊ ဂုဏ်သတင်းတွေကို ရှာဖွေပါ။

✅️ ခေါင်းပုံဖြတ်မှုများ

တစ်ချို့တွေက အဖွဲ့အစည်းရဲ့အကျိုးစီးပွားအတွက် volunteer ဆိုတဲ့ခေါင်းစဥ်အောက်ကနေ ခိုင်းနေသူတွေရှိတာမို့ သေချာလေ့လာပါ။

✅️Scholarship, certi တွေရဖို့ရည်ရွယ်ပြီး volunteer မလုပ်ပါနဲ့။

Volunteer လုပ်ခြင်းကနေ အတွေ့အကြုံ၊ network၊ ယုံ ကြည်မှု၊ တိုးတက်မှု ၊ ပီတိ၊ အခွင့်အလမ်း၊ ခေါင်းဆောင်နိုင်မှု၊ အသိအမှတ်ပြုခံရမှုစတဲ့ တန်ဖိုးကြီးတဲ့အရာတွေရနိုင်တာမို့

ဒီအရာတွေကပဲ scholarship ပဲဖြစ်ဖြစ် ၊ လုပ်ငန်းခွင်အတွက်ပဲဖြစ်ဖြစ်အကျိုးရှိတာမို့ certi လေးတစ်ရွက်အတွက် volunteer မလုပ်ပါနဲ့။

Make volunteering a,life long habit

တခြားသူတွေကို မှန်ကန်ပြီးမျှော်လင့်ချင်ကင်းကင်းနဲ့ ကူညီတယ်ဆိုတာ ကိုယ့်ကိုကိုကူညီနေခြင်းတစ်မျိုးပါဘဲ။♥️



25/01/2025

ကျွန်မတို့ အမျိုးသား အမျိုးသမီးလူငယ်တွေ အလုပ်လက်မဲ့ ပြဿနာတွေ ၊🔸🔸
လုပ်ငန်းခွင်အတွင်း စွမ်းဆောင်ရည် မပြည့်ဝတဲ့ ပြဿနာတွေ 🔸🔸
လက်ရှိ မြန်မာနိုင်ငံရဲ့ Man Power ရှားပါးမှုပြဿနာတွေ🔸🔸
စိတ်ဓါတ်ရေးရာပိုင်း ကျဆင်းလာတဲ့ ပြဿနာတွေ🔸🔸

၂၀၂၅ မှာ နိုင်ငံရပ်ခြား သွားရောက်လုပ်ကိုင်ဖို့ထပ်
မြန်မာနိုင်ငံမှာရှိနေတဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ၊ ပညာပိုင်းရာ ဘက်ပေါင်းစုံကို ပျိုးထောင်ပေးရင်း ပြည့်ဝတဲ့ အရည်အချင်းရှိ လူငယ်များ မွေးထုတ်ဖို့ ၊

စက်ရုံ၊ အလုပ်ရုံ၊ Company တွေ လုပ်ငန်းခွင် မျိုးစုံရဲ့ Local Employment ပြဿနာအကြီးကြီးကို ဖြေရှင်းဖို့ ၊

နိုင်တဲ့ဝန်ကို ထမ်းဖို့ ကျွန်မတို့တတွေ အစွမ်းကုန် ကြိုးစားပေးပါ့မယ် ♦️♦️

အမျိုးသား၊ အမျိုးသမီး နဲ့ အသက်အရွယ် လူမျိုး ဘာသာ ခွဲခြားခြင်း အလျင်းမရှိ 🎖️🎖️

ဟုတ်ကဲ့ပါ ♦️♦️
ကျွန်မတို့ အဖွဲ့တကယ် ကြိုးစားပေးနေပါတယ်‼️


25/01/2025

ဘယ်အချိန်ပဲဖြစ်ဖြစ် အသက်မွေးပညာတစ်ရပ်အနေနဲ့ ရပ်တည်နိုင်တဲ့ Mobile Phone Repair တန်းခွဲနဲ့ Aircon Course ပညာရပ်များကို ဖေဖော်ဝါရီတန်းခွဲတွေမှာ ပညာဒါန တစ်ဦးစီ ခေါ်ယူသွားမှာပဲ ဖြစ်ပါတယ်

ဖေ‌ဖော်ဝါရီလတန်းခွဲများ
✅✅𝐌𝐨𝐛𝐢𝐥𝐞 𝐏𝐡𝐨𝐧𝐞 𝐑𝐞𝐩𝐚𝐢𝐫 𝐂𝐥𝐚𝐬𝐬 (ဖုန်းပြုပြင်နည်းသင်တန်း)
သင်တန်းကာလ -(၂)လ
သင်တန်းအချိန် - မနက် (၁၀) နာရီမှ (၁၂) နာရီအထိ
သင်တန်းစမည့်ရက် - ၄.၂.၂၀၂၅( အင်္ဂါနေ့)
သင်တန်းကြေး - ❌❌
ပညာဒါန -(၁)ဦး

✅✅𝐀𝐢𝐫𝐂𝐨𝐧 & 𝐑𝐞𝐟𝐫𝐢𝐠𝐞𝐫𝐚𝐭𝐨𝐫 𝐌𝐚𝐢𝐧𝐭𝐞𝐧𝐚𝐧𝐜𝐞 𝐚𝐧𝐝 𝐑𝐞𝐩𝐚𝐢𝐫
အဲကွန်း ရေခဲသေတ္တာ ပြုပြင်တပ်ဆင်သင်တန်း
သင်တန်းကာလ -(၁) လ
သင်တန်းစမည့်ရက် - ၃.၂.၂၀၂၅(တနင်္လာနေ့)
သင်တန်းကြေး - ❌❌
ပညာဒါန -(၁)ဦး

လျှောက်ထားလိုသူများဟာ ငွေကြေးမတတ်နိုင်သူများဖြစ်ဖို့လိုပြီး သင်တန်းကိုအချိန်ပြည့်တက်ရောက်နိုင်ရပါမယ် ။
ကျား/မ၊ အမျိုးသား/အမျိုးသမီး အသက်အရွယ် လူမျိုး ဘာသာ ခွဲခြားခြင်းမရှိပါ ။

နောက်များမှာ လူဦးရေမကန့်သတ်ပဲ ခေါ်ယူသွားမှာဖြစ်လို့ Page လေးကို Like and Follow လုပ်ထားကြဖို့ အသိပေးပါရစေနော် ။

ငွေကြေးအားဖြင့်မတတ်နိုင်ပေမယ့် ရိုးသား ကြိုးစားပြီး မိမိဘဝ မိမိပျိုးထောင်လိုတဲ့ လူငယ်များ 𝑷𝒓𝒐𝒇𝒆𝒔𝒔𝒊𝒐𝒏𝒂𝒍 𝑻𝒆𝒄𝒉𝒏𝒊𝒄𝒊𝒂𝒏 များဖြစ်ဖို့ Nya Kyaung ညကျောင်း ရှိနေပါရစေ ♦️♦️

အသေးစိတ်ကို
📱- 09955444123 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ် ။


04/01/2025

၂၀၂၅ နှစ်သစ်မှာ အမျိုးသား အမျိုးသမီး အသက်အရွယ်လိုက် ပါဝင်နိုင်တဲ့ လူထုအကျိုးပြု သင်တန်းတွေ ပိုပြီးဖွင့်ချင်ပါတယ် 🎖️🎖️

အခုစာကိုဖတ်နေတဲ့ လူငယ်ဆို ဘာသင်တန်းမျိုးတွေ ဖွင့်စေချင်လဲ ❓❓❓

မိဘ ဆွေမျိုး အနေနဲ့ဆိုရင်ရော ကိုယ့်ကလေးကို ဘယ်လို အသိပညာ အတတ်ပညာမျိုးတွေ သင်ယူစေချင်သလဲ ❓❓❓

ဖြေသွားပေးကြပါဦး ❓❓



ညကျောင်းနှင့်အတူ မိခင်ကျောင်းတော်ကြီးYGN Electrical Engineering Group  နှင့်  𝒀𝑮𝑵 𝑴𝒐𝒃𝒊𝒍𝒆 𝑻𝒆𝒄𝒉𝒏𝒐𝒍𝒐𝒈𝒚 𝑻𝒓𝒂𝒊𝒏𝒊𝒏𝒈 𝑪𝒆𝒏𝒕𝒓𝒆 တို့...
25/12/2024

ညကျောင်းနှင့်အတူ မိခင်ကျောင်းတော်ကြီး
YGN Electrical Engineering Group နှင့် 𝒀𝑮𝑵 𝑴𝒐𝒃𝒊𝒍𝒆 𝑻𝒆𝒄𝒉𝒏𝒐𝒍𝒐𝒈𝒚 𝑻𝒓𝒂𝒊𝒏𝒊𝒏𝒈 𝑪𝒆𝒏𝒕𝒓𝒆 တို့မှ မြန်မာပြည်သူ ပြည်သားအပေါင်း ကျန်းမာ ချမ်း‌သာ၍ ပျော်ရွှင်ဖွာ်အခိုက်အတန့်များ ပိုင်ဆိုင်စေဖို့ ဆုတောင်းလိုက်ပါရစေ 🎁🎁🎁🎁


Electrical Engineering Group

နှစ်သစ်မှာ ခိုင်မာမှန်ကန်တဲ့ အသက်မွေးပညာကို လေ့လာအသုံးချချင်တဲ့ အရည်အချင်းရှိလူငယ်များအတွက်  #ညကျောင်းပြန်လာပါပြီ 📣📣မိခင...
05/12/2024

နှစ်သစ်မှာ ခိုင်မာမှန်ကန်တဲ့ အသက်မွေးပညာကို လေ့လာအသုံးချချင်တဲ့ အရည်အချင်းရှိလူငယ်များအတွက် #ညကျောင်းပြန်လာပါပြီ 📣📣

မိခင်ကျောင်းတော်ကြီး‌ YGN Electrical Engineering Group နဲ့ YGN Mobile Technology Training Centre တို့မှ လစဉ်ပညာဒါနတန်းခွဲများကို စိတ်ပါဝင်စားတက်ရောက်လိုတဲ့
#မြို့နယ်အစုံနေရာဒေသမ‌ရွေးလူငယ်များ တက်ရောက်နိုင်ပါတယ် 📃၊📃👏

ငွေကြေး တစ်ပြားမှ ပေးစရာမလိုတဲ့ပညာဒါနမှာ ✅
🏆𝐄𝐥𝐞𝐜𝐭𝐫𝐢𝐜𝐚𝐥 𝐚𝐧𝐝 𝐌𝐨𝐭𝐨𝐫 𝐂𝐨𝐧𝐭𝐫𝐨𝐥 𝐂𝐨𝐮𝐫𝐬𝐞 - (၂) ဦး

🎖️𝐀𝐢𝐫𝐂𝐨𝐧 𝐑𝐞𝐟𝐫𝐢𝐠𝐞𝐫𝐚𝐭𝐨𝐫 𝐌𝐚𝐢𝐧𝐭𝐞𝐧𝐚𝐧𝐜𝐞 𝐚𝐧𝐝 𝐑𝐞𝐩𝐚𝐢𝐫 𝐂𝐨𝐮𝐫𝐬𝐞 - (၁) ဦး

🏆𝐌𝐨𝐛𝐢𝐥𝐞 𝐏𝐡𝐨𝐧𝐞 𝐑𝐞𝐩𝐚𝐢𝐫 𝐂𝐨𝐮𝐫𝐬𝐞 -(၁) ဦး

#စုစုပေါင်း(၄)ဦး

အမြဲတမ်း ပေးအပ်လျက်ရှိပါတယ် ။

လျှောက်ထားလိုတဲ့ ကျောင်းသားများဟာ 𝐂𝐕 𝐅𝐨𝐫𝐦 နဲ့ အတူ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ ၊ ရပ်ကွက် သို့ ရဲစခန်းထောက်ခံစာ၊ မည်သည့်အတွက်‌ကြောင့်တက်ရောက်လိုကြောင်းအပေါ်စာနှင့်အတူ လာရောက်လျှောက်ထားနိုင်ပါတယ် ✅✅

အသက်အရွယ် ၊ပညာအရည်အချင်း ၊လူမျိုး ၊ ဘာသာ၊ အမျိုးသား ၊အမျိုးသမီး သတ်မှတ်ထားခြင်းမရှိပါ ❣️❣️

သင်တန်းအသေးစိတ် ကိုသိလိုပါက 𝟎𝟗𝟗𝟓𝟓𝟒𝟒𝟒𝟏𝟐𝟑 (or) chat box ကို Hello တစ်ချက်တောက်လိုက်ပါနော် ။

🏦 -

လိပ်စာ - အမှတ်(၁၄)၊(၃လွှာ-၇ လွှာ)၊ လှည်းတန်းလမ်းမ ၊ (၃) ရပ်ကွက်၊လှည်းတန်းစင်တာရှေ့၊ ကမာရွတ်မြို့နယ် ၊ရန်ကုန်မြို့။

Address

Hledan
Yangon

Website

Alerts

Be the first to know and let us send you an email when Nya Kyaung ညကျောင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share