Nay Che

Nay Che � There is a story behind every smile �

စိတ်ညစ်ပြီး ဘာမှမလုပ်ချင်တော့တဲ့အခါ ငါ ဒီလိုနေလို့မဖြစ်ဘူးဆိုပြီးကိုယ့်ကိုယ်ကို ပြန်ထိန်းချုပ်ပါ။အခက်အခဲတွေနဲ့ကြုံတွေ့တဲ...
22/05/2025

စိတ်ညစ်ပြီး
ဘာမှမလုပ်ချင်တော့တဲ့အခါ
ငါ ဒီလိုနေလို့မဖြစ်ဘူးဆိုပြီး
ကိုယ့်ကိုယ်ကို ပြန်ထိန်းချုပ်ပါ။

အခက်အခဲတွေနဲ့ကြုံတွေ့တဲ့ အခါ
အားမလျှော့ဘဲ
ကိုယ့်အားကိုယ်ကိုးပြီး
အရောက်လှမ်းသွားပါ။

ဘဝမှာ တန်ဖိုးအရှိဆုံးအရာဟာ
အခြားမဟုတ်ဘူး
အသက်ရှင်သန်နေတာပါ
အားလုံးမှာ တန်ဖိုးအရှိဆုံးအရာကို
ပိုင်ဆိုင်နေတယ်ဆိုတာ မမေ့ပါနဲ့ ။

အားနည်းချက်ရှိလို့လည်း
စိတ်ညစ်ပြီး စိတ်အားမငယ်ပါနဲ့
လူတိုင်းမှာ အားနည်းချက်
ကိုယ်စီရှိကြသလို ပြီးပြည့်စုံတဲ့
လူရယ်လို့ လောကမှာ မရှိပါဘူး။

ကျားဝတ် ဖလန် ထည်းလေးတွေ ဝယ်ယူအားပေးလို့ရပြီနော်..... ဝယ်ယူမယ်ဆို အောက်က 👇👇Page လေးမှာ ဝယ်ယူလို့ရပြီနော်....https://www.f...
22/03/2025

ကျားဝတ် ဖလန် ထည်းလေးတွေ ဝယ်ယူအားပေးလို့ရပြီနော်..... ဝယ်ယူမယ်ဆို အောက်က 👇👇
Page လေးမှာ ဝယ်ယူလို့ရပြီနော်....

https://www.facebook.com/noraqueenmyanmar?mibextid=ZbWKwL

အမြင်နဲ့လည်း မဆုံးဖြတ်နဲ့အထင်နဲ့လဲမတွေးလေနဲ့ ...လူ့အကြောင်းကြာကြာပေါင်းကြည့်မှသိတာ .. ။ #ဂျူး
17/02/2025

အမြင်နဲ့လည်း မဆုံးဖြတ်နဲ့
အထင်နဲ့လဲ
မတွေးလေနဲ့ ...

လူ့အကြောင်း
ကြာကြာပေါင်းကြည့်မှသိတာ .. ။

#ဂျူး

အမျိုးသားပဲ ဖြစ်ဖြစ်အမျိုးသမီးဘဲ ဖြစ်ဖြစ်ပေါ့......တန်ဖိုးထားပြီး အချစ်ခံရရင်လူတွေဟာ ပျော်ရွှင်ပြီး တောက်ပကြတာပဲ.... တန်...
01/02/2025

အမျိုးသားပဲ ဖြစ်ဖြစ်
အမျိုးသမီးဘဲ ဖြစ်ဖြစ်ပေါ့......

တန်ဖိုးထားပြီး အချစ်ခံရရင်
လူတွေဟာ ပျော်ရွှင်ပြီး တောက်ပကြတာပဲ....

တန်ဖိုးထားတဲ့ ဉယျာဉ်မှူးဆီမှာ
ပန်းလှလှကလေးတွေ
ပိုပွင့်တာ ဘာများဆန်းသလဲ.....


#ဆရာမဂျူး

" အလှဆုံးသော မိန်းမ "  အလှဆုံးသော မိန်းမ လောကမှာ ကိုယ့်အလုပ်ကိုလုပ် ကိုယ့်အကြောင်းပဲ ကိုယ်စိတ်ဝင်စားပြီး ကိုယ့်ဝင်ငွေနဲ့...
31/12/2024

" အလှဆုံးသော မိန်းမ "

အလှဆုံးသော မိန်းမ
လောကမှာ ကိုယ့်အလုပ်ကိုလုပ်
ကိုယ့်အကြောင်းပဲ ကိုယ်စိတ်ဝင်စားပြီး
ကိုယ့်ဝင်ငွေနဲ့ကိုယ်ရပ်တည်နိုင်တဲ့ မိန်းမက
အလှဆုံးသော မိန်းမပဲ ။

သူများနဲ့ မပြိုင်ပဲ
သူအင်းအားနဲ့သူ ပြိုင်ပြီး
သူ့ဘဝအတွက် သူကြိုးစား
အောင်မြင်မှုတွေဆီ
လျှောက်လှမ်းနေတဲ့ မိန်းမက
အလှဆုံးသော မိန်းမပဲ ။

သူများအကြောင်း မပြောသလို
သူများကို လိုက်မကြည့်ပဲ
ကိုယ့်အနာဂ္ဂါတ် အိပ်မက်တွေအတွက်သာ
တစိုက်မတ်မတ် အကောင်ထည်ဖော်ဖို့
ကြိုးစားနေတဲ့ မိန်းမကသာ
အလှဆုံးသော မိန်းမပဲ ။

တနေ့ တနေ့ ကုသိုလ် ပညာ ဥစ္စာတွေနဲ့
ပျော်မွေ့ပြီး မေတ္တာစေတနာနဲ့ သူတပါးကိုပါ
လမ်းပြပေးနေတဲ့ မိန်းမကသာ
အလှဆုံးသော မိန်းမပါပဲ ။

ကိုယ်ပိုင် အစွမ်းအစ
ကိုယ်ပိုင် အလင်းရောင်နဲ့
မိမိသူတပါး နှစ်ပါးလုံးအတွက်
ထွန်းလင်းတောက်ပနေတဲ့ မိန်းမက
လောကမှာ အလှဆုံးသော မိန်းမပါပဲ ။

" အပြုံးတွေနဲ့ ဆက်လျှောက်ပါ "

မိန်းမတစ်ယောက် အနေနဲ့ ဘ၀မှာ
၀မ်းနည်းစရာ ၊နာကျင်ကြေကွဲစရာ၊ အရှုံးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ မျက်ရည်ကျခွင့်ရှိသလို ငိုကြွေးခွင့်လည်း ရှိပါတယ် ...။

ဒါပေမယ့် အဲဒီ မျက်ရည်တွေနဲ့တော့
ရှေ့လာမယ့် အခွင့်အလမ်းတွေ
ပျော်ရွှင်ခြင်းတွေကို မမြင်ရတော့လောက်
အောင်ဖုံးကွယ် မနေသင့်ဘူး ...။

ကျနေတဲ့ မျက်ရည်တွေ သုတ်လိုက်ပြီး
၀မ်းနည်းပူဆွေးခြင်း သောကဖြစ်စရာ
ကိစ္စတွေကိုအမြန်ဆုံး ဖယ်ထုတ်ကာ
အပြုံးတွေနဲ့ ရှေ့ဆက်လျှောက်နိုင်မှ
လှပတဲ့ အနာဂါတ်ကို ဖန်တီးနိုင်မှာပါ ...... ။

္ Juu ဂျူး

✔ စိတ်ညစ်နေတဲ့ အခါကိုယ့်ကိုပျော်ရွှင်စေတဲ့သူတွေကို ကျေးဇူးတင်ရမယ်။✔ အခက်အခဲတွေနဲ့ ကြုံနေချိန်မှာကိုယ့်ကို ကူညီတတ်သူတွေကိ...
19/12/2024

✔ စိတ်ညစ်နေတဲ့ အခါကိုယ့်ကို
ပျော်ရွှင်စေတဲ့သူတွေကို ကျေးဇူးတင်ရမယ်။

✔ အခက်အခဲတွေနဲ့ ကြုံနေချိန်မှာ
ကိုယ့်ကို ကူညီတတ်သူတွေကို တန်ဖိုးထားပါ။

✔ ဖြေရှင်းရခက်တဲ့ ပြသနာတွေကြား
စိတ်တွေ မွန်းကျပ်နေချိန်မှာ
ကိုယ်နဲ့ အမြဲအတူရှိနေသူတွေကိုအသိအမှတ် ပြုပါ၊

✔ ကိုယ်ရဲ့အားနည်းချက်တွေကို နားလည်ခွင့်လွှတ်ပေးနိုင်တဲ့ သူတွေနဲ့ လက်တွဲပါ။

✔ လဲသူကို ထူပေးတတ်တဲ့လက်ကို ဆွဲပါ၊
ရေနစ်သူကိုဝါး ထိုးကူတဲ့ လက်ကိုရှောင်ပါ၊

✔ ကိုယ့်"ဆီက ဘာကိုမှ ပြန်မမျှော်လင့်ပဲ ဖြူဖြူ စင်စင် ပေးဆပ်တတ်သူတွေရဲ့စေတနာ ကိုအလေးအနက်ထားပါ၊

✔တစ်ချို့ သူတွေကို ကိုယ်ပေါင်း စိတ်ခွာသာ
ဆက်ဆံပါ၊

✔ တစ်ချို့ သူတွေကို စိတ်ပေါင်း ကိုယ်ခွာလေး
ဆက်ဆံပါ၊

✔ အပေါင်းအသင်းတွေ အများကြီးထဲမှာ
မိတ်ဆွေကောင်းကို မြင်အောင်ကြည့်ပါ၊

✔ မိတ်ဆွေ ကောင်းတွေ အများကြီးထဲမှာ
ကိုယ် ရင်ဖွင့်ချင်တဲ့အခါ နားထောင်ပေးမယ့်
နား"တစ်စုံရယ် ယုံကြည်ရတဲ့နှုတ်ခမ်းတစ်စုံရယ်ကို
ရှာဖွေတတ်ပါစေ။

ျူး

ကိုယ်တိုင်ကအကောင်းမြင်စိတ်နဲ့ကမ္ဘာကြီးကိုကြည့်မယ်ဆိုရင်.....လူတွေကလည်း ကျွန်မကိုချစ်တဲ့စိတ်နဲ့ကြည့်မယ်.....ကျွန်မရဲ့ဖြစ်...
02/12/2024

ကိုယ်တိုင်ကအကောင်းမြင်စိတ်နဲ့
ကမ္ဘာကြီးကိုကြည့်မယ်ဆိုရင်.....
လူတွေကလည်း
ကျွန်မကိုချစ်တဲ့စိတ်နဲ့ကြည့်မယ်.....
ကျွန်မရဲ့ဖြစ်တည်မှုကအစ
သူတို့အတွက် မြတ်နိုးဖွယ်ရာ ဖြစ်နေလိမ့်မယ်။

ကမ္ဘာကြီးက ကျဥ်းသည်ဖြစ်စေ ...
ကျယ်ပြန့်သည်ဖြစ်စေ...
ကျွန်မအနားမှာရှိနေပေးကြတဲ့ သူစိမ်းတိုင်းကိုတော့
ကျွန်မ တန်ဖိုးထားပါတယ်။


#ဖားစည်ရည်ကျော်

ကိုယ့်ဘဝနဲ့ကိုယ်မို့ဘယ်သူ့ဘဝကိုမှအားမကျဖြစ်ဘူး။ကိုယ့်ခံယူချက်နဲ့ကိုယ်မို့ဘယ်သူဝေဖန်မှုမှဂရုမစိုက်ဖြစ်ဘူး။ကိုယ့်အကြိုက်နဲ...
16/11/2024

ကိုယ့်ဘဝနဲ့ကိုယ်မို့
ဘယ်သူ့ဘဝကိုမှအားမကျဖြစ်ဘူး။

ကိုယ့်ခံယူချက်နဲ့ကိုယ်မို့
ဘယ်သူဝေဖန်မှုမှဂရုမစိုက်ဖြစ်ဘူး။

ကိုယ့်အကြိုက်နဲ့ကိုယ်မို့
ဘယ်သူ့မြှောက်ပင့်မှုကိုမှစိတ်မဝင်စားဘူး။

ကိုယ့်အတွေးနဲ့ကိုယ်မို့
ဘယ်သူ့တိုက်ခိုက်မှုကိုမှမတုန့်ပြန်ဖြစ်ဘူး။

ဘဝကိုရိုးရိုးရှင်းရှင်းလေးပဲဖြတ်သန်းတယ်
ရှေ့ဆက်ရမယ်နေ့ရက်တွေအတွက်ပဲတွေးတယ်
သူတစ်ပါး၊ပါးစပ်ဖျားမှာဘယ်တော့မှလမ်းမဆုံးဘူး။

အဲ့ဒါကိုယ့်ရဲ့ခံယူချက်နဲ့
ကိုယ့်ဘဝရဲ့အမှန်တရားပဲ။


#ဂျူး စာပေ

တန်ဖိုးထားရင် တန်ဖိုးများတာပါပဲ ။ အမျိုးသားပဲ ဖြစ်ဖြစ် အမျိုးသမီးပဲ ဖြစ်ဖြစ်ပေါ့ ။ တန်ဖိုးထားပြီး အချစ်ခံရရင် လူတွေဟာ ပျ...
05/09/2024

တန်ဖိုးထားရင်
တန်ဖိုးများတာပါပဲ ။

အမျိုးသားပဲ ဖြစ်ဖြစ်
အမျိုးသမီးပဲ ဖြစ်ဖြစ်ပေါ့ ။

တန်ဖိုးထားပြီး အချစ်ခံရရင်
လူတွေဟာ ပျော်ရွှင်ပြီး တောက်ပကြတာပဲ ။

တန်ဖိုးထားတဲ့ ဥယျာဥ်မှူးဆီမှာ
ပန်းလှလှကလေးတွေ
ပိုပွင့်တာ ဘာများဆန်းသလဲ ။

😏 အရက်..... အသက် မရှိပေမယ့်တစ်ခွက် သောက်ရင်......တစ်ခွက်စာ သစ္စာ ရှိရှိနဲ့မူးပေးတယ် 😞မင်းလိုတော့ မဟုတ်ဘူး 😅😅
29/08/2024

😏 အရက်..... အသက် မရှိပေမယ့်
တစ်ခွက် သောက်ရင်......တစ်ခွက်စာ
သစ္စာ ရှိရှိနဲ့မူးပေးတယ် 😞
မင်းလိုတော့ မဟုတ်ဘူး 😅😅

ခင်ဗျားဗျာ ...ဖုန်းScreen ပေါ်ကျလာတဲ့မျက်ရည်တွေကိုတွေ့ခဲ့ဖူးလား...IT ခေတ်လေမျက်ရည်တွေဟာလဲအဆင့်မြင့်သွားပြီစာရွက်တွေပေါ် ...
29/08/2024

ခင်ဗျားဗျာ ...
ဖုန်းScreen ပေါ်ကျလာတဲ့
မျက်ရည်တွေကို
တွေ့ခဲ့ဖူးလား...
IT ခေတ်လေ
မျက်ရည်တွေဟာလဲ
အဆင့်မြင့်သွားပြီ
စာရွက်တွေပေါ် မကျတော့ဘူး
မှင်တွေ
မကွက်တော့ဘူး
ပြီးတော့ တခြားသူ
မမြင်နိုင်တော့ဘူး ။
ဒါပေမယ့်
အဲ့ဒီမျက်ရည်ကို မသုတ်ပဲ
စာတွေတော့
ဆက်ရိုက်ခဲ့ဖူးပါတယ် ။


#ကျေးကို

အချိန်မပေးတာများရင် တစ်ယောက်တည်း နေတတ်သွားတာ သဘာ၀ပဲ။အစပိုင်းပစ်ထားရင် သည်းသည်းမဲမဲ ငိုမယ်။နောက်တစ်ကြိမ်နောက်တစ်ကြိမ်ဆိုပ...
06/08/2024

အချိန်မပေးတာများရင်
တစ်ယောက်တည်း နေတတ်သွားတာ
သဘာ၀ပဲ။

အစပိုင်းပစ်ထားရင်
သည်းသည်းမဲမဲ ငိုမယ်။

နောက်တစ်ကြိမ်နောက်တစ်ကြိမ်ဆိုပြီး
အကြိမ်ရေ များလာတဲ့အခါကျ
မချစ်တော့ဘူးဆိုတာမဟုတ်ပဲ...

အရင်ကလောက် သည်းသည်းလှုပ်
ဖြစ်မနေတော့ဘူးဆိုတာ
ကိုယ့်ကိုယ်ကိုယ်
သတိထားမိလာတတ်တယ်။

#ဂျူး

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Nay Che posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share