Creative Logo Myanmar

Creative Logo Myanmar Logo များအပ်နှံလိုပါက message ပို့ထားပေးပါ?

Collection
12/08/2021

Collection

ခုရက်ပိုင်းအလုပ်တွေပါးနေတော့
08/01/2021

ခုရက်ပိုင်းအလုပ်တွေပါးနေတော့

22/12/2020
လိုဂို လိုအပ်နေတဲ့ လုပ်ငန်း စ လုပ်မယ့်သူတွေအတွက် ဒီဇိုင်နာတွေနဲ့ ဆက်ဆံရတဲ့အခါ အဆင်ပြေစေဖို့ မျှဝေပေးတာပါ။ Logo အပ်မယ်ဘာလ...
11/12/2020

လိုဂို လိုအပ်နေတဲ့ လုပ်ငန်း စ လုပ်မယ့်သူတွေအတွက် ဒီဇိုင်နာတွေနဲ့ ဆက်ဆံရတဲ့အခါ အဆင်ပြေစေဖို့ မျှဝေပေးတာပါ။

Logo အပ်မယ်
ဘာလဲတော့မသိဘူး လုပ်ငန်းလုပ်ဖို့ လိုဂိုလိုလို့ ဆွဲပေးပါ ဆိုပြီးပဲ အပ်လိုက်ကြတာ များပါတယ်။ လိုဂိုတွေကို အမျိုးအစားခွဲမယ်ဆိုရင်
- MAB bank တို့ AYA bank တို့လို Abstract logo တွေ။
- MAI တို့ Yangon Airway တို့လို လူပုံတွေ အကောင်တွေကို အခြေခံတဲ့ Mascot/ pictorial logo တွေ။
- Sony တို့ Toshiba တို့လို စာတွေကိုချည်း အခြေခံတဲ့ Logo တွေ။
- Emblem logo တွေကတော့ strategy first တို့လို logo အမျိုးအစားတွေပေါ့။

ဘယ်လို လိုဂိုမျိုးဆွဲမှာလဲ
ကိုယ့်ရဲ့လုပ်ငန်းနဲ့ကိုက်ညီမယ့် အမျိုးအစားကိုအပ်ရင်ပိုကောင်းပါတယ်။ စဉ်းစားရခက်ရင်တော့ Abstract သာ အပ်ပါ အကုန်လုံးနဲ့လိုက်ဖက်သလို ဒီဇိုင်နာလည်း ဆွဲရတာပျော်ပါတယ်။ စားသောက်ဆိုင် အရုပ်ဆိုင်လိုဟာတွေဆို Mascot or pictorial သုံးပါ။ စာသင်ကျောင်းလိုဟာမျိုးကလွဲရင် Emblem logo ကို ရှောင်စေချင်ပါတယ်။ ဒီဇိုင်းခ မကုန်ချင်ရင် စာတွေချည်းပါတဲ့ Lettermark / wordmark logo တွေကို သုံးပါ။ (နောက်တာပါ အဲဒါတွေက ပိုခက်ပါတယ် Typography ကို ကောင်းကောင်းကြီးနားလည်ဖို့လိုပါတယ်) အလှကုန်ပစ္စည်းတွေနဲ့ ပိုလိုက်ဖက်ပါတယ်။ စာချည်းပဲလည်း မရေးချင်ဘူး ပုံတစ်ခုတည်းနဲ့ကျတော့လည်း အားမရဘူး ဆိုတဲ့လူတွေက စာနဲ့ icon ပေါင်းထားတဲ့ စုပေါင်းစပ်ပေါင်း လိုဂိုလေးတွေလည်း လုပ်တတ်ကြပါတယ်။ (ဒီနိုင်ငံမှာပြောတာနော်)

ဘာအရောင်သုံးမှာလဲ
ဆောက်လုပ်ရေးဆို အဝါ/လိမ္မာ် ၊ ဆေးခန်းဆို အစိမ်း၊ အစားအသောက်ဆို အနီ စသဖြင့် အရောင်နဲ့ ပတ်သက်တဲ့ စိတ်ပညာရှိပါတယ်။ အနီရောင်က စားချင်စိတ်ကို ပိုဖြစ်စေတာမျိုးပေါ့။ ခေါင်းခြောက်ခံပြီး လေ့လာမနေပါနဲ့ အဲဒါတွေကို ဒီဇိုင်နာတွေကိုပဲလုပ်ခိုင်းလိုက်ပါ။ ဒီဇိုင်နာတွေထက် ပိုသိတာဆိုလို့ ဗေဒင်ဆရာတွေပဲ ရှိပါတော့တယ်။

ဘယ်လောက်ကျမှာလဲ
ကောင်းခန်းရောက်ပြီ အခန့်မသင့်ရင် ချောင်းရိုက်ခံရနိုင်တယ်။ Logo တစ်ခု ကို ၁၀၀၀ ကျပ်ကနေ သိန်း၂၀ အထိ ပေါက်နိုင်ပါတယ်။ (ပိုချင်လည်း ပိုမယ်နော် ကပ်မပြောကြေး)။ ​အဲဒီ့တော့ ကိုယ်တတ်နိုင်တာနဲ့ စ ပြောရအောင်။ ကိုအောင်အောင်က သူ့ကွမ်းယာဆိုင်အတွက် လိုဂိုလုပ်ချင်ပါတယ်။ ဒီဇိုင်နာက A ကို အဝိုင်းလေးဝိုင်းပေးလိုက်ရင် ရပါပြီ သူလည်း ဂျီးမများပါဘူး။ ၂၀၀၀ ပေါ့ နှစ်ယောက်လုံးအဆင်ပြေပါတယ်။ အဲ ကိုယ်လုပ်မယ့်လုပ်ငန်းက Bank လုပ်မှာ . . . အဲဒါဆိုရင်လည်း ၂၀၀၀ ပေးလိုက်ပါ။ 2000 USD ပြောတာ။ ဒါပေမယ့် ဒီဇိုင်နာကတော့ A ကို အဝိုင်းလေးပဲ ဝိုင်းပေးမှာ မဟုတ်တာ သေချာပါတယ်။

ဘယ်သူတွေဆီအပ်မှာလဲ
ကိုယ့်ရဲ့ လုပ်ငန်းကြီးက အရမ်းကြီးမကြီးကျယ်လွန်းဘူး အွန်လို်င်းရှော့ပင်လောက်၊ ကိုဗစ်ကာလ အစားအသောက်လေးချက်ရောင်းချင်တာလောက် ဆိုရင် ဘယ်အတွေ့အကြုံရှိဒီဇိုင်နာမဆို အပ်လို့အဆင်ပြေပါတယ်။ လုပ်ငန်းက အရင်းအနှီးလည်းများမယ် ယုံကြည်စိတ်ချရမှုလည်း လိုအပ်မယ် ရေရှည်လည်း သွားရမယ်ဆိုရင် လိုဂိုဆွဲနေကျ Professional တွေကို အပ်စေချင်ပါတယ်။ သူတို့လုပ်ထားဖူးတဲ့ Logo တွေထဲမှာ ဘယ်လောက်ကြီးတဲ့ လုပ်ငန်းကြီးတွေ ပါသလဲ။ ကိုယ်တိုင်လုပ်တာရော ဟုတ်ရဲ့လား စ တာတွေ စုံစမ်းပြီးရင် အဲဒီ့လူတွေဆီ အပ်တာ အကောင်းဆုံးပါ။ ဘယ်မှာအပ်ရမလဲမသိရင် ကျတော့်ကိုမေးပါ 😁

လိုဂိုဆွဲရင် brand guideline ပါဆွဲပေးလား
Brand Guideline မဟုတ်ပါဘူး Logo guideline ပါ။ brand guideline ဆိုတာ ကိုယ့်ရဲ့ brand က ဘယ်လိုပုံစံနဲ့ သွားမယ် ဆိုတဲ့အကြောင်း ရေးထားတာပါ။ Logo guideline လည်း ပေးရလားဆိုတော့ ဈေးပေါ်မူတည်ပါတယ်။ ကွမ်းယာဆိုင်က logo အတွက်တော့ ဘယ်ဒီဇိုင်နာမှ logo guideline ဆွဲမပေးပါဘူး။ Logo full package တစ်ခုမှာ ဒါတွေပါတတ်ပါတယ်။
- Logo
- Logo usage
- Typography (fonts)
- Pattern (optional)
- Icons (optional)
- POSM (optional)
အဲဒီထဲမှာ ကိုယ်မလိုချင်တာတွေ ဖြုတ်ပြီး ဈေးစစ်လို့ရပါတယ်။ Logo တွေကို mock-up လုပ်ပြထားတာတွေကိုလည်း Branding လို့ ပြောလို့မရပါဘူးနော်။ branding က ကျယ်ပြန့်ပါတယ်။

လိုဂိုကောင်း မကောင်း ဘယ်လိုကြည့်ရမလဲ
ဒါကတော့ တစ်ယောက်ချင်းအကြိုက်နဲ့ ပိုဆိုင်ပါလိမ့်မယ်။ Golden ratio နဲ့ ဆွဲထားတာ ဘာနဲ့ ဘာနဲ့ပေါင်းပြီး ဘာကြီးဖြစ်လာတာ ဆိုတာတွေ သင်တန်းဆင်း ဒီဇိုင်နာတောင် ပြောပြနိုင်ပါတယ်။ အရေးအကြီးဆုံး မဖြစ်မနေ စဉ်းစားသင့်တဲ့ အချက်လေးတွေရှိပါတယ်။

- အဖြူအမဲ (အရောင်မပါတဲ့) အခြေအနေမှာ အဆင်ပြေလား
- အရောင် ၂ ရောင်ထက် ပိုသုံးထားလား
- အစိတ်အပိုင်းတွေအရမ်းများနေလား
- သစ်သားပေါ်မှာ ထွင်းလို့ရလား
- ကလေးတစ်ယောက် အဲဒီ့လိုဂိုကိုကြည့်ပြီး ပြန်ဆွဲရင် နီးနီးစပ်စပ်တူလား
- ကြမ်းပြင်မှာ ထောင်လို့ရအောင် အောက်ခြေညီလား

ဒီအချက်တွေက ရေရှည်သွားမယ့်လိုဂိုတစ်ခုအတွက် အရေးကြီးပါတယ်။ ရေရှည်မှာ ကုန်ကျစရိတ်ကွာသွားပါတယ်။ အစိတ်အပိုင်းအရမ်းများတဲ့ unilever logo တို့ အောက်ခြေမညီ balance မဖြစ်တဲ့ Telenor logo တို့လည်း အပေါ်က အချက်တွေနဲ့ မကိုက်သော်လည်း ကုမ္ပဏီကြီးတွေရဲ့ logo ဖြစ်နေပါတယ်။ (စကားကပ်ပြောကြမှာစိုးလို့ ကြိုပြောတာပါ အဲဒီ့လိုဂိုတွေကို မကောင်းဘူးလို့ ဆိုလိုတာ မဟုတ်ပါ) ဒီအချက်တွေနဲ့ ကိုက်ညီရင် Logo ကောင်းတစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။ နောက်တစ်ခုက Genuine ဖြစ်ကြောင်း လိုဂိုရေးဆွဲတဲ့သူက အာမခံပေးဖို့ လိုပါတယ်။

ဘယ်လောက်ကြာတတ်သလဲ
တစ်ပတ်ကနေ တစ်လလောက်ထိ ကြာတတ်ပါတယ်။ logo လုပ်ရတဲ့ အဆင့်တွေနဲ့ အချောသတ် logo ပြီးတဲ့အထိ ညှိနှိုင်းရတဲ့ အဆင့်တွေက အနည်းဆုံး ၂ ဆင့်လောက်ရှိပါတယ်။ စာရှည်မှာစိုးလို့ ထည့်မရေးတော့ပါဘူး။ ခုအပ်ပြီး မနက်ဖြန်လိုချင်ရင်တော့ logo ကောင်းတစ်ခုရဖို့ မလွယ်ပါ။

လိုဂိုအကြောင်းပြောရင် စာအုပ်တစ်အုပ်စာ ရေးလို့ရတာမို့ ဒီလောက်နဲ့ပဲ ရပ်ပါပြီ။ လုပ်ငန်းလုပ်ဖို့ logo လိုလာပြီဆိုရင် ဒီစာကို ပြန်လာဖတ်ကြပါ။ ဖတ်ရအဆင်ပြေရင် like လေးလုပ်ပေးသွားပါဦးခင်ဗျာ။
Aaron Kyaw Thet

Wisara ရဲ့အချက်အလက်လေးတွေနဲ့Packing sticker Designလေးစမ်းဆွဲကြည့်ထားတာ။ C,M,Y,K colourခွဲပြီး၊ ဓါးရာပါချန်ပြီး Ready to ...
28/10/2020

Wisara ရဲ့အချက်အလက်လေးတွေနဲ့
Packing sticker Designလေးစမ်းဆွဲကြည့်ထားတာ။ C,M,Y,K colourခွဲပြီး၊ ဓါးရာပါချန်ပြီး Ready to print🖨️🖨️🖨️

Are you OK.
22/10/2020

Are you OK.

19/09/2020

Address

Yangon

Alerts

Be the first to know and let us send you an email when Creative Logo Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Creative Logo Myanmar:

Share