Grab Et - Smart Gadgets Store

Grab Et - Smart Gadgets Store TWS & Smart Watch Stores

🎉 ° Biggest Clearance Sale ° 🎉Admin တို့ Stock Clearance လေးလုပ်ချင်တာမို့ လက်ကားဈေးလို့တောင်ပြောလို့မရတဲ့ အတန်ဆုံး ဈေး‌...
11/07/2023

🎉 ° Biggest Clearance Sale ° 🎉

Admin တို့ Stock Clearance လေးလုပ်ချင်တာမို့ လက်ကားဈေးလို့တောင်ပြောလို့မရတဲ့ အတန်ဆုံး ဈေး‌ေလးတွေနဲ့ ချပေးထားပါတယ်ခင်ဗျာ .. နောက်တခါ မရနိုင်မယ့် အခွင့်အရေးမို့ နောက်မှ နောင်တ မရရအောင် အခွင့်အရေးရတုန်း နှစ်ခါမစဉ်းစားနေနဲ့တော့ဗျာ 🙌🏻

တချို့ ပစ္စည်းတွေဆို Stock 1 ခု 2 ခု သာ ကျန်တော့တာလေးတွေပါဗျ 💥

Grab Et က ဈေးနဲ့ Quality အတန်ဆုံး ပစ္စည်းတွေကို ရောင်းချပေးနေတာမို့ နဂိုဈေးနဲ့တောင် တန်နေပြီးသား ပစ္စည်းတွေကို အခုလိုဈေးနဲ့မို့ တန်တန့် တန်တန် တောင် မြည်နေသေးသဗျာ 🎉🎉

75000 တည်းနဲ့ AMOLED ကိုမှ ဘောင်ပါးပါးလေးရမယ့်အပြင် ရွတ်သမျှ Function အကုန်ပါမယ့် Smart Watch လေးတစ်လုံး နဲ့ မိတ်ဆက်ပေးမ...
15/06/2023

75000 တည်းနဲ့ AMOLED ကိုမှ ဘောင်ပါးပါးလေးရမယ့်အပြင် ရွတ်သမျှ Function အကုန်ပါမယ့် Smart Watch လေးတစ်လုံး နဲ့ မိတ်ဆက်ပေးမယ် ❤️‍🔥

HBAND G98 - 75000 Ks

ဘာမှမပြောခင် HBAND ဆိုတာ ဘာ Brand ကြီးလဲ နာမည်မရှိ i watch ပုံစံဒီဇိုင်းနဲ့ ပေါပေါပဲပဲ Smart Watch ကြီးလား ဖစ်နေမှာစိုးလို့ Brand နဲ့ အရင်မိတ်ဆက်ပေးပါမယ် .. HBAND က တရုတ် E Commerce Platform တွေမှာတောင် ဆိုင်တိုင်းတင်ရောင်းတာမဟုတ်ပါဘူး .. တရုတ်နိုင်ငံအတွက်အဓိက မဟုတ်ပဲ International Market ကို Target ထားတာမို့ Manual Book နဲ့ Packaging Box မှာဆို တရုတ်စာ တစ်လုံးတောင်မပါပါဘူး .. Admin ယူပြီးရောင်းတဲ့ Wholesaler ဆိုရင် Lenovo , Mibro , QCY , Haylou , Xiaomi တို့လို P2P မှာ ဆရာကျတဲ့ တရုတ် Brand သီးသန်းကို ကိုင်တဲ့ Authorized Dealer ဖြစ်တာမို့ တော်ရုံ ပေါပေါပဲပဲဆို သူက Dealer မယူတတ်ပါဘူး .. ဒီ HBAND က သူ့အသစ်ထပ်ယူထားတဲ့ Brand တစ်ခုပါပဲ .. သူမှာလောလောဆယ် Smart Watch 5 ခု ထွက်ထားတာ တွေ့ရပြီး Admin သဘောအကျဆုံးဖြစ်ရတဲ့ G98 ကိုအခု တင်ရောင်းပေးထားပါတယ်

HBAND က ဘယ်လို Brand လဲ ..?

ထုံးစံအတိုင်း Price To Performance အသားပေးတဲ့ QCY တို့ Haylou တို့လို Brand အသစ်တစ်မျိုးပါ .. လောလောဆယ် SmartWatch 5 မျိုးထိထွက်ထားတာမို့ Smart Watch သီးသန့်ထုတ်တာလားဆိုတာ မပြောတတ်သေးပါဘူး .. သူက Mibro ထက်ပိုဈေးသက်သာတဲ့ QCY တို့ Haylou တို့ထက်တောင် ဈေးသက်သာအောင်ထုတ်ထားတာမို့ Packaging ပိုင်းကိုတော့ ဝိတ်လျော့ထားပါတယ် .. ဒါကလဲ 75000 ပေးရပြီး AMOLED အပြင် Function တော်တော်စုံစုံ ကိုပြန်ရမယ့် P2P Watch တစ်လုံးအတွက် Packaging က အဓိက မကျ လောက်ဘူးလို့တော့ထင်ပါတယ်ဗျ ..

G98 ရဲ့ အားသာချက်တွေက ဘာတွေလဲ ..?

Brand အကြောင်းကို admin သိသလောက်ပြောပြပြီးပြီမလို့ အခု Model G98 အကြောင်း ပြောပြပေးပါမယ် .. Admin သိတဲ့ QCY , Haylou, Mibro တို့မှာလဲ 75000 ၀န်းကျင်မှာ နာရီတစ်လုံးရနိုင်တာပဲ ဆိုပေမယ့် အခု G98 လိုတော့ AMOLED Panel မရနိုင်တဲ့အပြင် Functions စုံစိနေအောင် ထည့်ပေးထားတာတော့ Admin မတွေ့ဖူးသေးပါဘူး .. အကြိုက်ဆုံးအချက်က Bazel လို့ခေါ်တဲ့ နာရီဘေးဘောင်တွေက 1 သိန်းကျော်ပေးရတဲ့ နာရီတွေထက်တောင် ပိုပြီး သိသိသာသာ ပါးနေတာပါပဲ .. ဘေးဘောင်အမဲတွေကို လုံး၀မမြင်ရတာက ကိုယ်တကယ်သုံးတဲ့အချိန်မှာရတဲ့ User Experience က ရှယ်ပါပဲ .. AMOLED Panel ကို ဘေးဘောင်မရှိ Screen အပြည့် နဲ့ဆိုတော့ ဘယ်လောက်တောင် ကြည့်ရတာ အရသာရှိလိုက်မလဲ တွေးကြည့်လို့ရနေပါပြီဗျ

Functions စုံတယ်ဆိုတာဘာလဲ ..?

QCY , Haylou, Mibro တို့မှာဆို Health Function တွေနဲ့အနေနဲ့ Heartrate , Blood Oxygen လောက်သာ တိုင်းနိုင်ပေမယ့် သူ့မှာက Heartrate နဲ့ Blood Oxygen အပြင် Blood Pressure , Blood Glucose အထိပါတိုင်းနိုင်ပါသေးတယ် .. Sensor တွေကလဲ ဈေးပေါလို့မတိကျမှာကိုစိတ်ပူစရာမလိုပါဘူး .. Admin လက်ရှိသုံးနေတဲ့ Haylou Solar Plus က Sensor နဲ့ ယှဉ်တိုင်းကြည့်တာတောင် Results တူတူပဲထွက်ပါတယ် ..

နောက်ထပ် သဘောကျစရာ အချက်တွေက ..?

အကယ်၍ သင်က Watch Face များတာထက် Always On Display က Dial နဲ့ Watch Face နဲ့ အပြောင်းအလဲမှာ Consistency ရှိတာကို သဘောကျတဲ့သူဆိုရင် ဒီ G98 က ရွေးချယ်ချင်စရာ ထိပ်ဆုံးက ပါပါတယ် .. AOD ကို ပုံစံ ၄ မျိုးထားလို့ရပြီးတော့ AOD နဲ့ Match ဖြစ်တဲ့ Watch Face တွေပါ ပါတာမို့ AOD ကနေ Main Watch Face အပြောင်းအလဲတွေမှာ ကြည့်ရတာ အရမ်း Smooth ဖြစ်ပြီး မျက်စိအရသာ ရှိပါတယ် .. တခြား Heath Monitoring အတွက် လိုအပ်တဲ့ Pressure, MET , HRV , Breath , Menstruation Cycle , Sleep Tracker တို့လဲ ပါပါသေးတယ်ဗျ .. Design အနေနဲ့လဲ လူကြီးလူငယ် မိန်းကလေး ယောက်ျာလေး မရွေးအဆင်ပြေအောင် ပါးပါးကျစ်ကျစ် ရှိတဲ့အပြင် လက်မှာ Weight ရှိတာမကြိုက်တဲ့လူတွေအတွက် အလေးချိန်ကလဲ ပေါ့ပေါ့ လေးပဲရှိပါတယ် ..

အားနည်းချက်က ဘာရှိလဲ ..?

အားနည်းအချက်အနေနဲ့ကတော့ မြန်မာနိုင်ငံအတွက် Target ထားထားတာမဟုတ်တို့ မြန်မာ Font မမြင်ရတာနဲ့ Admin တို့က OS အသေးပဲရှိသေးတာမို့ Warranty မပေးနိုင်တာလေးပဲရှိပါမယ်ဗျ ..

မှာယူချင်တဲ့သူတွေအနေနဲ့ ငွေကြိုရှင်းစရာမလို Ninja Van ရောက်နိုင်တဲ့ နေရာမှန်သမျှ အိမ်အရောက် ရောက်မှရှင်း စနစ် နဲ့ မှာယူနိုင်ပါတယ်ခဗျ .. ရန်ကုန်မြို့တွင်းဆို Deli ခ အနည်းဆုံး 2000 ကျပ်မှ စတင်ပြီး COD စနစ် နဲ့မှာယူနိုင်ပါတယ်ခင်ဗျ

Ph - 09 42511 7209
Address - တိုက် ၇၁ ၊ ဧရာ၀တီလမ်း (ဆင်မင်းလမ်းဘက်ခြမ်းလမ်း ဧရာ၀တီလမ်း ဆိုင်းပုဒ်မရှိတဲ့ဘက်) ၊ အလုံမြို့နယ် ၊ ရန်ကုန်မြို့
( ဆိုင်မဟုတ်တာမို့ မလာခင် ဖုန်းလေးကြိုဆက်ပေးပါခင်ဗျာ )

ဈေးသက်သာပြီးသုံးလို့ကောင်းလို့ လူကြိုက်များတဲ့ S35 ANC Headphones လေးပြန်ရောက်ပါတယ်ခင်ဗျ ... အများစု ဈေးလေးတွေကျပါတယ်ဗျ ...
22/05/2023

ဈေးသက်သာပြီးသုံးလို့ကောင်းလို့ လူကြိုက်များတဲ့ S35 ANC Headphones လေးပြန်ရောက်ပါတယ်ခင်ဗျ ... အများစု ဈေးလေးတွေကျပါတယ်ဗျ ...
လတ်တလောရနိုင်တဲ့ Item လေး‌တွေစုပြီးဖော်ပြပေးလိုက်ပါတယ်

Smart Watches
-------------------
Mibro Lite 2 - 133000
Mibro GS - 150000
Haylou Solar Plus (RT3) - 113000
QCY GTS (Bluetooth Call Watch) - 75000
QCY GTC - 65000

Bluetooth Earbuds
-----------------------
Haylou S35 ANC - 110000 (Over-ear Headphones)
QCY Melobuds ANC (HT05) - 73000
Mibro M1 (Dual Moving Coil Speakes) - 56000
Mibro S1 - 51000
Lenovo L40pro - 27000

Phone Radiator
-------------------
Memo DLA2 - 20000
Memo DLA3 - 22000

Over-Ear Headphones တွေကိုမှကြိုက်တတ်တဲ့ ကာကာတွေအတွက် Haylou ရဲ့ S35 ANC လေးရောက်ထားပါတယ်ခင်ဗျ .. 1 သိန်းစွန်းစွန်းလေးပဲ...
02/05/2023

Over-Ear Headphones တွေကိုမှကြိုက်တတ်တဲ့ ကာကာတွေအတွက် Haylou ရဲ့ S35 ANC လေးရောက်ထားပါတယ်ခင်ဗျ .. 1 သိန်းစွန်းစွန်းလေးပဲ ပေးရပေမယ့် Haylou ကတော့ သူ့တို့ Chinese ဈေးကွက်မှာ နာမည်ရပီးသား Over-Ear Headphones တွေနဲ့ သေချာ ယှဉ်ပြထားပြီး ဈေးပိုသက်သာနေတာတောင်မှ တချို့နေရာတွေမှာ ပိုပီးတော့တောင်မှ အားသာနေပါသေးတယ်ဗျ 🤯

ANC လဲပါပြီးသားဖစ်တဲ့အပြင်ကိုမှ Over-Ear Headphones တစ်ခုအတွက် အရေးကြီးတဲ့ အားခံဖို့ , အသံထွက်ကောင်းဖို့ , နားလုံဖို့နဲ့ နားမနာဖို့ အပြင် Design အနေအထားကလဲ လူငယ်ဆန်ဆန် ခပ်လွင့်လွင့် လေးဆိုတော့ Admin ကတော့ တော်တော်လေး သဘောကျနေမိပါပြီ 😍

အဲ့တာအပြင် Bluetooth နဲ့မချိတ်ပဲ 3.5mm Jack နဲ့ချိတ်မယ်ဆိုရင်လဲ ရပါသေးတယ်ခဗျ .. ကြိုးတန်းလန်းသုံးရမယ်ဆိုပေမယ့်လဲ ms delay မရှိတော့မှာနဲ့ Bluetooth ကိုမသုံးရတာမို့ အားပိုခံလာမှာက သူ့ရဲ့ အားသာချက်ပါပဲဗျ .. Device 2 ခုကို တပြိုင်တည်းချိတ်ဆက်ထားပြီး လိုတဲ့အချိန်ကြိုက်သလို ‌ပြောင်းသုံးနိုင်ပါသေးတယ်ဗျ ..

ပြီးတော့ Haylou က App နဲ့ချိတ်လို့မရလို့ဆိုပြီး ညည်းတဲ့သူတွေအတွက် ဒီ S35 ANC က App Control နဲ့ပွဲထွက်လာပြီး Haylou ရဲ့ App Control ရတဲ့ ပထမဦးဆုံး Headphones လဲဖစ်လာပါတယ်ဗျ 😱 အဲ့တော့ App Control မရတာကို စိတ်ပူစရာမလိုတော့ဘူးနော် ... လောလောဆယ်တော့ Dark Blue အရောင်လေး ရနိုင်ပါမယ်ခင်ဗျ ..

ဈေးနှုန်းလေးကတော့ အမတန်မှချိုသာတဲ့ 110000 ကျပ်တည်းပါခင်ဗျာ ✌🏻

Official Website က အချက်အလက်လေးတွေသိချင်ရင်တော့ အောက်က Link မှာကို၀င်ကြည့်နိုင်ပါတယ်ခင်ဗျ 👇🏻
https://haylou.info/s35-anc.html

Grab Et မှာ ရနိုင်တဲ့ Smartwatch နဲ့ Earbuds တွေပါဗျ .. ဈေးနှုန်းရေးရင် Zuzu ဘန်းမှာစိုးလို့ ဈေးမရေးထားတာ နားလည်ပေးကြပါဗ...
02/04/2023

Grab Et မှာ ရနိုင်တဲ့ Smartwatch နဲ့ Earbuds တွေပါဗျ .. ဈေးနှုန်းရေးရင် Zuzu ဘန်းမှာစိုးလို့ ဈေးမရေးထားတာ နားလည်ပေးကြပါဗျ 😁

ဈေးနဲ့တခြားအကြောင်းအရာ လေးတွေသိချင်ရင် ပုံအောက်က Link တွေထဲ ၀င်ဖတ်လို့ရပါတယ်ခင်ဗျ ✌🏻

Bro တို့ Smart ကျဖို့ တာ၀န်အပြည့်ယူပေးမယ့် Leather ကြိုးနဲ့ အထာကျကျ Mibro Lite 2 ရောက်ပါတယ်ခင်ဗျ .. Leather မကြိုက်ရင် S...
02/04/2023

Bro တို့ Smart ကျဖို့ တာ၀န်အပြည့်ယူပေးမယ့် Leather ကြိုးနဲ့ အထာကျကျ Mibro Lite 2 ရောက်ပါတယ်ခင်ဗျ .. Leather မကြိုက်ရင် Silicone Strip ပြောင်းသုံးဖို့ အပိုပါသေးတယ်နော် .. ဈေးနှုန်းကတော့ 140000 ကျပ်တည်းပါ ခင်ဗျ ..

Mibro Lite 2 အကြောင်းမှာ အမေးများဆုံးကတော့ Haylou Solar Plus နဲ့ ဘာကွာလဲဆိုတာပါပဲ .. အဓိက ကွာတာကတော့ ဈေးပါခင်ဗျ 😁 Haylou က 118500 ဆိုတော့ အခု Mibro က 21500 ဈေးပိုများပါမယ်ခင်ဗျ .. နောက်ထပ် Haylou Solar Plus မှာမရပဲ Lite 2 မှာရတာတွေက Dual Core Main Chip သုံးထားလို့ Connection Stable ပိုဖစ်ပီး Smooth ပိုဖြစ်ပါမယ် .. လက်ပတ်ကြိုး နှစ်ကြိုးပါမယ် .. ဆိုဒ် 0.2 in စာလောက်ပိုသေးမယ် .. ဖုန်းလာရင် Reject Message ပို့လို့ရသွားမယ် .. ပြီးတော့ ကျန်တဲ့ Function အသေးစိတ်တချို့ ပိုပါလာပါမယ် ..

Mibro Lite2 က ဘာတွေရမလဲဆိုရင် ..

👉🏼 Bluetooth Call ပြောလို့ရမယ်

👉🏼 Dual Core Chip နဲ့မို့ Smooth ဖြစ်မယ် .. Graphic ပိုင်း စိုစိုတောက်တောက်လေးရှိမယ်

👉🏼 Always On Display ကို ပေးထားတဲ့ထဲကနေ ပုံစံ ပြောင်းသုံးလို့ရမယ်

👉🏼 Heartrate , Sp02 , Sleep Tracking နဲ့ Woman Health Function တွေပါမယ်

👉🏼 Sport Modes အမျိုးစား 60 ကျော်ပါပါမယ် (ဘာ Sport Modes တွေပါလဲဆိုတာ အောက်ကပုံထဲမှာကြည့်နိုင်ပါတယ်)

တခြား အကြောင်းအရာ အသေးစိတ်ကို တစ်ပုံချင်းစီထောက်ပြီး ကြည့်နိုင်ပါတယ်ခင်ဗျ

QCY ရဲ့ အသစ်ထွက်ထားတဲ့ Smartwatch ၂ မျိုးထဲက Model တစ်မျိုးဖြစ်တဲ့ GTC လေးပါခင်ဗျ .. GTS နဲ့ ဘာကွာလဲဆိုရင် Speaker မပါ၀င...
01/04/2023

QCY ရဲ့ အသစ်ထွက်ထားတဲ့ Smartwatch ၂ မျိုးထဲက Model တစ်မျိုးဖြစ်တဲ့ GTC လေးပါခင်ဗျ .. GTS နဲ့ ဘာကွာလဲဆိုရင် Speaker မပါ၀င်တော့တာကြောင့် Bluetooth Call နဲ့ သီချင်းနားထောင်လို့မရတော့ပါဘူး .. အဲ့တော့ ဈေးကလဲ သူ့ထက်သက်သာသွားပါမယ် .. ဒါပေမယ့် GTS ထက်သာတာတစ်ခုက GTC က Blood Pressure ပါတိုင်းလို့ရပါမယ် ... တကယ်ပါ Admin စစ သိချင်းတုန်းကဆို ဟုတ်ကော ဟုတ်ရဲ့လားလို့တောင် ကိုယ့်ကိုယ်ကို ပြန်မေးရပါတယ် .. 65000 တည်းနဲ့ Blood Pressure ပါတိုင်းလို့ရတာမို့ ကျန်းမာရေး အတွက် Band Watch တခုလို သုံးချင်တဲ့ သူတွေအတွက် တကယ့် အံကိုက်ပါပဲ ..

QCY GTC က ဘာတွေရမလဲဆိုရင် ..

👉🏼 24 hr Heartrate , Every 10 min Auto Spo2 Tracker , Sleep Monitoring အပြင် Blood Pressure ပါ တိုင်းလို့ရပါမယ်

👉🏼 Sport Mode အခု 70 ကျော်ပါပါမယ်

👉🏼 Watchface စိတ်ကြိုက်ပြောင်းလို့ရပြီး ကိုယ်ကြိုက်တဲ့ပုံပါ နောက်ခံထားလို့ရမယ်

👉🏼 35.5 g ပဲလေးပြီး ပါးပါးလေးပဲမို့ Smartwatch ထူထူထဲထဲ နဲ့လေးတာ မကြိုက်တဲ့သူတွေအတွက် အံကိုက်ပါပဲ

65000 ထဲနဲ့ ကျန်းမာရေးအတွက် လိုအပ်တာ အကုန်ပါတဲ့အပြင် ဈေးလေးကလဲ 65000 တည်းမို့ လူငယ်တွေတင်မကပဲ လူကြီးတွေအတွက်ပါ အရမ်းအဆင်ပြေစေမှာပါဗျ ✌🏻

Earbuds တွေမှာ P2P ကောင်းကောင်းနဲ့ Quality ပိုင်း User Experience ပိုင်းမှာ နာမည်ကောင်းကောင်းကြီးပြီး Myanmar User တွေနဲ...
01/04/2023

Earbuds တွေမှာ P2P ကောင်းကောင်းနဲ့ Quality ပိုင်း User Experience ပိုင်းမှာ နာမည်ကောင်းကောင်းကြီးပြီး Myanmar User တွေနဲ့ ရင်းနှီးပြီးသား ဖြစ်တဲ့ QCY Brand က ထွက်ထားတဲ့ Smartwatch လေးတွေရောက်ပါတယ်ခင်ဗျ ..

အခု Model ကတော့ GTS Model ပါခင်ဗျ .. QCY ရဲ့ ထုံးစံအတိုင်း Function တော်တော်လေးစုံပြီး Bluetooth နဲ့ ဖုန်းပြောလို့ရတဲ့အပြင် Speaker အသေးစားအနေနဲ့ သီချင်းပါ နားထောင်လို့ရနိုင်တာကိုမှ 75000 ကျပ် သာပေးရမှာပါ .. Function ပိုင်းတော်တော်လေးစုံဝာာကိုမှ ဒီဈေးနဲ့ရတယ်ဆိုတာ QCY Brand တခုပဲရှိပါတယ် (စိတ်ချယုံကြည်ရတဲ့ Brand ထဲမှာပြောပါတယ် .. ဘာ Brand မှမသိရတာတွေ မပါပါဘူးဗျ) .. ကြံဖန်အပြင်ပြောစရာဆိုလို့ AMOLED Panel မဟုတ်တာလေးတခုပဲ ရှိပါမယ် .. But guys .. It's just 75000 MMK. What do you expect more , right ? ✌️

QCY GTS Smart Watch က အဓိက အနေနဲ့ ဘာတွေသုံးလို့ရမလဲဆိုရင်

👉🏼 အရေးကြီးဆုံးက 75000 တည်းနဲ့ ဖုန်းခေါ်လို့ရမယ် .. Contact ကို 99 ခုအထိ ထည့်လို့ရမယ် (ဖုန်းနဲ့ချိတ်ပြီး App ထဲကနေ တဆင့် သွင်းရမှာပါ)

👉🏼 သူ့ရဲ့ Speaker က Bluetooth Speaker အသေးစားလို အလုပ်လုပ်တဲ့အတွက် သီချင်းပါ နားထောင်လို့ရမယ် .. ဖုန်းလာရင် နာရီကနေ Ringtone သံထွက်ပါမယ် .. Ringtone သံတော့ပြောင်းလို့မရပါ (ဒီ Function သုံးချင်ရင် Setting ထဲကနေ Media ကို On ပေးရပြီး ပုံမှန်ထက် အားပိုကုန်ပါမယ် )

👉🏼1.85 လက်မ ကျယ်ပြီး ပေါ့ပေါ့ပါးပါး ကျစ်ကျစ်လေးမို့ မိန်းကလေး ယောင်္ကျားလေး မရွေးသုံးလို့အဆင်ပြေမယ် .. နာရီရဲ့ Weight ကိုအတော်လေးကိုမှပေါ့ပါတယ်

👉🏼 Heatrate , Sp02 , Sleep နဲ့ Period တိုင်းလို့ရမယ်

👉🏼 Watchface အများကြီးလဲချိန်းလို့ရမယ် .. ကိုယ့်ပုံကိုယ်ထားလို့ ရတာလဲ ပါပါမယ်

Amoled မဟုတ်တာ Panel Quality က အရမ်းကြီး Fine မနေတာကလဲလွဲရင် Function တော်တော်လေးစုံပြီး Brand ကလဲ အားလုံးသိပြီးသား QCY ပဲမို့ တသိန်းအောက်သုံးမယ်ဆို ၂ ခါ စဉ်းစားစရာကို လိုမယ်မထင်မိဘူးဗျ .. ဈေး 75000 ကျပ်တည်းနဲ့ ၀ယ်ယူနိုင်ပါပြီခင်ဗျ

ဖုန်းပူလို့ဆိုပြီး ကိုယ့် Performance ကိုအကျ မခံပါနဲ့ .. ဖုန်းပူရုံလောက်နဲ့ Rank မကျစေဖို့ Memo ရဲ့ Cooling Radiator လေး...
20/02/2023

ဖုန်းပူလို့ဆိုပြီး ကိုယ့် Performance ကိုအကျ မခံပါနဲ့ .. ဖုန်းပူရုံလောက်နဲ့ Rank မကျစေဖို့ Memo ရဲ့ Cooling Radiator လေးတွေ ရောက်ပါပြီခင်ဗျ .. 😎

👉🏻 Grab Et - Smart Gadgets Store မှ TWS Earbuds နဲ့ Smart Watch တွေက Official Distributor တွေကနေ တဆင့် ပြန်ရောင်းချပေးနေတာကြောင့် သုံးပြီးသားမဟုတ်ပဲ ပစ္စည်းအစစ် အသစ် ဖြစ်ကြောင်း 100% အာမခံပါတယ် ခင်ဗျ

👉🏻 အခုမှ စဖွင့်ထားပြီး ဝါသနာအခြေခံပြီး ဈေးသက်သက်သာသာနဲ့ QCY , Haylou , Mibro တို့လို လူတန်းစားမရွေးသုံးနိုင်တဲ့ P2P ကောင်းကောင်း Smart Gadgets တွေကို ရောင်းချပေးဖို့ ဖွင့်ထားတဲ့ Page အသစ်လေးဖြစ်တာကြောင့် လတ်တလော ကာလမှာတော့ Warranty မပေးနိုင်သေးပါဘူးခင်ဗျ

👉🏻 Page အသစ်ဖြစ်နေပေမယ့် လုံး၀ ယုံကြည်စိတ်ချနိုင်ပါတယ်

👉🏻 Delivery ဖြင့် (or) နယ် မှ မှာယူတဲ့ သူတွေအတွက် ယူမှာသေချာတဲ့ ပစ္စည်းကိုတော့ Error မရှိကြောင်းသေချာအောင် သေချာကိုင်တွယ် ဖောက်စစ်ပြီး သေသေချာချာ ပြန်ထည့်ပေးပါတယ်

👉🏻 အပြင်မှာ မျက်မြင်ကိုယ်တွေ လာကြည့်ပြီးမှ ၀ယ်ချင်တဲ့သူတွေအတွက် Admin က Hamster အစားစာ ရောင်းတဲ့ဆိုင်လေးဖွင့်ထားတာမို့ အဲ့ဒီဆိုင်မှာပဲ လာပြီး ကြည့်လို့ရပါတယ် .. Google Map ကနေလဲ Tiffod House Hamster Supplies Store လို့ရိုက်ရှာနိုင်ပါတယ်

👉🏻 မှာယူပြီး ရန်ကုန်မြို့တွင်းဆို ၂ ရက်အတွင်း အရောက်ပို့ပေးပါတယ် .. နယ်ဆို Ninja Van နဲ့ဆို COD ရပါတယ် .. တခြား Delivery Service နဲ့ ကားဂိတ်တင်ပေးရမယ်ဆိုရင်တော့ ငွေကြိုရှင်းပေးရပါတယ်

👉🏻 လိပ်စာ -တိုက် ၇၁ မြေညီ (Tiffod House Hamster Supplies Store Vinyl ချိတ်ထား)
ဧရာ၀တီလမ်း အလုံမြို့နယ် (ဆင်မင်းဈေးရှိဘက်ခြမ်း , အလုံလမ်းဘက်က၀င်)
09425117209

Haylou Solar Plus , Mibro T1 နဲ့ Mibro TWS လေး‌တွေ ရောက်ပါတယ်ဗျ .. Mibro Lite လေးတော့ လောလောဆယ် မပါလာသေးပါဘူးခင်ဗျ .. Ha...
20/02/2023

Haylou Solar Plus , Mibro T1 နဲ့ Mibro TWS လေး‌တွေ ရောက်ပါတယ်ဗျ .. Mibro Lite လေးတော့ လောလောဆယ် မပါလာသေးပါဘူးခင်ဗျ ..

Haylou Solar က ဒီရက်ပိုင်းငွေဈေးတွေတက်နေတာမို့ အမှန်ဆို ဈေးတက်ရမှာဖစ်ပေမယ့် ကြိုမှာထားတဲ့သူတွေ နဲ့ လူစိတ်၀င်စားမှု များနေတဲ့အချိန်မှာ ဈေးမတက်ချချင်သေးလို့ ဒီအသုပ်မှာ အရင်ဈေးအဟောင်းတိုင်းပဲ ရောင်းပေးထားပါသေးတယ်ဗျ .. နောက်တစ်သုပ်ဆိုရင်တော့ ဈေးမဆိုသလောက်လေး တော့ တက်ဖို့ရှိပါမယ်ဗျ 🙏🏻

👉🏻 Grab Et - Smart Gadgets Store မှ TWS Earbuds နဲ့ Smart Watch တွေက Official Distributor တွေကနေ တဆင့် ပြန်ရောင်းချပေးနေတာကြောင့် သုံးပြီးသားမဟုတ်ပဲ ပစ္စည်းအစစ် အသစ် ဖြစ်ကြောင်း 100% အာမခံပါတယ် ခင်ဗျ

👉🏻 အခုမှ စဖွင့်ထားပြီး ဝါသနာအခြေခံပြီး ဈေးသက်သက်သာသာနဲ့ QCY , Haylou , Mibro တို့လို လူတန်းစားမရွေးသုံးနိုင်တဲ့ P2P ကောင်းကောင်း Smart Gadgets တွေကို ရောင်းချပေးဖို့ ဖွင့်ထားတဲ့ Page အသစ်လေးဖြစ်တာကြောင့် လတ်တလော ကာလမှာတော့ Warranty မပေးနိုင်သေးပါဘူးခင်ဗျ

👉🏻 Page အသစ်ဖြစ်နေပေမယ့် လုံး၀ ယုံကြည်စိတ်ချနိုင်ပါတယ်

👉🏻 Delivery ဖြင့် (or) နယ် မှ မှာယူတဲ့ သူတွေအတွက် ယူမှာသေချာတဲ့ ပစ္စည်းကိုတော့ Error မရှိကြောင်းသေချာအောင် သေချာကိုင်တွယ် ဖောက်စစ်ပြီး သေသေချာချာ ပြန်ထည့်ပေးပါတယ်

👉🏻 အပြင်မှာ မျက်မြင်ကိုယ်တွေ လာကြည့်ပြီးမှ ၀ယ်ချင်တဲ့သူတွေအတွက် Admin က Hamster အစားစာ ရောင်းတဲ့ဆိုင်လေးဖွင့်ထားတာမို့ အဲ့ဒီဆိုင်မှာပဲ လာပြီး ကြည့်လို့ရပါတယ် .. Google Map ကနေလဲ Tiffod House Hamster Supplies Store လို့ရိုက်ရှာနိုင်ပါတယ်

👉🏻 မှာယူပြီး ရန်ကုန်မြို့တွင်းဆို ၂ ရက်အတွင်း အရောက်ပို့ပေးပါတယ် .. နယ်ဆို Ninja Van နဲ့ဆို COD ရပါတယ် .. တခြား Delivery Service နဲ့ ကားဂိတ်တင်ပေးရမယ်ဆိုရင်တော့ ငွေကြိုရှင်းပေးရပါတယ်

👉🏻 လိပ်စာ -တိုက် ၇၁ မြေညီ (Tiffod House Hamster Supplies Store Vinyl ချိတ်ထား)
ဧရာ၀တီလမ်း အလုံမြို့နယ် (ဆင်မင်းဈေးရှိဘက်ခြမ်း , အလုံလမ်းဘက်က၀င်)
09425117209

My Experiences With HAYLOU Solar Plus ဒီ Content က Review လို့လဲပြောလို့ရသလို ၀ယ်ဖို့စဉ်းစားနေတဲ့ သူတွေအဖို့ အထောင်အကူ ဖ...
13/02/2023

My Experiences With HAYLOU Solar Plus

ဒီ Content က Review လို့လဲပြောလို့ရသလို ၀ယ်ဖို့စဉ်းစားနေတဲ့ သူတွေအဖို့ အထောင်အကူ ဖြစ်စေဖို့ Admin သုံးရတဲ့ Experience လေးတွေကို ဝေမျှပေးတဲ့ Content လို့လဲ ပြောလို့ရပါတယ် .. Haylou က International (အထူးသဖြင့် India) ရဲ့ Budget Smart Watch ဈေးကွက် မှာတော်တော်လေး နာမည်ရထားပြီးသား Brand တခု ဆိုပေမယ့် ဒီမှာတော့ တော်တော်လေး Brand Awareness နည်းပါတယ် .. သူက ဒီတလောမှပေါ်လာတာမဟုတ်ပဲ လွန်ခဲ့တဲ့ 3 နှစ်လောက်ကတည်းက Redmi Airdots စပေါ် လာတဲ့ အချိန်ကတည်းက ရှိနေခဲ့တဲ့ Brand တခုပါပဲ .. Haylou က SmartWatch ကော TWS Earbuds ကော သေချာ Emphasize လုပ်ပြီး Product အသစ်တွေ အမြဲ ထုတ်ပေးနေကျ ဖြစ်တဲ့ Brand ပါပဲ .. သူ့ထက် ဈေးနည်းတဲ့ China SmartWatch Sportwatch တွေရှိနေသေးပေမယ့်လဲ သူ့ရဲ့ P2P နဲ့ ပြန်ရတဲ့ Quality နဲ့ကတော့ သူ့ Level မှာ ဒီနောက်ပိုင်းခေတ်စားလာတဲ့ Mibro ပဲ ရှိပါလိမ့်မယ် .. Admin အနေနဲ့ကတော့ Haylou ကို ဟိုးအရင် Solar Watch ကတည်းက သုံးဖူးခဲ့တာမို့ Admin နဲ့ တော်တော်လေး ရင်းနှီးတဲ့ Brand ဖြစ်တဲ့အပြင် တော်တော်လေး သဘောကျရတဲ့ Brand ပါပဲ .. Smartwatch စသုံးဖြစ်ကတည်းက Haylou Brand တစ်မျိုးပဲသုံးခဲ့သလို အခု Solar Plus ကတော့ Admin ရဲ့ ၃ လုံးလောက် SmartWatch ပါပဲဗျ .. Intro ၀င်သင့်သလောက် ၀င်ပြီးပြီဆိုတော့အခု Solar Plus ကို Admin သုံးရတာ ဘယ်လိုရှိလဲဆိုတာ စလိုက်ကြရအောင်ဗျ ..

👉🏻 Design & Build Quality - Admin က SmartWatch ဆို Haylou Brand တခုပဲသုံးဖြစ်တာမို့ တခြား Brand တွေရဲ့ Build Quality နဲ့တော့ မယှဉ်တတ်ဘူးပေါ့နော် .. ဒါပေမယ့် ပြောနိုင်တာတခုကတော့ Haylou ရဲ့ Build Quality က တော်တော်လေးကောင်းတဲ့ထဲပါပါတယ် ... ပထမဆုံးသုံးဖူးတဲ့ Haylou Solar ဆိုရင် ၃ နှစ်ကြာပီဖစ်တာတောင် နာရီအောက်ပိုင်း ချွေးစားနေတာလေးကလွဲရင် ကျန်တာ အကုန်အကောင်းတိုင်း ရှိနေတုန်းပါပဲ .. ဒုတိယသုံးဖူးတဲ့ RS4 ဆိုရင်လဲ ၁ နှစ်ကျော်တဲ့ထိ အပွန်းအဆင်း အနာအဆာ သိသိသာသာလုံး၀မရှိတဲ့ထိ အကြမ်းခံခြဲပါတယ် .. အခု Solar Plus (RT3) ဆိုရင်လဲ ကိုယ်ထည်ကို အကြမ်းခံတဲ့ Metal ကိုသုံးထားတာမို့ ရှေ့ Model တွေနည်းတူ အကြမ်းပတမ်းခံမယ်လို့ မျော်လင့်လို့ရပါတယ် .. Display ကတော့ ဘာသုံးထားတယ်ဆိုတာ မဖော်ပြထားပေမယ့် အခုထိတော့ ပွန်းရာခြစ်ရာ လုံး၀မထင်သေးပါဘူး ( Admin ညအိပ်တဲ့အချိန်ကလွဲ ကျန်တဲ့အချိန် ဆက်တိုက် ၀တ်ထားပါတယ်) .. Design ပိုင်းကတော့ ထူးထူးခြားခြား တော့မဟုတ်ပါဘူး .. ပုံမှန် Classic ဖြစ်တဲ့ Smartwatch ဒီဇိုင်း အတိုင်းကိုမှ 1.43 လက်မရှိတာမို့ အရင်ကသုံးဖူးတဲ့ အဝိုင်းပုံစံ Smartwatch တွေနဲ့ ယှဉ်ရင် ပိုပြီး ကြီးတဲ့ Size ရှိပါတယ် .. ထူးခြားတဲ့ဒီဇိုင်းမဟုတ်ဘူးဆိုပေမယ့် 2.5D ခုံးထားပေမယ့် Glass Panel နဲ့မို့ Admin ကတော့ သဘောကျပါတယ် .. နည်းနည်းကြီးတာမို့ လက်သေးတဲ့သူတွေနဲ့ လိုက် ချင်မှ လိုက်မယ်ထင်ပါတယ် .. ဒါကလဲ ကိုယ့်အကြိုက်နဲ့ ကိုယ်ပါပဲ .. Admin လက်ကောက်၀တ်ဆို ယောင်္ကျားလေးတစ်ယောက်အနေနဲ့ သေးတဲ့ထဲ ပါပါတယ် .. ဒါပေမယ့် ကိုယ့်အမြင်မှာတော့ ကြည့်ရမဆိုးတဲ့အပြင် သဘောလဲကျပါတယ် .. မိုးစင် ရေစင် တာ တော်ရုံ မိုးစိုတာ နဲ့ Exercise လုပ်ရင်း ချွေးထွက်တာတွေကို ခံနိုင်ရေရှိဖို့ IP68 တော့ပါပါတယ် .. ရေချိုးတဲ့အချိန် ရေကူးတဲ့အချိန်တို့ မှာတော့ မခံနိုင်ပါဘူး

👉🏻Display - မနှစ်က သုံးဖူးတဲ့ RS4 ကလဲ AMOLED Display ပဲဆိုပေမယ့် အခု RT3 ရဲ့ AMOLED ကတော့ အများကြီးသာတယ်လို့ခံစားရတယ်ဗျ .. ဘယ်လောက် Nits ထိရလဲမသိပေမယ့် Brightness တော်တော်ကောင်းတယ် .. Outdoor မှာ ကောင်းကောင်းမြင်ရတယ် ပြူးပြဲကြည့်နေစရာမလိုဘူး .. Color Accuracy တော်တော်ကောင်း ပြီး အရောင်စိုတောက် နေတဲ့အပြင် Customized WatchFace သုံးတဲ့အခါ Pixel တွေ ပွယောင်းမနေပဲ ဖုန်းထဲကနေ တော်တော်လေး နီးစပ်တဲ့ ပုံထွက်ပေါ်ပါတယ် .. တခြား Brand တွေနဲ့တော့မယှဉ်တတ်ပေမယ့် Admin သုံးရတဲ့အထဲမှာတော့ Resolution တော်တော်လေးကောင်းတယ်လို့ပြောလို့ရပါတယ် ..

👉🏻UI (Interface) - User Interface အနေနဲ့ကတော့ သိပ်အားရစရာတော့မရှိပါဘူး .. မနှစ်က ထွက်ခဲ့တဲ့ Haylou Model တွေနဲ့ယှဉ်ရင်တော့ ပိုပီး ကြည့်ရတာ မျက်စိ ပဒါသ ဖြစ်လာတယ်လို့ပြောလို့ရပါတယ် .. Refresh Rate က Budget Smartwatch ဆိုတဲ့အတိုင်း ပုံမှန်ပဲမို့ Animation တွေက သူ့ဟာနဲ့ Smooth ဖြစ်တယ် ပြောလို့ရပေမယ့် Transition ပိုင်းမှာတော့ နည်းနည်း ဝဲဆွဲတယ် .. အစကတော့ ကိုယ်က Haylouတမျိုးပဲ သုံးဖူးတော့ Budget Smartwatch မို့ ဒီလောက်ပဲရမှာပေါဆိုပြီး ထင်ထားပေမယ့် YouTube ကနေ Mibro ရဲ့ Transition ကိုမြင်ပီးတဲ့အချိန်မှာ Haylou ရဲ့ Transition ပြတ်ပြတ် ကြီးတွေက ရင်ထဲသိပ်မရောက်တော့ဘူး ဖြစ်သွားတယ် ..
(Transition ဆိုတာ Function တခုကနေ တခု အ၀င် အထွက် အပြောင်းအရွှေ့ မြင်ရတဲ့ အချက်ကိုပြောချင်တာပါ)
နောက်တချက် Button နှစ်ခုပါတဲ့နေရာ အောက်ဘက် Button က ဘယ်လိုသုံးမလဲဆိုတာကို Choice မပေးထားတာကိုလဲ သိပ်သဘောမကျချင်ဘူးဗျ .. တခြား သူနဲ့ဈေးတူ Smartwatch တွေမှာတော့ ဘလိုလဲမသိပေမယ့် ဒီမှာက တော့ အောက်ဘက် Button ကိုနှိပ်ရင် Sport Mode ထဲ၀င်သွားပါတယ် .. ဒီနေရာမှာ Sportmode တင်မဟုတ်ပဲ ကိုယ်ကြိုက်တဲ့ Functions တခုခုစီ တန်းသွားလို့ရအောင် ရွေးချယ်ခွင့်ပေးထားရင် ပိုကောင်းမယ်လို့ Personally ထင်မိတယ် .. နောက်ပီး Always On Display အတွက်ကလဲ Default ပုံစံ Digital Clock တမျိုးပဲပါမယ် .. အောက်ကပုံမှာ ပြထားပေးပါတယ်

👉🏻Functions - Functions ပိုင်းကိုပြောရရင် Sportmode ကိုအဓိက ပြောရမယ်ထင်တယ် .. ဒါပေမယ့် ကိုယ်က Exercise မလုပ်ဖစ်တဲ့သူမို့လို့ သူ့ Sport Mode ကိုတော့မသုံးဖစ်တာမို့ အခြေအနေဘယ်လိုရှိမလဲမသိပါဘူး .. Spec အရတော့ 105 Sport Modes ပါတာမို့ တော်တော်လေးစုံမယ်လို့တော့ မျော်လင့်လို့ရပါတယ် ... သဘောကျရတာတခုကတော့ Calculator ပါလာတာပါပဲ .. Calculator ကိုအမြဲသုံးနေရတဲ့သူမို့လို့ ဒီအချက်ကို သဘောကျမိတယ် .. သဘောအကျရဆုံးကတော့ Bluetooth Call Function .. သူရဲ့ Bluetooth Call က ပါရုံမဟုတ်ပဲ တော်တော် အသုံး၀င်ပါတယ် .. အထူးသဖြင့် ဖုန်းအားသွင်းထားတုန်း ကိုယ်တခြားအလုပ်လုပ်နေတဲ့အချိန် ဖုန်းလာလို့ ဖုန်းဆီ ပြေးသွားစရာမလိုပဲ smartwatch နဲ့တင် ဖုန်းပြောလို့ရတာမို့ အရမ်း Convenience ဖြစ်တယ် .. Admin အတွက် အသုံး၀င်ဆုံးကလဲ အဲ့ဒီ Bluetooth Call ပဲ .. Bluetooth 5.3 နဲ့မို့ Converage Area ကောင်းတယ် .. ပေ 50 ရှည်တဲ့ တိုက်ခန်း အနေနဲ့ အိမ်ရှေ့မှာ ဖုန်းထားထားရင် အိမ်နောက်ဖေးထိ Connection ကောင်းကောင်း ဖုန်းပြောလို့ရတယ် .. Speaker ကလဲ ကျယ်သင့်သလောက် ကျယ်တဲ့အပြင် Mic ကလဲကောင်းကောင်းအလုပ်လုပ်တယ် .. နာရီတလုံးစာက လာတဲ့ အသံပမာဏပဲမို့ အရမ်းဆူညံနေတဲ့နေရာမျိုးမှာတော့ (ဥပမာ Gym) Speaker သံကိုသေချာကြားချင်မှကြားရနိုင်ပါမယ် .. Call Functions မှာဆို Recent Call နဲ့ Contact တချို့မှတ်နိုင်အောင် Build In Storage 128 MB ပါတယ် .. App နဲ့ချိတ်ပြီး ဖုန်းနံပါတ် အလုံး 30 ထိ Contact မှတ်ထားလို့ရတယ် ..

Stress Test နဲ့ Mood Test ပါတယ် .. Admin ကတော့သိပ်မသုံးဖြစ်ဘူး .. Heartrate တိုင်းတာကလဲ Model အသစ်ဖြစ်တဲ့အလျောက် ပိုပီး တိကျလာတယ် လို့ ခံစားရတယ် .. Blood Pressure (SP02) တိုင်းတာကိုလဲ All Day မဟုတ်ပေမယ့် ညဘက် အိပ်နေတုန်းမှာ auto measuring လုပ်ပေးဖို့ Functions ပါတယ် .. အဲ့ဒီ Functions သုံးရင်တော့ အားနည်းနည်းစားတယ် .. နောက်ပီးတော့ AMOLED ဆိုတော့ Always On Display လဲပါတယ် .. သူလဲတော်တော်အလုပ်ဖြစ်တယ် .. Admin ကတော့ သူ့ကို မနက်ပိုင်း အလုပ်သွားရတဲ့အချိန် အပြင်သွားရတဲ့အချိန်မှာ နာရီတန်းကြည့်လို့ရအောင်ဆိုပီး 9 AM to 7PM ထိ Scheduled ပေးပြီး On ထားတယ် .. Always On Display ဖွင့်သုံးရင် အားကုန်တာမြန်ပေမယ့် Raise To Wake ဖွင့်ထားတာထက်တော့ အားစားသက်သာတယ်လို့မြင်မိတယ် .. 9AM to 7 PM AOD ဖွင့်သုံးရင် အားက 100% ကနေ 80% ၀န်းကျင်လောက်ထိ ကျပါတယ် .. သူ့ကတော့ Daily Usages ကို 7 days လို့ပြောပေမယ့် အဲ့တာက Raise To Wake ကော AOD ကော မသုံးမှပဲ ခံမယ်လို့တော့ထင်တယ် .. Admin သုံးသလို သုံးရင် ၃ ၄ ရက် လောက်ပဲ ခံလောက်မယ် .. မသုံးဖြစ်ပဲ Stand By ထားထားရင်တော့ အားတော်တော်ခံတယ် .. 24 hr လုံးကိုမှ 2-3% လောက်ပဲ လျော့တယ် ..

👉🏻 App Control - App Control ကတော့ ပုံမှန်ပါပဲ .. Watchface ပြောင်းမယ် .. Sportmode Control နဲ့ Heath Stats တွေကြည့်လို့ရမယ် .. Notification ချိန်လို့ရမယ် .. Alarm Weather Control ရမယ် .. ပြီးတော့ Phone Call အတွက် Contact မှတ်လို့ရမယ် .. တခုကောင်းတာက Bluetooth Call Function ကို App မှာ On ထားပြီးပီဆိုရင် ဖုန်းမှာ App ကို Background Run ထားစရာမလိုဘူး .. Bluetooth ဖွင့်ပီး Watch နဲ့ချိတ်ထားလဲ ဖုန်းပြောလို့ရတယ် .. Notification တွေ ကျတော့ App Background Run နေမှ တက်တာလေ .. အဲ့တော့ Noti သိရဖို့က အရေးမကြီးဘူးဆိုရင် App Background Run တာကိုပိတ်ထားလို့ရတယ် .. ဖုန်းအားကုန်တာ သက်သာတာပေါ့

ပီးတော့ ဒီနေရာမှာ ပြောစရာတခုရှိတာက သူ့ Advertisment တွေမှာ Watchfaces တွေကို 100+ ပြောထားပေမယ့် တကယ်တမ်း App မှာ က 50 ထိပဲရပါသေးတယ် .. နောက်ထပ် Update တွေနဲ့ထပ်ဖြည့်ပေးမယ်ပြောထားပေမယ့် အခုထိတော့ မရသေးပါဘူး .. နောက်ပီးတော့ Amoled Panel မို့လို့မသိဘူး သူ့ WatchFace အများစုက Color တွေသုံးထားတာများတယ် .. Admin ကတော့ Personal အရ AMOLED ဖြစ်တဲ့အလျောက် နောက်ခံ Pure Black နဲ့ Watchface တွေကိုပဲကြိုက်ပါတယ် .. ဘာလို့လဲဆို Pure Black Background နဲ့ဆို Background က ဘောင်နဲ့ရောသွားပြီး လုံး၀ Screen အပြည့်ပုံစံနဲ့ ဖြစ်တဲ့အပြင် 2.5D ခုံးထားပေးတာကို ပိုပီး ပေါ်လွင်စေတာမို့ ပိုပြီးကြိုက်ပါတယ် .. ‌အဲ့တော့နောက် Update တွေမှာ Black Background နဲ့ Watchface တွေများများလာဖို့မျော်လင့်ပါတယ် ... အခုတော့ Admin သဘောအကျဆုံးနဲ့ Watch နဲ့အလှကိုလဲ ပိုပီးပေါ်လွင်စေမယ့် Watchface 3 မျိုးကို အောက်က ပုံတွေမှာ ပြထားပေးပါတယ် ..

ဒီလောက်ဆို တော်တော်လေးပြည့်စုံပီလို့တော့ထင်ပါတယ် .. သူ့ဈေးတန်းတူ တခြားတခုခုနဲ့ ယှဉ် ချင်တဲ့အခါ Admin ရဲ့ ဒီ Post က အသုံး၀င်မယ်လို့လဲ မျော်လင့်ပါတယ် .. ‌ဈေးရောင်းတဲ့ Page က တင်တဲ့ Review ဖြစ်တာမို့ Trust ရှိချင်မှ ရှိမယ်ဆိုတာကို နားလည်ပေမယ့် Admin အနေနဲ့ကတော့ တကယ့် Honest အဖြစ်ဆုံး အားသာ အားနည်းချက် ပွင့်ပွင့်လင်းလင်းပြောပြထားပေးတာမို့ ယုံကြည်စိတ်ချလို့ရပါတယ်ဗျ ..

အကယ်၍ Haylou Solar Plus ကို စိတ်၀င်စားတယ်ဆိုရင် လကုန်ခါနီးလောက်ကျရင် ထပ်ရောက်ဖို့ရှိပါတယ် ... လောလောဆယ်တော့ Out Of Stock ပါ 😁

Xiaomi နဲ့ဖက်စပ် Brand တခုဖြစ်တဲ့ Haylou ရဲ့ ANC Earbuds Moripods ANC  Price - 70000 Haylou ဆိုတဲ့ Brand က Xiaomi နဲ့ နယ...
05/02/2023

Xiaomi နဲ့ဖက်စပ် Brand တခုဖြစ်တဲ့ Haylou ရဲ့ ANC Earbuds Moripods ANC

Price - 70000

Haylou ဆိုတဲ့ Brand က Xiaomi နဲ့ နယ်နယ်ပယ်ပယ်ရင်းနီး နေပြီးသား သူတွေအတွက် မစိမ်းပေမယ့် တချို့တွေအတွက်ကတော့ သိပ်မသိကြတာ တွေ့ရပါတယ် .. Haylou အကြောင်း ပြောရရင် QCY လဲမပါမဖြစ်ပါပဲ .. ဘာလို့လဲဆို Admin သိသလောက်ဆိုရင် မြန်မာနိုင်ငံထဲမှာ P2P ကောင်းကောင်း နဲ့ စိတ်ချရတဲ့ Budget Earbuds တွေ စ၀င်လာတာ Haylou Brand လို့ပြောလို့ရပါတယ် ... QCY မတိုးပေါက်ခင်ကဆို Haylou ရဲ့ GT1 , GT1 Plus , GT1 Pro တို့ က တော်တော်လေး လူကြိုက်များခဲ့တယ်လို့ပြောလို့ရပါတယ် .. Admin ကိုယ်တိုင်လဲ TWS ဆို AptX ရတဲ့ GT1 Pro ကနေစ သုံးဖူးခဲ့ရတာခဲ့ပြီး တော်တော်လေး သဘောကျခဲ့ရပါတယ် ..

Haylou က Earbuds အတွက် App သီးသန့်မရှိဘူးဆိုပေမယ့် Hyalou ရဲ့ အားသာချက်တွေက Design ပိုင်း မှာ သိသိသာသာ သေသပ်လှပမှုရှိတယ် .. Sound Balance ဖြစ်မှုပိုင်းမှာလဲ အရမ်းကောင်းတယ် .. Award ရထားဖူးတဲ့ Haylou W1 နဲ့ X1 တို့ဆိုရင် Xiaomi ရဲ့ MIUI မှာ App မလိုပဲ Pop Up ပေါ်ပြီး Setting ချိန်လို့ပါရပါတယ် .. Haylou က Earbuds အပြင် SmartWatch တွေနဲ့လဲ နာမည်ကြီးသေးတယ်နော် ..

အခု Moripods ANC ဆိုရင် အခုချိန် ထိ ရောင်းအား ကောင်းနေဆဲဖြစ်တဲ့ Moripods T33 ရဲ့ ANC Version ပဲဖြစ်ပါတယ် .. Haylou ရဲ့ Moripods T33 က သူ့ရဲ့ဈေးတန်းမှာ အသံထွက်အကောင်းဆုံး သီချင်းနားထောင်ရတာ Balance အဖြစ်ဆုံးဆိုတာ သုံးဖူးတဲ့သူဆို သိလောက်ပါမယ် .. သူအားနည်ချက်ဆိုလို့ Half In Ear Design ဖြစ်တာမို့ အပြင်သွားတဲ့အချိန် မှာ အပြင်သံ ကြားရနိုင်တာရယ် လေတိုးတာရယ်ပဲ ရှိပါမယ် .. ဒါကလဲ Half In Ear တွေကိုမှ သဘောကျတတ်တဲ့သူတွေအတွက် အားနည်းချက်လို့တောင် ပြောလို့မရပါဘူး .. အခု ANC Version က တော့ အသံမလုံတာမကြိုက်တဲ့သူတွေအတွက် Moripods T33 ရဲ့ အသံ Quality Balance ဖြစ်မှုကို ဆက်လက် ထိန်းထားပြီး 30dB ထိ Noise Cancellation လျော့ချပေးနိုင်တဲ့ Version ပဲဖြစ်ပါတယ် ..

Haylou Moripods ANC ရဲ့ အားသာချက်တွေက

👉🏻 -30dB ထိ Noise တွေကိုလျော့ချပေးနိုင်တယ် .. ကိန်းဂဏန်း အရ -30dB ပဲဖြစ်ပေမယ့် Noise Cancellation ပိုင်းမှာ တော်တော်လေး အားကောင်းတာတွေ့ရပါတယ်

👉🏻 MIC 4 လုံးနဲ့ DSP Call Noise Cancellation ပါတာမို့ ဖုန်းပြောတဲ့အခါ တစ်ဖက်လူ ကို အသံကြည်ကြည်လင်လင် ကြားရစေတယ်

👉🏻 60ms ထိ Latency လျော့ချပေးနိုင်တဲ့ Gaming Mode ပါတယ်

👉🏻 10 mm Driver ပါ၀င်တာမို့ အသံ က Powerful ဖြစ်တဲ့အပြင် Balance လဲဖြစ်တယ် .. Beat သံ အသားပေးမဟုတ်တာမို့ Beat သံ Focus မဖြစ်ပေမယ့် နောက်ခံ Detail ကို သေချာကြားရတဲ့အပိုင်းတွေမှာ အရမ်းသိသာတာမို့ EDM တွေမဟုတ်ပဲ သီချင်း အေးအေးလေးတွေ Pop Song လေးတွေ နားထောင်တတ်တဲ့ သူတွေအတွက် အရမ်း ကောင်းတယ် .. အကယ်၍ Beat သံ ကြိုက်တယ်ဆိုရင်လဲ Xiaomi ဖုန်းတွေမှာ EQ ကို ပြန်ချိန်လို့ ရပါတယ်

👉🏻 ANC On ထားပြီး Normal Volume မှာ သီချင်းနားထောင်ရင် အားအပြည့်သွင်းထားတဲ့ Earbud က 8 နာရီ ထိ အားခံတယ် .. 310 mAh Battery ပါတဲ့ Case က Earbud ကို ၃ ကြိမ်အထိ အားအပြည့်ပြန်သွင်းပေးနိုင်တယ်

အသံထွက်ပိုင်း Detail ကျမှု Clarity ကောင်းမှု နဲ့ Noise Cancellation ကောင်းမှု တွေကို Admin တော်တော်လေး သဘောကျရပြီး သုံးကြည့်လိုက်လို့ နောင်တ လုံး၀ မရတဲ့ Earbud ပါပဲ ..

👉🏻 Grab Et - Smart Gadgets Store မှ TWS Earbuds နဲ့ Smart Watch တွေက Official Distributor တွေကနေ တဆင့် ပြန်ရောင်းချပေးနေတာကြောင့် သုံးပြီးသားမဟုတ်ပဲ ပစ္စည်းအစစ် အသစ် ဖြစ်ကြောင်း 100% အာမခံပါတယ် ခင်ဗျ

👉🏻 အခုမှ စဖွင့်ထားပြီး ဝါသနာအခြေခံပြီး ဈေးသက်သက်သာသာနဲ့ QCY , Haylou , Mibro တို့လို လူတန်းစားမရွေးသုံးနိုင်တဲ့ P2P ကောင်းကောင်း Smart Gadgets တွေကို ရောင်းချပေးဖို့ ဖွင့်ထားတဲ့ Page အသစ်လေးဖြစ်တာကြောင့် လတ်တလော ကာလမှာတော့ Warranty မပေးနိုင်သေးပါဘူးခင်ဗျ

👉🏻 Page အသစ်ဖြစ်နေပေမယ့် လုံး၀ ယုံကြည်စိတ်ချနိုင်ပါတယ်

👉🏻 Delivery ဖြင့် (or) နယ် မှ မှာယူတဲ့ သူတွေအတွက် ယူမှာသေချာတဲ့ ပစ္စည်းကိုတော့ Error မရှိကြောင်းသေချာအောင် သေချာကိုင်တွယ် ဖောက်စစ်ပြီး သေသေချာချာ ပြန်ထည့်ပေးပါတယ်

👉🏻 အပြင်မှာ မျက်မြင်ကိုယ်တွေ လာကြည့်ပြီးမှ ၀ယ်ချင်တဲ့သူတွေအတွက် Admin က Hamster အစားစာ ရောင်းတဲ့ဆိုင်လေးဖွင့်ထားတာမို့ အဲ့ဒီဆိုင်မှာပဲ လာပြီး ကြည့်လို့ရပါတယ် .. Google Map ကနေလဲ Tiffod House Hamster Supplies Store လို့ရိုက်ရှာနိုင်ပါတယ်

👉🏻 မှာယူပြီး ရန်ကုန်မြို့တွင်းဆို ၂ ရက်အတွင်း အရောက်ပို့ပေးပါတယ် .. နယ်ဆို Ninja Van နဲ့ဆို COD ရပါတယ် .. တခြား Delivery Service နဲ့ ကားဂိတ်တင်ပေးရမယ်ဆိုရင်တော့ ငွေကြိုရှင်းပေးရပါတယ်

👉🏻 လိပ်စာ -တိုက် ၇၁ မြေညီ (Tiffod House Hamster Supplies Store Vinyl ချိတ်ထား)
ဧရာ၀တီလမ်း အလုံမြို့နယ် (ဆင်မင်းဈေးရှိဘက်ခြမ်း , အလုံလမ်းဘက်က၀င်)
09425117209

Address

Ahlone Yangon
Yangon
11121

Telephone

+959425117209

Website

Alerts

Be the first to know and let us send you an email when Grab Et - Smart Gadgets Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category