Thu Nandar Electrical Sales & Services

Thu Nandar Electrical Sales & Services ဆိုလာအပါအဝင်လျှပ်စစ်မီးလိုင်းနှင့်သက်ဆိုင်‌သောပစ္စည်းများရောင်းဝယ်ခြင်း၊တပ်ဆင်ပေးခြင်း၊စစ်ဆေးပေးခြင်း၊တွက်ချက်ပေးခြင်း

အင်ဂျင်နီယာများဦးစီး၍ လျှပ်စစ်ပစ္စည်းများရောင်းချရင်း Customer များ၏လိုအပ်ချက်နှင့် အခက်အခဲများကို ဖြေရှင်းရန်

ယနေ့ Power Line Cable သယ်ယူပို့ဆောင်ပေးခဲ့မှုမှတ်တမ်း ဓါတ်ပုံများအိမ်တွင်းမီးလိုင်း Cable အသေးကအစ ပါဝါလိုင်း Cable အကြီး...
29/05/2026

ယနေ့ Power Line Cable သယ်ယူပို့ဆောင်ပေးခဲ့မှုမှတ်တမ်း ဓါတ်ပုံများ

အိမ်တွင်းမီးလိုင်း Cable အသေးကအစ ပါဝါလိုင်း Cable အကြီးအထိ Korea brand Koryo Cable များ သုနန္ဒာလျှပ်စစ်မှာ လက်လီးလက်ကားဝယ်ယူရရှိနိုင်ပါသည်။
☎️Shop Mobile Phone -09959200003
📲 Viber Number -09959200003
🏠အမှတ်(၂၂)၊သုနန္ဒာလမ်းမကြီး၊ဘုမ္မာလမ်းထိပ်(ည)ရပ်ကွက်အနီး၊
မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
🌍https://goo.gl/maps/HqDhTF1QrytCLt
🎯Messenger ကနေ ဆက်သွယ်ချင်ရင်တော့ ဒီLink ကိုနိုပ်ပါ။
👉 m.me/110657418202054👈
#သုနန္ဒာလျှပ်စစ်

သုနန္ဒာလျှပ်စစ်ကိုမေ့နေတဲ့ Customer တောင် ပြန်သတိရသွားစေတယ်။😀------------------------------------------April 2024 တုန်းက...
27/05/2026

သုနန္ဒာလျှပ်စစ်ကိုမေ့နေတဲ့ Customer တောင် ပြန်သတိရသွားစေတယ်။😀
------------------------------------------
April 2024 တုန်းကဆင်ခဲ့တဲ့ Growatt +LVTOPSUN ဆင်ပြီးကတည်းက Phone တစ် Call တောင် မခေါ်ခဲ့ပါဘူး။အဲလောက်ကြာတဲ့အထိအောင် ငြိမ်တဲ့အတွဲပါ။သုံးစွဲသူကလည်း စနစ်တကျသုံးတယ်လေ။
တစ်နေ့ကမှ ထူးထူးဆန်းဆန်းဖုန်းဝင်လာတယ်။
Inverter က ပါဝါမထွက်တော့ဘူးတဲ့။
ထုံးစံအတိုင်း Inverter ကို Restart ပြန်လုပ်ခိုင်းလိုက်တော့ ပြန်ကောင်းသွားတယ်။ Datalogger တော့ မဖြုတ်ခိုင်းထားဘူး။
-----------------------------------------
ဒီနေ့ Growatt Service Center ကနေ ဆက်သွယ်လာပါတယ်။
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
" Growatt သုံးစွဲသူ Customers များသို့ အသိပေးပန်ကြားချက် "
---------------------------------------------
‎‎ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း VPP Protocol (System Communication Protocol) အသစ်ကြောင့် Datalogger တွေဖက်က Support မလုပ်နိုင်ဘဲ Inverter တွေ Freeze ဖြစ်ပြီး Output မထွက်တဲ့ အခြေအနေအချို့ ဖြစ်ပွားခဲ့ပါတယ်။

‎အခုအချိန်မှာတော့ Growatt ရုံးချုပ်မှ လိုအပ်တဲ့ ပြင်ဆင်မှုတွေကို လုပ်ဆောင်ပေးပြီးပြီ ဖြစ်တဲ့အတွက် ဖြုတ်ထားတဲ့ Datalogger များကို ပုံမှန်အတိုင်း ပြန်လည်တပ်ဆင်ပြီး အသုံးပြုနိုင်ပါပြီခင်ဗျာ။

‎ဖြစ်ပွားခဲ့တဲ့ အဆင်မပြေမှုတွေအတွက်လည်း Growatt မိသားစုဝင် Customers များအားလုံးကို အထူးပင် တောင်းပန်အပ်ပါတယ်ခင်ဗျာ။

‎ဆက်လက်အသုံးပြုရင်း လိုအပ်ချက်တစ်စုံတစ်ရာ ရှိလာပါက Growatt Service Phone - 09-427407745 သို့ ဆက်သွယ်မေးမြန်း အကူအညီတောင်းခံနိုင်ပါတယ်။

‎Growatt ကို အမြဲတမ်း ယုံကြည်အားပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
ကဲ သုနန္ဒာလျှပ်စစ်မှ Customer များ Growatt ကို ယုံကြည်စိတ်ချစွာ ဆက်သုံးနိုင်ပြီနော်။ Growatt Inverter တိုင်းတော့ မဖြစ်ခဲ့ပါဘူး။ သုနန္ဒာလျှပ်စစ်မှ တပ်ဆင်ထားတဲ့ Growatt 21% လောက်သာဖြစ်တာဖြစ်ပါတယ်။ Offline ဖြစ်နေတဲ့ Growatt တစ်လုံးတောင်ပါသေးတယ်။ ဖြစ်စဉ်ကတော့ တစ်ထပ်ရာတည်းပါ။
☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️
သုနန္ဒာလျှပ်စစ်မှ တပ်ဆင်ထားတာဘယ်လောက်ပဲ နှစ်နဲ့ချီ ကြာပါစေ သုနန္ဒာလျှပ်စစ်ဆိုင် ရပ်တည်နေသရွေ့ အချိန်မရွေးဆက်သွယ်နိုင်ပါတယ်နော်။
အလုပ်ရှုပ်သွားလို့ ဖုန်းမကိုင်မိရင်လည်း 09 959 2000 03 Viber နံပါတ်သို့
Message လေးချန်ထားလိုက်ပါ။ ပြန်လည်ဆက်သွယ်ပေးပါ့မယ်။
☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️
ဝယ်ယူအားပေးသော Customer တစ်ဦးတစ်ယောက်တိုင်းကို အထူးကျေးဇူးတင်ရှိပါသည်။🙏

26/05/2026

နောက်ထပ်လာချင်လာပါ။ မထူးဆန်းတော့ပါ။😀
-------------------------------------------
Growatt အခုတလော EPC မီးရှိချိန် ၊ ဆိုလာရှိချိန်တွေမှာ အထွက်မီး မထွက်တော့တဲ့ အခြေအနေနဲ့ ကြုံနေရတာ ဒီနေ့နဲ့ဆို ၃ ရက်ရှိပါပြီ။
Inverter ကို ပိတ်ပြီး ပြန်ဖွင့်လိုက်ရင် ကောင်းသွားကြပါတယ်။
တစ်ချို့ကတော့ ပြောတယ် WIFI ချိတ်ထားတဲ့ Inverter တိုင်း Growatt Oss Management Server ပြင်နေလို့ Effect သက်ရောက်ပြီး Inverter Hand ကုန်တာတဲ့။
Admin မှာ ရှားရှားပါးပါး WiFi service ကြိုးပြတ်နေလို့ တစ်ပတ်လောက် WIFI သုံးမရတဲ့ Warehouse က Inverter တစ်လုံးလဲ အလားတူဖြစ်တယ်။
Inverter ရဲ့ Datalogger ကတော့ Warehouse ရဲ့ Router နဲ့ တော့ Network ချိတ်နေတယ်။ ShinePhone Apps မှာ Device Offline ဖြစ်နေတယ်။
ဒါဆို Growatt Server ရဲ့ Effect က ဒီ Inverter ထဲကို ရောက်ဖို့လမ်းကြောင်းရှိပါတော့မလားလဲ စဉ်းစားစရာ။
Inverter ကို ပိတ်ပြီး ပြန်ဖွင့်လိုက်တော့ ကောင်းသွားတယ်။
ဒါကို Inverter Restart လုပ်တယ်လို့ခေါ်ပါတယ်။
Reset လုပ်တာက နောက်တစ်ပိုင်းဖြစ်သွားပြီ၊ Setting မချိန်တတ်ပဲ သွားတော့ မကလိကြနဲ့။ 😀
🎯Restart လုပ်ရင် Setting တွေမပြောင်းပါ။
🎯Reset လုပ်ရင် Setting တွေက Factory Default Setting သို့ပြောင်းသွားပါမယ်။
တစ်ချို့ Restart နဲ့ Reset ကို မသဲကွဲကြပါဘူး။
----------------------------------
Growatt ပိတ်နည်း၊ဖွင့်နည်းကို ထပ်မံ၍ ပြန်ပြောပေးထားပါတယ်။
ပိတ်တဲ့အခါမှာ ဘယ်ကပိတ်ပိတ်ရတယ်လို့ မထင်လိုက်ပါနဲ့။
အခြေခံနည်းစနစ်လေးတော့ရှိပါတယ်။
Growatt မှ မဟုတ်ပါဘူး ဘယ် Inverter ပိတ်ပိတ်
EPC လဲလာနေတယ်။ ဆိုလာလဲ ရှိနေတယ် ဆိုရင်
Inverter ထဲဝင်နေတဲ့ Source 3 ခုထဲက
(၁) EPC နဲ့ (၂) ဆိုလာ ဘရေကာတွေကိုချပါ။
(၃) ဘက်ထရီဘရေကာကို အရင်ဦးဆုံး သွားမချနဲ့နော်။

(၁) EPC နဲ့ (၂) ဆိုလာ ဘရေကာတွေကိုချပြီးမှာ Inverter Body မှာပါတဲ့ On/OFF ခလုတ်ကို ပိတ်ပါ။
Inverter ကို လုံးဝပိတ်ကျသွားပြီး ခဏနေမှာ Inverter ခလုတ်ကိုပြန်ဖွင့်ပါ။
ပြီးတော့ ဆိုလာဘရေကာပဲအရင်တင်တင်၊ EPC ဘရေကာပဲ အရင်တင်တင် ကြိုက်တဲ့ဟာတင်ပါ။
Inverter ကောင်းကောင်းအလုပ်လုပ် မလုပ်ကြည့်ပါ။
တစ်ချို့လူတွေက Admin ကို မေးစရာရှိတယ်။
ဟ ဘာလို့ Inverter အထွက်ဘရေကာကိုလည်း မချတာလဲ။
Admin လဲအရင်တုန်းက အဲလို Inverter အထွက်ဘရေကာကိုလည်း ချခိုင်းပါတယ်။
အခုဘာလို့ မချခိုင်းတော့တာလဲဆိုတော့
Inverter အထွက်မှာ အသုံးမရှိတော့ Inverter က ပြန်ပြီး မ Run တဲ့ Case တစ်ခုကြုံခဲ့ရလို့ပါ။ ဒါကြောင့် Inverter အထွက်ဘရေကာကိုမချခိုင်းခြင်းဖြစ်ပါတယ်။ Load ကိုလည်း Changeover ကနေ EPC ဘက်ပြောင်းခိုင်းမနေတော့ပါဘူး။

ကိုယ်တွေ့ Lesson Learn တစ်ပုဒ်---------------------------------“Lighting ပဲ သုံးမယ်” ဆိုလို့ 1KW Inverter တစ်လုံး ရောင်း...
24/05/2026

ကိုယ်တွေ့ Lesson Learn တစ်ပုဒ်
---------------------------------
“Lighting ပဲ သုံးမယ်” ဆိုလို့ 1KW Inverter တစ်လုံး ရောင်းပေးခဲ့ဖူးပါတယ်။

ပထမပိုင်းမှာ အဆင်ပြေနေခဲ့ပေမဲ့
နောက်ပိုင်း Customer ဘက်က Watt 800 လောက်အထိ စပြီးဖိသုံးလာပါတယ်။

အဲဒီနောက် —
“Battery က ၄ နာရီမခံဘူး” ဆိုပြီး Complain တက်လာပါတယ်။

ကျွန်တော်တို့ဘက်ကလည်း
“ဒီ Watt အထိသုံးရင် Battery Runtime က လျော့သွားမှာပါ” လို့ ရှင်းပြခဲ့ပါတယ်။

ဒါပေမဲ့ Customer အမြင်ကလည်း မှားတယ်လို့ မပြောနိုင်ပါဘူး။

“1KW Inverter ဝယ်ထားတာပဲ၊ Watt 800 လောက်တော့ သုံးလို့ရရမယ်လေ” ဆိုတဲ့ အတွေးက လူတိုင်းတွေးမိနိုင်ပါတယ်။

တကယ်တော့ —
Inverter က “ရ” ပါတယ်။
Battery Capacity က “မလုံလောက်” တာပါ။

Inverter Watt ကြီးတိုင်း Runtime ကြာမယ်လို့ မဆိုလိုပါဘူး။
Runtime ကို အဓိကဆုံးဖြတ်တာ Battery Capacity ဖြစ်ပါတယ်။

နောက်ဆုံးမှာတော့
အသစ်လဲပေးလည်း အဖြေမပြောင်းနိုင်ဘူးဆိုတာ သိနေတော့
ကျွန်တော်တို့ဘက်က Refund ပြန်လုပ်ပေးပြီး ပစ္စည်းပြန်ယူခဲ့ပါတယ်။

အဲဒီ Battery ကို ယနေ့အထိ ပြန်မရောင်းဖြစ်သေးပါဘူး။

သူများသုံးပြီးသား Battery ကို
“အသစ်ပုံစံ” ဖမ်းပြီး ပြန်မရောင်းချင်လို့ပါ။

သုံးထားတာ ၅ ရက်လောက်ပဲရှိပေမဲ့
Life Cycle ဘယ်လောက်ကျသွားပြီလဲ ဆိုတာ တိတိကျကျ မသိနိုင်တော့ပါဘူး။

ဒီအဖြစ်အပျက်ကနေ ရလာတဲ့ Lesson က —

Battery / Inverter ဝယ်မယ်ဆိုရင်
Brand တစ်ခုတည်းကိုပဲ မကြည့်ဘဲ

✅ ဘယ်လောက် Watt သုံးမလဲ
✅ ဘယ်နှနာရီ အသုံးပြုချင်လဲ
✅ ဘယ် Load တွေ ချိတ်မလဲ
✅ Budget ဘယ်လောက်သတ်မှတ်ထားသလဲ

ဆိုတာတွေကို အရင်ရှင်းပြသင့်ပါတယ်။

အဲဒီအချက်တွေ သိမှပဲ
ဘယ် Inverter ၊ ဘယ် Battery ၊ ဘယ် System က အသင့်တော်ဆုံးလဲဆိုတာ တွက်ချက်ပေးလို့ရမှာပါ။

ရောင်းသူဘက်ကလည်း —
“ဒီ Budget နဲ့ ဒီလောက်တော့ ရမယ်”
“ဒီ Setup က ပိုသင့်တော်တယ်”
“ဒီထက်ကျော်သုံးရင် Runtime ကျမယ်”

ဆိုတာတွေကို ကြိုရှင်းပြထားသင့်ပါတယ်။

ဆောင်ရန်၊ ရှောင်ရန်တွေ ကြိုပြောထားရင်
နောက်ပိုင်း misunderstanding တွေလည်း နည်းသွားပါတယ်။

Solar / Battery System ဆိုတာ
“Watt ကြီးရင်ပြီးရော” မဟုတ်ပါဘူး။

အသုံးပြုပုံနဲ့ Capacity ကိုက်ညီဖို့က ပိုအရေးကြီးပါတယ်။

အရောင်း၊ အဝယ် မမှားကြဖို့
အခြေခံဗဟုသုတလေးတွေ မျှဝေပေးရင်း…

— TND Knowledge Sharing

23/05/2026

မနေ့ကစ ဒီနေ့အထိပါပဲ။ ဖြေရှင်းပေးနေရပါတယ်။ 😀
တစ်ချို့ကတော့ Growatt Server က Upgrade လုပ်နေလို့ဖြစ်တယ်ပေါ့။
သို့သော် ကိုယ့်ဆီဖုန်းဆက်မေးတဲ့သူတိုင်းက
(၁) EPC မီးမှန်နေတာကြာပြီ
(၂) Battery က 100% ဝန်းကျင်နားမှာဝဲနေတယ်။
(၃) LVTOPSUN 300Ah G3 အရင်ဆုံးစထွက်တဲ့ Serial Number အလုံး ၊ Solnex 314Ah အလုံးတွေမှာ BMS Alert -Full ဆိုပြီး Triangle Alert လေးပြတာလဲတွေ့ရတယ်။
မနေ့ကနေ ယနေ့အထိ မေးတဲ့သူ Customer ၅ဦးရဲ့ ဖြစ်စဉ်တွေဟာ အထက်ကအချက် ၃ ချက်နဲ့ သွားကိုက်ညီနေကြတာဖြစ်ပါတယ်။
Battery မှာ OverVoltage ဖြစ်ပြီး Inverter ကို BMS ကနေ Signal ပေးကာ
EPC charging အဝင်၊ Inverter အထွက်ကို ပိတ်ချထားပြီး Computer လိုပြောရရင် Hand နေသလိုဖြစ်သွားတာပါ။
Display လဲမမြင်ရ၊ Inverter က မီးလည်းမထွက်၊ Key တွေလည်း နှိပ်မရတော့ပဲ Inverter ပျက်သွားတဲ့ပုံစံမျိုးဖြစ်နေတာပါ။

ဖြေရှင်းနည်းကတော့ Inverter ကို Restart လုပ်ရုံနဲ့ ဖြေလည်ပါတယ်။
Restrat -ပိတ်ပြီး ပြန်ဖွင့်တာပါ။
Inverter ပိတ်ဖွင့်နည်း Comment မှာ Link ပေးထားပါတယ်။
ပိတ်နည်းလေးတော့ မှန်ဖို့လိုတယ်နော်။
Inverter အောက်ဖက်မျက်နှာပြင် ဘက်ထရီကြိုးအဝင်နားလေးက ခလုတ်ကို မပိတ်ခင် Battery ကလွဲ၍ EPC အဝင် Charging Breaker ,ဆိုလာ ဘရေကာတွေအရင်ပိတ်ပါ။ ဒီ (EPC, Solar) ကနေ Inverter ထဲသို့ ပါဝါ ဝင်နေသ၍ Inverter ခလုတ်ပိတ်လဲ Inverter လုံးဝပိတ်သွားမှာမဟုတ်ပါဘူး။

ဆရာကြီးများက Growatt Inverter ကို WIFI ချိတ်ထားတဲ့စက်တွေဖြစ်တာဖြစ်လို့ WIFI ခဏဖြုတ်ခိုင်းတာတွေ့ရပါတယ်။
Growatt 6KW ကို Deye, Luxpower,Sungrow တို့လို Server ကနေ စက်ရုံက Batch Firmware Upgrade တင်လို့ရတယ်ဆိုရင် Admin လည်းဒီအချက်ကိုစဉ်းစားမိမှာပါ။
Growatt 6KW ကို Server က Firmware Upgrade တင်လို့ရခဲ့ရင် ကျွန်တော့အလုံးတွေ Firmware Upgrade လုပ်ချင်တိုင်း Growatt Service Center ကို ဖြုတ်ပြီး ပို့ပေးဖို့မလိုတော့ဘူးလေ။ သူတို့ ယနေ့အထိ Locally Firmware Upgrade လုပ်နေကြတာဖြစ်ပါတယ်။
Ai ခေတ်လို ခေတ်တွေမြန်မြန်ဆန်ဆန်ပြောင်းသွားပြီး Remote Control လုပ်နိုင်သွားရင်တော့ မပြောတတ်ဘူးလေ။
လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်တယ်နော်။
ဘာပဲဖြစ်ဖြစ် ပြသာနာပြေလည်ဖို့ပဲ အရေးကြီးပါတယ်။

ဆိုလာကအရင်လိုပါဝါမထွက်တော့ဘူး။ ကြည့်ပေးပါအုန်းဆိုတဲ့ ဧရာဝတီတိုင်းက ဆန်စက်ခေါင်မိုးပေါ်တက်ကြည့်တော့ အဲလိုဖြစ်နေတယ်ဗျာ😀
20/05/2026

ဆိုလာကအရင်လိုပါဝါမထွက်တော့ဘူး။ ကြည့်ပေးပါအုန်း
ဆိုတဲ့ ဧရာဝတီတိုင်းက ဆန်စက်
ခေါင်မိုးပေါ်တက်ကြည့်တော့ အဲလိုဖြစ်နေတယ်ဗျာ😀

Anern Industry Group Limited ထုတ်ကုန်ဖြစ်တဲ့ ✅EVO Series-6.2KW ,48V( Max PV Power 6500W)✅VER.PLUS Series-3.5KW,24V ( Max...
19/05/2026

Anern Industry Group Limited ထုတ်ကုန်ဖြစ်တဲ့
✅EVO Series-6.2KW ,48V( Max PV Power 6500W)
✅VER.PLUS Series-3.5KW,24V ( Max PV Power 5000W)
✅VER.PLUS Series-5.5KW ,48V ( Max PV Power 6000W)
3 မျိုးစလုံး Solar VOC 500V အထိတပ်ဆင်လို့ရပါသည်။

Inverter များကို Solar, EPC ,Load ,Battery များဖြင့်ချိတ်ဆက်၍ သုနန္ဒာလျှပ်စစ်မှ တစ်ပတ်တာ စမ်းသပ်ပြီးစီးပြီဖြစ်၍
စိတ်ဝင်စားလို့ ဝယ်ယူချင်ရင်ဖြင့် မဝယ်ယူခင်လေ့လာနိုင်အောင် Comment မှာ Link ချပေးထားပါတယ်။

15/05/2026

ဒီ 3.5KW Inverter မဆိုးဘူး။ Fan သံနည်းတယ်။ Aircon 1HP + Lighting နှစ်ခုပေါင်း Load တင်ကြည့်တယ်။ Solar ထည့်ကြည့်တယ်။ (တစ်ချို့ Inverter က ဆိုလာရှိတော့မှ Fan သံပိုထွက်လာတာ) EPC ရော် ဆိုလာရော် နှစ်ခုပေါင်းပြီး Battery အားသွင်းကြည့်တယ်။ ဆိုလာထည့်စမ်းရတာလည်း ဆိုင်မှာသုံးနေတဲ့ Growatt 6KW ကနေ ဆိုလာ one string ကြိုးဖြုတ်ပြီး ဒီအထဲထည့်စမ်းလိုက်တာ။
ဘာကြောင့်စမ်းလို့ရလဲ VOC 500V , Solar 5000 Watt လက်ခံတာ ဆိုတော့ Growatt ကနေ ဘာမှလုပ်စရာမလို ပြောင်းထည့်စမ်းလိုက်ရုံပဲ။
Solar ဦးစားပေးသုံး ,Solar မလောက် EPC ကကူ, EPC မရှိ ဆိုလာမလောက် ဘက်ထရီကူ၊ EPC ရှိနေရင် Battery ကနောက်ကနေတဲ့ SUB Function လဲပါနေတယ်။ တစ်ကယ်အလုပ် လုပ်မလုပ်လဲ စမ်းပြီးပြီဆိုတော့ Customer လက်ထဲထည့်ပေးဖို့ပဲကျန်တော့တယ်။
မီးပျက်ချိန် Aircon 1HP လည်းသုံးချင်တယ်၊ ဘတ်ဂျက်နည်းနည်းနဲ့လည်း သုံးလိုသူများအတွက် ရောင်းပေးလို့ရအောင် မရောင်းခင် အဆင်ပြေလား၊ မပြေလား စမ်းနေခြင်းဖြစ်ပါတယ်။ စမ်းပြီး စိတ်ကြိုက်ဖြစ်မှ Customer ကိုရောင်းမှာဖြစ်ပါတယ်။
များမကြာမီ 25.6V Lithium battery နဲ့ တွဲရောင်းပါ့မယ်။

ဓါတ်လှေခါးထဲပိတ်မိနေရင်ဘာလုပ်သင့်သလဲ?ဆိုတာ ဒီစာအောက်က Link ကို နှိပ်ပြီး သွားရောက်လေ့လာပါခင်ဗျာ။https://www.facebook.com...
13/05/2026

ဓါတ်လှေခါးထဲပိတ်မိနေရင်ဘာလုပ်သင့်သလဲ?

ဆိုတာ ဒီစာအောက်က Link ကို နှိပ်ပြီး သွားရောက်လေ့လာပါခင်ဗျာ။
https://www.facebook.com/share/r/1EeWC5oT6v/
-----------------------------------
ဓါတ်လှေခါး Power Back up အတွက် အသုံးပြုနေသော မီးစက်ကြီးများအစား သုနန္ဒာလျှပ်စစ်မှ Solar, Inverter & Battery များကို Installation လုပ်ပေးခဲ့တာ 31 Mar 2024 ခုနှစ်ကတည်းကဖြစ်ပါတယ်။ ယနေ့အထိ အသုံးပြုနေဆဲဖြစ်ပါတယ်။

🏢River View Condo Lift 1
📍ကြည့်မြင်တိုင်
-----------------------
✅SRNE 12KW Inverter
✅SRNE 314Ah ,51.2V LifePo4 Battery
https://www.facebook.com/share/v/1L1UkhuuMG/
----------------------
🏢River View Condo Lift 2
📍ကြည့်မြင်တိုင်
------------------
✅SRNE 12KW Inverter
✅SRNE 314Ah ,51.2V LifePo4 Battery
--------------------
🏢65K Residence Lift
📍ကမ္ဘာအေး
----------------------
✅Deye 12KW Inverter
✅Suness 200Ah ,51.2V LifePo4 Battery -2nos
https://www.facebook.com/share/v/1Crzzj2YZt/
https://www.facebook.com/share/v/1AzCwforaL/
---------------------
🏢ကျောင်းလမ်းမီနီကွန်ဒို Lift
📍သာကေတ
✅SRNE 12KW Inverter IP65
✅SRNE 314Ah ,51.2V LifePo4 Battery
✅Jinko 620Watt-14nos
https://www.facebook.com/share/v/1KqfEMCvrt/
တပ်ဆင်ပြီးစီးဆောင်ရွက်ခဲ့ပါတယ်။

ဒီ Project များထဲက ထူးခြားတဲ့ Project က
ကျောင်းလမ်းမီနီကွန်ဒို ဖြစ်ပြီး Solar ပါတပ်ဆင်ထားပါတယ်။
Lift ၏ Power Supply ကို Inverter ကနေပဲ အချိန်ပြည့်ပေးထားတာဖြစ်လို့
Lift စီးနေစဉ်အတွင်း မီးလာ၊မီးပြတ်လုံးဝသိရမှာမဟုတ်ပါဘူး။
ရာသီဉတုကောင်းနေစဉ်အတွင်း EPC ကို လုံးဝမလိုတော့မဲ့ အနေအထားဖြစ်ပြီး ယခုလို Lift Power Source ဖြတ်သွားလို့ Lift ထဲမှာပိတ်မိနေတာ၊ Lift ထဲမှာခဏစောင့်ရတာ ၊ အကူးအပြောင်းမှာ ဒုန်းဆိုပြီး တုန်သွားတာတွေမရှိနိုင်တော့ပါဘူး။
-----------------------------------
💛 ဒီလို ဓါတ်လှေခါး Power Backup system တပ်ဆင်ရာတွင် အတွေ့အကြုံများစွာရှိသော သုနန္ဒာလျှပ်စစ် နဲ့ တပ်ဆင်လိုပါက
☎️Shop Mobile Phone -09959200003
📲 Viber Number -09959200003 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
🏠ဆိုင်တည်နေရာ
---------------
အမှတ်(၂၂)၊သုနန္ဒာလမ်းမကြီး၊ဘုမ္မာလမ်းထိပ်(ည)ရပ်ကွက်အနီး၊
မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
📩 Online မှ စုံစမ်းမေးမြန်းလိုပါက Messenger မှ ဆက်သွယ်နိုင်ပါသည်။

10/05/2026

Elevator ,Aircon, Water cooler, Freezer ,Refrigerator ,plasma cutting machine ,EV Charger, servo sewing machine , Copier Machine, အိုစုံလို့ပါပဲ။
solar ဆင်ပေးတဲ့ 3 နှစ်အတွက်မှာ Customer လိုအပ်ချက်အရ အိမ်သုံး၊ လုပ်ငန်းသုံး အမျိုးမျိုးသော လျှပ်စစ်စက်ပစ္စည်းများအတွက် Power Backup အတွေ့အကြုံများစွာရရှိခဲ့အထဲမှာ ဒီလို တွင်ခုံအတွက် ဆင်ပေးရမဲ့လို့ မတွေးမိခဲ့ဘူး။ 😀Testing & Commissioning လုပ်နေတဲ့အချိန် Inverter & Battery only စမ်းသပ်နေတဲ့အချိန်ဖြစ်ပါတယ်။ Warehouse တစ်ခုလုံးရဲ့ မီးလဲထွန်းထားပါတယ်။ တွင်ခုံတစ်ခုတည်းမှ ဘယ်လောက် အမ်ပီယာဆွဲသလဲ ချိန်စနိုင်ဖို့အတွက်ဖြစ်ပါတယ်။
Inverter အကြီးသုံးပြီးစမ်းနေတယ် မထင်လိုက်ပါနဲ့။
နိုင်ငံတော် Brand ဖြစ်တဲ့ Growatt 6KW ပါ။
Battery က 314Ah ,51.2V Mighty Battery ဖြစ်ပါတယ်။
အဲနေ့ Admin ည ၈နာရီထိုးမှ အဲဒီ Warehouse ကနေ အိမ်ပြန်ရတယ်။

Address

No. 22, Thu Nandar Main Road, J+K Ward, North Okkalarpa Township
Yangon
11301

Opening Hours

Monday 08:30 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 08:30 - 16:00

Telephone

+95959200003

Website

Alerts

Be the first to know and let us send you an email when Thu Nandar Electrical Sales & Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thu Nandar Electrical Sales & Services:

Share