25/09/2026
လာသမျှ ပစ္စည်းအစုံကို ဆရာတပည့် 2ယောက်ထဲပြင်နေရတာ...
လုံးဝ ရနိုင်ချေမရှိတာမျိုးဆို ချက်ခြင်းပြန်ပေးလိုက်တယ်၊
ရနိုင်ချေ ရှိသေးတာလေးတွေကိုကျ တစ်လှည့်စီ အချိန်ပေးပြီး ခေါင်းရှုပ်ခံပြီးပြင်ပေးရတယ်၊ ကိုယ်တိုင်လည်းနှမြောတာကို...
ဒါပေမယ့် တစ်ချို့ကကျ အချိန်မပေးချင်ကြဘူး၊ အရမ်းလောတယ်၊ ဖုန်းတွေခဏခဏဆက်တယ်၊ ဥုံဖွ ဆိုပြီး ပြန်ကောင်းတဲ့အရာတွေလည်းမဟုတ်ဘူး၊ ပြင်နေကျ error မျိုး၊ ချက်ချင်းရတာမျိုးတွေဆို ချက်ချင်းပဲပြင်ပေးလိုက်တယ်၊ ထိုင်စောင့်ယူပဲ၊ ရက်မကူးဘူး၊
တစ်ချို့က ပြန်သာကောင်းချင်တာ ဈေးကျတော့လည်း ဆစ်တယ်၊ အချိန်ကျလည်း မပေးချင်၊
တစ်ချို့ ပစ္စည်းတွေဆို တစ်လလောက်ကြာပြီးမှ done ✅တာမျိုးတွေလည်းရှိတယ်၊ တစ်ချို့ အရမ်းရှားတဲ့ပစ္စည်းတွေ ဘယ်မှာမှပြင်မရလို့ အချိန်ပေးတဲ့ customer တွေလည်း ရသွားတာမျိုးတွေရှိတယ်၊
ဒီလိုပြောလို့လည်း လာသမျှ အလုံး 100% ပြန်ကောင်းတဲ့ဆိုင်မဟုတ်ဘူး, 100လာရင် 80လောက်ထိ ကောင်းအောင်ပြင်ပေးတဲ့ဆိုင်မျိုး...
စောက်ရမ်း စိတ်ရှုပ်လာရင်တော့ အလုပ်ပြောင်းပြီပဲ...🫶
( တစ်ချို့ရှိသေးတယ် ပြင်ဖို့လာပေးထားပြီး၊ ပြန်မရတော့မှ အရင်အတိုင်းပြန်ပေးပါတို့၊ စက်ပြားက ကိုင်ထားတာလားတို့၊မကိုင်လို့ စိတ်ထဲကနေပြင်ပေးရမှာလား၊ တစ်ကယ့်ဂွစာတွေ၊ ခက်တာက လူကြည့်ပြီး လက်ခံလို့လည်းမရ,အာ့လိုလူမျိုးတွေက ပြင်မရလို့ကောင်းတာအကုန်ဖြုတ်ယူထားတဲ့ဆိုင်တွေနဲ့ပဲတန်တယ် )