12/08/2023
* 𝙋𝒓𝙞𝒗𝙖𝒕𝙚 𝙈𝒐𝙙𝒆 𝒊𝙨 𝙊𝒏 *
ဘီပီတို့ရဲ့ Cus လေးတွေရော ပုံထဲကလိုကိုယ်ရဲ့ Searching History ကို အသည်းအသန် ဖျက်ရတဲ့ အချိန်လေးတွေ ကြုံဖူးလားဟင် 🤭
ကြုံဖူးတယ်ဆိုရင် (ဒါမှမဟုတ်) နောင်ကြုံလာခဲ့သည်ရှိသော် ဘယ်လိုလုပ်ရမလဲဆိုတာလေး သိချင်ရင် ဒီ Post ကိုဆက်ဖတ်ကြည့်နော် 😉
ကိုယ့်ရဲ့ အရေးကြီး Privacy Data တွေထဲကမှ ကိုယ်နဲ့ ကိုယ့်ကိုယ်စောင့်နတ်ကလွဲရင် တခြားသူတွေကို မသိစေချင်တဲ့ Browsing History တွေကို ဘယ်လိုကာကွယ်လို့ရမလဲဆိုတာကို ဒီနေ့မှာ ဘီပီကပြောပြပေးချင်ပါတယ် 🤫
အရင်ဆုံး Browser ဆိုတာ ဘာလဲလို့ ရှင်းပြပေးရမယ်ဆိုရင်.. Browser ဆိုတာ ကိုယ်သိချင်တဲ့
အကြောင်းအရာတွေကို အင်တာနက်ပေါ်မှာ
ရှာချင်တဲ့အခါ သုံးရတဲ့ Software တွေကို
ဆိုလိုတာပါ (ဥပမာ.. Google Chrome, Firefox, Microsoft Edge, Safari.. အစသဖြင့်ပေါ့)
ပုံမှန်အားဖြင့် အဲ့လို Browser တွေက ကိုယ်နေ့စဥ်
ရှာဖွေခဲ့တဲ့အကြောင်းအရာတွေကို
History အနေနဲ့သိမ်းထားပေးလေ့ရှိပါတယ်..
ဒါမှ User ကနောက်တခါအသုံးပြုတဲ့အခါ
ရှာပြီးသား အကြောင်းအရာကို History ထဲမှာ
ပြန်ရှာလို့အောင် ဒါမှမဟုတ် တူညီတဲ့အကြောင်းအရာကို User က Search ပြန်လုပ်တဲ့အခါ ရှာပြီးသား Link တွေကို Highlights ပြန်ပြတာမျိုး အစရှိတဲ့ရည်ရွယ်ချက်တွေအတွက်ပါ... အဲ့တော့ကိုယ် ရှာထားတဲ့အကြောင်းအရာတွေကို ရိုးရိုးကော ဖျက်လို့မရဘူးလားဆိုတော့ ဖျက်လို့ရပါတယ်... History ထဲဝင် Clear Browsing History ဆိုတာမျိုး နေ့စဥ်ဝင်လုပ်ပေးနေရင်ရတာပေါ့.. ဒါပေမယ့် ကိုယ့်အနေနဲ့ အဲ့အတွက်အချိန်ပေးနေရမှာကိုး.. ပြီးတော့ ကိုယ်နေ့စဥ်ဝင်သုံးနေတဲ့ Link တွေပါ ပါသွားမှာပေါ့ အဲ့ထဲကမှ ကိုယ်ဖျက်ချင်တာတွေ လိုက်ရှာဖျက်ရပြန်ရင်လဲ အဆင်မပြေပြန်ဘူးလေနော်... အဲ့လိုအချိန်လဲမပေးချင်ဘူး ကိုယ်က ဒီ Browser ကိုပိတ်လိုက်တာနဲ့ ချက်ချင်းကိုယ်ရှာထားတာတွေလဲပျောက်ချင်တယ် ဘယ်လိုလုပ်လို့ရမလဲဆိုရင် အောက်က နည်းလမ်းလေးတွေထဲက ကိုယ်နဲ့အဆင်ပြေတာကို ရွေးသုံးလို့ ရပါတယ်.. ကိုယ့် Privacy ကိုစစ်ချင်တဲ့ ချစ်သူခင်သူတွေ ပြသာနာရှာရင်တော့ ဘီပီနဲ့ မဆိုင်ဘူးနော် 😅
1. Default Browser တွေမှာပါတဲ့ Private Mode တွေကိုသုံးပါ။ များသောအားဖြင့် Windows OS မှာ ဆိုရင် Microsoft Edge နဲ့ MacOS မှာဆိုရင် Safari အစရှိတဲ့ Browser တွေဟာ OS တင်လိုက်ပြီဆိုတာနဲ့တခါတည်းပါလာတဲ့ Default Browser တွေပါ။ Private Browsing အနေနဲ့ကတော့ Microsoft Edge မှာဆိုရင် InPrivate Mode ပါပြီး Safari မှာဆိုရင် Safari's Private Browsing ဆိုတာပါပါတယ်။
2. Third Party Browser တွေဖြစ်တဲ့ Google Chrome, Mozilla Firefox အစရှိတဲ့ Browser
တွေမှာလဲ Private Mode အတွက် Function ပါပါတယ်။ ဥပမာ.. Chrome မှာဆိုရင် Incognito mode
ဆိုတာလေးပါပြီး Firefox မှာဆိုရင် Private Browsing ဆိုတာလေး ပါပါတယ်။
3. နောက်ဆုံးတခုအနေနဲ့ကတော့ လုံးဝ Private
သီးသန့် Search လုပ်လို့ရတဲ့ Browser အမျိုးအစားတွေပါ.. DuckDuckGo Browser, Swisscows Browser, InBrowser စတဲ့ Browser တွေက Applications ထဲက ထွက်လိုက်ပြီဆိုတာနဲ့ Search History ကို Auto Delete လုပ်ပေးသွားမှာပဲ ဖြစ်ပါတယ်။
တခုသတိထားရမှာက Private Browsing တွေမှာ
History ကိုမသိမ်းပေးထားတာဖြစ်လို့ ကိုယ်မှတ်ထားချင်တဲ့ Link တွေ အကြောင်းအရာတွေကို မှတ်မထား
ပေးနိုင်တဲ့အတွက် ရှာပြီးသားအကြောင်းအရာတွေကို ပြန်ရှာဖတ်လို့မရနိုင်ပါဘူးနော်...
ကဲ အခုပြောပြပေးသွားတဲ့ သုံးချက်ထဲကမှ ကိုယ်အဆင်ပြေတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ရိုးသားစွာနဲ့ Private Mode On နိုင်ပါစေလို့ ဘီပီက အလင်းပြပေးလိုက်ပါတယ်ရှင် 🤭
Cus တွေအနေနဲ့ ထပ်ပြီးသိချင်တာလေးတွေရှိရင်လဲ comment မှာပဲဖြစ်ဖြစ် chat box မှာပဲဖြစ်ဖြစ်အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့် 😁
BP IT SOLUTIONS
095016269