ITGateway Cloud

ITGateway Cloud Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ITGateway Cloud, Information Technology Company, Yangon.

🎯Customer Success Story with Lin Ya International Co., Ltd.🙏အားလုံးပဲ မင်္ၐလာပါရှင့်🙏💎itGateway Cloud အနေနှင့် Lin Ya In...
21/06/2026

🎯Customer Success Story with Lin Ya International Co., Ltd.
🙏အားလုံးပဲ မင်္ၐလာပါရှင့်🙏
💎itGateway Cloud အနေနှင့် Lin Ya International Co., Ltd. နှင့်အတူ itGateway Cloud ရဲ့ Core Products and Services များဖြစ်သော Elastic Dedicated Machine (Dedicated Cloud Windows and Linux Server) နှင့် Managed Cloud Services တို့အား အသုံးပြုပြီး Lin Ya International ရဲ့ ရုံးချုပ်နှင့် ရုံးခွဲများစွာတို့အား ERP Software and Systems အားအသုံးပြုခြင်း နှင့် ဝယ်ယူရောင်းချခြင်းဆိုရာ ကိစ္စရပ်များအား အလုံးစုံ အဆင်ပြေခြောမွေ့စွာ အစဉ်အမြဲ လုပ်ဆောင်နိုင်စေရန် လက်တွဲခွင့် ရခဲ့တဲ့အတွက် ဝမ်းမြောက်ဝမ်းသာစွာဖြင့် ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။💎

🙏မိမိတို့ itGateway Cloud နှင့်အတူ Enterprise/Customized ERP Software and Solutions များအား ဝန်ဆောင်မှုများစွာ ပေးလျှက်ရှိသော Myanmar Information Technology (MIT Softwrae) အားလည်း Customers များစွာထံမှ ယုံကြည်မှုများရရှိအောင် ကူညီဆောင်ရွက်ပေးပါသောကြောင့်လည်း အထူးကျေးဇူး တင်ရှိပါသည်။🙏

လက်ရှိတွင်တော့ itGateway Cloud အနေဖြင့် ERP Software များနှင့် Business Software and Applications များစွာတို့အား Customers ပေါင်းများစွာရဲ့ Cloud Resources အသုံးပြုမှုများကို အမြဲမပြတ် အဆင်ပြေချောမွေ့အောင် 24x7x365 အနေဖြင့် ဝန်ဆောင်‌မှုပေးလျှက်ရှိပြီး
Windows Servers,
Linux Servers,
Container Services များကို Dedicated Cloud Server အနေဖြင့်သော် လည်းကောင်း၊
Shared Virtual Machine များ အနေဖြင့်သော်လည်းကောင်း
ရယူသုံးစွဲနိုင်မှာပဲ ဖြစ်ပါတယ်ရှင့်။

💎For Our Customers Success Story
https://itgatewaycloud.com/success-story

🤝For Our Partner & Collaboration Lists
https://itgatewaycloud.com/partner-program

☁For Cloud EDM Pricing
https://itgatewaycloud.com/elastic-dedicated-machine

🌏For Our Cloud Global Infrastructure
https://itgatewaycloud.com/global-infrastructure

☎Contact - 09 899227010
📧Email - [email protected]
🛒Website - itgatewaycloud.com

Proxmox Products and Their Featuresဒီနေ့မှာတော့ Virtualization Technology တစ်ခုဖြစ်တဲ့ Proxmox Hypervisor အကြောင်းလေးကို...
20/06/2026

Proxmox Products and Their Features
ဒီနေ့မှာတော့ Virtualization Technology တစ်ခုဖြစ်တဲ့ Proxmox Hypervisor အကြောင်းလေးကို sharing လုပ်ပေးချင်ပါတယ်။

ယခုအချိန် IT Infrastructure လောကမှာ Virtualization Platform တွေဖြစ်တဲ့ VMware ESXi အစား Proxmox ကို အသုံးပြုလာတာတွေ တဖြည်းဖြည်း များလာနေပါပြီ။

အဓိကသုံးလာရတဲ့ အကြောင်းရင်းတွေကတော့👇

✅ Hardware အများစုနဲ့ Compatibility ဖြစ်ခြင်း
✅ Open-source ဖြစ်တဲ့အတွက် License Cost သက်သာခြင်း
✅ Centralized Management Platform ဖြစ်ခြင်းကြောင့် လွယ်ကူစွာ manage လုပ်နိုင်ခြင်း
✅ Enterprise Features: HA, Live Migration, Backup စတဲ့ standard features တွေအပြည့်အစုံပါဝင်ခြင်း

စတဲ့ အကြောင်းအရင်းတွေကြောင့် Proxmox ကို Modern Datacenter တွေမှာ အဓိက Virtualization Platform တစ်ခုအဖြစ် တဖြည်းဖြည်း အသုံးများလာရခြင်းဖြစ်ပါတယ်။
------------
ဆက်လက်ပြီးတော့ Proxmox ရဲ့ အဓိက Components တွေဖြစ်တဲ့👇

Proxmox Virtual Environment (PVE)
Proxmox Backup Server (PBS)
Proxmox Datacenter Manager (PDM)

အစရှိတဲ့ အကြောင်းအရာလေးတွေကို ဆွေးနွေးပေးပါမယ်ခင်ဗျ။
------------
Proxmox Virtual Environment (PVE)
Proxmox VE ဆိုတာ KVM hypervisor နဲ့ Linux Containers (LXC) တို့ကို တစ်နေရာထဲမှာ ပေါင်းစပ်ပေးထားပြီး Virtual Machines (VMs) တွေနဲ့ Containers တွေကို လွယ်ကူစွာ တည်ဆောက်ခြင်း၊ စီမံခန့်ခွဲခြင်းများပြုလုပ်နိုင်ပါတယ်။

ဉပမာ အနေနဲ့ ပြောရရင်တော့ Proxmox VE ကို တိုက်ခန်းအသစ်ဆောက်မယ့် ဆောက်လုပ်ရေး စီမံကိန်း တစ်ခုကို စီမံခန့်ခွဲနေတဲ့ Project Manager တစ်ယောက်လို မြင်ကြည့်ပါ၊ ပထမဆုံး ဆောက်လုပ်ရေးလုပ်ဖို့ မြေကွက်တစ်ကွက် လိုအပ်သလို၊ IT Infrastructure မှာလည်း Physical Server တစ်လုံး လိုအပ်ပါတယ်။

အဲ့ဒီ Server က CPU, RAM, Storage စတဲ့ resource တွေ ပါဝင်တဲ့ မြေကွက်ကြီး တစ်ခုလို ဖြစ်ပါတယ်။ Proxmox VE က အဲဒီမြေကွက်ပေါ်မှာ ဘာဆောက်မယ်၊ ဘယ်လောက်အရွယ် ဆောက်မယ်၊ ဘယ်သူကို ဘယ်လောက်နေရာပေးမယ် ဆိုတာတွေကို စီမံခန့်ခွဲပေးတဲ့ Project Manager တစ်ယောက်လို ဖြစ်ပါတယ်။

သူက Server ရဲ့ CPU, RAM, Storage တွေကို စနစ်တကျ ခွဲဝေပြီး လိုအပ်တဲ့ Virtual Machines (VMs) နဲ့ Containers တွေကို ဖန်တီးပေးပါတယ်။

Project Manager က မြေကွက်ပေါ်မှာ တိုက်ခန်းတွေ ဆောက်သလို၊ Proxmox VE ကလည်း Virtual Machines တွေ ဖန်တီးပေးပါတယ်။

VM တစ်လုံးချင်းစီမှာ ကိုယ်ပိုင် Operating System (Windows, Linux) ရှိပြီး တိုက်ခန်းတစ်ခန်းလို သီးခြားလွတ်လပ်စွာ အလုပ်လုပ်နိုင်ပါတယ်။

ဒီ Physical Server တစ်လုံးပေါ်မှာ Server အများအပြားကို တစ်ပြိုင်နက်တည်း Run နိုင်ပြီး Resource များကို ထိရောက်စွာ အသုံးပြုနိုင်တာကြောင့် Proxmox VE ဟာ Datacenter နှင့် Enterprise Infrastructure တွေမှာ Virtualization Platform အဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြတဲ့ Open-Source Solution တစ်ခု ဖြစ်ပါတယ်။)

Proxmox Virtual Environment (PVE) ရဲ့ အဓိက Features တွေကတော့👇
KVM (Kernel-based Virtual Machine)
LXC (Linux Containers)
Web-based Management Interface
High Availability (HA) Cluster
Live Migration
စတာတွေပဲဖြစ်ပါတယ်။
----------
🔹KVM (Kernel-based Virtual Machine) KVM ဆိုတာကတော့ Full Virtualization Technology အမျိုးအစားဖြစ်ပြီး Windows, Linux စတဲ့ Operating System တွေကို သီးသန့် Virtual Machine (VM) အဖြစ် Efficiently Run နိုင်သော Hypervisor Technology ဖြစ်ပါတယ်။

Physical Server Resource များကို Virtual Machine များအတွက် ခွဲဝေအသုံးပြုပေးနိုင်ပြီး Enterprise-level Performance နှင့် Stability ကို Support ပြုလုပ်ပေးပါတယ်။

KVM Virtualization ကို အသုံးပြုခြင်းအားဖြင့် Production Server, Database Server, Application Server နှင့် Enterprise Infrastructure များကို Secure နှင့် Reliable ပုံစံဖြင့် တည်ဆောက်နိုင်ပါတယ်။

🔹LXC (Linux Containers) LXC ဆိုတာ OS တစ်ခုလုံးကို Install ပြုလုပ်စရာမလိုဘဲ လိုအပ်သော Application နှင့် Service များကိုသာ Lightweight ပုံစံ Run နိုင်သော Container Technology ဖြစ်ပါတယ်၊ RAM နှင့် CPU Resource အသုံးပြုမှု နည်းပါးသောကြောင့် Performance ကောင်းမွန်ပြီး Resource Efficiency မြင့်မားပါတယ်။

LXC Containers များဟာ Fast Deployment, Easy Management နှင့် Scalable Infrastructure တည်ဆောက်ရာတွင် အထူးသင့်တော်သော Solution တစ်ခုဖြစ်ပါတယ်။

🔹Web-based Management Interface: Proxmox ကို အသုံးပြုရာတွင် သီးသန့် Software (Client Application) ထပ်မံ Install ပြုလုပ်စရာမလိုဘဲ Web Browser (Chrome, Firefox, etc.,) မှတစ်ဆင့် အသုံးပြုရလွယ်ကူသော GUI Dashboard ဖြင့် Server Infrastructure များကို စီမံခန့်ခွဲနိုင်ပါတယ်။

Virtual Machine, Container, Storage, Network နှင့် Cluster Management များကို Centralized Platform တစ်ခုထဲမှ လွယ်ကူစွာ Monitor နှင့် Manage ပြုလုပ်နိုင်သောကြောင့် IT Operations များကို ပိုမို Efficient ဖြစ်စေပါတယ်။

🔹High Availability (HA) Cluster: HA ဆိုတာကတော့ ရုံးသုံး Server တစ်လုံး ပျက်သွားသည့်အခါ လုပ်ငန်းများ မရပ်ဆိုင်းစေရန် ကာကွယ်ပေးသော စနစ်တစ်ခု ဖြစ်ပါတယ်။

Proxmox မှာ Server Node အနည်းဆုံး ၃ လုံးဖြင့် Cluster တည်ဆောက်ထားရပါမယ် Server တစ်လုံး Hardware Error ဖြစ်ပြီး Down သွားသည့်အခါ ၎င်း Server ပေါ်တွင် Run နေသော Virtual Machines (VMs) များကို ကျန်ရှိသော Server များပေါ်သို့ မိနစ်ပိုင်းအတွင်း အလိုအလျောက် ပြောင်းရွှေ့ (Failover) ပြုလုပ်ပြီး ပြန်လည် Run ပေးနိုင်ပါတယ်။

ဒီ HA system ကြောင့် Service Downtime ကို လျှော့ချနိုင်ပြီး Business Continuity ကို အထောက်အကူဖြစ်စေပါတယ်။

🔹Live Migration: Server များကို Downtime ယူစရာမလိုဘဲ Running State အတိုင်း Virtual Machine (VM) တစ်ခုကို Physical Server တစ်လုံးမှ အခြားတစ်လုံးသို့ Network မှတစ်ဆင့် အလွယ်တကူ ရွှေ့ပြောင်းနိုင်သော Feature ဖြစ်ပါတယ်။

VM များဟာ Service မပြတ်ဘဲ ဆက်လက် Run နေပြီး User များအတွက် မည်သည့်အနှောင့်အယှက်မှ မဖြစ်စေပါ။

ဒီ Feature ကို Server Hardware Maintenance လုပ်ချိန်၊ Load Balancing ပြုလုပ်ချိန်နှင့် Infrastructure Optimization လုပ်ရာတွင် အထူးအသုံးဝင်ပါတယ်။
------------
Proxmox Backup Server (PBS)
Proxmox Backup Server ဆိုတာ Virtual Machines (VMs), Containers နှင့် Physical Hosts များကို လုံခြုံစိတ်ချစွာ Backup လုပ်ရန်အတွက် သီးသန့်ထုတ်လုပ်ထားသော Enterprise Backup Solution တစ်ခု ဖြစ်ပါတယ်။

Network အတွင်းရှိ အရေးကြီး Data များကို Efficient, Secure နဲ့ Reliable ပုံစံဖြင့် သိမ်းဆည်းပေးနိုင်ပြီး Disaster Recovery အတွက် အထူးသင့်တော်ပါတယ်။

PBS ရဲ့ အဓိက Features တွေကတော့👇

Deduplication
Incremental Backups
Client-Side Encryption
Ransomware Protection
စတာတွေဖြစ်ပါတယ်။

🛡️ Deduplication: တူညီသော Data များကို အလိုအလျောက် ဖယ်ရှားပြီး တစ်ကြိမ်သာ သိမ်းဆည်း ပေးသောကြောင့် Storage အသုံးပြုမှုကို အများကြီး လျှော့ချနိုင်ပြီး Disk Space ကို ထိရောက်စွာချွေ တာနိုင်ပါတယ်။

🛡️ Incremental Backups: ပထမဆုံးအကြိမ်တွင် Data ကို Full Backup ယူပြီး နောက်ပိုင်းတွင် ပြောင်းလဲသွားသော Data အသစ်များကိုသာ အမြန်ဆုံး Backup ယူပေးပါတယ်။

🛡️ Client-Side Encryption: Backup မသိမ်းဆည်းမီ Client ဘက်တွင် AES-256 ဖြင့် အရင်ဆုံး Encryption ပြုလုပ်ပေးသောကြောင့် Data များ ပေါက်ကြားမှုအန္တရာယ်ကို လုံးဝ စိတ်ပူစရာမလိုဘဲ လုံခြုံစိတ်ချစွာ သိမ်းဆည်းနိုင်ပါတယ်။

🛡️ Ransomware Protection: Single file restores နှင့် Verify tasks များ ပါဝင်သောကြောင့် Backup File များ ပျက်စီးခြင်းနှင့် Ransomware Attack များမှ ကာကွယ်ပေးနိုင်ပါတယ်။
--------------
Proxmox Datacenter Manager (PDM)
Proxmox Datacenter Manager ဟာ Proxmox ၏ ထုတ်ကုန်အသစ် (Stable Version 1.0) ဖြစ်ပြီး ကွဲပြားနေသော Proxmox VE Clusters များနှင့် PBS (Proxmox Backup Server) instances များကို တစ်နေရာထဲမှ (Central Control Point / Central Dashboard) ဖြင့် စုစည်းထိန်းချုပ်နိုင်သော Management System ဖြစ်ပါတယ်။

VMware vCenter ကဲ့သို့ပင် Datacenter Infrastructure တစ်ခုလုံးကို Centralized အနေဖြင့် Monitor, Manage နဲ့ Control ပြုလုပ်နိုင်ရန် ဒီဇိုင်းထုတ်ထားသော Solution ဖြစ်ပါတယ်။

PDM ရဲ့ အဓိက Features များကတော့

Central Cockpit
Cross-Cluster Live Migration
Enterprise Authentication
Centralized SDN & Updates အစရှိတာတွေဖြစ်ပါတယ်။

🌐 Central Cockpit: မတူညီသော ရုံးခွဲများ သို့မဟုတ် Data Center များတွင်ရှိသော Clusters အားလုံး၏ Resource (CPU / RAM / Storage) အသုံးပြုမှုများကို တစ်နေရာတည်းမှ ကြည့်ရှုစစ်ဆေးနိုင်ပါတယ်။

🌐 Cross-Cluster Live Migration: ကွဲပြားပြီး သီးသန့် (independent) ဖြစ်သော Clusters များအကြား Virtual Machines (VMs) များကို System မပိတ်ဘဲ၊ Downtime မရှိဘဲ တိုက်ရိုက် Live Migration ပြုလုပ်၍ ရွှေ့ပြောင်းနိုင်ပါတယ်။

🌐 Enterprise Authentication: LDAP, Active Directory နှင့် OpenID Connect (SSO) တို့နှင့် ချိတ်ဆက်အသုံးပြုနိုင်သောကြောင့် User Authentication နှင့် Permission Management များကို လွယ်ကူစွာ ထိန်းချုပ်စီမံနိုင်ပါတယ်။

🌐 Centralized SDN & Updates: Network Overlay (EVPN) များကို တစ်နေရာတည်းမှ ဒီဇိုင်းဆွဲ၍ စီမံခန့်ခွဲနိုင်သည့်အပြင် Cluster အတွင်းရှိ Nodes အားလုံး၏ OS Updates များကိုလည်း ဗဟိုထိန်းချုပ်မှုစနစ်မှတစ်ဆင့် စီမံနိုင်ပါတယ်။
------------
📌 Conclusion / အနှစ်ချုပ်
အနှစ်ချုပ်အနေနဲ့ ပြောရရင်တော့ Proxmox Ecosystem ဆိုတာ ရိုးရှင်းစွာ စီမံခန့်ခွဲနိုင်ပြီး စွမ်းဆောင်ရည်မြင့်မားသော Open-source Platform တစ်ခုဖြစ်ပါတယ်။

ဒါအပြင် Proprietary License များကြောင့် Platform တစ်ခုတည်းအပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေများကို လျှော့ချပေးနိုင်ပြီး၊ Organization များအတွက် လွတ်လပ်စွာ ပြောင်းလွယ်ပြင်လွယ်ရှိမှုနှင့် ကုန်ကျစရိတ်သက်သာမှုတို့ကို ပေးစွမ်းနိုင်ပါတယ်။

ယနေ့ခေတ် IT Infrastructure များတွင် Proxmox ကို ယုံကြည်စိတ်ချရပြီး အသုံးပြုမှု ပိုမိုများပြားလာသော Open-source Virtualization Solution တစ်ခုအဖြစ် ရပ်တည်လာနေပါပြီ။

လူကြီးမင်းများအနေဖြင့် Proxmox နဲ့ပတ်သက်၍ ပိုမိုသိရှိလိုသော အကြောင်းအရာများ၊ အကြံဉာဏ်များ ဒါမှမဟုတ် Technical Support များလိုအပ်ပါက itGateway Technology Group ၏ Facebook, TikTok နှင့် Website တို့မှတစ်ဆင့် အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ် ခင်ဗျာ။
------------
👨‍💻Lin Ko Ko
☁ Junior System Engineer

🌏itgatewaycloud.com
📧[email protected]
☎09 899227010

🎯Customer Success Story with Myanmar Kaido🙏အားလုံးပဲ မင်္ၐလာပါရှင့်🙏💎နောက်ထပ် သတင်းကောင်းလေးအနေနှင့် Myanmar Kaido Co., ...
14/06/2026

🎯Customer Success Story with Myanmar Kaido
🙏အားလုံးပဲ မင်္ၐလာပါရှင့်🙏
💎နောက်ထပ် သတင်းကောင်းလေးအနေနှင့် Myanmar Kaido Co., Ltd. နှင့်အတူ itGateway Cloud ရဲ့ Core Products and Services များဖြစ်သော Elastic Dedicated Machine (Dedicated Cloud Windows and Linux Server) နှင့် Managed Cloud Services တို့အား အသုံးပြုပြီး Myanmar Kaido ရဲ့ ရုံးချုပ်နှင့် ရုံးခွဲများစွာတို့အား ERP Software and Systems အားအသုံးပြုခြင်း နှင့် ဝယ်ယူရောင်းချခြင်းဆိုရာ ကိစ္စရပ်များအား အလုံးစုံ အဆင်ပြေခြောမွေ့စွာ အစဉ်အမြဲ လုပ်ဆောင်နိုင်စေရန် လက်တွဲခွင့် ရခဲ့တဲ့အတွက် ဝမ်းမြောက်ဝမ်းသာစွာဖြင့် ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။💎

🙏မိမိတို့ itGateway Cloud နှင့်အတူ Enterprise/Customized ERP Software and Solutions များအား ဝန်ဆောင်မှုများစွာ ပေးလျှက်ရှိသော Myanmar Information Technology (MIT Softwrae) အားလည်း Customers များစွာထံမှ ယုံကြည်မှုများရရှိအောင် ကူညီဆောင်ရွက်ပေးပါသောကြောင့်လည်း အထူးကျေးဇူး တင်ရှိပါသည်။🙏

လက်ရှိတွင်တော့ itGateway Cloud အနေဖြင့် ERP Software များနှင့် Business Software and Applications များစွာတို့အား Customers ပေါင်းများစွာရဲ့ Cloud Resources အသုံးပြုမှုများကို အမြဲမပြတ် အဆင်ပြေချောမွေ့အောင် 24x7x365 အနေဖြင့် ဝန်ဆောင်‌မှုပေးလျှက်ရှိပြီး
Windows Servers,
Linux Servers,
Container Services များကို Dedicated Cloud Server အနေဖြင့်သော် လည်းကောင်း၊
Shared Virtual Machine များ အနေဖြင့်သော်လည်းကောင်း
ရယူသုံးစွဲနိုင်မှာပဲ ဖြစ်ပါတယ်ရှင့်။

💎For Our Customers Success Story
https://itgatewaycloud.com/success-story

🤝For Our Partner & Collaboration Lists
https://itgatewaycloud.com/partner-program

☁For Cloud EDM Pricing
https://itgatewaycloud.com/elastic-dedicated-machine

🌏For Our Cloud Global Infrastructure
https://itgatewaycloud.com/global-infrastructure

☎Contact - 09 899227010
📧Email - [email protected]
🛒Website - itgatewaycloud.com

📝Customer Success Story with Cover Myanmar🙏အားလုံးပဲ မင်္ၐလာပါရှင့် 🙏itGateway Cloud ရဲ့ Core Products and Services များ...
07/06/2026

📝Customer Success Story with Cover Myanmar
🙏အားလုံးပဲ မင်္ၐလာပါရှင့် 🙏
itGateway Cloud ရဲ့ Core Products and Services များဖြစ်သော Elastic Dedicated Machine (Cloud Dedicated Linux Server) နှင့် Managed Cloud Services တို့အား အသုံးပြုပြီး Cover Myanmar ရဲ့ ရုံးချုပ်နှင့် ဆိုင်ခွဲများစွာတို့အား ERP Software and Systems အားအသုံးပြုခြင်း နှင့် ဝယ်ယူရောင်းချခြင်းဆိုရာ ကိစ္စရပ်များအား အလုံးစုံ အဆင်ပြေခြောမွေ့စွာ အစဉ်အမြဲ လုပ်ဆောင်နိုင်စေရန် လက်တွဲခွင့် ရခဲ့တဲ့အတွက် ဝမ်းမြောက်ဝမ်းသာစွာဖြင့် ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။ ��

မိမိတို့ itGateway Cloud နှင့်အတူ Odoo ERP Software and Solutions များအား ဝန်ဆောင်မှုများစွာ ပေးလျှက်ရှိသော Asia Matrix Company အားလည်း Customers များစွာထံမှ ယုံကြည်မှုများရရှိအောင် ကူညီဆောင်ရွက်ပေးပါသောကြောင့်လည်း အထူးကျေးဇူး တင်ရှိပါသည်။

လက်ရှိတွင်တော့ itGateway Cloud အနေဖြင့် ERP Software များနှင့် Business Software and Applications များစွာတို့အား Customers ပေါင်းများစွာရဲ့ Cloud Resources အသုံးပြုမှုများကို အမြဲမပြတ် အဆင်ပြေချောမွေ့အောင် 24x7x365 အနေဖြင့် ဝန်ဆောင်‌မှုပေးလျှက်ရှိပြီး
Windows Servers,
Linux Servers,
Container Services များကို Dedicated Cloud Server အနေဖြင့်သော် လည်းကောင်း၊
Shared Virtual Machine များ အနေဖြင့်သော်လည်းကောင်း
ရယူသုံးစွဲနိုင်မှာပဲ ဖြစ်ပါတယ်ရှင့်။

💎For Our Customers Success Story�
https://itgatewaycloud.com/success-story

🤝For Our Partner & Collaboration Lists
https://itgatewaycloud.com/partner-program

☁For Cloud EDM Pricing
https://itgatewaycloud.com/elastic-dedicated-machine

🌏For Our Cloud Global Infrastructure
https://itgatewaycloud.com/global-infrastructure

☎️Contact - 09 899227010
📧Email - [email protected]
🛒Website - itgatewaycloud.com

Useful Virtualization Platformsအားလုံးပဲ မင်္ဂလာပါဗျ။ Server, Network and Storage Virtualization အပိုင်းတွေမှာဆိုရင် လက်...
24/03/2026

Useful Virtualization Platforms
အားလုံးပဲ မင်္ဂလာပါဗျ။

Server, Network and Storage Virtualization အပိုင်းတွေမှာဆိုရင် လက်ရှိ Cloud Computing တွေခေတ်စားလာတဲ့ အချိန်မှာ ပိုလို့တောင် အရေးပါလာပါသေးတယ်။

အရင်တုန်းကတော့ VMware Products တွေကိုသာ အားထားအသုံးပြုနေကြရာကနေ လက်ရှိအချိန်မှာတော့ အခြား Vendor and Products များစွာလည်း စျေးကွက်ထဲမှာ နေရာယူလာကြပြီပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် လက်ရှိအချိန်မှာ အသုံးများလာကြပြီး တကယ်လည်း အသုံးဝင်တဲ့ Virtualization Platform တွေကို ဖော်ပြပေးလိုက်ပါတယ်။

-> Proxmox VE VMware vSphere Citrix XenServer Linux KVM Nutanix AHV

Hello Guys! Welcome back!!! 🚀 ကျွန်တော် ဒီနေ့ Sharing လုပ်ပေးမယ့် Topic လေးက‌တော့ Azure App Services အကြောင်းပဲ ဖြစ်ပါတယ...
18/03/2026

Hello Guys! Welcome back!!!
🚀 ကျွန်တော် ဒီနေ့ Sharing လုပ်ပေးမယ့် Topic လေးက‌တော့ Azure App Services အကြောင်းပဲ ဖြစ်ပါတယ်။ AWS မှာဆိုရင်တော့ Serverless Computing ဖြစ်တဲ့ LightSail ‌တို့ Lambda တို့နဲ့ သွားဆင်ပါမယ်။

🔑 Azure App Service ဆိုတာကတော့ web app, rest api apps, mobile apps တွေကို host လုပ်ပြီး Fully Manage လုပ်နိုင်တဲ့ PaaS Service တစ်ခုပဲဖြစ်ပါတယ်။

Multiple Languages နှင့် Frameworks တွေကိုလည်း Support ပေးပါတယ်။ သူ့ကိုသုံးမယ်ဆိုရင်တော့ Developer တွေအနေနဲ့ infra ကို Manage လုပ်စရာမလိုဘဲ ကိုယ့်အသုံးပြုမယ့် Serivces တွေကိုပဲ Focus ထားပြီး Control လုပ်နိုင်မှာဖြစ်ပါတယ်။

OS အနေနဲ့ကတော့ Windows, Linux နှစ်ခုလုံး Support ‌‌ပေးပါတယ်။

Code တွေကို Deploy လုပ်မယ်ဆိုရင်တော့ သက်ဆိုင်ရာ Run time environment တွေကိုရွေးပေးရပါမယ်။

တခြားသော containerization တွေ Docker တွေကိုလည်း Support ပေးပါသေးတယ်။

🔑 ပထမဆုံး App Services တွေကို မသုံးခင် App Service Plan ကို အရင် Create လုပ်ထားရပါမယ်။ App Service Plan ‌ဆိုတာကတော့ ကျွန်တော်တို့ အသုံးပြုမယ့် App Services တွေရဲ့ Compute Resources တွေပေါ်မူတည်ပြီး infra တစ်ခုဝယ်လိုက်တဲ့ သဘောပါပဲ။

ဒါပေမယ့် infra ကိုတော့ Azure ကပဲ manage လုပ်မှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့လိုအပ်တဲ့ Compute resourcesတွေရွေးလိုက်ရုံပါပဲ။

ASP တစ်ခုမှာ Application တစ်ခုထက်ပိုပြီး Run နိုင်ပါတယ်။ ဒါပေမယ့် Resources တွေကတော့ ပိုလိုအပ်မှာပဲဖြစ်ပါတယ်။

📌 ASP တစ်ခုကို create လုပ်တော့မယ်ဆိုရင် Performance, Pricing နဲ့ ရနိုင်မယ့် Features တွေကို ကြိုသိထားဖို့လိုပါတယ်။

Performance ကတော့ ကိုယ့်သုံးမယ့် App Service ရဲ့ Workload ကိုအဆင်ပြေပြေ Run နိုင်မယ့် Compute Resources တွေကို သိရပါမယ်။ နောက်တစ်ခုကတော့ Pricing Tier ပေါ့ ။

Pricing မှာ လည်း Free, Shared ,Basic , Standard, Premium နဲ့ Isolated ဆိုပြီးတော့ Plans တွေရှိပါတယ်။

Pricing Plan တွေပေါ်မူတည်ပြီး ရနိုင်မယ့် Features တွေဖြစ်တဲ့ Deployment Slots တွေ Disk Space တွေ Run နိုင်မယ့် app အရေအတွက်တွေကတော့ တူမှာမဟုတ်ပါဘူး။ ဈေးကြီးလေ Features တွေပိုစုံလေပါပဲ။

🔑 GitHub တို့လို version control system မှာရှိတဲ့ code တွေကိုလည်း Production အထိ deploy လုပ်နိုင်မယ့် CI/CD feature တွေလည်း ASP တွေမှာ support ပေးပြီးသားဖြစ်ပါတယ်။

Developer တွေအနေနဲ့ ‌‌Development Slot မှာ Staging Slot တွေ Create လုပ်ပြီး App Services တွေကို Testing Run လို့ရပါတယ်။ Staging environment မှာအဆင်ပြေသွားရင် Production နဲ့ Swap လုပ်ပြီး သုံးလို့ရပါတယ်။

တကယ်လို့ Code တွေ Conflict ဖြစ်သွားရင်လည်း Staging Slot ကို Restore ပြန်ခေါပြီးး run နိုင်ပါတယ်။

Staging Slots တွေကို Clone လုပ်ထားခြင်းအားဖြင့် Backup အတွက်လည်းအဆင်ပြေပါတယ်။ ဒါပေမယ့် Storage Account တစ်ခုတော့ Create လုပ်ထားဖို့လိုအပ်ပါတယ်။

တစ်ခုရှိတာက source code တွေကိုပဲ backup လုပ်ထားလို့ရပါမယ်။ Domain တို့ SSL configuration တို့ကိုတော့ Clone လုပ်ထားလို့ရမှာမဟုတ်ပါဘူး။

🔑 App Service Plans တွေမှာ user requests များလာရင်လည်း web apps တွေကို down မသွားစေဖို့ Scaling Features တွေသုံးပြီး Rules တွေရေးထားလို့ရပါတယ်။

အဓိကအနေနဲ့ကတော့ Scale Up နှင့် Scale Out ကိုသုံးပါတယ်။ Scale Up ကတော့ ASP တစ်ခုလုံးကို Change လိုက်တာဖြစ်တဲ့အတွက် Compute Resources တွေပါ Change သွားမှာဖြစ်ပါတယ်။

Scale Out ကတော့ Instance အရေအတွက်ကိုတိုးလိုက်တာပဲဖြစ်ပါတယ်။ Scaling ကိုလည်း manual တိုးလို့ရသလို Auto လည်းထားလို့ရပါတယ်။

📌 Auto Scaling နဲ့ ပတ်သက်ပြီး ဒီ Post မှာလေ့လာနိုင်ပါတယ်ခဗျာ။
https://m.facebook.com/story.php?story_fbid=616260070719441&id=100070063603891&mibextid=Nif5oz

🔑 ကျွန်တော်တို့ အနေနဲ့ App Service တစ်ခုကို create လုပ်တော့မယ်ဆိုရင် Subscription တွေ Resource Group တွေအရင်ရွေးပြီးတော့ Unique Name တစ်ခုပေးရပါမယ်။

Domain အနေနဲ့လည်း Azure က Public Domain တစ်ခုဖြစ်တဲ့ (.azurewebsite.net) ကို Default အနေနဲ့ ပေးထားပြီးသားပါ။

ဒီ Name နဲ့ မဟုတ်ဘဲ Custom Domainတွေချိတ်သုံးလို့ရသလို CNAME နဲ့ map လုပ်ပြီးလည်း သုံးလို့ရပါသေးတယ်။ Publish မှာလည်း Code လား❓ Docker Container လား❓ Static Web App လား❓ ကိုယ့်သုံးချင်တာရွေးသုံးလို့ရပါတယ်။

Operation System မှာဆိုရင်လည်း Windows , Linux ကြိုက်တာရွေးလို့ရပါတယ်။ တစ်ခုရှိတာက App Service Plan မှာ Windows ပဲရွေးထားတယ်ဆိုရင်‌‌တော့ Windows ကိုပဲ Run လို့ရမှာဖြစ်ပါတယ်။

Region အနေနဲ့လည််း Latency နည်းအောင် ကိုယ်နဲ့ အနီးဆုံး Region မှာပဲ ထားသင့်ပါတယ်။ ဒါဆိုရင်တော့ Azure App service ‌နဲ့ပတ်သက်ပြီး Basic လောက်တော့ သိသွားကြမယ်လို့ထင်ပါတယ်။

🚀 ကျွန်တော်အခု Sharing လုပ်ပေးခဲ့တာတွေကတော့ Azure App Service နဲ့ပတ်သက်ပြီး General အနေနဲ့ သိထားသင့်တာတွေပဲဖြစ်ပါတယ်ခင်ဗျ။

အဆုံးထိဖတ်ရှုပေးတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ အမှားလေးတွေပါခဲ့ရင်လည်း ဝေဖန်ထောက်ပြပြီး ခွင့်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်။
------------------------------
🙏 အားလုံးကိုကျေးဇူးတင်စွာဖြင့် 🙏
✍️ ️Shan Lin Maung (Junior System Engineer)
🏘 itGateway Technology Group
------------------------------

💎Authentication, Authorization, Accounting💎ဒီ post လေးမှာတော့ 👉AAA ( Authentication, Authorization, Accounting )👈 အကြောင...
11/03/2026

💎Authentication, Authorization, Accounting💎
ဒီ post လေးမှာတော့ 👉AAA ( Authentication, Authorization, Accounting )👈 အကြောင်း လေးကို ကျွန်တော် လေ့လာမိသလောက် အကျဉ်းချုံးလေး မျှဝေ ပေးချင်ပါတယ်။

✅AAA or Triple A ဆိုတာ ကတော့ Network Security and Management တွေအတွက် အသုံးများတဲ့ Framework တစ်ခုပဲ ဖြစ်ပါတယ်။

✅AAA Server ကိုတော့ ISP, SMB တွေနဲ့ Enterprise တွေမှာ အများဆုံး အသုံးပြုကြပါတယ်။
--------------------
🔐Authentication🔐
✔“Authentication” ဆိုတာကတော့ ဥပမာအနေနဲ့ User တစ်ယောက်က wireless access ရဖို့အတွက် Wi-Fi ချိတ်ဆက်ရာမှာ authenticate ဖြစ်ဖို့အတွက် မှန်ကန်တဲ့ Pre-shared Key (သို့မဟုတ်) Username and Password ထည့်ပေးရခြင်းမျိုးကို ဆိုလိုပါတယ်။

✔ထိုနည်းတူပဲ network devices တွေဖြစ်တဲ့ router, switch နဲ့ firewall တွေကို Telnet, SSH အစရှိတဲ့ protocol တစ်ခုခုသုံးပြီး ချိတ်ဆက်ရာမှာလဲ authenticate ဖြစ်ဖို့အတွက် မှန်ကန်တဲ့ username and password ထည့်ပေးရမှာ ဖြစ်ပါတယ်။
------------------
🔐Authorization🔐
✔“Authorization” ဆိုတာကတော့ user တစ်ယောက်က File Server login ဝင်ဖို့အတွက် username and password ကို pass ဖြစ်ပြီး authenticate ဖြစ်လာတဲ့အခါ authorized ဆိုတဲ့ လုပ်ပိုင်ခွင့် တစ်ခုကို ရရှိမှာ ဖြစ်ပါတယ်။

✔Authorized ဖြစ်တဲ့နေရာမှာလဲ ကိုယ်ပေးချင်တဲ့ user အတွက် authorization level တွေ သတ်မှတ် ပေးထားပြီး ဘယ် user ကတော့ ဘယ် file ကိုတော့ access လုပ်ခွင့်ရှိမယ်၊ ဘယ် file ကိုတော့ access မရဘူး ဆိုတာတွေကို သတ်မှတ် ပေးထားတာမျိူး ဖြစ်ပါတယ်။

📌Authentication pass မဖြစ်ရင်တော့ authorization အနေနဲ့ ဘာလုပ်ပိုင်ခွင့်မျိုးကိုမှ မရ ရှိနိုင်ပါဘူး။📌
--------------------
🔐Accounting🔐
✔“Accounting” ဆိုတာကတော့ authorized user တစ်ယောက်က ဘယ်အချိန်က စပြီး log in ဖြစ်လဲ ဘယ်အချိန်မှာတော့ log out လုပ်သွားလဲ၊ ဘယ် resource တွေကိုတော့ အသုံးပြုသွားလဲဆိုတာ တွေကို configuration အပေါ်မူတည်ပြီး မှတ်ပေးထားတာ ဖြစ်ပါတယ်။

✔Accounting အနေနဲ့ user တစ်ယောက်က ဘယ် username ကိုသုံးပြီး login ဝင်ရာမှာ failed ဖြစ်သွားတယ်၊ ဘယ်နှစ်ကြိမ် failed ဖြစ်သွားတယ်၊ အကယ်၍ passed ဖြစ်သွားခဲ့ရင်လဲ ဘယ်အချိန်မှာ passed ဖြစ်သွားတယ် ဆိုတာကို login accounting အနေနဲ့ ဘယ်နေ့၊ ဘယ်အချိန်မှာ ဘယ် user ကတော့ login failed ဖြစ်သွားတယ် ၊ login passed ဖြစ်သွားတယ် ဆိုတာတွေကို မှတ်ပေးထားပါတယ်။

✔အကယ်၍ command accounting အသုံးပြုထားမယ်ဆိုရင် ဘယ် user က network device တွေဖြစ်တဲ့ router, switch တွေ firewall တွေမှာ ဘယ် command တွေကို အသုံးပြုသွားလဲ ဆိုတာတွေကအစ AAA Server ထဲကို log တွေ လှမ်းပို့ပေးပါတယ်။

✔Traffic accounting အနေနဲ့ 🌐ISP (Internet Service Provider)🌐 တွေမှာ ဘယ် user က traffic bandwidth ဘယ်လောက်ကို ဘယ်နေ့ ၊ ဘယ်အချိန်မှာ resource ဘယ်လောက် အသုံးပြု သွားလဲဆိုတာတွေကို Billing issue တွေအတွက် အသုံးပြုကြပါတယ်။

✅Network Device တွေဖြစ်တဲ့ router, switches, firewall တွေကို access လုပ်တဲ့ အခါ authentication အတွက် line console password, enable password တွေ အသုံးပြုကြပါတယ်။

✅Device တွေအထဲမှာ username တွေထည့်ပြီး privilege level တွေခွဲပြီး authorization အတွက် အသုံးပြုကြပါတယ်။

✅Accounting အတွက် ဘယ်သူတေကဝင်သွားတယ်ဆိုတာကို မှတ်ပေးထား ပါတယ်။ အခုလိုပုံစံဟာ SOHO Network တွေအတွက်အဆင်ပြေပေမယ့် Large scale network တွေလို router, switch, firewall တွေ အရေအတွက်များလာတဲ့အခါ အဆင်မပြေနိုင်တော့ပါဘူး။

✅အကယ်၍ router , switch အလုံး ၃၀, ၅၀ လောက်ရှိတဲ့အခါမျိုးမှာ login password ပြင်ချင်တယ် ဆိုပါစို့။ router တွေ switch တွေကို တစ်လုံးချင်းစီ လိုက်ပြင်ပေးရမှာ ဖြစ်ပါတယ်။

✅အခုလိုအခြေနေ မှာဆိုရင် Centralized management အဖြစ် 🗝“AAA or Triple A Server”🗝 ကို Organization တွေမှာ အသုံးပြု လာကြပါတယ်။ အဲဒီ Server ထဲမှာ device list, user list, authorized level တွေ ထည့်ထားပြီး အဲဒီ Device တွေကနေ Server ကို
လှမ်းချိတ်ဆက်ထား ရပါမယ်။

💎ဥပမာ end user တစ်ယောက် က router ( သို့မဟုတ် ) switch တစ်လုံးကို access လုပ်တဲ့အခါမှာ ထို router, Switch ဟာ AAA Client အနေနဲ့ Centralized AAA Server (or) Triple A Server ဆီကို လှမ်းပြီး အကြောင်းကြား ရပါတယ်။

💎အဲ့ဒီအခါမှ AAA Server က သူ့ရဲ့ Database ထဲမှာ ရှိတဲ့ user list ကိုကြည့်ပြီး ဘယ် user ကတော့ authenticate ဖြစ်တယ်, authorized level ဘယ်လောက်ရမယ်ဆိုတာတေကို AAA Client ဖြစ်တဲ့ router. switch တွေဆီကို ပြန်ပို့ပေးပါတယ်။️

💎ထိုအခါမှ end user တွေအနေနဲ့ access ရပြီး အသုံးပြုလို့ရမှာ ဖြစ်ပါ တယ်။ အဲ့လိုလှမ်းချိတ်တဲ့ အခါ AAA Client နဲ့ AAA Server ကြားမှာ အသုံး များတဲ့ protocol ၂ ခုကို ဖော်ပြ ပေးသွားပါမယ်။

အဲဒီ protocol ၂ ခုကတော့
🅰TACACS+ (Terminal Access Controller Access-Control System Plus) နဲ့
🅱RADIUS (Remote Authentication Dial-In User Service) တို့ပဲ ဖြစ်ပါတယ်။
-----------------------
🅰“TACACS+”
✅“TACACS+” ကိုတော့ cisco ကနေ defined လုပ်ခဲ့ပြီးတော့ Network devices management တွေ️ အတွက်အသုံးများကြပါတယ်။

▶Client နဲ့ Server ကြား transport လုပ်ဖို့ လိုအပ်တဲ့ traffic တွေကို သယ်ဆောင်တဲ့အခါ မှာ TCP ကို အသုံးပြုပါတယ်။

▶အဲ့လို traffic တွေသယ်တဲ့အခါမှာ TCP ရဲ့ port number 49 တစ်ခုပဲသုံးပြီး authentication, authorization, accounting အတွက် လိုအပ်တဲ့data တွေအကုန် ပေါင်းပြီး ပို့ဆောင် ပေးပါတယ်။
▶Data တွေ ပို့ဆောင်တဲ့အခါမှာလည်း ပါဝင်တဲ့ password တွေကိုရော traffic တစ်ခုလုံးကိုပါ encrypt လုပ်ပြီး ပို့ဆောင်ပေးနိုင်ပါတယ်။

▶Network devices management တွေအတွက် TACACS+ ကို အသုံးပြုတဲ့ အခါ Command Accounting အတွက် ဘယ် command တွေကိုတော့ ရိုက်ခွင့်ပေးမယ်, မပေးဘူးဆိုတာ မျိုးတွေကိုပါ support ပေးပါတယ်။
-------------------
🅱“RADIUS”
✅“RADIUS” ကိုတော့ IETF (Internet Engineering Task Force) ကနေ defined လုပ်ခဲ့ပြီးတော့ RFC 2865 အဖြစ် open standard အနေနဲ့ အသုံးပြုနိုင်ပါတယ်။

✅RADIUS ကိုတော့ user authentication တွေဖြစ်တဲ့ wireless access ချိတ်ဆက်မှုတွေ, VPN ချိတ်ဆက်မှုတွေ, ISP တွေမှာ user တွေအများ ကြီးကို သူတို့ရဲ့ user identification, traffic control, billing accounting တွေအတွက် ပိုပြီး အသုံးများကြပါတယ်။

▶Client နဲ့ Server ကြား transport လုပ်ဖို့ လိုအပ်တဲ့ traffic တွေကို သယ်ဆောင်တဲ့ အခါမှာ UDP ကို အသုံးပြုပါတယ်။

▶အဲ့လို traffic တွေသယ်တဲ့အခါမှာ UDP ရဲ့ port number 1645 or 1812 ကို သုံးပြီး
ပို့ဆောင်ပေးပါတယ်။

▶အဲ့ဒီလိုပို့ဆောင်တဲ့နေရာမှာ RADIUS protocol က authentication နဲ့ authorization အတွက် message တစ်ခုသုံးပြီး UDP ရဲ့ port number 1645 or 1812 ကိုသုံးပါတယ်. accounting အတွက် message တစ်ခုသုံးပြီး UDP ရဲ့ port number 1646 or 1813 ကိုသုံးပြီး ပို့ဆောင်ပေးပါတယ်။

▶Data တွေ ပို့ဆောင်တဲ့အခါမှာလည်း ပါဝင်တဲ့ password တွေကိုပဲ encrypt လုပ်ပေးနိုင်ပြီး data traffic တစ်ခုလုံးကိုတော့ encrypt လုပ်ပြီး ပို့ဆောင်ပေးနိုင်ခြင်း မရှိပါဘူး။

▶RADIUS protocol မှာတော့ TACACS+ မှာ support ပေးတဲ့ command accounting ကိုတော့ support မပေးနိုင်ပါဘူး။
-------------------
☺ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲခင်ဗျ။ အဆုံးထိ အချိန်ပေးပြီးဖတ်ပေးတဲ့အတွက်လဲ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။☺
👨‍💼Htet Myat Htun👨‍💼
👨‍💻Junior Network Engineer👨‍💻
📸Photo Credit
---------------------
https://www.itgatewaymm.com

💎Domain Name System (DNS)💎 🙏အားလုံးမင်္ဂလာပါဗျ🙏 👨‍💻ကျွန်တော် ဒီတစ်ခေါက် ပြောပြပေးသွားမှာကတော့ DNS (Domain Name System)အက...
04/03/2026

💎Domain Name System (DNS)💎
🙏အားလုံးမင်္ဂလာပါဗျ🙏
👨‍💻ကျွန်တော် ဒီတစ်ခေါက် ပြောပြပေးသွားမှာကတော့ DNS (Domain Name System)အကြောင်းလေးပဲ ဖြစ်ပါတယ်။

✅DNS ဆိုတာ Naming System တစ်ခု ဖြစ်ပါတယ်။DNS ဆိုတာ ကျနော်တို့လို Internet အသုံးပြုသူတွေ နေ့စဉ်နဲ့အမျှ ထိတွေ့နေတဲ့ Service တစ်ခုလဲဖြစ်ပါတယ်။

✅DNS ကို ဥပမာပေးရရင် ကျွန်တော်တို့ ဖုန်းထဲမှာပါတဲ့ phone contact လိုပါပဲ၊ သူကနာမည်တွေနဲ့ ဖုန်းနံပါတ်တွေကို mapping တွဲပေးပါတယ်။

✅အလားတူပဲ DNS ကလဲdomain names နဲ့ IP (Internet Protocol) address ကို mapping တွဲပေးတဲ့ အလုပ်ကိုလုပ်ပါတယ်၊ ကျွန်တော်တို့ လူတွေမှာ အချင်းချင်းဆက်သွယ်ဖို့အတွက် ကိုယ်ပိုင်နာမည်တွေ ရှိကြပါတယ်၊။

✅ဒီလိုပါပဲ website တွေမှာလည်း ကိုယ်ပိုင် IP address တွေရှိကြပါတယ်။ ကျွန်တော်တို့မှာ DNS သာမရှိရင် www.google.com ရဲ့ webpage ကို သွားချင်ရင် browser ရဲ့ address bar မှာ google.com ရဲ့ IP address ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။

✅ဆိုတော့ internet ပေါ်မှာ website တွေ အများကြီးရှိတဲ့အတွက် သူတို့ရဲ့ IP address တွေကို ကျွန်တော်တို့အနေနဲ့ မှတ်မိဖို့ မလွယ်ကူပါဘူး။ ဘာလို့လဲဆိုတော့ လူတွေဟာ number တွေထပ်စာရင် name တွေကို ပိုပြီး မှတ်မိကြလို့ပါ။

✅ဒါကြောင့်ပဲ DNS ကို developed လုပ်ခဲ့ကြတာပါ။ DNS ရှိနေတာကြောင့် ကျွန်တော်တို့ဟာ website တွေရဲ့ IP address တွေကို မှတ်စရာမလိုတော့ပဲ domain name တွေကို သိထားရုံပါပဲ။

✅DNS ဟာ Name to IP address(Forward DNS) , IP address to Name (Reverse DNS) စသဖြင့် translate ပြုလုပ်ပေးပါတယ်။
-----------------------
💎DNS မှာ DNS Hierarchy (၀r) tree structure ဆိုတဲ့ ဖွဲ့စည်းပုံ ရှိပါတယ်။ DNS Hierarchy မှာ
✅Root Domain
✅Top-Level Domains
✅Second-Level Domainsနဲ့
✅Subdomain ဆိုပြီး လေးမျိုး ရှိပါတယ်။

ဥပမာ “pay.google.com.”မှာ
✔ နောက်ဆုံးက “.” လေးက root domainပါ
✔ “.com” က Top-Level Domain (TLD)ပါ
✔ “google” က second-level domainပါ
✔ “pay” ကတော့ subdomain ဖြစ်ပါတယ်၊၊

🗝“Pay.goolge.com.” ကို Fully Qualified Domain Name (FQDN) လို့ခေါ်ပါတယ်။
---------------------
💎ဒီထဲမှာ မှ Top-Level Domain (TLD) အကြောင်းလေး ထပ်ပြောပြချင်ပါတယ်၊ TLD မှာ gTLD နဲ့ ccTLD ဆိုပြီး နှစ်မျိုးရှိပါတယ်။

💎gTLD ဆိုတာကတော့ (generic Top-Level Domain) ဖြစ်ပါတယ်။

အသုံးများတဲ့ gTLDရဲ့ extension တွေကတော့
✔.com (commercial)
✔.gov (government)
✔.org (organization)
✔.net (network)
✔.edu (education) တို့ပဲဖြစ်ပါတယ်။

💎ccTLD ဆိုတာကတော့ country code Top-Level Domain ဖြစ်ပါတယ်။ နိုင်ငံတွေကို ကိုယ်စားပြုပါတယ်။

ဥပမာ
✔.mm (Myanmar)
✔.us (United States)
✔.uk (United Kingdom)
✔.cn (China)
✔.ca (Canada) ဆိုပြီး စသဖြင့် ရှိပါတယ်။
--------------------
👨‍💻DNS ရဲ့ အလုပ်လုပ်ပုံလေးကို ထပ်ပြီး ပြောပြချင်ပါတယ်။
✅ဥပမာ ကျွန်တော်တို့ဟာ computer (သို့မဟုတ်) phone ရဲ့ browser ‌address barမှာ www.google.com လို့ ရိုက်လိုက်မယ်ဆိုရင်

✅ပထမအဆင့် အနေနဲ့ browser cache မှာ google.com ရဲ့ IP address ရှိမရှိအရင်ရှာပါတယ်။ အကယ်၍ မရှိခဲ့ရင်

✅ဒုတိယအဆင့် အနေနဲ့ DNS Resolver ဆီမှာ google.com ရဲ့ IP address ကိုမေးမယ်၊ အဲ့လိုမေးတာကို recursive query ပို့တယ်လို့ ခေါ်ပါတယ်။ အကယ်၍ DNS Resolver ရဲ့ cache ထဲမှာ user သွားချင်တဲ့ google.com ရဲ့ IP address မရှိဘူးဆိုလျှင်

✅DNS resolver က root server ဆီကို client သွားချင်တဲ့ google.com ရဲ့ IP address ကို မေးပါတယ်။

ဒီလိုမေးတာကို iterative query ပို့တယ်လို့ ခေါ်ပါတယ်၊ Root server ကလည်း သူ့ဆီမှာ google.com ရဲ့ IP address မရှိတဲ့အတွက် .com နဲ့ သက်ဆိုင်တဲ့ TLD server ရဲ့ informationတွေကို DNS Resolver ဆီကို ပြန်ပို့ပေးပါတယ်။

✅အဲ့နောက်မှာ‌တော့ DNS Resolver သည် root server ကပေးတဲ့ information အတိုင်းပဲ TLD server ဆီကို google.com ရဲ့ IP address ကိုသိလားမေးပါမယ်။

ဒီအချိန်မှာတော့ TLD server က google.com ရဲ့ IP address ကတော့ ဘယ်လောက် ဘယ်လောက်ဆိုပြီးတော့ DNS Resolver ကို ပြန်ပြီး လမ်းညွှန်ပေးပါတယ်။

✅DNS resolver ကလဲ TLD server ကပေးတဲ့ information ကိုယူပြီးတော့မှ google.com ဆိုတဲ့ server ဆီကိုသွားပါတယ်။

တစ်နည်းအားဖြင့် သူကို Authoritative Server လို့လဲခေါ်တယ်။ Authoritative server ကလည်း သူ google server ဖြစ်တယ်ဆိုတာကို DNS resolver ကိုပြန်ပြောပါတယ်။

✅ DNS Resolver က ထိုအခြေနေမျိုးရောက်မှ client ကို မင်းရှာနေတဲ့ googleရဲ့ IP address က ဒီ IP address ပဲ ဆိုပီးတော့ ပြောပါတယ်။

ဒီအဆင့်ရောက်မှပဲ ကျွန်တော်တို့က google website ဆီကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်၊

🗝 ဒီနေရာမှာ ပြောချင်တာက client အနေနဲ့ နောက်တစ်ကြိမ် google.com ကို သွားမယ်ဆိုရင် browserရဲ့ cache ထဲမှာ အရင်ကလုပ်ထားတဲ့ information တွေ ရှိနေမှာ ဖြစ်တဲ့အတွက် ဘယ် DNS server ကိုမှ မေးစရာမလိုပဲ google.com ကို တန်းရောက်သွားမှာ ဖြစ်ပါတယ်။

💎ကျွန်တော်တို့ DNS အကြောင်းနဲ့ အလုပ်လုပ်ပုံလေး သိပြီဆိုတော့ ဒီ Domain name တွေကို ဘယ်သူတွေက ထိန်းချုပ်ပေးနေလဲ ဆိုတာကို ထပ်ပြီး ပြောပြပေးပါမယ်။
----------------------
💎Domain name တွေကို Internet Corporation for Assigned Names and Numbers(ICANN) ဆိုတဲ့ အဖွဲ့အစည်းက ထိန်းချုပ်ပေးထားပါတယ်။

Domain ‌‌ရောင်းတဲ့ Company ကလဲ ICANN က ချမှတ်ထားတဲ့ policy ‌& rule တွေ အတိုင်းပဲ ရောင်းချရပါတယ်။

Domain name တွေကို ဝယ်ယူချင်တယ်ဆိုရင်
✔www.names.com
✔www.register.com
✔www.godaddy.com
✔www.namecheap.com အစရှိတဲ့ websiteတွေမှာ ဝယ်ယူလို့ ရပါတယ်ခင်ဗျာ။

👨‍💻 ကျွန်တော်တို့အနေနဲ့ အပေါ်က Domian ‌ရောင်းတဲ့ company တစ်ခုခုမှာ domain name တစ်ခုဝယ်လိုက်ပြီ ဆိုတာနဲ့ ကိုယ်သုံးချင်တဲ့ service တွေပေါ် မူတည်ပြီးတော့ DNS Record တွေ တည်ဆောက်လို့ရပါတယ်။

အသုံးများတဲ့ DNS record တွေကတော့
✅A or AAAA (Address Record)
✅CNAME (Canonical Name Record)
✅MX (Main Exchange Record)
✅PTR (Pointer Record)
✅NS (Nameserver Record)
✅TXT (Text Record)
✅SOA (Start of Authority Record) စသဖြင့် ရှိကြပါတယ်။

💥ဒီRecord တွေရဲ့ အကြောင်းကိုတော့ နောက်တစ်ခေါက်မှာပဲ ပြောကြတာပေ့ါဗျာ။
------------------
🙏ဒီနေ့တော့ ဒီလောက်ပါပဲဗျ အဆုံးထိဖတ်ပေးလို့ အားလုံးကို ကျေးဇူးတင်ပါတယ်။🙏
👨‍💼Htoo Eain Lin👨‍💼
👨‍💻Junior System Engineer👨‍💻
📸Photo Credit
---------------------
https://www.itgatewaymm.com

Address

Yangon

Alerts

Be the first to know and let us send you an email when ITGateway Cloud posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ITGateway Cloud:

Shortcuts

Share