ကျောက်တောင်ကြီး

ကျောက်တောင်ကြီး We are one of the most popular wholesalers of electrical goods, electronic, fancy and smoking produc

 #ချွဲသလိပ်ထခြင်းအတွက်အိမ်တွင်းလုပ်ဆောင်နိုင်တဲ့အရာများရောင်ရမ်းခြင်းနဲ့ အဆုတ်ထဲချွဲတွေစုနေတာကအသက်ရှူကြပ်တာ၊ အိပ်ပျော်ဖိ...
21/02/2022

#ချွဲသလိပ်ထခြင်းအတွက်အိမ်တွင်းလုပ်ဆောင်နိုင်တဲ့အရာများ

ရောင်ရမ်းခြင်းနဲ့ အဆုတ်ထဲချွဲတွေစုနေတာက
အသက်ရှူကြပ်တာ၊ အိပ်ပျော်ဖို့ခက်ခဲတာ နဲ့
လည်ချောင်းနာ စတဲ့ လက္ခဏာတွေကို ဖြစ်ပေါ်စေပါတယ်။ချွဲသလိပ်တွေစုလာတဲ့အခါ ချောင်းဆိုး ချွဲထွက်တာကို ဖြစ်ပေါ်စေပါတယ်။တချို့ ချွဲထွက်တာပုံမှန်ဖြစ်ပြီး စိုးရိမ်စရာ မဟုတ်ပါဘူး။
ဒါပေမဲ့ လူတစ် ဦး က ပုံမှန်ထက် ချွဲတွေ ပြည့်၊ရင်ကျပ် ရင်ဘတ်ထဲ ပြည့်ကျပ်နေရင်၊တခြားရောဂါ လက္ခဏာတွေပါ အတူတွဲပါနေရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

အောက်ပါရောဂါတွေက အဆုတ်မှာ
ချွဲသလိပ်ထစေပါတယ်။

* အစာခြေအက်ဆစ် အပေါ်သို့ ဆန်တက်ခြင်း
* ဓာတ်မတည့်ခြင်း
* ပန်းနာရင်ကျပ်ရောဂါ
* ဘက်တီးရီးယားနှင့်ဗိုင်းရပ်စ်ကူးစက်ခြင်း
* နာတာရှည်အဆုတ်လေပြွန်ရောင်ရမ်းခြင်း
* နာတာရှည်လေပြွန်ကျဉ်းရောဂါ (COPD)
* cystic fibrosis
* တခြားအဆုတ်ရောဂါများ

ချွဲထတာကို သက်သာစေဖို့ မိမိအိမ်မှာ လုပ်နိုင်တဲ့ အရာများ။

၁။ရေနွေးနွေးသောက်ခြင်း၊ပူနွေးတဲ့ ဖျော်ရည်များသောက်ခြင်း
ရေနွေးနွေး၊သောက်တာက အဆုတ်မှာ ချွဲတွေစုပြုံနေတာက ချက်ချင်းသက်သာစေပြီး
ရေရှည်အတွက်လည်း သက်သာစေပါတယ်။
ရေနွေးနွေးသောက်တာက ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝစေပြီး ချောင်းဆိုးခြင်းနဲ့အတူ ချွဲတွေထွက်သွားဖို့ ကူညီနိုင်ပါတယ်။
၂၀၀၈ ခုနှစ်လေ့လာမှုတစ်ခုအရ ပူနွေးတဲ့ ဖျော်ရည်တွေသောက်တာကနှာချေတာ၊ ချောင်းဆိုးတာ၊လည်ချောင်းနာတာနဲ့ ချမ်းတုန်တာတွေကို သက်သာစေတယ်လို့ သိရပါတယ်။
ရေနွေးနွေးဆိုရာမှာ
* ဟင်းရည်ပူ
* လက်ဖက်ရည်နွေး
* ဆေးဖက်ဝင်အပင်အရွက်ပါတဲ့ ရေနွေး
* ရေနွေးနွေး တွေပါဝင်ပါတယ်

၂။ရေနွေးငွေ့ရှူခြင်း

လေကိုအစိုဓာတ်ထိန်းပေးတာက ချွဲများကို
သိပ်သည်းဆနည်းစေပြီး ချွဲပိတ်တာနဲ့ချောင်းဆိုးတာကို သက်သာစေပါတယ်။
ရေနွေးငွေ့ကိုရှူတဲ့အခါ ရေဓာတ်ခမ်းခြောက်တာကိုကာကွယ်ဖို့ ရေသောက်ပေးဖို့ မမေ့ပါနဲ့။

၃။ဆားရေနွေးနဲ့ ပလုပ်ကျင်းခြင်း

ဆားနဲ့ ရေနွေးနွေးရောပြီးပလုတ်ကျင်းတာက
လည်ချောင်းနောက်ဘက်က ချွဲတွေကိုဖယ်ရှားနိုင်ပြီး ရောဂါလက္ခဏာတွေ ကိုသက်သာစေနိုင်ပါတယ်။ရေနွေးတစ်ဖန်ခွက်ထဲသို့ ဆားလက်ဖက်ရည်ဇွန်းတစ်ဝက်ထည့်ပါ။ ဆားပျော်သည်အထိမွှေပါ။ လည်ချောင်းနားရောက်တဲ့အထိ ပလုပ်ကျင်းပါ။တစ်နေ့မှာ အကြိမ်များစွာလုပ်လို့ရပါတယ်။

၄။ပျားရည်

ပျားရည်က လူကြိုက်ပြီး အိမ်တိုင်းဆောင်ထားတတ်တဲ့ သဘာဝဓာတ်စာပါ။ပျားရည်မှာ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပါတယ်။ပျားရည်စားပွဲတင်ဇွန်း ၁ ဇွန်းကို ၃ နာရီမှ ၄ နာရီကြား သောက်သုံးနိုင်ပြီး
ရောဂါလက္ခဏာများမသက်သာမချင်း သောက်နိုင်ပါတယ်။ပျားရည်က အသက် ၁၂ လအောက်ကလေးငယ်များအတွက် မသင့်တော်ပါ။

၅။အစားအစာများ

ချောင်းဆိုးခြင်း၊ အအေးမိခြင်းနဲ့ ချွဲများစုပုံခြင်းကိုသက်သာစေရန် အသုံးများဆုံးအစားအစာတွေကတော့
* ကြက်သွန်ဖြူ
* ဂျင်း
* သံပယိုသီး
* ငရုတ်ကောင်းမှုန့်

သုတေသနတချို့အရ
ချွဲပိုထွက်စေတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာဗိုင်းရပ်စ်များကြောင့် ချွဲထခြင်းဖြစ်လာတဲ့အခါ အောက်ပါအစားအစာတွေကို စားသင့်ပါတယ်။
* ဘယ်ရီသီးများ
* ဂျင်ဆင်း
* မာလကာသီး
* သလဲသီး
* ဇင့်
ရောဂါအခံတစ်ခုခုရှိပြီး နေ့စဉ် ဆေးစွဲသောက်နေရသူတွေက အထက်ပါ ဖြည့်စွက်စာတွေမသောက်မီဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

၇။အဆီအငွေ့ရှူခြင်း ဒါမှမဟုတ် အဆီကို တိုက်ရိုက်ရှူခြင်း

တချို့ အဆီတွေကို ရေနွေးထဲထည့်ကာ အငွေ့ရှူတာ ဒါမှမဟုတ် ပုလင်းထဲထည့်ကာ တိုက်ရိုက်ရှူရှိုက်တာက အသက်ရှူရလွယ်ကူစေပြီးချွဲတွေကို ပျော်ဝင်စေနိုင်ပါတယ်။တချို့အဆီတွေက အသက်ရှူလမ်းကြောင်း မှာကူးစက်တဲ့ဘက်တီးရီးယားတွေရဲ့အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။သုံးလို့ရတဲ့ အဆီများ
* ပင်စိမ်းဆီ
* သစ်ကြံပိုးခေါက်ဆီ
* ယူကလစ်ဆီ
* စပါးလင်ဆီ
* peppermint
* rosemary
* စမုန်ဖြူ
* အော်ရီဂါနို

အဆီတွေကို ပုလင်းထဲထည့် တိုက်ရိုက်ရှူ၍သော်လည်းကောင်း၊diffuserထဲထည့်ပြီးသော်လည်းကောင်းရေနွေးငွေ့ထဲထည့်ပြီး ရှူသွင်းခြင်းဖြင့်လည်းကောင်း ရှူနိုင်ပါတယ်။

၇။ဦးခေါင်းကို မြှင့်ထားခြင်း

ချွဲကျပ်ချောင်းဆိုးကာ အိပ်မရပါက
ခေါင်းအုံးအပို တစ်လုံးသုံး၍ ခေါင်းကိုမြှင့်ပါ
။ချွဲစီးဆင်းမှုကို ကူညီပေးပြီး
ချောင်းဆိုးခြင်းကို သက်သာစေပါတယ်။

၈။ N-acetylcysteine (NAC)

NAC က အသက်ရှူလမ်းကြောင်း၌ချွဲကို နည်းပါးစေပြီးချောင်းဆိုးခြင်းကိုလျှော့ချ ပေးနိုင်တဲ့ ဖြည့်စွက်ဆေးတစ်မျိုးဖြစ်ပါတယ်။

ချွဲမကျပ်၊ချွဲမထစေရန်
အောက်ပါအကြံပြုချက်များကို လိုက်နာပါ။

၁။ဓာတုပစ္စည်းများ၊ အိမ်မွေးတိရစ္ဆာန်များနဲ့ ဖုန်မှုန့်တို့လို ဓာတ်မတည့်မှုဖြစ်စေတဲ့ အရာတွေကို ရှောင်ပါ။ရှောင်လွှဲ၍ မရပါကနှာခေါင်းစည်းတပ်ပါ။ ထိုနေရာကို လေ ၀ င်လေထွက်ကောင်းအောင်လုပ်ပါ။
၂။ဆေးလိပ်ဖြတ်ပါ၊ တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်မိခြင်းမှရှောင်ကြဉ်ပါ။
၃။ဗိုင်းရပ်စ်ကိုကာကွယ်ရန်လက်ကိုဆပ်ပြာနဲ့ မကြာခဏဆေးပါ။ ကူးစက်ခံထားရသူများနဲ့ တိုက်ရိုက်
ထိတွေ့ခြင်းကိုရှောင်ကြဉ်ပါ။
၄။လတ်ဆတ်တဲ့ အစားအစာကိုစားခြင်း၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း၊ လုံလောက်စွာအိပ်စက်ခြင်းနဲ့
စိတ်ဖိစီးမှုများကို လျှော့ချတာက ကိုယ်ခံစွမ်းအားကိုကောင်းမွန် စေပါတယ်။
၅။ရောဂါအခံ အထူးသဖြင့် အဆုတ်ရောဂါရှိပါက နားလည်တတ်ကျွမ်းသူပြကာ ကုသပါ။
၆။အအေးမိခြင်းနဲ့ သလိပ်ထခြင်းကို
သက်သာစေရန် ဖြည့်စွက်စာတွေဖြစ်တဲ့ ဗီတာမင်စီ၊ ပရိုဘိုင်အိုတစ်နဲ့ဇင့်တို့ကို မှီဝဲပါ။

ဟမ်စိုင်း(ဆေး-မန်း)

Thermal Magnetic Switch ( ထမင်းပေါင်းအိုး သံလိုက်ခလုပ် )❀ ❀ ❀ ❀ ❀ ❀❀ ❀ ❀ ❀ ❀ ❀ထမင်းပေါင်းအိုး၏ အပူကွိုင်အလည်တ...
28/11/2021

Thermal Magnetic Switch ( ထမင်းပေါင်းအိုး သံလိုက်ခလုပ် )
❀ ❀ ❀ ❀ ❀ ❀❀ ❀ ❀ ❀ ❀ ❀

ထမင်းပေါင်းအိုး၏ အပူကွိုင်အလည်တွင် တပ်ဆင်ထားသော ချက်ပွိုင့်ဟုခေါ်သော သံလိုက်ခလုပ်လေးသည် ထမင်းပေါင်းအိုး၏ အရေးကြီးသော အစိတ်အပိုင်းဖြစ်ပြီး နည်းပညာ အမည်အားဖြင့် Thermal Magnetic Switch ဟုခေါ်ပါသည် ။

အပူဖြင့် သံလိုက်စွမ်းအားဖြင့် အလုပ်လုပ်သောခလုပ်ဖြစ်သောကြောင့် Thermal Magnetic Switch ဟုခေါ်ဆိုပါသည် ။

ထိုပစ္စည်းငယ်လေးအထဲတွင် သံလိုက်ငယ်လေး တခုပါဝင်ပြီး အသုံးပြုချိန်ကြာလာသောအခါ သံလိုက်ငယ်သည် အားနည်းသွားတတ်ပါတယ် ။
ထိုအခါ ထမင်းမကျက်ခင် ပြုတ်ကျလာခြင်း ပြဿနာဖြစ်ပေါ်တတ်ပါသည် ။

ထိုအခါ ချက်ပွိုင့်ကို အသစ်လဲပေးခြင်းဖြင့် မူလအတိုင်း ပြန်ပြီး အသုံးပြုနိုင်မှာဖြစ်ပါသည် ။

သို့သော် ပစ္စည်းအသစ်များသည် တရုတ်မှ ဝင်လာသော အရည်အသွေးညံသည့် ပစ္စည်းများ ဖြစ်သောကြောင့် အသစ်ဆိုသော်လည်း မကောင်းသည့် ပစ္စည်းများ ဖြစ်နေတတ်ပါသည် ။

အချို့သိပ်ဆိုးဆိုးဆိုပါက ၁၀ ခုတွင် ၈ ခု မကောင်းတာကို တွေ့ရပါသည် ။ ဆိုလိုသည်မှာ အသစ်ထည့်လိုက်သော်လည်း ထမင်းမကျက်ခင် ခလုပ်ပြုတ်ကျကျနေခြင်း ကိုဆိုလိုရင်းသာ ဖြစ်ပါသည် ။

ထိုင်းနိုင်ငံထုတ် ပစ္စည်းကတော့ အရည်အသွေး ကောင်းမွန်ပါသည် ။

Electronic Instructor - ဆရာရဲ




#လျှပ်စစ်

လျှပ်စစ်အကြောင်း သိကောင်းစရာ  # # # # # # # # # # # # # # # # # # # # # # #လျှပ်စစ် အန္တာရယ်  ကင်းရှင်းရေး သတိပေး စာစောင...
21/11/2021

လျှပ်စစ်အကြောင်း သိကောင်းစရာ
# # # # # # # # # # # # # # # # # # # # # # #

လျှပ်စစ် အန္တာရယ် ကင်းရှင်းရေး သတိပေး စာစောင်

Credits

#ကျောက်တောင်ကြီး

21/09/2021

တုံဒေသရဲ့ ခရမ်းသီး အိုးပါးချက်လို့ခေါ်ပါတယ်
❀ ❀ ❀ ❀ ❀ ❀❀ ❀ ❀ ❀ ❀ ❀

Credit ပူတင်းမေမေ

#ကျောက်တောင်ကြီး #ဆေးပစ္စည်း #လက်လီ #လက်ကား #ဟင်းချက်နည်း #ခရမ်းသီး #မြေအိုး

20/09/2021

ကော်ပြန့်စိမ်း
❀ ❀ ❀ ❀ ❀ ❀❀ ❀ ❀ ❀ ❀ ❀

Credit

#ကျောက်တောင်ကြီး #ဆေးပစ္စည်း #လက်လီ #လက်ကား #ဟင်းချက်နည်း #ကော်ပြန့်စိမ်း

16/09/2021

ပလာတာ/ထပ်တစ်ရာ
❀ ❀ ❀ ❀ ❀ ❀❀ ❀ ❀ ❀ ❀ ❀

Credit

#ကျောက်တောင်ကြီး #ဆေးပစ္စည်း #လက်လီ #လက်ကား #ဟင်းချက်နည်း #ပလာတာ #ထပ်တစ်ရာ

15/09/2021

ခုခေတ်မိန်းကလေးများ ဟင်းချက်နည်း 😅😂
❀ ❀ ❀ ❀ ❀ ❀❀ ❀ ❀ ❀ ❀ ❀

တစ်ဖက်သားကို ရွဲ့စောင်းချင်းမဟုတ်ပါ
ဟာသအမြင်ဖြစ်ကြည့်ရန်

Credit

#ကျောက်တောင်ကြီး #ဆေးပစ္စည်း #လက်လီ #လက်ကား #ဟင်းချက်နည်း

13/09/2021

ငပိထောင်း ငပိသုပ် နည်း
❀ ❀ ❀ ❀ ❀ ❀❀ ❀ ❀ ❀ ❀ ❀

Credit Chaw Su's Food Friends

#ကျောက်တောင်ကြီး #ဆေးပစ္စည်း #လက်လီ #လက်ကား #ဟင်းချက်နည်း #ငပိထောင်း #ငပိသုပ််

10/09/2021

အမဲသားပြုတ်ကြော်နည်း
❀ ❀ ❀ ❀ ❀ ❀❀ ❀ ❀ ❀ ❀ ❀

Credit Chaw Su's Food Friends

#ကျောက်တောင်ကြီး #ဆေးပစ္စည်း #လက်လီ #လက်ကား #ဟင်းချက်နည်း #အမဲသားပြုတ်ကြော်

ငါးငရုတ်သီးထောင်း 🔥🌶❀ ❀ ❀ ❀ ❀ ❀❀ ❀ ❀ ❀ ❀ ❀ပါဝင်ပစ္စည်း 👩‍🍳ငါးကြင်းငရုတ်သီးစိမ်းကြက်သွန်ဖြူဆားအချိုမှုန့်ဆီချက...
09/09/2021

ငါးငရုတ်သီးထောင်း 🔥🌶
❀ ❀ ❀ ❀ ❀ ❀❀ ❀ ❀ ❀ ❀ ❀

ပါဝင်ပစ္စည်း 👩‍🍳

ငါးကြင်း
ငရုတ်သီးစိမ်း
ကြက်သွန်ဖြူ
ဆား
အချိုမှုန့်
ဆီ

ချက်ပြုတ်နည်း 👩‍🍳

ချဥ်ပေါင်ဟင်း ချက် တဲ့နေ့ဆို ချဥ်ပေါင်ဟင်းအိုးထဲ ငါးထည့်ချက်ပြီး ငါးနူးလာရင် ဆယ်ထားပါရှင်။ချဥ်ပေါင်ဟင်းမချက်ရင်လဲ ဆားဆနွင်းနယ်ပြီးပြုတ်လို့ရပါတယ်နော်။
အအေးခံပြီးရင် အရိုးနွှင်ထားပါရှင် (ပုံ - ၂)
ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူ ကို လှော်ပေးပါရှင် (ပုံ-၃)
လှော်ထားတဲ့ ငရုတ်သီးစိမ်းနဲ့ကြက်သွန်ဖြူကို ကြိတ်ပြီး ငါးနွှင်နဲ့ရောထားပါရှင် (ပုံ -၄)
ပြီးလျှင် ဆီအနည်းငယ် စမ်းပါမယ်။ဆားအနည်းငယ်ထည့်ပါမယ်။အချိုမှုန့်ထည့်ပါ။'မေ'ကတော့ ဟင်းချိုမှုန့်မသုံးလို့ သကြားလေး နဲနဲထည့်ပါတယ်။ပါဝင်ပစ္စည်း အကုန်ထည့်ပြီးတာနဲ့ သမအောင်နယ်ပါ။ လက်ပူမှာဆိုးလို့ လက်အိတ်လေးဝတ်ပါနော်။
အရမ်းလွယ်ကူတဲ့ ငါးငရုတ်သီးထောင်း လေးမို့ ချက်စားကြည့်ကြပါရှင့် 👩‍🍳

Crd. Food By May 👩‍🍳

#ကျောက်တောင်ကြီး #ဆေးပစ္စည်း #လက်လီ #လက်ကား #ဟင်းချက်နည်း #ငါးငရုတ်သီးထောင်း

07/09/2021

ကြက်သောက်ဆမ်း
❀ ❀ ❀ ❀ ❀ ❀❀ ❀ ❀ ❀ ❀ ❀

credit Shwe Yote Lay - ရွှေရုပ်လေး

#ကျောက်တောင်ကြီး #ဆေးပစ္စည်း #လက်လီ #လက်ကား #ဟင်းချက်နည်း #ကြက်သောက်ဆမ်း

Address

Yangon
11411

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Telephone

+959775104195

Website

Alerts

Be the first to know and let us send you an email when ကျောက်တောင်ကြီး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ကျောက်တောင်ကြီး:

Share