10/09/2026
"Apple က Duo တဲ့"
Duo ဆိုမှတော့ Double Trend မဟုတ်ရင် မရဘူးလေ။
"Apple သမားတွေ ခေါက်လိုမရဘူး" လိုပြောနေတဲ့သူတွေကို Apple က Iphone Duo ဆိုလားဘဲ။
Apple ရဲ့ ထုံးစံအတိုင်း နောက်ဆုံးမှ လိုက်လုပ်တာဆိုပေမယ့် UI ရဲ့ Flow & Features တွေက ဘယ်သူနဲ့မှမတူအောင် လုပ်ထားတာက တကယ်ပဲ ဒါမှ ခေါက်ဖုန်းစစ်စစ် လို ခံစားရစေမယ့် Quality & Performance ကိုပေးနိုင်မလား?
iPhone Duo မှာ ဘာတွေ ပါလာ မလဲ ?
ဖုန်းခေါက်ထားချိန် မှာ 5.4 inch Super Retina XDR ဖြစ်ပြီး
ဖုန်းဖြန့်ထားချိန်မှာ 7.6 inch ProMotion (120Hz) Display ကို Nano-texture reflective-free စခရင်ကျယ် နဲ့ လာမယ်။
Camera ပိုင်းမှာတော့ 48MP Main Camera နဲ့ 48MP Ultra Wide Camera ပါမယ်။
Duo Preview & Smart Take ဆိုတဲ့ အတိုင်း အပြင်ဘက် စခရင်မှာ မိမိပုံကို ကြည့်ရင်း အလန်းစား ဓာတ်ပုံရိုက်ကူးနိုင်တဲ့ စနစ်ပါလာမယ်။
နောက်ဆုံးထွက်ထားတဲ့ A20 Pro Chip သုံးပေးထားပီး iPhone သမိုင်းမှာ ပထမဦးဆုံးအကြိမ် Apple Pencil နဲ့ Split View Multitasking ဆိုတဲ့ App နှစ်ခုကို တစ်ပြိုင်တည်းဖွင့်သုံးနိုင်တာ Website နှစ်ခုယှဉ်ကြည့်တာ အခြားတစ်ဖက်ထဲကို Drag & Drop ဆွဲထည့်ရုံနဲ့ အလုပ်တွေမြန်မြန်လုပ်နိုင်သွားပြီး စတဲ့ Multi-tasking ကို အဓိကထားတဲ့ Business Owner တွေ၊ Content Creator တွေနဲ့ Digital Marketer တွေအတွက် ၀မ်းသာစရာ လို့ ပြောရမလားဘဲ။
Apple Fan တွေအတွက် ၀မ်းနည်းစရာ သတင်းကတော့ Face lock မပါတော့ဘဲ Touch ID ကို Side Button မှာဘဲ ထည့်ပေးထားပါတယ်။
iPhone Duo ကတော့ ESIM only လာမှာဖစ်ပီး iPhone Air လိုမျိုး Sim Tray တော့ မပါလာတော့ဘူး။
35 hours video playback ဖြစ်ပီး 50% in 20 minutes fast charging အနေနဲ့ လာပြီးတော့
Color အနေနဲ့ Deep Blue နဲ့ Silver ဆိုပီး ၂ရောင် လာပါမယ်။
စျေးနှုန်း ကတော့ $1999 ဆိုတော့ မြန်မာငွေသိန်း 90 ဝန်းကျင် လို့တော့ ခန့်မှန်းထားတယ်။
အတိအကျ ကတော့ ထွက်လာမှပဲ သိရပါမယ်။