Photharhla CCTV

Photharhla CCTV Office Address: 107th Street, Mingalar Taung Nyunt, Yangon
Office Hr : Monday-Satur

🚨 စိုက်ပျိုးရေး/မွေးမြူရေးလုပ်ငန်းရှင်များအတွက် Special CCTV Camera လေး လာပါပြီဗျBrand က IMOU Resolution က 5MP Outdoor 4...
02/06/2026

🚨 စိုက်ပျိုးရေး/မွေးမြူရေးလုပ်ငန်းရှင်များအတွက် Special CCTV Camera လေး လာပါပြီဗျ

Brand က IMOU
Resolution က 5MP
Outdoor 4G Camera

🌾 ဖုန်းလိုင်းရုံနဲ့ အဝေးကနေ စိတ်ချလှမ်းကြည့်မယ် - Imou Cruiser SC (4G) 🌾

✅ Wi-Fi မရှိလို့၊ အင်တာနက်ကြိုးဆွဲရခက်လို့ စိတ်ညစ်နေရတဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးခြံပိုင်ရှင်ကြီးများအတွက် အကောင်းဆုံးသတင်းကောင်းလေးပါ၊

✅ ခြံဝင်းကျယ်ကြီးတွေ၊ တောတောင်စိုက်ခင်းတွေနဲ့ အင်တာနက်မရတဲ့ နေရာတွေမှာပါ SIM ကတ် (4G) စိုက်ရုံနဲ့တင် ဖုန်းထဲကနေ အရုပ်ရော အသံပါ ၂၄ နာရီပတ်လုံး လှမ်းကြည့်လို့ရမယ့် Imou Cruiser SC 4G ကင်မရာ ရောက်ရှိလို့လာပါပြီ။

✅ 3K / 5MP Ultra-Clear Resolution မို့ သာမန်ကင်မရာတွေထက် ပိုမိုပြတ်သားတဲ့ အဆင့်မြင့် ရုပ်ထွက်ကြောင့် ခြံထဲက အပင်တွေ၊ တိရစ္ဆာန်တွေနဲ့ လူအဝင်အထွက်ကို အပ်ကျမကျန် အသေးစိတ် မြင်တွေ့ရပါမယ်။

✅ 4G Network Connection သုံးထားပြီး Wi-Fi လုံးဝမလိုဘဲ မိမိကြိုက်နှစ်သက်ရာ ဖုန်း SIM ကတ်ထည့်သွင်းရုံဖြင့် အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။

✅ Smart Full-Color Night Vision ရပါတယ်နော်၊ ညဘက်အမှောင်ထုထဲမှာပါ ဖြူမဲရုပ်ထွက်မဟုတ်ဘဲ တကယ့်နေ့ခင်းဘက်လို သဘာဝအတိုင်း ရောင်စုံကြည်လင်စွာ မြင်ကွင်းကို မြင်ရမှာပါ။

✅ AI function နဲ့အတူ သာမန်သစ်ရွက်လှုပ်တာ၊ ကြောင်ဖြတ်ပြေးတာမျိုးကို အချက်ပေးမှာမဟုတ်ဘဲ "လူ" အစစ်အမှန် ကျူးကျော်ဝင်ရောက်လာမှသာ ဖုန်းထဲကို ချက်ချင်း Notification ပို့ပေးမှာ ဖြစ်ပါတယ်။

✅ Red-Blue Warning Lights & Alarm တွေ ရပါတယ်၊ လူစိမ်းဝင်လာတာနဲ့ ကင်မရာမှာပါတဲ့ နီ/ပြာ ရဲမီး လင်းပွင့်လာပြီး သတိပေးဥသြသံပါ မြည်မှာဖြစ်လို့ သူခိုး၊ ဓားပြရန်ကနေ ကြိုတင်ကာကွယ်ပြီးသား ဖြစ်စေမှာပါ။

✅Two-Way Talk စနစ်ဖြစ်တဲ့ မိုက်နဲ့ စပီကာ ပါဝင်တာကြောင့် ခြံထဲက အလုပ်သမားတွေနဲ့ဖြစ်ဖြစ်၊ ကျူးကျော်သူကိုဖြစ်ဖြစ် ဖုန်းထဲကနေ တိုက်ရိုက် စကားလှမ်းပြောပြီး သတိပေး ညွှန်ကြားနိုင်ပါတယ်။

✅ နေပူပူ၊ မိုးရွာရွာ၊ ဖုန်မှုန့်ထူထူ Outdoor မှာ ရေရှည်ခံအောင် အကြမ်းခံ ဒီဇိုင်းထုတ်လုပ်ထားပါတယ်။

🏡 ဘယ်လိုနေရာမျိုးတွေအတွက် အသင့်တော်ဆုံးလဲ?
စပါးကျီ၊ ပဲခင်း၊ သီးနှံစိုက်ခင်းကြီးများ
ကြက်ခြံ၊ ဝက်ခြံ၊ နွားခြံနှင့် မွေးမြူရေးဇုန်များ
အင်တာနက်လိုင်းမရတဲ့ ဝေးလံသီခေါင်သော ဂိုဒေါင်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များမှာ သုံးသင့်ပါတယ်။

ဖိုးသာလှ CCTV & GPS
အမှတ်(၁၆)၊ ၁၀၇လမ်း၊ မင်္ဂလာတောင်ညွန့်
ဖုန်း 09425008284 09678128536 09685700673

အချို့ CCTV တွေမှာပါတဲ့ WDR ဆိုတာ ဘာလဲ???✅ WDR (Wide Dynamic Range) ဆိုတာ ကင်မရာတွေမှာ အလင်းအမှောင် ကွာခြားချက် အရမ်းကြီ...
01/06/2026

အချို့ CCTV တွေမှာပါတဲ့ WDR ဆိုတာ ဘာလဲ???

✅ WDR (Wide Dynamic Range) ဆိုတာ ကင်မရာတွေမှာ အလင်းအမှောင် ကွာခြားချက် အရမ်းကြီးမားတဲ့ ပတ်ဝန်းကျင်မျိုး (ဥပမာ - အလင်းရောင် အရမ်းလင်းနေတဲ့ နေရာနဲ့ မှောင်နေတဲ့ရိပ်ခြည် တွဲနေတဲ့နေရာ) မှာ ရုပ်ထွက် ကြည်လင်ပြတ်သားအောင် ကူညီပေးတဲ့ နည်းပညာတစ်ခု ဖြစ်ပါတယ်။

✅ ရိုးရိုးကင်မရာတွေဆိုရင် အလင်းအရမ်းများတဲ့ဘက်ကို ချိန်ထားရင် မှောင်နေတဲ့ဘက်က လူ သို့မဟုတ် ပစ္စည်းတွေကို မည်းမည်းကြီးပဲ မြင်ရတတ်ပြီး၊ မှောင်တဲ့ဘက်ကို အသားပေးချိန်ရင်လည်း လင်းတဲ့ဘက်က ဖြူဖွေးသွားပြီး ဘာမှမမြင်ရတော့ပါဘူး။ WDR က အဲဒီပြဿနာကို ဖြေရှင်းပေးတာပါ။

WDR ဘယ်လို အလုပ်လုပ်သလဲဆိုတော့ ပုံရိပ်တစ်ခုတည်းကို အလင်းရောင် ပေးသွင်းမှု ကွဲပြားတဲ့ ပုံစံနှစ်မျိုး (Double Exposure) နဲ့ တစ်ပြိုင်နက် ရိုက်ကူးပါတယ်။

1 Short Exposure: လင်းလွန်းတဲ့နေရာတွေကို အသေးစိတ် မြင်ရအောင် ရိုက်တယ်။

2 Long Exposure: မှောင်လွန်းတဲ့နေရာတွေကို အသေးစိတ် မြင်ရအောင် ရိုက်တယ်။

ပြီးရင် အဲဒီ ပုံရိပ်နှစ်ခုလုံးထဲက အကောင်းဆုံး အစိတ်အပိုင်းတွေကို စက္ကန့်ပိုင်းအတွင်း ပေါင်းစပ်လိုက်ပြီး အလင်းအမှောင် မျှတပြီး ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တစ်ခုတည်းအဖြစ် ပြောင်းလဲပေးပါတယ်။

ဘယ်လိုနေရာမျိုးတွေမှာ WDR ကို အဓိက သုံးသင့်လဲဆိုတော့

(၁) မှန်တံခါး သို့မဟုတ် ပြတင်းပေါက်နားတွေမှာ အသုံးပြုသင့်ပါတယ်၊ အဆောက်အဦးအတွင်းထဲကနေ အပြင်ဘက်ကို လှမ်းချိန်ထားတဲ့ ကင်မရာများ (ဥပမာ - ဘဏ်၊ Showroom၊ ရုံးခန်းမျက်နှာစာ)

(၂) အဝင်အထွက် ဂိတ်ပေါက်များမှာလဲ အသုံးပြုသင့်ပါတယ်။
ကားပါကင်အဝင်အထွက် သို့မဟုတ် နေရောင် တိုက်ရိုက်ကျတဲ့ တံခါးဝများ။

(၃) မီးဆလိုက် သို့မဟုတ် ကားမီး ဒါရိုက်အလင်းရတဲ့နေရာမျိုးတွေမှာလဲ သုံးသင့်ပါတယ်၊

✅ CCTV specifications တွေမှာ WDR ကို နှစ်မျိုး တွေ့နိုင်ပါတယ်။

True WDR နဲ့ Digital WDR ဆိုပြီးရှိပါတယ်။
True WDR က (Image Sensor)Hardware နဲ့ အလုပ်လုပ်ပြီး Digital WDR ကတော့ Software နဲ့ အလုပ်လုပ်တာပါ။

True WDR ပါ Camera တွေက စျေးပိုကြီး အချို့ camera တွေက digital WDR သာပါတတ်ကြပါတယ်။

👉 နောင်လဲ အလျဉ်းသင့်သလို CCTV နဲ့ဆိုင်တာတွေ Share ပေးပါ့မယ်၊ ဖိုးသာလှ Page လေး Like & Follow လုပ်ဖို့ မမေ့နဲ့နော်

ဖိုးသာလှ CCTV & GPS
အမှတ်(၁၆)၊ ၁၀၇လမ်း၊ မင်္ဂလာတောင်ညွန့်
ဖုန်း 09425008284 09678128536 09685700673

✅ မိတ်ဟောင်း မိတ်သစ်များကို ဖိုးသာလှက ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။✅ နာမည်ကြီး Hikvision analog Outdoor Camera များ၊ H...
31/05/2026

✅ မိတ်ဟောင်း မိတ်သစ်များကို ဖိုးသာလှက ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

✅ နာမည်ကြီး Hikvision analog Outdoor Camera များ၊ Hikvision DVR နဲ့အတူ WD Surveillance HDDများ၊ Tiandy IP Indoor Camera များ၊ Tiandy NVR များ၊ Dahua Cat6 ကြိုးပုံးများ၊ Tiandy POE switch များ၊ Imou WiFi Dual Outdoor Camera များ၊ EZVIZ WiFi Dual Outdoor Cameraများ၊ EZVIZ Indoor Camera များ၊ Ezviz Sd Card များ၊ UNV DVR များ၊ UNV camera များ၊ Hikvision POE Switch များ၊ Imou indoor WiFi camera များကို အမြဲတမ်း ယုံကြည်စိတ်ချစွာ အားပေးတဲ့ customer များအား
ဖိုးသာလှမိသားစုမှ အထူးကျေးဇူးတင်ရှိပါတယ် ခင်ဗျာ။






ဖိုးသာလှ CCTV & GPS
အမှတ်(၁၆)၊ ၁၀၇လမ်း၊ မင်္ဂလာတောင်ညွန့်
ဖုန်း 09425008284 09678128536 09685700673

CCTV အတွက် Special Dahua Monitorရုံးလုပ်ငန်းသုံးမလား၊ Accounting သမားတွေအတွက်လား၊ Security ကင်မရာ (CCTV) Live View ကြည့်...
31/05/2026

CCTV အတွက် Special Dahua Monitor

ရုံးလုပ်ငန်းသုံးမလား၊ Accounting သမားတွေအတွက်လား၊ Security ကင်မရာ (CCTV) Live View ကြည့်ဖို့အတွက်လား... အားလုံးအတွက် ကွက်တိအကျဆုံးဖြစ်မယ့် Dahua LM24-B201S (23.8" FHD) Monitor ရောက်ရှိလို့နေပါပြီ။

FHD Resolutionရပြီး Ultra-narrow bezel (ဘောင်ပျောက်ဒီဇိုင်း) နဲ့မို့ မြင်ကွင်းကျယ်ကျယ်နဲ့ ရုပ်ထွက် အလွန်ကြည်လင်ပြတ်သားစွာ မြင်ရပါမယ်။

100Hz Refresh Rate နဲ့မို့ သာမန် 60Hz တွေထက် ပိုမိုညင်သာချောမွေ့တဲ့ Visual Expereince ကို ပေးစွမ်းနိုင်ပါတယ်၊ ရုပ်ရှင်ကြည့်၊ ဂိမ်းဆော့ တဲ့အခါ တုန်ခါမှုမရှိစေရဘူး။

Anti-blue light နဲ့ Flicker-free စနစ်ပါဝင်လို့ တစ်နေကုန် Screen ရှေ့ထိုင်ပြီး အလုပ်လုပ်ရသူတွေအတွက် မျက်စိညောင်းညာခြင်းကို အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။

အကောင်းဆုံးကတော့ စပီကာ သီးသန့်တပ်စရာမလိုဘဲ အသံပါ တစ်ခါတည်းထွက်လို့ CCTV အသုံးပြုသူတွေအတွက် အရမ်းသင့်တော်ပါတယ်။






ဖိုးသာလှ CCTV & GPS
အမှတ်(၁၆)၊ ၁၀၇လမ်း၊ မင်္ဂလာတောင်ညွန့်
ဖုန်း 09425008284 09678128536 09685700673

🚨 အိမ်သုံးလျှပ်စစ်ကြိုးပေါ်ကနေ Data တွေ သယ်လို့ရတာ သိပြီးပြီလား မိတ်ဆွေ✅ Special Device တစ်ခု သုံးရပါတယ်၊ သူ့ကို “Powerl...
30/05/2026

🚨 အိမ်သုံးလျှပ်စစ်ကြိုးပေါ်ကနေ Data တွေ သယ်လို့ရတာ သိပြီးပြီလား မိတ်ဆွေ

✅ Special Device တစ်ခု သုံးရပါတယ်၊ သူ့ကို “Powerline Adapter” လို့ခေါ်ပါတယ်

👍 ဖိုးသာလှက လွန်ခဲ့တဲ့ (၁၀)နှစ်လောက်ကတည်းက သုံးခဲ့တာမို့ နည်းပညာလေး မျှဝေပေးပါမယ်ခင်ဗျ

👉 သူက Device (2) ခုသုံးရပါတယ်၊ လျှပ်စစ်မီတာ တစ်ခုတည်း ဖြစ်ဖို့လိုပါတယ်၊ WiFi Extender မမိတဲ့ နံရံထူတဲ့အခါမျိုး၊ မီးလိုင်းပဲရှိပြီး Camera လဲအသစ်တိုးချင်၊ ကြိုးလဲ အသစ်မဆွဲချင်တဲ့အခါမျိုးမှာ သုံးရတာပါ။

👉 Wired Connection ကနေ Data သွားတာမလို့ signal အားလျော့သွားတာမျိုး မရှိသလောက်ပါပဲ။ နောက်ပိုင်းမှာ latency နည်းလို့ Gaming သမားတွေလဲ အရမ်းသုံးကြပါတယ်။

လိုအပ်ရင်တော့ ဖိုးသာလှမှာ ရှိပါတယ်နော်။






ဖိုးသာလှ CCTV & GPS
အမှတ်(၁၆)၊ ၁၀၇လမ်း၊ မင်္ဂလာတောင်ညွန့်
ဖုန်း 09425008284 09678128536 09685700673

မျှော်နေကြသူတွေ ပျော်ကြပေတော့Dahua ရဲ့ အသံရ 2MP IP Indoor Cameraဖိုးသာလှမှာ ရနေပါပြီ၊ စောစောလာမှ စိတ်ချရမယ်နော 💞https://...
30/05/2026

မျှော်နေကြသူတွေ ပျော်ကြပေတော့

Dahua ရဲ့ အသံရ 2MP IP Indoor Camera

ဖိုးသာလှမှာ ရနေပါပြီ၊ စောစောလာမှ စိတ်ချရမယ်နော 💞

https://maps.app.goo.gl/rvHW1QBRskdH8gCt8?g_st=ipc






ဖိုးသာလှ CCTV & GPS
အမှတ်(၁၆)၊ ၁၀၇လမ်း၊ မင်္ဂလာတောင်ညွန့်
ဖုန်း 09425008284 09678128536 09685700673

✅ မိတ်ဟောင်း မိတ်သစ်များကို ဖိုးသာလှက ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။✅ နာမည်ကြီး Tiandy IP indoor Camera များ၊ Tiandy IP...
29/05/2026

✅ မိတ်ဟောင်း မိတ်သစ်များကို ဖိုးသာလှက ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

✅ နာမည်ကြီး Tiandy IP indoor Camera များ၊ Tiandy IP Outdoor Camera များ၊ Tiandy NVR များ၊ Tiandy POE switch များ၊ EZVIZ Outdoor WiFi Cameraများ၊ EZVIZ Indoor Camera များ၊ Imou 2MP Indoor WiFi Camera များ၊ Imou PoE 3MP နေ့ည ကာလာရ၊ အသံရ Camera များ၊ WD surveillance HDD များ၊ Hikvision cat6 ကြိုးပုံးများ၊ Ezviz Sd Card များ၊ UNV 3MP WiFi camera နဲ့ UNV Sd card များ၊ EZVIZ Indoor Bracket များကို အမြဲတမ်း ယုံကြည်စိတ်ချစွာ အားပေးတဲ့ customer များအား
ဖိုးသာလှမိသားစုမှ အထူးကျေးဇူးတင်ရှိပါတယ် ခင်ဗျာ။






ဖိုးသာလှ CCTV & GPS
အမှတ်(၁၆)၊ ၁၀၇လမ်း၊ မင်္ဂလာတောင်ညွန့်
ဖုန်း 09425008284 09678128536 09685700673

Quality ကောင်း IP Camera တွေနဲ့ တပ်ဆင်အပြီးအစီး လိုချင်သူများအတွက် သတင်းကောင်းလေးပါ✅ Brand က နာမည်ကြီး Tiandy✅ System က ...
29/05/2026

Quality ကောင်း IP Camera တွေနဲ့ တပ်ဆင်အပြီးအစီး လိုချင်သူများအတွက် သတင်းကောင်းလေးပါ

✅ Brand က နာမည်ကြီး Tiandy
✅ System က IP System
✅ Storage က WD Surveillance 1000GB ပါပြီးသားပါ
✅ Camera က 2MP Resolution (4) လုံး
✅ Network Cable က မီတာ ၅၀

တပ်ဆင်အပြီးအစီး စီစဉ်ပေးထားပါတယ်၊ Internet ရှိရင် ဖုန်းလေးထဲကနေ ထိုင်ကြည့်နေရုံပါပဲ၊ Camera တိုင်းအသံပါလို့ တော်တော်အဆင်ပြေပါတယ်၊ ရုပ်ထွက်ကလဲ Full HD ဆိုတော့ တကယ်ကောင်းပါတယ်။






ဖိုးသာလှ CCTV & GPS
အမှတ်(၁၆)၊ ၁၀၇လမ်း၊ မင်္ဂလာတောင်ညွန့်
ဖုန်း 09425008284 09678128536 09685700673

✅ Analog CCTV မှာ အရေးကြီးတဲ့ Video Balun ✅ သူမကောင်းရင် Camera ကောင်းပေမယ့် လိုင်းထတတ်တယ်၊ ရုပ်မကြည်ဘူး၊ ကာလာမမှန်ဘူး။✅...
29/05/2026

✅ Analog CCTV မှာ အရေးကြီးတဲ့ Video Balun

✅ သူမကောင်းရင် Camera ကောင်းပေမယ့် လိုင်းထတတ်

တယ်၊ ရုပ်မကြည်ဘူး၊ ကာလာမမှန်ဘူး။

✅ Quality ကောင်း Video Balun လိုချင်ရင် ဖိုးသာလှမှာ ရရှိနေပါပြီ။






ဖိုးသာလှ CCTV & GPS
အမှတ်(၁၆)၊ ၁၀၇လမ်း၊ မင်္ဂလာတောင်ညွန့်
ဖုန်း 09425008284 09678128536 09685700673

PoE (Power over Ethernet) နည်းပညာဟာ ၂၀၀၃ ခုနှစ် ကတည်းက တရားဝင် စတင်ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။Ethernet ကြိုးတစ်ခုတည်းကနေ D...
28/05/2026

PoE (Power over Ethernet) နည်းပညာဟာ ၂၀၀၃ ခုနှစ် ကတည်းက တရားဝင် စတင်ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

Ethernet ကြိုးတစ်ခုတည်းကနေ Data ရော ပါဝါပါ တစ်ပြိုင်တည်း ပေးနိုင်မယ့် နည်းလမ်းကို အင်ဂျင်နီယာတွေ စမ်းသပ်တီထွင်ခဲ့ကြရာကနေ IEEE အဖွဲ့အစည်းက ပထမဆုံး PoE Standard ကို သတ်မှတ်ပေးခဲ့ကြပါတယ်။

PoE (Power over Ethernet) နည်းပညာမှာ ကွန်ရက်ချိတ်ဆက်မှု အမျိုးအစား၊ အသုံးပြုတဲ့ ပါဝါပမာဏ (Wattage) နဲ့ IEEE Standard Standards တွေအပေါ် မူတည်ပြီး အဓိကအားဖြင့် (၄) မျိုး ခွဲခြားထားပါတယ်။

အမျိုးအစားအလိုက် သတ်မှတ်ချက်တွေကို အောက်ပါအတိုင်း အလွယ်တကူ မှတ်သားနိုင်ပါတယ်။

PoE အမျိုးအစား (၄) မျိုး

၁။ PoE (Type 1)
Standard: IEEE 802.3af
ပါဝါပမာဏ: Switch ဆီကနေ အများဆုံး 15.4W ထွက်ပြီး Device ဆီကို 12.95W ဝန်းကျင် ရောက်ရှိပါတယ်။
အသုံးပြုမှု: ရိုးရိုး IP Camera များ၊ VoIP ဖုန်းများနှင့် အခြေခံ Access Point (WAP) များတွင် အသုံးများပါတယ်။

၂။ PoE+ (Type 2)
Standard: IEEE 802.3at
ပါဝါပမာဏ: Switch ဆီကနေ အများဆုံး 30.0W ထွက်ပြီး Device ဆီကို 25.5W ဝန်းကျင် ရောက်ရှိပါတယ်။
အသုံးပြုမှု: မော်တာပါပြီး လှည့်လို့ရတဲ့ PTZ Camera များ၊ ပိုမိုမြင့်မားတဲ့ Dual-Band Access Point များနှင့် Alarm System များတွင် အသုံးပြုပါတယ်။

၃။ PoE++ / Ultra PoE (Type 3)
Standard: IEEE 802.3bt (Type 3)
ပါဝါပမာဏ: Switch ဆီကနေ အများဆုံး 60.0W ထွက်ပြီး Device ဆီကို 51.0W ဝန်းကျင် ရောက်ရှိပါတယ်။
အသုံးပြုမှု: ပါဝါစားများတဲ့ PTZ Speed Dome ကင်မရာများ၊ သတင်းအချက်အလက်ပြစခရင် (Digital Signage) များနှင့် Video Conferencing System များတွင် သုံးပါတယ်။

၄။ Higher-Power PoE (Type 4)
Standard: IEEE 802.3bt (Type 4)
ပါဝါပမာဏ: Switch ဆီကနေ အများဆုံး 90W မှ 100W အထိ ထွက်ရှိပြီး Device ဆီကို 71.3W ဝန်းကျင်အထိ ရောက်ရှိပါတယ်။
အသုံးပြုမှု: Laptop များ၊ Flat Screens များ၊ LED Lighting စနစ်များနှင့် ပါဝါအလွန်စားသော IoT Device ကြီးများအတွက် အသုံးပြုပါတယ်။

IP System CCTV တွေမှာတော့ များသောအားဖြင့် Type1 နဲ့ Type2 အသုံးများပါတယ်၊ Analog System တွေမှာလို Power ကြိုးသီးသန့်မလိုတော့လို့ IP System တွေမှာ PoE ဟာ တကယ် အသုံးတည့်ပါတယ်။

ဖိုးသာလှ CCTV & GPS
အမှတ်၁၆၊ ၁၀၇လမ်း၊ မင်္ဂလာတောင်ညွန့်
ဖုန်း 09425008284 09678128536 09685700673

Address

No16, 107th Street, Mingalar Taung Nyunt
Yangon

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00
Saturday 08:30 - 17:00

Telephone

+959425008284

Website

Alerts

Be the first to know and let us send you an email when Photharhla CCTV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category