SPMS Computer & Gadget Wholesale

SPMS Computer & Gadget Wholesale Branded Computer and Mobile Accessories Distribution

ကိုယ်ရဲ့ ဖုန်းကို သက်တမ်းကြာရှည်ခံအောင် ဘယ်လိုလုပ်မလဲ 🤔🤔          နည်းပညာဟာ ကျွန်တော်တို့ နေ့စဉ်ဘဝထဲမှာ အခိုင်အမာနေရာယူပ...
29/03/2024

ကိုယ်ရဲ့ ဖုန်းကို သက်တမ်းကြာရှည်ခံအောင် ဘယ်လိုလုပ်မလဲ 🤔🤔

နည်းပညာဟာ ကျွန်တော်တို့ နေ့စဉ်ဘဝထဲမှာ အခိုင်အမာနေရာယူပြီးနေပါပြီ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ဆဲလ်ဖုန်းတွေ ကွန်ပြူတာတွေ တက်ဘလက်တွေမရှိဘဲ ခဏတောင်နေဖို့ တွေးကြည့်လို့မရပါဘူး။သင့်ရဲ့ ပစ္စည်းကိရိယာလေးကို သက်တမ်းရှည်ရှည်သုံးနိုင်ဖို့ ကူညီပေးမယ့် အချက်လေးတွေကို ပြင်ဆင်ထားပါတယ်။
👉ဖုန်းအားပြည့်သွားချိန်မှာ အားသွင်းကြိုးကို ဆက်တပ်မထားပါနဲ့
သိသာတယ်မလား။ တစ်စက္ကန့်လောက် တွေးကြည့်လိုက်ပါ။ သင့်ဖုန်း ၁၀၀ ရာနှုန်းအားပြည့်နေပြီကို သိဖို့အတွက်နဲ့ သင့်ဖုန်းကို ဘယ်နှခါကောက်ကိုင်ဖူးပါသလဲ။ ဗို့အားများခြင်းဟာ ဘက်ထရီအတွက်တော်တော်ကိုဆိုးတာပါ။
👉သင့်ဖုန်းကို ၁၀၀ ရာနှုန်းပြည့်အောင် သွင်းစရာမလိုပါဘူး
သင့်ဖုန်းဘက်ထရီကို ၁၀၀ ရာနှုန်းပြည့်တဲ့အထိ ထားဖို့မလိုပါဘူး။ အားလုံးပြည့်ဝတဲ့အထိထားတာဟာ တကယ်ကို ပျက်စီးစေတာပါ။ အားသွင်းဘားရဲ့ အမြင့်ဆုံးနေရာမှာ သေးသေးလေးဖြစ်ဖြစ် နေရာလွတ်လေးရှိအောင်ထားတာက ပိုကောင်းပါတယ်။ သင့်ဖုန်းကို အချိန်အကြာကြီး ပလပ်တပ်မထားပါနဲ့။ အခွင့်အရေးရတဲ့အချိန်တိုင်း ၁၀ မိနစ် ၁၅ မိနစ်လောက်ပဲ သွင်းဖို့ ကြိုးစားပါ။
👉သင့်ဖုန်းကို အားသွင်းဖို့ အချိန်တိုင်းကို အသုံးပြုပါ
ဒီစည်းမျဉ်းကတော့ ခုနကတစ်ခုနဲ့ ဆက်သွယ်နေပါတယ်။ သင်ဂိမ်းကစားတဲ့အချိန် သို့မဟုတ် စာရိုက်နေတဲ့အချိန်မှာ သင့်ဖုန်းအားသွင်းကြိုးကို ပလပ်ခုံမှာ တပ်ထားဖို့ မမေ့ပါနဲ့။ သင့်ရဲ့အီလက်ထရောနစ်ပစ္စည်းလေးကို သူဆာလောင်နေပြီဆိုတာ အချက်ပြတဲ့အထိ မစောင့်ပါနဲ့။
👉အပူလွန်ကဲခြင်းကို ရှောင်ကြဉ်ပါ
ဘက်ထရီတွေဟာ အပူကို အလွန်အမင်း sensitive ဖြစ်ကြပါတယ်။ ဥပမာအားဖြင့် Apple ကတော့ သူ့ရဲ့သုံးစွဲသူတွေကို ဖုန်းအားသွင်းနေချိန်မှာ ကာဗာကို ဖြုတ်ထားဖို့ အကြံပြုထားပါတယ်။ အားသွင်းပြီးနောက်မှာသင့်ရဲ့ စက်ပစ္စည်းလေးဟာ ပူလာတယ်ဆိုရင် ကာဗာမပါဘဲ အားသွင်းကြည့်ပါ။ တစ်ဖက်မှာတော့ သင်ဟာနေသာတဲ့နေရာမှာ ရှိနေရင် နေရောင်ကနေ ကာကွယ်နိုင်ဖို့ ကာဗာကိုတပ်ထားပါ။
*********************

တကိုယ်ရည်ပိုဆန်လာတဲ့PC ဖြစ်အောင် AI က လုပ်ပေးနိုင်တဲ့အချက်လေးချက်***********************************          PC ကိုအသုံ...
28/03/2024

တကိုယ်ရည်ပိုဆန်လာတဲ့PC ဖြစ်အောင် AI က လုပ်ပေးနိုင်တဲ့အချက်လေးချက်
***********************************
PC ကိုအသုံးပြုတဲ့အခါ AI ရဲ့ကျေးဇူးနဲ့ ပိုပြီးသဘာဝဆန်လာသလို အသုံးဝင်လာနိုင်တဲ့အလားအလာအကြောင်း Lenovo အမှုဆောင်တွေက ပြောပြထားပါတယ်။PC တွေရဲ့အနာဂတ်ဟာ တစ်ကိုယ်ရည်သုံးဆိုတဲ့အသုံးအနှုန်းကို ထဲထဲဝင်ဝင်ဖြစ်လာတော့မဲ့သဘောပါပဲ။ ကျွန်တော်တို့ဟာ AI, machine learning တို့ရဲ့အရေးပါအရာရောက်မှုတွေကြောင့် PC တွေရဲ့ခေတ်သစ်ကို လှမ်းမြင်နေရပါပြီ။
လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုတုန်းက PC တွေက ကမ္ဘာနဲ့ချီပြီးရောင်းအားကျဆင်းသွားမယ်လို့ ဟောချက်ထုတ်ခဲ့ဖူးတယ်။ ဒါပေမဲ့ အံ့သြစရာကောင်းလောက်အောင် ကျွန်တော်တို့နေ့စဥ်ဘဝမှာ PC တွေက နေရာယူလာကြတယ်။ဒါကြောင့်ပဲ PC တွေဟာ စဥ်ဆက်မပြတ်တိုးတက်နေရတာဖြစ်သလို ကျွန်တော်တို့ရဲ့ပြောင်းလဲနေတဲ့ လုပ် ငန်းခွင်နဲ့ နေထိုင်မှုစနစ်တွေကို လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ပေးရတာပါပဲ။
ဒီနေ့ခေတ် PC တွေက Lenovoပထမဆုံးဝင်ရောက်ခဲ့တဲ့ လွန်ခဲ့တဲ့နှစ်၄၀နဲ့ယှဥ်ကြည့်လိုက်ရင် ဘာမှကိုမတူတော့တာပါ။ “DOS PC” ကနေ Windows PC ခေတ်အထိ Lenovo ဟာ လူတွေရဲ့ပြောင်းလဲလာတဲ့လိုအပ်ချက်အပေါ် အမြဲဂရုစိုက်ဖန်တီးပြီးရေစီးကြောင်းပေါ်မှာ အမြဲနေခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တုန်းကလည်း PC တွေဟာ ရှေ့ပြေးနေတဲ့ သုံးစွဲသူအတွေ့အကြုံ၊ ရေရှည်တည်တံ့တဲ့ဒီဇိုင်းတွေနဲ့ တည်ရှိနေပြီးသားဖြစ်ပါတယ်။
၂၀၂၀ခုနှစ်ရဲ့ အပြင်မထွက်ရအခြေအနေဟာ PC တွေကိုမရှိမဖြစ်အရာတစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီး ကျွန်တော်တို့ရဲ့ အလုပ်၊ သင်ကြားရေးနဲ့ အခြားမြောက်များစွာသောခေါင်းစဥ်တွေအောက်ကနေ ဝင်ရောက်လာပါတယ်။ ဒါဟာ PC တစ်ခေတ်ဆန်းလာခြင်းဖြစ်ပါတယ်။ PC ကို တစ်အိမ်တစ်လုံးအဖြစ်ကနေ လူတစ်ယောက်ကို တစ်လုံးအထိ ဝယ်ယူလာကြတယ်။ PC တွေကလည်းပိုပြီးစမတ်ဖြစ်လာတယ်။
အခုဆိုရင် PC တွေဟာ သုံးစွဲသူနဲ့စက်ဆိုတဲ့ ခံစားချက်ကိုတောင် မှေးမှိန်အောင်ပြုလုပ်မဲ့ခေတ်ကိုရောက်နေပါပြီ။ သမိုင်းအရ PC အဆင့်မြှင့်တင်ခြင်းဆိုတာ ဂရပ်ဖစ်ပိုကောင်းခြင်း၊ ပရိုဆက်ဆာအသစ်ထည့်ခြင်း၊ မမ်မိုရီအသစ်တိုးခြင်း၊ ခေတ်ရှေ့ပြေးတဲ့ဒီဇိုင်း ဒါတွေလောက်ပါပဲ။ မျိုးဆက်သစ်PC တွေမှာတော့ ကွန်ပျူတာတွေက သုံးစွဲသူတွေကို ကိုယ်တိုင်ထက် ပိုနားလည်လာတော့မှာပါ။
Generative AI လို့ခေါ်တဲ့ ဖန်တီးနိုင်စွမ်း၊ ညှိယူနိုင်စွမ်းမြင့်မားတဲ့ AI တွေဟာ သာမန် PC တွေမလုပ် ဆောင်နိုင်တဲ့အရာတွေကို အိပ်မက်မက်ခွင့်ပေးလာတယ်။ PC အသစ်တွေဟာ AI ကိုအကူအညီယူထားတဲ့သဘောတင်မဟုတ်တော့ဘဲ AI ကို အပြည့်အဝသုံးစွဲခွင့်ပေးထားတာမျိုး ဖြစ်လာမှာပါ။ ဒါကြောင့် ဘယ်တုန်းကမှမကြုံဖူးတဲ့ သုံးစွဲသူအတွေ့အကြုံအသစ်ကို ပေးစွမ်းနိုင်ပါတယ်။
👉တကိုယ်ရည်သုံးပိုဆန်လာအောင် AI PC တွေက ဘယ်လိုနည်းလမ်းတွေနဲ့လုပ်ဆောင်ပေးမလဲ။
၁။ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို စောင့်ရှောက်ပေးပြီး တမူထူးခြားတဲ့ခံစားချက်ကိုပေးမဲ့ Personal Foundation Models
PC အသစ်ဖြစ်ဖြစ်၊ smart device ဖြစ်ဖြစ် “personal foundation models” ဆိုတာလေး ပါဝင်လာမှာပါ။ သူကတော့ AI စနစ်တစ်ခုဖြစ်ပြီး ကိုယ့်တစ်ယောက်တည်းအတွက်ပဲ သီးသန့်အံဝင်မဲ့ ခံစားချက်လေးပါ။ ဒီစနစ်ဟာ ကိုယ့်ရဲ့ အကြိုက်၊ အလေ့အကျင့်၊ သူတို့ရဲ့ကူညီနိုင်စွမ်း စတာတွေကို အချိန်နဲ့အမျှလေ့လာပြီးတော့ ညှိယူသွားမှာပါ။ ဒါ့အပြင် အချက်အလက််တွေကို ကိုယ့်ရဲ့ device အတွင်းမှာပဲလုံခြုံအောင်သိမ်းထားပြီး cloud ပေါ်ကိုမတင်တာမို့ အချက်အလက်ပေါက်ကြားတာမျိုး မဖြစ်တော့ပါဘူး။ အချိန်ကြာလာလေလေ ကိုယ့်ရဲ့လိုအပ်ချက်၊ ကိုယ့်စိတ်ထဲမှာတွေးနေတာကို သိလာနိုင်တဲ့အထိကောင်းမွန်လာမှာဖြစ်ပါတယ်။သူတို့ရဲ့တုံ့ပြန်ပုံတွေဟာ ကိုယ့်ရဲ့အ ကြိုက်နဲ့ညှိပေးထားတာဖြစ်လို့ ပိုပြီးလုပ်ရည်ကိုင်ရည်တိုးတက်လာမှာပါ။ စာရွက်စာတမ်းဖန်တီးတာ၊ အီးမေးလ်ပို့တာမျိုးကိုလည်း ကိုယ့်လေသံအတိုင်း ထုတ်ပေးနိုင်ပါတယ်။
၂။ ဘယ်တော့မဲ သင်ယူခြင်းမရပ်တံ့မဲ့သူတွေ
Lenovo AI Engine+ ကိုအသုံးပြုထားတဲ့ Lenovo LA AI chip ဟာ အချက်အလက်တွေကို လေ့လာနိုင်စွမ်းမြင့်မားသလို ကိုယ့်ကိုယ်ကို တိုးတက်အောင်လည်း ပြင်ဆင်နိုင်စွမ်းရှိပါတယ်။ frames-per-second monitoring ၊ CPU နဲ့ GPU ကြား ပါဝါချိတ်ဆက်ပေးခြင်းလုပ်ဆောင်ပေးနိုင်တာမို့ မြန်ဆန်တဲ့ image နဲ့ video rendering တွေ ရရှိစေပါတယ်။ သုံးစွဲသူတွေက PC ကိုသုံးနေပေးရုံနဲ့ chip က ပိုပိုကောင်းလာမှာပါ။ AI PC တွေမှာပါဝင်မဲ့ သီးသန့်တပ်ဆင်ထားတဲ့ NPU ဟာ သုံးစွဲသူတွေရဲ့လိုအပ်ချက်ကို အချိန်နဲ့တစ်ပြေးညီသိနေပြီးတော့ စွမ်းဆောင်ရည်မကျဘဲ လိုအပ်သလို စွမ်းဆောင်ပေးမှာပါ။ ဒါ့အပြင် သူတို့ဟာ သင်ယူမှုကိုဘယ်သောအခါမှ ရပ်တံ့လိုက်မှာမဟုတ်ပါဘူး။
၃။ ကိုယ့်အကြိုက်ကို ညှိပေးနိုင်တဲ့ အသိပညာတွေရှိတယ်
AI PC တစ်ခုဟာ တုံ့ပြန်ရုံလောက်သာ တတ်နိုင်တာမဟုတ်ပါဘူး။ သူ့မှာ လျပ်တပြက်ဆန်တဲ့ အသိပညာသိုလှောင်ထားမှုတွေလည်းရှိပါတယ်။ ဆိုလိုတာက သုံးစွဲသူတွေရဲ့အခြေအနေပေါ်လိုက်ပြီးတော့ စွယ်စုံကျမ်းတစ်ခုကို ဖန်တီးထားပါတယ်။ အဲဒီစွယ်စုံကျမ်းဟာ သုံးစွဲသူစိတ်ဝင်စားတတ်တဲ့အကြောင်းအရာတွေ ပါဝင်နေမှာပါ။ များများသုံးလေလေ ကိုယ့်အကြိုက်တွေချည်းဖန်တီးထားတဲ့ စွယ်စုံကျမ်းဖြစ်လေလေပါပဲ။ အချိန်နဲ့အမျှ AI ဟာ ကိုယ့်ရဲ့မကြာခဏမေးတတ်တဲ့မေးခွန်းတွေကို သိလာရုံတင်မက မမေးခင်မှာပဲ ကိုယ့်ရဲ့လိုအပ်ချက်တွေကိုသဘော ပေါက်ပြီး ကြိုဖြေတာမျိုးအထိ ဖြစ်လာမှာပါ။ ဘေးနားက လက်ထောက်တစ်ယောက်လိုမျိုး မီတင်မစခင် ကြိုအသိ ပေးတာမျိုး၊ စာရွက်စာတမ်းတွေကြိုပြင်ပေးတာမျိုးကို စိတ်ကူးကြည့်လိုက်ပါ။
၄။ သဘာဝဆန်ပြီး ရှေ့ပြေးသိနိုင်တဲ့အပြန်အလှန်ဆက်သွယ်ခြင်းမျိုးဖြစ်အောင် ဖန်တီးထားတယ်
AI တွေဟာ တွက်ချက်မှုအပိုင်းမှာ ပိုပြီးတော့ကောင်းမွန်လာတယ်ဆိုပေမဲ့ ကျွန်တော်တို့နဲ့ ဆက်သွယ်တဲ့အခါမှာလည်း သဘာဝဆန်ဖို့လိုအပ်ပါသေးတယ်။ AI PC တွေကတော့ ဒီအချက်ကို ဦးစားပေးထားပါတယ်။ ဆိုလိုတာက ခက်ခဲလှတဲ့ ခိုင်းစေရမဲ့စာသားတွေကို လေ့လာနေစရာမလိုဘဲ နေ့စဥ်အသုံးပြုနေတဲ့ပုံစံကိုအသုံးပြုနေရင်းက AI ရဲ့ အကျိုးကျေးဇူးကို ခံစားရမဲ့သဘောပါပဲ။ AI ဟာ တွက်ချက်မှုအပိုင်းမှာ မရှိမဖြစ်ကိုလိုအပ်နေတဲ့ခေတ်ကို ရောက် လာပါပြီ။ AI ကို နေရာတိုင်းမှာပုံစံမျိုးနဲ့အသုံးပြုနေတာဖြစ်လို့ AI PC တွေကိုလည်း လာမဲ့နှစ်တွေမှာ တွေ့မြင်ရနိုင်ပါတယ်။
Lenovo ကတော့ ကျွန်တော်တို့ရဲ့ ဒီဂျစ်တယ်နေ့စဥ်ဘဝမှာပါဝင်နေတဲ့ AI ပါဝင်တဲ့ ဂေဟစနစ်တစ်ခုကို ကြိုတင်ဖန်တီးဖို့ စိတ်ကူးထားပါတယ်။ လက်ရှိ ThinkPad, ThinkBook, Yoga, Legion တွေအပြင် တခြားထုတ်ကုန်တွေမှာပါ AI ထည့်သွင်းမှာပါ။
တခြားသော နည်းပညာနယ်ပယ်ကလုပ်ငန်းကြီးတွေကလည်း AI PC နဲ့ပတ်သက်ပြီး လုပ်ဆောင်နေကြတာဖြစ်လို့ PC ဟာ စက်ပစ္စည်းတစ်ခုသာသာဆိုတဲ့ခံစားမှုကနေ ကျွန်တော်တို့ရဲ့အဖော်မွန်ကောင်းတစ်ယောက်ဆိုတဲ့ခံစားမှုကို ကူးပြောင်းလာနိုင်တော့မှာဖြစ်ပါတယ်။
Ref : https://www.fastcompany.com/.../four-ways-that-ai-will...
****************************************

AI ရဲ့ အမှောင်ခြမ်း          ကမ္ဘာကြီးဟာ အလိုအလျောက်လုပ်ပေးနိုင်တဲ့စနစ်ဆီကို ဦးတည်နေပြီးAI ရဲ့အရေးပါမှုကလည်း လူသားတွေဆီ...
27/03/2024

AI ရဲ့ အမှောင်ခြမ်း

ကမ္ဘာကြီးဟာ အလိုအလျောက်လုပ်ပေးနိုင်တဲ့စနစ်ဆီကို ဦးတည်နေပြီးAI ရဲ့အရေးပါမှုကလည်း လူသားတွေဆီကို စိမ့်ဝင်ပျံ့နှံ့နေပါတယ်။AI ဟာ အကျိုးကျေးဇူးနဲ့ အဆင့်မြှင့်တင်ပေးနိုင်မှုတွေရှိနေပေမဲ့လည်းကျွန်တော်တို့မသိနိုင်တဲ့ အမှောင်ခြမ်းရှိနေပါတယ်။ဒီတော့ အပေါ်ယံအောက်က ဘယ်လိုကြောက်မက်ဖွယ်အမှောင်ခြမ်းရှိနေမလဲဆိုတာ ဖော်ထုတ်ကြည့်ရအောင်။
⏹အလုပ်အကိုင်အပေါ် သက်ရောက်မှု
AI ဟာ အလုပ်အကိုင်စျေးကွက်မှာ လွှမ်းမိုးလာပြီး ထုတ်လုပ်ရေးကနေ ဝန်ဆောင်မှုတွေအထိ လူသားတွေရဲ့နေရာကို လွှဲပြောင်းယူလာပါတယ်။ ဒါဟာ အလုပ်အကိုင်ရှာဖွေနေသူတွေအတွက် ဘယ်လိုဖြစ်လာနိုင်ပါသလဲ။ လေ့လာချက်တွေအရ AI ဟာ အလုပ်အကိုင်ရှားပါးမှုပြဿနာကို ဖြစ်လာစေသလို အခွင့်အလမ်းအသစ်တွေကိုလည်း ပေးနိုင်ပါတယ်။ ဒါပေမဲ့ လူတိုင်းဟာ ဒီရေစီးကြောင်းကိုမီဖို့ အသစ်အသစ်တွေကို လေ့လာသင်ယူနေရမှာဖြစ်ပါတယ်။
တချို့လုပ်ငန်းခွင်တွေဟာ ရှုပ်ထွေးလှတဲ့ကျွမ်းကျင်မှုတွေလိုအပ်တာမို့ လူတိုင်းတော့ လွယ်လင့်တကူရမှာမဟုတ်ပါဘူး။ ဒီလိုအမြဲတိုးတက်ပြောင်းလဲနေတဲ့ပတ်ဝန်းကျင်ကြီးမှာ လူတိုင်းနောက်ကျမကျန်ရအောင် အစိုးရနဲ့အဖွဲ့အစည်းတွေရဲ့ ကြိုးပမ်းအားထုတ်မှုက အခရာဖြစ်လာပါတယ်။
⏹ဘက်လိုက်ခြင်း
AI တွေမှာ ဆုံးဖြတ်နိုင်စွမ်းရှိလာပြီ။ ထားပါတော့ အသက်ကယ်ဖို့အစားထိုးကုသရမဲ့နေရာမှာ နှစ်ယောက်ဖြစ်နေလို့ တစ်ယောက်ကိုရွေးတဲ့အခါ ဘက်လိုက်ခြင်းတွေရှိနေမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ AI ဟာ သူ့ကိုလေ့ကျင့်ထားတဲ့အချက်အလက်ကိုပဲယုံကြည်မှာပါ။ ဒီလိုဘက်လိုက်တဲ့အချက်အလက်တွေမရှိနေစေဖို့ သေချာအောင်စစ်ဆေးဖို့လည်းလိုအပ်ပါတယ်။
⏹ဘက်လိုက်ပြီး အချက်အလက်ပေးပို့မှု
လူမှုကွန်ရက်ခေတ်မှာ အယ်လ်ဂိုရစ်သမ်တွေဟာ ကျွန်တော်တို့ရဲ့ content ရရှိနိုင်စွမ်းကို ထိန်းချုပ်ထားပါတယ်။ ကျွန်တော်တို့ဟာ သူတို့မြင်စေချင်တာကိုပဲမြင်နေရတာဖြစ်လို့ တကယ့်ကမ္ဘာကြီးမှာ ဒါတွေဖြစ်နေတယ်ဆိုတာကို အကန့်အသတ်နဲ့သာ တွေ့မြင်ရပြီး အပြည့်အဝမခံစားရပါဘူး။ ပိုမိုကောင်းမွန်တဲ့လူ့အဖွဲ့အစည်းဖြစ်ဖို့ ပုဂ္ဂိုလ်ရေးသီးသန့်နဲ့ ကွဲပြားမှုကြားမှာ ညီမျှတဲ့ဟန်ချက်ဖြစ်အောင်လုပ်ဖို့ကလည်း အရေးကြီးပါတယ်။
⏹လူသားချင်းထိတွေ့မှုနည်းပါးလာ
Chatbot, smart speaker တွေခေတ်မီတိုးတက်လာတာနဲ့အမျှ လူသားအချင်းချင်း ဆက်သွယ်မှုက ပျောက်ဆုံးသွားပါတယ်။ နည်းပညာတွေတိုးတက်လာသလို လူသားအချင်းချင်း စာနာနားလည်စိတ်နဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ ဆက်သွယ်မှုကိုလည်း တည်မြဲနေအောင် ကြိုးစားရမှာဖြစ်ပါတယ်။
⏹ထိန်းချုပ်သူမဲ့လက်နက်များ
ကမ္ဘာတစ်လွှားကနိုင်ငံတွေဟာ ဒရုန်းတွေမှာ ပစ်မှတ်ကိုသိရှိနိုင်ပြီး ပစ်ခွင်းနိုင်မဲ့နည်းပညာကို လေ့လာနေကြပါတယ်။ ဒါဟာ နည်းပညာကိုအလွဲသုံးစားလုပ်သူတွေ ပေါ်လာနိုင်လို့ ထိန်းချုပ်သင့်ပါတယ်။
⏹AI အကြမ်းဖက်မှု
ထိန်းချုပ်သူမဲ့လက်နက်တွေလုပ်နေကြတယ်ဆိုတာ ခုခံဖို့အတွက်ပဲဖြစ်ပေမဲ့ အဲဒီနည်းပညာကို အကြမ်းဖက်သောင်းကျန်းသူတွေသာ ရရှိသွားခဲ့ရင် ဘယ်လိုဖြစ်မလဲ။ ဒါဟာ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးကို ခြိမ်းခြောက်လာနိုင်ပါတယ်။
⏹သဘာဝပတ်ဝန်းကျင် ထိခိုက်မှု
AI အသုံးပြုမှုက ပတ်ဝန်းကျင်မထိခိုက်ဘူးထင်ရပေမဲ့ တကယ်တမ်း AI စနစ်လည်ပတ်ဖို့ နောက်ကွယ်မှာသုံးနေတဲ့ဆာဗာတွေဟာ စွမ်းအင်အမြောက်အများလိုအပ်သလို အပူကိုလည်း ထုတ်လွှတ်နေတာဖြစ်ပါတယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်မထိခိုက်အောင် ရေရှည်ကိုစဥ်းစားပြီး နည်းလမ်းအသစ်တွေကြံဆဖို့လိုအပ်ပါတယ်။
⏹Hacking နဲ့ Cyber Attack
AI ကို machine learning နဲ့ပေါင်းစပ်အသုံးပြုလာခြင်းက ဟက်ကာတွေအတွက် လမ်းဖွင့်ပေးလိုက်သလိုပါပဲ။ ဆိုင်ဘာခြိမ်းခြောက်မှုရန်တွေကနေကာကွယ်နိုင်ဖို့ ကြံ့ခိုင်တဲ့လုံခြုံရေးစစ်ဆေးချက်တွေကို လုပ်ဆောင်ဖို့လည်း လိုအပ်လာပါတယ်။ ..
Ref : https://www.linkedin.com/.../unveiling-dark-side-hidden.../
**************************

အရင်မျိုးဆက်ထက် နှစ်ဆပိုမြန်မဲ့ USB 4~~~နည်းပညာတွေအဆင့်မြင့်လာတာနဲ့အမျှ ကျွန်တော်တို့သုံးနေတဲ့ device တွေဟာ နည်းပညာအမြင်...
26/03/2024

အရင်မျိုးဆက်ထက် နှစ်ဆပိုမြန်မဲ့ USB 4
~~~
နည်းပညာတွေအဆင့်မြင့်လာတာနဲ့အမျှ ကျွန်တော်တို့သုံးနေတဲ့ device တွေဟာ နည်းပညာအမြင့်တွေကို လိုက်ပါပြောင်းလဲသုံးစွဲပေးရပါတယ်။ USB တွေအတွက်လည်း ထိုနည်း၄င်းကောင်းပါပဲ။ သင့်မှာလည်း အမြဲအားသွင်းပေးနေရတဲ့ ဖုန်း၊ တက်ဘလက်၊ လက်ပ်တော့တွေရှိလောက်မှာပါ။ သွားလေရာကို ကြိုးအပိုတွေသယ်သွားနေရတာ စိတ်ပျက်စရာတော့ကောင်းတယ်မဟုတ်လား။
တစ်ကြိုးတည်းနဲ့ အကုန်အဆင်ပြေမယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ။ မကြာခင်ဖြစ်တော့မှာပါ။ USB4 ဟာ မကြာခင်မှာ Version 2.0 ထွက်လာတော့မှာဖြစ်ပြီး အရင်မျိုးဆက်ထက် ၂ဆပိုမြန်မယ့်အပြင် device အဟောင်းတွေမှာလည်း အလုပ်လုပ်မှာဖြစ်လို့ အသစ်ဝယ်စရာမလိုတော့ပါဘူး။
👉USB သမိုင်းကြောင်း
USB ဟာ လျှပ်စစ်ပစ္စည်းများစွာရဲ့ အရေးပါတဲ့ feature လေးတစ်ခုဖြစ်ပါတယ်။ USB မရှိတဲ့ကမ္ဘာကြီးကို စိတ်ကူးကြည့်လို့တောင် မရနိုင်ဘူး။ ဒါကတော့ ၁၉၉၀အစောပိုင်းဝန်းကျင်လောက်ဖြစ်လိမ့်မယ်ထင်တယ်။
USB ဟာ နေ့စဥ်သုံးနေတဲ့ နည်းပညာတစ်ခုဖြစ်ပေမဲ့လည်း သူ့ရဲ့သမိုင်းကြောင်းကိုသိတဲ့သူက ရှားပါတယ်။ ၁၉၉၀ခုနှစ်အစောပိုင်းမှာ USB ကို ကုမ္ပဏီ၇ခု က ဖန်တီးခဲ့တယ်။ Compaq, IBM, DEC, Intel, NEC, Microsoft, Nortel တို့ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ကွန်ပျူတာနဲ့ချိတ်ဆက်တဲ့ပစ္စည်းတွေအတွက် စံနှုန်းတစ်ခု သတ်မှတ်ဖို့ပါ။
USB ရဲ့ ပထမဆုံးဗားရှင်းကို ၁၉၉၆ မှာ စတင်ထွက်ရှိနိုင်ခဲ့ပြီး ပရင်တာ၊ scanner နဲ့ ဒီဂျစ်တယ်ကင်မရာတွေကို ချိတ်ဆက်တဲ့ interface အနေနဲ့ လူကြိုက်များလာခဲ့တယ်။ နှစ်တွေကြာညောင်းလာတာနဲ့အမျှ USB ဟာလည်း ဗားရှင်းပေါင်းများစွာ ကျော်ဖြတ်ခဲ့ရတယ်။ အခုဆိုရင် ကမ္ဘာပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေတဲ့ နည်းပညာတစ်ခုဖြစ်လို့နေပါပြီ။
👉USB ရဲ့အလုပ်လုပ်ပုံ
USB port တွေရဲ့အလုပ်လုပ်ပုံကို စိတ်ကူးကြည့်ဖူးလား။ USB လို့ခေါ်တဲ့ Universal Serial Bus လေးဟာ လျှပ်စစ်ပစ္စည်းတွေကိုချိတ်ဆက်ဖို့အတွက် စံနှုန်းတစ်ခုဖြစ်ပါတယ်။ ကွန်ပျူတာနဲ့ ပရင်တာ၊ scanner နဲ့ ဒီဂျစ်တယ်ကင်မရာတွေကို ချိတ်ဆက်တဲ့နေရာမှာ ကျယ်ကျယ်ပြန့်ပြန့်သုံးနေကြပါတယ်။ USB ကို ဖုန်းနဲ့ တက်ဘလက်တွေမှာ အားသွင်းဖို့အတွက်လည်း သုံးကြပါသေးတယ်။
ဒါဆို USB ဘယ်လိုအလုပ်လုပ်သလဲ။ USB ဟာ device တွေကိုချိတ်ဆက်ဖို့အတွက် ဝိုင်ယာလေးပင်ကို အသုံးပြုတယ်။ နှစ်ခုကို ပါဝါအတွက်၊ ကျန်နှစ်ခုကို ဒေတာကူးပြောင်းဖို့အတွက် သုံးပါတယ်။ ပါဝါဝိုင်ယာတွေဟာ လျှပ်စစ် ၅ဗို့ကို သယ်ဆောင်ပြီး ဒီပမာဏဟာ မောက်စ်နဲ့ ကီးဘုတ်လို အသေးစားပစ္စည်းလေးတွေအတွက် လုံလောက်တဲ့ပမာဏဖြစ်ပါတယ်။ ဒေတာကူးပြောင်းတဲ့ဝိုင်ယာကြိုးတွေဟာ device တွေကြားမှာ သတင်းအချက်အလက်တွေ ကူးပြောင်းဖို့ ကူညီပေးပါတယ်။ ဥပမာ USB drive လေးကို ကွန်ပျူတာမှာချိတ်ဆက်လိုက်မယ်ဆိုရင် ဒေတာကူးပေးမဲ့ဝိုင်ယာလေးတွေက ဖိုင်တွေကို ကွန်ပျူတာနဲ့ drive ကြားမှာ အသွားအလာလုပ်ပေးနိုင်ပါတယ်။
USB ကြိုးတွေဟာ ချိတ်ဆက်မယ့် device အလိုက် အရွယ်အစားမတူညီကြပါဘူး။ အသုံးများတဲ့ USB ကတော့ 2.0 ဖြစ်ပြီး ပရင်တာနဲ့ scanner ကိုချိတ်ဆက်တဲ့အမျိုးအစားဖြစ်ပါတယ်။ USB 3.0 ကတော့ hard drive နဲ့ ဗွီဒီယိုကင်မရာတွေလိုမျိုး မြန်ဆန်တဲ့ device တွေအတွက် အသစ်ထွက်ထားတဲ့ ဗားရှင်းနောက်တစ်မျိုးဖြစ်ပါတယ်။
သူ့မှာ mini နဲ့ micro ဆိုပြီးလည်း ရှိပါတယ်။ သူတို့ကိုတော့ မိုဘိုင်းလ်တွေမှာ အသုံးပြုပါတယ်။ မကြာခင်မှာထွက်လာမဲ့ USB 4.0 ကတော့ USB 3.1 ထက် ၂ဆပိုမြန်ပြီး USB 2.0 ထက် ၃ဆ ပိုမြန်မှာပါ။
👉USB စံနှုန်းအသစ်က ဘာတွေကောင်းကျိုးရနိုင်လဲ
USB 4.0 မှာက USB 3.2 ထက် တိုးတက်မှုတွေအများကြီးပါမယ်လို့ ပြောထားပါတယ်။ USB 3.2 ထက် နှစ်ဆ ပိုမြန်မဲ့ 80 Gbps ကူးပြောင်းနှုန်း ပါမယ်။ data lane အများကြီးထည့်ထားတဲ့အတွက် သီအိုရီအရဆို 100 Gbps ကူးပြောင်းနှုန်းရှိပါတယ်။
ဒါဟာ အလားအလာရှိတဲ့နှုန်းထားပဲဖြစ်ပါတယ်။ တကယ့်စွမ်းဆောင်ရည်ကတော့ အမျိုးမျိုးသောအချက်တွေဖြစ်တဲ့ device အမျိုးအစားနဲ့ ကွန်ရက်အရည်အသွေးပေါ်မှာလည်း မူတည်နေပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် USB 4.0 ကတော့ စံနှုန်းအသစ်ဖြစ်တဲ့အတွက် ခြေလှမ်းသိသိသာသာ လှမ်းနိုင်မှာလို့ ကြွေးကြော်ထားပါတယ်။ မြန်နှုန်းတိုးတဲ့အပြင် USB 4.0 ဟာ အမျိုးမျိုးသော device တွေနဲ့ လိုက်လျောညီထွေဖြစ်ဦးမှာပါ။ သူဟာ Thunderbolt 3 နဲ့ DisplayPort 1.4 ကိုပါ ထောက်ပံ့ပေးမှာဖြစ်လို့ တစ်ပေါက်တည်းနဲ့ device ပေါင်းများစွာကို လွယ်လင့်တကူ ချိတ်ဆက်နိုင်တော့မယ့် သဘောပါပဲ။
USB 4.0 မှာက Thunderbolt နဲ့ DisplayPort တွေနဲ့ အဆင်ပြေပြေချိတ်ဆက်နိုင်မဲ့ connector type အသစ်ကို သုံးသွားမှာပါ။ ရလဒ်အနေနဲ့ သုံးစွဲသူတွေဟာ USB 4.0 ရဲ့ကောင်းကျိုးတွေကို ရှိနေပြီးသား ကြိုး ဒါမှမဟုတ် adapter လဲစရာမလိုဘဲ ရရှိခံစားနိုင်မှာပါ။
USB 4.0 ဟာ လက်ရှိမှာ လုပ်ဆောင်နေဆဲဖြစ်ပြီး ၂၀၂၃အစပိုင်းအထိထွက်မလာနိုင်သေးပါဘူး။ ဒါပေမဲ့ သေချာတာက ကျွန်တော်တို့ device တွေအသုံးပြုမှုကို သိသိသာသာ အကျိုးသက်ရောက်မှုပေးနိုင်ပါတယ်။ မြန်နှုန်းမြင့်လာပြီး ချိတ်ဆက်နိုင်စွမ်းမြင့်မားလာမှုက USB 4.0 နဲ့အတူ အရင်ကထက် ပိုမိုလွယ်ကူတဲ့နေ့စဥ်ဘဝကို ဖြတ်သန်းနိုင်တော့မှာပါ။
👉ထွက်ခဲ့သမျှ USB ဗားရှင်းတွေနဲ့ နှိုင်းယှဥ်ခြင်း
အသစ်ထွက်လာတဲ့ USB ကတော့ ပိုကောင်းတာပေါ့။ အရင်ဗားရှင်းတွေတုန်းက 480 Mbps နှုန်းလောက်ပဲဆိုတော့ အခြေခံလုပ်ဆောင်ချက်ဖြစ်တဲ့ ဖိုင်ကူးတာလောက်တော့ အဆင်ပြေပါတယ်။ နောက်ပိုင်း ဗွီဒီယိုနဲ့ အသံဖိုင်တွေကူးတဲ့အခါ အဆင်မပြေတော့ပါဘူး။ ပိုမြန်တဲ့ စံနှုန်းအသစ်က လိုအပ်လာပြီလေ။
၂၀၀၀ခုနှစ်မှာ ဗားရှင်းနှစ်ထွက်လာပြီးတော့ 60 Mbps အထိရလာတယ်။ အရင်မျိုးဆက်ထက် သိသိသာသာတိုးတက်လာတာဖြစ်ပေမဲ့ သုံးစွဲသူအများစုအတွက်ကတော့ မလုံလောက်ခဲ့ဘူး။ ၂၀၀၈ခုနှစ်မှာ ဗားရှင်းသုံးထွက်လာပြီး 625 Mbps အထိ ရလာတယ်။ အရင်မျိုးဆက်ထက် ပိုကောင်းလာပေမဲ့ သုံးစွဲသူအချို့အတွက် မလုံလောက်နေသေးပြန်ဘူး။
အခုဗားရှင်းမှာတော့ 80 Gbps ဖြစ်တဲ့အတွက် ဖိုင်အကြီးကြီးတွေကိုတောင် တစ်ခဏအတွင်း ပြောင်းနိုင်ပါတယ်။ USB 3 မှာ ငါးမိနစ်ကြာတဲ့ ဖိုင်တစ်ခုက USB 4 မှာဆိုရင် နှစ်မိနစ်ခွဲပဲကြာတော့မှာပါ။
USB 4 မှာ ဘာလို့ဒီလောက်မြန်လာရသလဲဆိုရင် အရင်မျိုးဆက်ထက်ပိုကောင်းတဲ့ encoding scheme အသစ်ကိုသုံးထားလို့ပါပဲ။ ဒါ့အပြင် သူ့မှာ ဒေတာကူးဖို့အတွက် lane အများကြီးကိုထောက်ပံ့ပေးထားလို့ မြန်နှုန်းပိုမြင့်နေတာပါ။ USB 3 မှာသုံးထားတဲ့ connector ပဲပြန်သုံးထားလို့ လက်ရှိကြိုးတွေ device တွေနဲ့ ဆက်လက်အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။
👉ဘယ် device တွေမှာ မြင်ရနိင်လဲ
USB 4.0 version 2.0 ကို အတော်များများက သုံးပါလိမ့်မယ်။ ကွန်ပျူတာတွေမှာ ဒေတာကူးနှုန်းမြန်ဖို့လိုတာမို့ သေချာပေါက်သုံးလိမ့်မယ်။
စမတ်ဖုန်းတွေကလည်း USB 4.0 သုံးထားတဲ့ device တွေနဲ့ချိတ်ဆက်နိုင်ပါတယ်။ ပရင်တာ၊ scanner ၊ ကင်မရာတွေမှာလည်း သုံးလာနိုင်ပါတယ်။
🔥အမေးများသောမေးခွန်းများ
👉USB4 ဟာ Thunderbolt ကို အစားထိုးသွားမလား
Thunderbolt ကို Thunderbolt ကပဲ အစားထိုးနိုင်ပါတယ်။ ဒီတော့ Thunderbolt ကို USB4 က အစားမထိုးနိုင်ပါဘူး။
👉USB type-A နဲ့ USB type-B ဘာကွာလဲ
type-A က host device ဖြစ်ပြီး type-B က peripheral device အတွက်ပါ။ USB type-A ကို ကွန်ပျူတာလိုမျိုး ပစ္စည်းတွေမှာ တွေ့နိုင်ပြီး USB type-B ကို ပရင်တာလိုမျိုးမှာ တွေ့နိုင်ပါတယ်။
👉USB type-C ကြိုးကို USB type-A device မှာ သုံးလို့ရလား
ရပါတယ်။ အဲလိုသုံးမယ်ဆိုရင် USB type-C device မှာသုံးတာနဲ့ယှဥ်လိုက်ရင် ဒေတာကူးနှုန်းနှေးတာပဲရှိမှာပါ။
👉USB 4 သုံးဖို့ ကြိုးအသစ်လိုလား
မလိုပါဘူး။ လက်ရှိသုံးနေတဲ့ ကြိုးနဲ့ device တွေမှာ ဆက်လက်သုံးနိုင်ပါတယ်။
👉USB 4 က Thunderbolt နဲ့ တူလား
နည်းပညာအရ မတူပါဘူး။ တခြားစီပါ။ ဒါပေမဲ့ သူတို့ရဲ့ မြန်နှုန်းမြင့်မှုနဲ့ device အတော်များများကို ချိတ်ဆက်နိုင်စွမ်းကတော့ ဆင်တူပါတယ်။. ...
Ref https://history-computer.com/next-gen-usb-4-promises-to.../

ကိုယ့် ကွန်ပျူတာကို ကိုယ်တိုင်သန့်ရှင်းနိုင်ဖို့ အတွက်💻📲 ***********************          သင် နေ့စဉ် ကိုင်တွယ်သုံးစွဲနေသ...
25/03/2024

ကိုယ့် ကွန်ပျူတာကို ကိုယ်တိုင်သန့်ရှင်းနိုင်ဖို့ အတွက်💻📲
***********************
သင် နေ့စဉ် ကိုင်တွယ်သုံးစွဲနေသည့် ကွန်ပျူတာတစ်လုံးနှင့်အရန်ပစ္စည်းများကို ဖုန်မှုန့်၊အညစ်အကြေးများကိုဖယ်ထုတ်သန့်ရှင်းစေဖို့ရာ လုပ်ငန်းဆောင်တာ တစ်ရပ်အဖြစ်သတ်မှတ်ထားသင့်ပါသည်။သင်၏ အိမ်တွင်းအခန်းများကို နေ့စဉ်သန့်ရှင်းရေးလုပ်ဖို့ရာ လိုအပ်သည်ကို သင်ကိုယ်တိုင် သို့မဟုတ် သင့်အိမ်ရှင်မက သိထားပြီး ဖြစ်ပါသည်။ အထူးသဖြင့် စားပွဲပေါ်တွင် တင်ထားရသည့် မောက်စ်၊ ကီးဘုတ်နှင့် မော်နီတာမျက်နှာပြင်တို့ကို နေ့စဉ် သန့်ရှင်းရေး လုပ်ဆောင်သင့်သည်။
ကွန်ပျူတာ CPU ပုံးသည် ပိတ်ထားသော ကြောင့် သန့်ရှင်းပေးစရာ မလိုအပ်ဟု မထင်ပါနှင့်။
အဆိုပါပုံးကို သင်ဖွင့်ကြည့်မိပါက အံ့ဩစရာ ဖြစ်သွားပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဖြူဖွေးသော ဖုန်မှုန့်အရောင်တို့ကို မျက်စိဖြင့်ပင် မြင်နိုင်နေပါလိမ့်မည်။အဆိုပါဖုန်မှုန့်တို့သည် ကွန်ပျူတာကို အပူချိန်တက်စေပြီး အလွန်သေးငယ်သော အစိတ်အပိုင်းများကို ပျက်စီးစေနိုင်သည်။
သို့ဖြစ်၍ ပေါ့ပေါ့ပါးပါးနှင့် လုပ်ဆောင်နိုင်သည့်သန့်ရှင်းရေး လုပ်ငန်းစဉ်များကို ဖော်ပြပေးလိုက်ရပါသည်။
🔲 ကီးဘုတ်ကို တစ်ပတ်တစ်ခါသန့်ရှင်းပါ။
သင် နေ့စဉ် အလုပ်လုပ်နေသည့် ကွန်ပျူတာစားပွဲသည် ရေချိုးခန်းအတွင်းက အိမ်သာခုံထက်ပင် ဗက်တီးရီးယားပိုးမွှားများနှင့် ပြည့်နေကာ သန့်ရှင်းမှုမရှိပါဟု ပြောခဲ့လျှင် သင်သည် စိတ်ဆိုးကောင်း စိတ်ဆိုးသွားပါလိမ့်မည်။ မှန်ပါသည်။ သင့်ရေချိုးခန်းနှင့် အိမ်သာသည်နေ့စဉ်ရေလောင်းခြင်း၊ ရေဆေးခြင်း၊ပိုးသတ်ဆေးဖြန်းခြင်း စသည်လုပ်ဆောင်မှုရှိနေသည်။ သင်၏စားပွဲကို ထိုသို့သန့်ရှင်းရေးမျိုးကို လုပ်ဖူးပါသလား။
စားပွဲပေါ်မှပိုးမွှားများနှင့် ဖုန်မှုန့်များသည် နေ့စဉ်နှင့်အမျှ ကီးဘုတ်၏ ကီးခလုတ်များအကြားသို့ ဝင်ရောက်ခိုအောင်းနေကြသည်။ သင်၏ ကော်ဖီခွက်အနီးမှ ပိုးမွှားများသည်ကီးဘုတ်အတွင်း ဝင်ရောက်ကြသည်။သင်၏ စီးကရက်မှ ပြာမှုန်များသည်ကီးဘုတ်၏ မျက်နှာပြင်ကို ဖုံးလွှမ်းလာနေကြသည်။ သို့ဖြစ်၍ သင့်ကီးဘုတ်ကိုတစ်ပတ်လျှင် တစ်ကြိမ်တော့ သန့်ရှင်းရေးလုပ်သင့်ပါသည်။
ကီးဘုတ်ကိုဖြုတ်ပြီးမှောက်လျက်ကိုင်ထားသည့် အနေအထားဖြင့် ဖြေးညှင်းစွာ လှုပ်ခါပေးပါ။ မျက်စိဖြင့်မြင်နေရသော အမှိုက်စများကို ဘရပ်ချ်ဖြင့် ခါထုတ်ပေးပါ။ ထို့အတွက် လေမှုတ်ဘူးလေးတစ်ဘူးကို ဝယ်ထားသင့်ပါသည်။၎င်းသည် ကီးခလုတ်များအကြားသို့ အမှိုက်စ၊ ဖုန်မှုန့်များကို ကောင်းစွာမှုတ်ထုတ်နိုင်သည်။ ကွန်ပျူတာသည် သင် တစ်ဦးတည်းသာ မဟုတ်ဘဲ အများသုံးဖြစ်နေပါက ကီးဘုတ်အုပ်သည့် လက်ကိုင်ပုဝါအရှည်ဖြင့် ဖုံးအုပ်ထားပြီး ဆိုင်များတွင် ဇီဝသက်ရှိ ပိုးမွှားများပေါက်ဖွားခြင်းကို ကာကွယ်ပေးသည့် နည်းပညာကိုသုံးထားသည့်ဒြပ်ပေါင်းဖြင့် သုံးစွဲထားသည့် ပုဝါကို မေးမြန်းကာ ကီးဘုတ်နှင့် မောက်စ်ကိုယ်ထည်ကို ဖုံးအုပ်ပေးနိုင်သည်။
🔲 ကီးဘုတ်ကို သန့်ရှင်းရေး ပြုလုပ်ရသည့်နည်းတူ မော်နီတာကိုလည်း တစ်ပတ်လျှင် တစ်ကြိမ်မျှ နူးညံ့သောဖိုင်ဘာအဝတ်စ သို့မဟုတ် မျက်မှန်ကိုသုတ်သည့် အဝတ်စမျိုးဖြင့်သန့်ရှင်းရေး ပြုလုပ်ပေးပါ။
ကွန်ပျူတာကို ပိတ်ထားသည်ဆိုပါက ရေအနည်းငယ် စွတ်ထားသည့် (ရေဓာတ်ပါသည်ဆိုရုံမျှဖြစ်သော) နူးညံ့သောအဝတ်စကို သုံးနိုင်ပါသည်။ သို့ရာတွင် မော်နီတာမျက်နှာပြင်ကို စေးကပ်စေသည့် ဓာတုဓာတ်ပေါင်းများ ဖျော်ထားသည့် အရည်မျိုးကို မသုံးသင့်ပါ။ ကွန်ပျူတာဆိုင်များတွင် ဖန်သားပြင်မော်နီတာတို့အား သန့်ရှင်းရေးပြုလုပ်နိုင်သည့် အထူးအဝတ်စများ၊ စက္ကူတစ်ရှူးများကို ရောင်းတတ်ပါသည်။အကယ်၍ သင်သည် ကွန်ပျူတာနှင့် မော်နီတာကို ဖွင့်၍အသုံးပြုနေသည့်အချိန်ဖြစ်ပါက အဝတ်ခြောက်ဖြင့် မော်နီတာပေါ်မှ လေပေါက်များကို သန့်ရှင်းပေးနိုင်ပါသည်။
🔲 တစ်လတစ်ကြိမ် ပန်ကာများကို သန့်ရှင်းပါ။
သင်၏ ကွန်ပျူတာပုံးကို ဖွင့်ကြည့်ဖူးပါလိမ့်မည်။ သင့်အနေနှင့် ဖုန်မဝင်နိုင်သည့် သန့်ရှင်းသော အခန်းတွင်းတွင် ထားသည်ဆိုသည့်တိုင် ကွန်ပျူတာပုံးထဲတွင် ဖုန်များ၊ ပိုးဟပ်ကဲ့သို့ ပိုးကောင်များ၏ အညစ်အကြေးများရှိနေသည်ကို သင်မထင်မှတ်ဘဲ မြင်တွေ့ရပါလိမ့်မည်။
အထူးသဖြင့် ပန်ကာငယ်လေးတစ်ခု သို့မဟုတ် ပန်ကာလေးများ၏ ဒလက်များတွင် ဖုန်များဖြင့်ပြည့်နေတတ်သည်။ USB Cable နှင့် ဝိုင်ယာကြိုး လမ်းကြောင်းပေါ်တွင်လည်း လက်ဖြင့် တို့ကြည့်လျှင် ဖုန်များ ကပ်ပါလာပါလိမ့်မည်။ မည်သို့ပင်ဖြစ်စေ အဆိုပါ ဖုန်မှုန့်အညစ်အကြေးများသည်ကွန်ပျူတာမောင်းနှင်သည့်စနစ်ကို ပူပြင်းစေသည့် အချက်မဟုတ်ပေမယ့် ကြာလာလျှင်
သိပ်မကောင်းတတ်ပေ။
ခေတ်ပေါ်ကွန်ပျူတာများတွင်ပန်ကာငယ် အများအပြား တပ်ဆင်လာကြသည်။ စားပွဲပေါ်မှ ပန်ကာ၊ CPU ပန်ကာ၊ အပူထုတ် ပန်ကာ၊ ပုံးထဲကပန်ကာ စသည်ဖြစ်သည်။ အဆိုပါ ပန်ကာငယ်လေးများသည် ကွန်ပျူတာစနစ်ကို အေးအောင်ထောက်ကူပေးနေကြသလို ဖုန်မှုန့်များကိုလည်း စုဆောင်းနေသလိုမျိုး ဖြစ်နေတတ်သည်။ သို့ဖြစ်၍ တစ်လလျှင် တစ်ကြိမ်တော့ ပန်ကာငယ်များကို သန့်ရှင်းရေး လုပ်သင့်ပါသည်။
ထို့အတွက် ကွန်ပျူတာကိုပိတ်ပြီး လျှပ်စစ်ခလုတ်များကိုလည်း အပြီးပိတ်လိုက်ပါ။သို့မဟုတ် ဖြုတ်ထားပါ။ ထို့နောက် ကွန်ပျူတာပုံးကိုဖွင့်ပြီး သန့်ရှင်းရေး ပြုလုပ်နိုင်ပါပြီ။ ထို့အတွက် နားကြပ်တံကဲ့သို့သော အတံမျိုးကို နူးညံ့သည့်အပိုင်းအတွက် ပန်းချီစုတ်တံကဲ့သို့သော အပိုင်းကိုမူအကြမ်းထည်အပိုင်းအတွက် သုံးနိုင်ပြီး ပန်ကာဒလက်၊ပန်ကာရွက်များကို သေချာစွာ သုတ်ပေးပါ။
🔲 သင်၏ ကွန်ပျူတာကိုထားသည့်နေရာသည် သန့်ရှင်းသောအိမ် သို့မဟုတ် ရုံးခန်းတစ်ခန်း ဖြစ်သည်ဆိုသည့်တိုင် ဖုန်များဝင်ရောက်မှုကို တားဆီးနိုင်မည် မဟုတ်ပါ။
ကွန်ပျူတာကိုဖွင့်၍သုံးနေစဉ်တွင် အခန်းတွင်းမှ သင် မမြင်နိုင်သည့် ဖုန်မှုန့်အညစ်အကြေး၊ ဆေးလိပ်မီးခိုးငွေ့ စသည်တို့ကို ပန်ကာလေနှင့်အတူ ကွန်ပျူတာစက်ထဲသို့ ဆွဲယူနေပါသည်။ ရှုပ်ထွေးနေသည့်ကေဘယ်ကြိုးများနှင့် ရုပ်ထွက်ကတ်၊ အသံကတ်၊ Casing မျက်နှာပြင်များသည် သဘာဝအားဖြင့် ဖုန်မှုန့်များကို ဆွဲယူသိုလှောင်တတ်သည့် နေရာများလည်းဖြစ်သည်။
အကယ်၍ ပန်ကာငယ်သည် ယခင်ကြားနေကျ အသံထက်ပိုမို လည်ပတ်နေရသည်ဟု ထင်ရပါက
ခန့်မှန်းခြေ အချို့အရ အဆိုပါသည် ဖြစ်စဉ်သည် ဖုန်မှုန့်များကြောင့် ချောမွေ့စွာ မလည်နိုင်တော့ခြင်းဖြစ်သည်ဟု မှတ်ယူလိုပါသည်။
အချို့ အဆင့်မြင့်ပစ္စည်းများတွင် ပန်ကာအပေါ်တွင် ဆန်ခါကဲ့သို့ အချပ်တစ်ခုခုကို တပ်ဆင်ထားကြသည်။ အဆိုပါအချပ် ကို ဖယ်ထုတ်ပြီး အသစ်လဲလှယ် တပ်ဆင်သင့်သည်။ မည်သို့ပင်ဖြစ်စေ တစ်နှစ်လျှင်တစ်ကြိမ် ကွန်ပျူတာစက်ဖွင့်ပြီး သန့်ရှင်းရေး လုပ်ငန်းကိုအသေးစိတ် လုပ်ဆောင်ရပါမည်။
ပထမဦးစွာ ကွန်ပျူတာနှင့်ချိတ်ဆက်ထားသည့် မီးကြိုး၊ ကေဘယ်ကြိုး စသည် အားလုံးကိုဖြုတ်ပါ။ ကွန်ပျူတာကို အခန်းတွင်းမှ သန့်ရှင်းရေးပြုလုပ်ရန်သင့်တော်သည့် ကျယ်ဝန်းသော နေရာတစ်ခုခုသို့ ရွှေ့ပါ။
အဆိုပါ လုပ်ငန်းများအတွက် သင့်ထံတွင် လေမှုတ်ဘူးတစ်ဘူးတော့ ရှိသင့်ပါသည်။ကွန်ပျူတာကို လုံးဝ ပိတ်ထားလိုက်ပြီး မီးကြိုးများနှင့်အခြားမော်နီတာ၊ ကီးဘုတ်၊ မောက်စ်ကဲ့သို့ ချိတ်ဆက်ကြိုးများအားလုံးကို ဖြုတ်လိုက်ပါ။ ကွန်ပျူတာပုံး၏ တစ်ဖက်စီကိုဖြေးညင်းစွာဖွင့်ပါ။ အချို့ပုံးများတွင် ဝက်အူဖြင့် ပိတ်ထားတတ်ပြီးအများအားဖြင့် ဘေးကာတစ်ဖက်စီကို လက်ဖြင့် အနည်းငယ်ဖိပြီး တွန်းလိုက်ရုံမျှဖြင့် ရတတ်သည်။
🔲 CPU ကွန်ပျူတာပုံး၏ သတ္တုနေရာများမှတစ်ဆင့် လျှပ်စစ်အကြောင်း
အကျန်များကို ကုန်စင်သွားအောင်အပ်ချသည့် နည်းလမ်းကို သုံးပါ။ တစ်နည်းအားဖြင့် သတ္တုပုံးကို မိမိရရ ကိုင်ထားလိုက်ခြင်းဖြင့် အဆိုပါ ဖုန်မှုန့်များကို လျော့ပေးစေပါမည်။ကွန်ပျူတာပုံးအတွင်းမှ ဖုန်မှုန့်၊ပိုးမွှားကောင်များ၏ အညစ်အကြေးများ၊ အမှိုက်စများကို အထက်တွင် ဖော်ပြသည့် နည်းလမ်းများဖြင့် စိတ်ရှည်စွာ သန့်ရှင်းပေးပါ။
သို့ရာတွင် အိမ်တွင်သုံးသည့် လေစုတ်ကိရိယာစက်ကို မသုံးပါနှင့်။ ဖုန်စုတ်စက် မော်တာမှထွက်သော လျှပ်စစ်စက်ကွင်းအားသည် ကွန်ပျူတာစက်ထဲမှ အစိတ်အပိုင်းငယ်များကို ထိခိုက်နိုင်သည်။ ထို့အပြင်ပြင်းထန်သော လေအားကြောင့် ပစ္စည်းများကို ရွေ့လျားအခြေပျက်စေပါမည်။
လက်ဖြင့်မှုတ်ရသည့် လေမှုတ်ဘူးကဲ့သို့ ဘက်ထရီအားဖြင့် လေမှုတ်ပေးနိုင်သည့် ကိရိယာကိုလည်း သုံးနိုင်ပါသည်။ တစ်ကြိမ်တစ်ခါတော့ လုပ်ရမည့် လုပ်ငန်းစဉ်ကွန်ပျူတာစက်များကိုစနစ်တကျထုတ်လုပ်သောကုမ္ပဏီများသည် ကွန်ပျူတာစက်ထဲမှ ကေဘယ်ကြိုးများကို သေသပ်စွာ စုစည်းချည်နှောင်ပေးတတ်ပါသည်။
ထို့အတွက် လေဝင်လေထွက်မှုကို ပိုမိုကောင်းမွန်စေပြီး အပူချိန်လွန်ကဲခြင်းကို လျှော့ချစေနိုင်သည်။ ထို့အပြင် ဖုန်များရှိနိုင်သည့်နေရာကို နည်းစေခြင်းလည်းဖြစ်သည်။ ထိုကဲ့သို့ သင်၏ ကွန်ပျူတာစက်အတွင်း ကေဘယ်ကြိုးများကို စုစည်းချည်နှောင်ထားခြင်းမရှိပါက သင့်အနေနှင့်ပြုလုပ်ပေးရမည်။
ကေဘယ်ကြိုးများကိုခေါက်၍လည်းကောင်း၊ ရစ်ဝိုင်း၍လည်းကောင်း သေသပ်စွာပြုလုပ်ပြီး
ဝိုင်ယာကြိုးငယ်ဖြင့် ချည်ထားပါ။ ထို့အတူ အဆိုပါကြိုးများသည် လမ်းကြောင်းများနှင့်ပန်ကာများအပေါ်တွင် ပိတ်နေခြင်းရှိ၊ မရှိကို စစ်ဆေးပါ။ ကြိုးများသည် အလွန်ဟောင်းနွမ်းနေကာအရောင်အဆင်းပင် ပျက်နေသည်ဆိုပါက လဲလိုက်ပါ။ အဆိုပါကြိုးများသည် စျေးသိပ်မကြီးပါ။ မည်သို့ပင်ဖြစ်စေ အဆိုပါကြိုးများကိုသေသပ်စွာလိပ်၍ ချည်နှောင်ထားခြင်းဖြင့် သင်၏ကွန်ပျူတာ အပူတက်ခြင်းမှ သက်သာစေမည်မှာ အမှန်ပင် ဖြစ်ပါသည်။....
Ref :
**************************

MacBook ရဲ့ဘတ်ထရီကို ကြာရှည်ခံအောင်ဘယ်လိုလုပ်မလဲ ~~~🤔ဘတ်ထရီတွေက အချိန်ကြာရင်တော့ အားကုန်မြန်လာကြတာ သဘာဝဖြစ်ပေမဲ့ အောက်ကန...
23/03/2024

MacBook ရဲ့ဘတ်ထရီကို ကြာရှည်ခံအောင်ဘယ်လိုလုပ်မလဲ ~~~🤔

ဘတ်ထရီတွေက အချိန်ကြာရင်တော့ အားကုန်မြန်လာကြတာ သဘာဝဖြစ်ပေမဲ့ အောက်ကနည်းလမ်းလေးတွေနဲ့ဆိုတော့ အချိန်တစ်ခုအထိ ဘတ်ထရီသက်တမ်းကို ထိန်းသိမ်းထားနိုင်ပါလိမ့်မယ်။

iPhone, iPad, Apple Watch ဒါမှမဟုတ် MacBook ကို အသုံးပြုနေတိုင်း၊ အားသွင်းနေတိုင်းမှာ ဘတ်ထရီရဲ့သက်တမ်းက တဖြည်းဖြည်းချင်းလျော့ကျသွားပါတယ်။ တစ်နှစ် ဒါမှမဟုတ် ဝယ်ပြီးအချိန်တစ်ခုကြာတဲ့အခါ ဝယ်ခါစလောက် အားမခံတော့တာကို သတိထားမိပါလိမ့်မယ်။

ဒီလိုအားကုန်မြန်လာခြင်းပြဿနာဟာ ရှောင်လွှဲလို့မရတဲ့ ပြဿနာဖြစ်ပါတယ်။ ဒါပေမဲ့ တသမတ်နှုန်းနဲ့ဖြစ်နေတာတော့ မဟုတ်ပါဘူး။ အသုံးပြုပုံနဲ့ပက်သတ်ပြီးမှ ဘယ်လောက်မြန်မြန် ပျက်စီးနိုင်လဲဆိုတာ ဖြစ်ပျက်နေတာပါ။ ဒီတော့ အားကုန်မြန်ခြင်းမဖြစ်အောင် အချိန်ကြာကြာဆွဲထားဖို့ ဘယ်လိုနည်းလမ်းလေးတွေနဲ့လုပ်ဆောင်လို့ရလဲဆိုတာ ပြောပြပေးသွားမှာပါ။
ဒီဆောင်းပါးလေးမှာတော့ MacBook ရဲ့ ဘတ်ထရီကို
အဓိကထားပြီး နည်းလမ်းခြောက်မျိုးနဲ့ ကာကွယ်လို့ရကြောင်း ပြောပေးသွားမှာဖြစ်ပါတယ်။
သတိပြုရမှာတစ်ခုကတော့ ဒီနည်းလမ်းတွေဟာ
အားကုန်မြန်တာမျိုးကို မြန်မြန်မဖြစ်အောင် အချိန်ဆွဲထားရုံသာလုပ်ပေးနိုင်တာမို့
တချိန်ချိန်ရောက်ရင်တော့ ဘတ်ထရီက အားကုန်မြန်လာပြီး ဘတ်ထရီအသစ်လဲရတဲ့အဆင့်တော့ ရောက်လာမှာပါ။

👉 MacBook ကို အားအပြည့်မသွင်းပါနဲ့
ဘယ်သူပဲနေနေ မီနူးဘားလေးမှာ 100% ဆိုတာကို မြင်ချင်ကြတာ သဘာဝပါပဲ။ ဒါပေမဲ့ MacBook တွေက ဘတ်ထရီအပြည့်သွင်းပြီး သုံးဖို့အတွက် ထုတ်လုပ်ထားတာမဟုတ်ပါဘူး။Apple ကတော့ ပုံမှန်သုံးမယ်ဆိုရင် 50% သာသွင်းဖို့ ညွှန်ကြားထားပါတယ်။ ဘတ်ထရီကိုအားအပြည့်သွင်းလိုက်ခြင်းက ဘတ်ထရီသက်တမ်းတိုစေနိုင်လို့ပါ။

👉 ဘတ်ထရီကို အကုန်မသုံးပါနဲ့
အားကုန်မသုံးပါနဲ့။ အကုန်သုံးလိုက်ခြင်းက အားအပြည့်သွင်းသလိုပဲ ဘတ်ထရီကို နာစေပါတယ်။ ဘတ်ထရီအားကုန်ခါနီးမှာ shut down လုပ်လိုက်မယ်ဆိုရင် အားလုံးဝကုန်သွားနိုင်ချေရှိပါတယ်။ ရာခိုင်နှုန်းက ဂဏန်းတစ်လုံးပဲပြနေပြီဆိုရင် အန္တရာယ်ရှိနေပါပြီ။
ဘတ်ထရီလုံးဝကုန်နေချိန်မှာ ပိတ်ပြီးသိမ်းထားလိုက်မယ်ဆိုရင် ဘတ်ထရီဟာ အားကိုလုံးဝထိန်းထားနိုင်စွမ်းမရှိတော့ဘဲ discharge state အဆုံးကိုဝင်သွားမှာပါ။

👉 MacBook ကို အသုံးမပြုဘဲ အချိန်အကြာကြီးမထားပါနဲ့ MacBook ကို အချိန်အကြာကြီးမသုံးဘဲပစ်ထားမယ်ဆိုရင် ဘတ်ထရီက လုံးဝအားကုန်သွားတဲ့အထိ ရောက်သွားမှာပါ။ ခြောက်လလောက်မသုံးဘဲပစ်ထားမယ်ဆိုရင်တော့ ခြောက်လတစ်ကြိမ် အားကို၅၀%လောက် ပြန်သွင်းပေးသင့်ပါတယ်။

👉 MacBook ကို ပလပ်တပ်မသုံးပါနဲ့
တွေ့ရများတဲ့အမှားတစ်ခုကတော့ MacBook ကို ပလပ်တပ်သုံးတာပါပဲ။ MacBook ဟာ iMac မဟုတ်ပါဘူး။ စားပွဲခုံပေါ်မှာ ကြိုးတပ်သုံးရတဲ့အမျိုးအစားမဟုတ်ပါဘူးနော်။ ဒါဟာ အလွန်ကိုမှဆိုးရွားတဲ့ စိတ်ကူးပါပဲ။ ဘတ်ထရီကိုလည်း နာစေပါတယ်။ဘာလို့မလုပ်သင့်တာလဲဆိုရင် ပလပ်တပ်ထားချိန်မှာ ထွက်ပေါ်လာတဲ့အပူက ဘတ်ထရီကို ထိခိုက်စေလို့ပါပဲ။

👉 အပူချိန် မြင့်လွန်း၊ နိမ့်လွန်းတာကိုရှောင်ပါ
ဘတ်ထရီဆဲလ်တွေက ဆတ်ဆတ်ထိမခံပါဘူး။ သူတို့ရဲ့ကျန်းမာရေးဟာ ပတ်ဝန်းကျင်အပြောင်းအလဲမြန်တာမျိုး အပူ၊ အအေး၊ စိုစွတ်မှုအဆင့်မြင့်တာမျိုးကို မခံနိုင်ကြပါဘူး။
စက်ကိုသုံးနေတဲ့အချိန်မှာ MacBook ရဲ့ဘတ်ထရီက အပူချိန်မြင့်တာကို မခံနိုင်ပါဘူး။ MacBook ဟာ အပူချိန်ကို ၁၀ နဲ့ ၃၅ဒီဂရီ စင်တီဂရိတ်လောက်ကြားမှာသာ ခံနိုင်ရည်ရှိပါတယ်။ ဖာရင်ဟိုက်နဲ့ဆိုရင် ၅၀ ကနေ ၉၅ကြားပါ။ ဒါပေမဲ့ သိမ်းထားချိန်မှာတော့ -၂၀ နဲ့ ၄၅ လောက်အထိတော့ အဆင်ပြေသေးတယ်လို့ သိရပါတယ်။ ဖာရင်ဟိုက်နဲ့ဆိုရင် -၄ နဲ့ ၁၁၃ဖြစ်ပါတယ်။
ပတ်ဝန်းကျင်အပူချိန်ဟာ အဓိကကျပါတယ်။ နွေရာသီဟာ နေပူထဲကိုမထားသင့်သလို ဆောင်းတွင်းမှာ အပူပေးစက်မရှိတဲ့နေရာမှာ မထားသင့်ပါဘူး။ အားသွင်းနေချိန်မှာ MacBook ကိုယ်တိုင်က ထုတ်လွှတ်တဲ့အပူချိန်ကိုက သူ့ဘတ်ထရီကို နာစေနိုင်ပါတယ်။ case နဲ့ထည့်ထားတယ်ဆိုရင်တော့ ပူနေလားစစ်ဆေးပြီး အားသွင်းနေချိန်မှာ ဖြုတ်ထားသင့်ပါတယ်။

👉 Software Update လုပ်ပါ
ပုံမှန်စာဖတ်သူတွေဆို သိပါတယ်။ Appleရဲ့ ဖြေရှင်းချက်က အဆင်ပြေဆုံးပါပဲ။ macOS ကို uptodate လုပ်ထားခြင်းက အသစ်ထည့်ပေးလိုက်တဲ့ ဘတ်ထရီအားကုန်မမြန်အောင် ပြင်ဆင်ပေးထားတာတွေကို ခံစားခွင့်ရမှာပါ။

MacBook ရဲ့ ဘတ်ထရီကျန်းမာရေးကို ဘယ်လိုစစ်ကြမလဲ❓

အပေါ်မှာပြောခဲ့သလိုပဲ ဒီနည်းလမ်းတွေက သက်တမ်းကို ဆွဲဆန့်ထားတာဖြစ်လို့ အမြဲတမ်း ကြာကြာခံမယ်လို့ မျှော်လင့်လို့မရပါဘူး။ ဒါကြောင့် ဘတ်ထရီကို ဘယ်လောက်ကောင်းကောင်း ဆွဲဆန့်ထားနိုင်ပြီလဲ။ ဒါမှမဟုတ် ဘတ်ထရီလဲသင့်နေပြီလားဆိုတာ ဘယ်လိုသိနိုင်မလဲ။ ဘတ်ထရီရဲ့လက်ရှိအခြေအနေကိုသိချင်ရင်တော့ System Preferences ကို ဘယ်ဘက်ဒေါင့်နားက Apple logo လေး ဒါမှမဟုတ် Spotlight search ကနေ သွားလိုက်ပါ။ ပြီးရင် ဘတ်ထရီကိုနှိပ်၊ ဘတ်ထရီကိုထပ်နှိပ်လိုက်ရင် Battery Health ကိုရောက်ပါပြီ။
Normal နဲ့ Service Recommended ဆိုပြီးနှစ်မျိုးရှိပါတယ်။ Service Recommended ဆိုရင်တော့ သတိထားရပါလိမ့်မယ်။

နောက်တစ်နည်းက Alt/Option ကီးကိုဖိပြီး desktop ညာဘက်အပေါ်နားက ဘတ်ထရီအားသွင်းအိုင်ကွန်လေးကို နှိပ်ပါ။ မီနူးလေးမှာ Normal, Replace Soon, Replace Now, နဲ့ Service Battery ဆိုပြီး မြင်ရပါလိမ့်မယ်။

အသေးစိတ်သိချင်ရင်တော့ third-party monitoring app ဖြစ်တဲ့ CoconutBattery ဒါမှမဟုတ် FlipLab က Battery Health ကို ဒေါင်းလုတ်ဆွဲပြီးထည့်ထားပါ။..
Ref : https://www.macworld.com/.../how-to-keep-a-macbooks...
--
*********************

YouTube သုံးသူတိုင်းသိထားသင့်သော Tips နှင့် Tricks များအကြောင်း 🤫🤫YouTube ပေါ်မှာ မိနစ်တိုင်း ဗွီဒီယိုတွေ နာရီ ၄၀၀ စာလော...
22/03/2024

YouTube သုံးသူတိုင်းသိထားသင့်သော Tips နှင့် Tricks များအကြောင်း 🤫🤫

YouTube ပေါ်မှာ မိနစ်တိုင်း ဗွီဒီယိုတွေ နာရီ ၄၀၀ စာလောက် တင်နေကြတယ်လို့ သိရပါတယ်။ နေ့တိုင်းလိုလို YouTube ပေါ်မှာ ဗွီဒီယိုကြည့်ရှုမှုက နာရီပေါင်း၁သန်းလောက်ရှိပါတယ်။ ကျွန်တော်ဆိုရင်လည်း တစ်ရက်ကို ဆယ်ကြိမ်လောက် YouTube ဖွင့်ဖြစ်ပါတယ်။
YouTube မှာ feature တွေအများကြီးရှိနေပြီးတော့ အသုံးလည်းဝင်တာကို သိကြမှာပါ။ ဒီတော့ YouTube သုံးသူတိုင်းသိထားသင့်သော Tips နှင့် Tricks များအကြောင်း ပြောပြပေးချင်ပါတယ်။
1.) 360-Degree Videos
YouTube ပေါ်က 360-degree videos တွေက ကိုယ်စိတ်ဝင်စားတဲ့နေရာကို လည်ပတ်ချင်တဲ့သူတွေအတွက် ခံစားမှုရသတစ်မျိုးကို ပေးစွမ်းနိုင်ပါတယ်။ ငါးမန်းတွေနဲ့ ရေကူးမလား၊ ဆွစ်ဇာလန်မှာ cable car စီးမလား၊ လန်ဒန်က Natural History Museum မှာ ဒိုင်နိုဆောတွေနဲ့ လမ်းလျှောက်မလား။
2.) VR Videos On YouTube
Virtual နဲ့ augmented reality တွေကလည်း ပြီးခဲ့တဲ့နှစ်တွေကတည်းကစပြီးတာ့ခေတ်စားလာပါတယ်။ YouTube VR ကလည်း YouTube ဗွီဒီယိုခံစားမှုပုံစံကို ဆန်းသစ်သွားစေပါတယ်။ YouTube ဗွီဒီယိုတွေကို VR အဖြစ်နဲ့ကြည့်ချင်ရင်တော့ mobile device လေးပေါ်က 360-degree videos ရဲ့ Cardboard icon လေးကိုနှိပ်လိုက်ပြီးတော့ ဖုန်းကိုလှဲလိုက်ပါ။ Google Cardboard ၊ Daydream View headset လိုမျိုး မြင်ရပါလိမ့်မယ်။
3.) “Watch Later” ထဲကို ဗွီဒီယိုတွေပေါင်းထည့်ခြင်း
ကျွန်တော်ကတော့ YouTube ပေါ်မှာ “Watch Later” playlist လုပ်ရတာ သိပ်ကြိုက်တဲ့သူပေါ့။ နေ့တိုင်းလိုလို YouTube ပေါ်တက်ကြည့်လိုက်ရင် စိတ်ဝင်စားစရာကောင်းတာတွေ တွေ့ရပါတယ်။ ဒါပေမယ့်လည်း အလုပ်ချိန်ကြီးမှာဆိုတော့ အဆင်မပြေဘူးလေ။ ဒီတော့ “Watch Later” playlist ထဲမှာထည့်လိုက်ပြီး ညနေမှကြည့်လိုက်တယ်။ “Watch Later” playlist ထဲကိုထည့်ချင်ရင်တာ့ ဘေးမှာရှိတဲ့ clock icon လေးကိုနှိပ်လိုက်၊ “Add to” icon လေးပေါ်လာရင် "Watch Later" playlist ကို ရွေးပေးလိုက်ပါ။
4.) YouTube ပေါ်မှာ ဇာတ်ကားဝယ်၊ငှားကြည့်ခြင်း
အိမ်မှာနေပြီးတော့ ဇာတ်ကားကြည့်ချင်တဲ့အချိန်တွေလည်း ရှိမှာပေါ့။ YouTube က ဇာတ်ကားဝယ်၊ငှားလို့ရတဲ့နေရာလေးဆိုတာ သိရဲ့လား။ အသစ်ထွက်ရှိထားတဲ့ကား၊ ဆုရထားတဲ့ကား၊ ရုံတင်ဆဲကားတွေတောင် ရနိုင်ပါတယ်။
5.) စာတန်းထိုးနှင့်ကြည့်ခြင်း
တီဗွီကြည့်တဲ့အချိန်မှာ စာတန်းထိုးလေးနဲ့ဆိုတော့ ကောင်းပါတယ်။ YouTube ဗွီဒီယိုတွေမှာ အလိုအလျောက်စာတန်းထိုးပေးတာ သိရဲ့လား။ ဘယ်လိုလုပ်ရမလဲဆိုတော့ Settings button ကိုနှိပ်ပြီးတော့ auto-translation ဒါမှမဟုတ် captions in your language လေးကို ရွေးပေးလိုက်ပါ။
6.) Double Tap To Seek
YouTube က Double Tap To Seek ဆိုတဲ့ feature လေးကို မကြာသေးခင်က launch လုပ်ထားပါတယ်။ YouTube app ပေါ်မှာပြနေတဲ့ဗွီဒီယိုကို ဘယ်ဘက်၊ ညာဘက်တစ်ခုခုမှာ နှစ်ချက်ထိလိုက်တာနဲ့ အရှေ့ ဒါမှမဟုတ် အနောက်ကို ၁၀စက္ကန့်စာ ရောက်သွားမှာပါ။
7.) Desktop Design အသစ်
YouTube က သင့်အကြိုက်ဆုံးဗွီဒီယိုတွေနဲ့ ဖန်တီးသူတွေရဲ့ ပြသမှုတွေကိုခံစားနိုင်အောင် လုပ်ဆောင်ပေးထားပါတယ်။ desktop experience အသစ်လေးက ပိုပျော်စရာကောင်းသလို သုံးရတာလည်း လွယ်ကူပါတယ်။ အသုံးပြုချင်တယ်ဆိုရင်တော့ youtube.com/new မှာ sign up လုပ်လိုက်ပါ။ အများသုံးခွင့်မထွက်သေးပါဘူး။ စမ်းကြည့်နိုင်ပါတယ်။
8.) Dark Theme
YouTube desktop experience အသစ်မှာ Dark Theme ပါဝင်လာပါတယ်။ သူကတော့ YouTube ကြည့်နေချိန် ကွန်ပျူတာကို စိုက်ကြည့်တဲ့အခါ မျက်လုံးကျန်းမာရေးကို မထိခိုက်အောင် လုပ်ဆောင်ပေးထားတဲ့သဘောပါ။ သုံးချင်တယ်ဆိုရင်တော့ Account menu ကနေ သတ်မှတ်နိုင်ပါတယ်။ ဒါပေမယ့် YouTube desktop experience အသစ်ကို အရင်ဆုံး sign up လုပ်ဖို့လိုမှာပါ။
9.) မြင်စေချင်တဲ့အချိန်ကို သတ်မှတ်ပြီး ဗွီဒီယိုကို share ခြင်း
ကျွန်တော်တို့ ဗွီဒီယိုကိုကြည့်တဲ့အခါ အကောင်းဆုံးအပိုင်းလေးကို သူများတွေကိုလည်း မြင်စေချင်ပါတယ်။ ဒီအချက်ကို YouTube က ထောက်ပံ့ပေးထားပါတယ်။ ဒီတော့ သတ်မှတ်ထားတဲ့အချိန်လေးတစ်ခုက စတင်ပြသချင်တယ်ဆိုရင် ဗွီဒီယိုမှာ right click ထောက်ပြီးတော့ “copy video URL at current time” လို့ ရွေးချယ်ပေးလိုက်ပါ။
ဒါမှမဟုတ် Share button ကိုနှိပ်ပြီးတော့ "Start at" checkmark လေးကို နှိပ်ခဲ့လိုက်ပါ။ ပြီးရင်တော့ URL လေးကို ကော်ပီကူးပြီး share နိုင်ပါပြီ။
10.) Video Previews
YouTube က desktop ပေါ်မှာ ဗွီဒီယိုလေးကို preview ကြည့်ဖို့အတွက် feature အသစ်ကိုမိတ်ဆက်ပေးထားပါတယ်။ thumbnail လေးကိုထောက်ကြည့်လိုက်ရင် video preview ကိုမြင်ရမှာပါ။ ဒီတော့ ဗွီဒီယိုလေးမှာ ဘာတွေပါဝင်နေသလဲဆိုတာ သိနိုင်တာပေါ့။
11.) Suggested Videos ကို ကြည့်ခြင်း
လက်ရှိကြည့်နေတာနဲ့ ဆက်စပ်တဲ့ဗွီဒီယိုတွေကို ကြည့်နိုင်စေဖို့အတွက် လုပ်ပေးထားတဲ့ feature တစ်ခုရှိပါတယ်။ mobile device ပေါ်မှာ full-screen အနေနဲ့ကြည့်လိုက်တဲ့အခါ suggested video လေးတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။
12.) ဗွီဒီယိုကို အမြန်နှုန်းအမျိုးမျိုးနဲ့ကြည့်ခြင်း
YouTube က ဗွီဒီယိုတွေကို အမြန်နှုန်းအမျိုးမျိုးနဲ့ ကြည့်ခွင့်ပေးတာကို သိပြီးပြီလား။ Settings button လေးထဲက “Speed” ကို နှိပ်လိုက်ပါ။ 0.25x ၊ 0.5x ၊ 0.75x ၊ normal ၊ 1.25x ၊ 1.5x စတာတွေ ရွေးနိုင်ပါတယ်။
13.) Keyboard Shortcuts
YouTube မှာ ထိန်းချုပ်ရတာ ကောင်းမွန်စေဖို့အတွက် keyboard shortcut လေးတွေရှိပါတယ်။ နမူနာလေးတွေ ဖော်ပြပေးလိုက်ပါတယ်။
- 0-9 – 1 ကနေ ၉ အတွင်းနှိပ်မယ်ဆိုရင်တော့ ဗွီဒီယိုရဲ့ percentage တစ်ခုကိုခေါ်သွားမှာပါ။ 2 ကိုနှိပ်လိုက်ရင် ဗွီဒီယိုရဲ့ 20% ကို ရောက်သွားစေပြီး 6 နှိပ်လိုက်ရင်တော့ 60% ကို ရောက်သွားမှာပါ။ 0 ဆိုရင်တော့ restart လုပ်ပါလိမ့်မယ်။
- K (or spacebar) plays or pauses
- J ၁၀စက္ကန့်နောက်ဆုတ်
- L ၁၀စက္ကန့်ရှေ့ရစ်
- Left arrow key ၅စက္ကန့်နောက်ဆုတ်
- Right arrow ၅စက္ကန့်ရှေ့ရစ်
- Up arrow အသံ 5% ကျယ်
- Down arrow အသံ 5% တိုး
- M mute on and off
- F full-screen mode on and off
- Esc full-screen mode ထွက်ခြင်း
- Shift + > အမြန်နှုန်းတိုး
- Shift + < အမြန်နှုန်းလျှော့
- Shift + p playlist မှ ရှေ့ကဗွီဒီယိုပွင့်ခြင်း
- Shift + n playlist မှ နောက်ကဗွီဒီယိုပွင့်ခြင်း
14.) YouTube Search ကိုပြင်ဆင်ခြင်း
သီးသန့်ရှာချင်တယ်ဆိုရင် သင်္ကေ တတွေနဲ့ စကားလုံးတွေကို အသုံးပြုနိုင်ပါတယ်။ ကြည့်လိုက်ရအောင်။
- specific term ကိုရှာချင်တယ်ဆိုရင် “” ထည့်ပါ။ အပေါင်း၊ အနုတ်တွေကိုအသုံးပြုပြီး ထည့်ချင်တာ၊ ချန်လှပ်ထားချင်တာမျိုးကို ဖော်ပြနိုင်ပါတယ်။ . And add plus or minus signs to include or omit results.
- allintitle လေးကို keyword တွေမတိုင်ခင် search box ထဲမှာထည့်လိုက်ခြင်းက ရှာနေတဲ့အချိန်မှာ keyword အားလုံး ပါရမယ်လို့ ဆိုလိုတာဖြစ်ပါတယ်။
- HD ဆိုတာလေးကို search မှာထည်ပြီးတော့ high-definition တွေကိုရှာနိုင်ပါတယ်။ 3D လို့ထည့်ပြီးတော့လည်း ရွေးချယ်ရှနိုင်ပါတယ်။
- channel or playlist ဆိုတာလေးကို search မှာထည့်ပြီးတာ့ channels or playlists တွေကိုရှာလို့ရတယ်။
15.) Video Size နဲ့ Resolution ပြောင်းလဲခြင်း
YouTube က ဗွီဒီယိုတွေကို အရည်အသွေးနဲ့ အရွယ်အစားမျိုးစုံပေးထားပါတယ်။ 144p ကနေ 8K အထိ တင်ပေးတဲ့သူအပေါ်မူတည်ပြီးတော့ ကြည့်နိုင်ပါတယ်။
Option တွေအားလုံးကို video quality pulldown menu လေးမှာ တွေ့မြင်နိုင်ပါတယ်။
16.) Casting Videos အတွက် Voice Command များ
Google Home smart speaker နဲ့ဆိုရင် voice command အသုံးပြုပြီးတော့ YouTube ရဲ့ ဗွီဒီယိုတွေကို cast လုပ်နိုင်ပါတယ်။ တီဗွီပေါ်ကို Chromecast နဲ့ ကြည့်နိုင်ပါတယ်။ “Play yoga videos on TV” လို့ပြောနိုင်ပါတယ်။ ဒါဆိုရင်တော့ တီဗွီပေါ်မှာ yoga ဗွီဒီယိုလေးတွေ ကြည့်နိုင်တော့မှာပါ။
17.) Transcripts ကြည့်ခြင်း
YouTube ပေါ်ကို ဗွီဒီယိုတစ်ခုတင်လိုက်တဲ့အချိန်မှာ အလိုအလျောက် transcribe လုပ်ထားပြီးသားပါ။ transcriptions တွေကို More button လေးနှိပ်ပြီးတော့ transcriptions button လေးကိုနှိပ်ကာ ကြည့်လိုက်ပါ။
18.) ကလေးတွေအတွက် YouTube
YouTube ရဲ့ ကလေးဗားရှင်း YouTube Kids က ကလေးတွေအတွက် အဆင်ပြေပါတယ်။ YouTube Kids မှာ ကလေးရှိုးတွေရဲ့ ဗွီဒီယိုလေးတွေကို feature လုပ်ပေးထားပါတယ်။ Android ရော၊ iOS ပါ ရနိုင်နေပါပြီ။

Address

အမှတ် (၆၀၀)၊ နှင်းဆီလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့
Yangon
11081

Opening Hours

Monday 08:30 - 04:30
Tuesday 08:30 - 04:30
Wednesday 08:30 - 04:30
Thursday 08:30 - 04:30
Friday 08:30 - 04:30
Saturday 08:30 - 02:30

Website

Alerts

Be the first to know and let us send you an email when SPMS Computer & Gadget Wholesale posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share