BEST IT Group

BEST IT Group စီးပွားရေးလုပ်ငန်းများအတွက် ထိရောက လူကြီးမင်း၏လုပ်ငန်းများအတွက် အကောင်းဆုံးသော website များကိုရေးဆွဲပေးမယ့် BEST IT Group မှ ကြိုဆိုပါတယ်

testing;aksdfj;l sdkjf ;lasdkjf ;alskdjf ;ldsjf ;lds
16/10/2018

testing

;aksdfj;l sdkjf ;lasdkjf ;alskdjf ;ldsjf ;lds

Facebook မှတစ်ဆင့် Targeted customers များဆီသို့ ကြော်ငြာခြင်း.. လူကြီးမင်း၏ စီးပွားရေးလုပ်ငန်းများ၊ ကုန်ပစ္စည်းများ နှင်...
03/03/2018

Facebook မှတစ်ဆင့် Targeted customers များဆီသို့ ကြော်ငြာခြင်း..

လူကြီးမင်း၏ စီးပွားရေးလုပ်ငန်းများ၊ ကုန်ပစ္စည်းများ နှင့် ၀န်ဆောင်မူ့များကို လူကြီးမင်းတို့၏ page တွင် customer အားဆွဲဆောင်နိုင်သော posts များဖန်တီးပြီး Targeted Customer များဆီသို့ အချိန်တိုအတွင်း ဈေးနူန်းသက်သာစွာဖြင့် လျှင်လျှင်မြန်မြန် ထိထိရောက်ရောက် ကြော်ငြာလိုပါက ယခုဝန်ဆောင်မူ့အား ရယူနိုင်ပါသည်။

🎄၀န်ဆောင်မူ့များ 🎄
- လူကြီးမင်း ကြော်ငြာလိုသော အကြောင်းအရာများအား Facebook ၏ Ads Rules များနှင့်ကိုက်ညီပြီး Customer အားဆွဲဆောင်နိုင်သော Post အဖြစ်ဖန်တီးပေးခြင်း
- Customer များ၏ အသက်အရွယ်၊ လိင်၊ တည်နေရာ၊ စိတ်ဝင်စားမူ၊ အပြုအမူများပေါ်မူတည်ပြီး Targeted customer များဆီသို့သာ ရောက်ရှိအောင် ကြော်ငြာပေးခြင်း
- Comments နှင့် Messages များပြန်လည်ဖြေဆိုပေးခြင်း
- Google Map တွင် လူကြီးမင်း၏ Business Location အားထည့်သွင်းပေးခြင်း

ဝန်ဆောင်ခ နူန်းထားများအား first comment တွင်ကြည့်ရူ့နိုင်ပါသည်။

ဖော်ပြပါ ၀န်ဆောင်မူ့များအား ရယူလိုပါက အောက်ပါလိပ်စာများသို့ဆက်သွယ်နိုင်ပါသည်။

🏡 ရန်ကုန်ရုံးချူပ်
Ph - 09773728027, 09773728028
email - [email protected]
တိုက်အမှတ်(၅)၊ ပထမထပ်(1-B)၊ကမာရွတ်ဘူတာရုံလမ်းနှင့် ဗဟိုလမ်းထောင့်၊ လှိုင်၂ရပ်ကွက်၊ လှိုင်ညနေဈေးအရှေ့၊ လှိုင်မြို့နယ်။

🏡 မန္တလေးရုံးခွဲ
Ph - 09783700065, 09783700076
email - [email protected]
၇၂လမ်း၊ ၃၄ × ၃၅ကြား၊အမှတ် ၁၈(ဇ)(၁)၊ အကွက်(၇၀၁)၊ ရန်မျိုးလုံရပ်ကွက်၊ ချစ်အေးသာဇံမြို့နယ်၊ မန္တလေးမြို့။

Digital Marketing Training (ပညာဒါန) - Yangon🎄 Facebook Marketing- page တစ်ခုကို မိမိလုပ်ငန်းနှင့် ကိုက်ညီသော အမ...
02/03/2018

Digital Marketing Training (ပညာဒါန) - Yangon

🎄 Facebook Marketing
- page တစ်ခုကို မိမိလုပ်ငန်းနှင့် ကိုက်ညီသော အမျိုးအစားတစ်ခုကို ရွေးချယ်ပြီး ဘယ်လိုတည်ထောင်မလဲ။
- customer ကိုဆွဲဆောင်မူ့ရှိအောင် ဘယ်လိုမျိုး posts တွေဖန်တီးပြီးတင်မလဲ။ Facebook Ads Rule နှင့်ကိုက်ညီအောင် ပုံတွေကို ဘယ်လိုပြင်ဆင်မလဲ။
- Settings တွေက ဘယ်လိုအလုပ်တွေလုပ်ကြသလဲ။
- Insights ကိုကြည့်ရူ့ပြီး ဘယ်လိုအဖြေထုတ်မလဲ။
- Ads Manager ကိုသုံးပြီး Professional ကြော်ငြာတွေကို ဘယ်လိုဖန်တီးမလဲ။
- မိမိ၏ Targeted Customer များဆီသို့သာ ရောက်ရှိအောင် ဘယ်လိုကြော်ငြာမလဲ။
- မိမိ၏ Fan Page အတွက် Messenger Bot (အလိုလျောက် စာပြန်သောစနစ်) အားဘယ်လိုမျိုး ချိတ်ဆက်ထားမလဲ။

🎄 SMS Marketing
- မိမိကွန်ပျူတာမှတစ်ဆင့် click တစ်ချက်နှိပ်လိုက်ရုံဖြင့် ထောင်ပေါင်းများစွာသော customer များစွာ၏ ဖုန်းနံပါတ်များသို့ Notification, Invitation, New Year Wish Message နှင့် ကြော်ငြာတွေကို ဘယ်လိုပို့မလဲ။

🎄 Email Marketing
- မိမိကွန်ပျူတာမှတစ်ဆင့် click တစ်ချက်နှိပ်လိုက်ရုံဖြင့် ထောင်ပေါင်းများစွာသော customer များစွာ၏ Email များသို့ ဆောင်းပါးများ၊ သတင်းအချက်အလက်များ၊ Promotion Message နှင့် ကြောငြာတွေ တွေဘယ်လိုပို့မလဲ။

🎄 SEO (Search Engine Optimization)
- မိမိ၏ စီးပွားရေးလုပ်ငန်းအကြောင်းကို အင်တာနက်သုံးစွဲသူတွေ Google မှာရှာလိုက်ရင် မိမိလုပ်ငန်း၏ Website (သို့) Fan Page ကို Google ရဲ့ ထိပ်ဆုံးမှာ ပေါ်အောင် ဘယ်လိုလုပ်မလဲ။

ဒါတွေအားလုံးရဲ့အဖြေကိုတော့ ဖော်ပြပါ ရက်တိုသင်တန်းလေး တက်လိုက်ရုံဖြင့် သိရှိသွားမှာဖြစ်ပါတယ်။

🎓 Digital Marketing Training 🎓
🏡 သင်ကြာမည့်နေရာ - BEST Education Center I (Yangon)
🏡 စတင်မည့်ရက် - ၂၀၁၈ ခုနှစ်၊ မတ်လ၂၉ ရက်
🏡 သင်တန်းချိန် - နံနက် ၁၀နာရီ မှ ညနေ ၅နာရီအထိ
🏡 သင်ကြားမည့်ရက် - ကြာသာပတေး၊ သောကြာ
🏡 သင်တန်းကာလ - ၂ရက်
🏡 သင်တန်းကြေး - ယခင် ၂သိန်းကျပ်
ယခု ၅သောင်းကျပ်

သင်ကြားမည့် သင်ခန်းစာများ
🔺 Facebook Marketing
🔺 SMS Marketing
🔺 Email Marketing
🔺 SEO(Search Engine Optimization) တို့ကို သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

🎓 ဘယ်သူတွေ တက်ရောက်သင့်ပါသလဲ ? 🎓

🔺 Facebook နှင့် အခြား Social Media များတွင် ကျွမ်းကျွမ်းကျင်ကျင်ဖြင့် မိမိ၏ စီးပွားရေးလုပ်ငန်းများအား ကုန်ကျစရိတ်နည်းနည်းဖြင့် Targeted Customer တွေရရှိအောင် ကြော်ငြာလိုသူများ၊

🔺 မိမိရဲ့ လုပ်ငန်းအကြောင်းကို အင်တာနက်သုံးစွဲသူတွေ Google မှာရှာလိုက်ရင် မိမိ လုပ်ငန်း၏ Website (သို့) Fan Page ကို Google ရဲ့ ထိပ်ဆုံးမှာ ပေါ်စေချင်သူများ

🔺 click တစ်ချက်နှိပ်ရုံဖြင့် မိမိ၏ customer များသို့ email သို့မဟုတ် phone no မှတစ်ဆင့် promotion များ၊ ကြော်ငြာများ၊ သတင်းများ နှင့် အခြားအကြောင်းအရာများစွာကို ပေးပို့လိုသူများ

🔺 ဘေဘုတ်၊ ပန်းဖလက်၊ TV၊ သတင်းစာဖြင့် ကြော်ငြာခြင်း မှ Digital Marketing သို့ပြောင်းလဲ လုပ်ကိုင်လိုသူများ

🔺 Online Shop စတင်တည်ထောင်လိုသူများ နှင့် တည်ထောင်ထားသူများ

🔺 Digital Marketer အဖြစ်အသက်မွေးဝမ်းကြောင်းပြုလိုသူများ တက်ရောက်သင့်ပါသည်။

လူဦးရေ ၂၅ယောက်သာ လက်ခံမှာဖြစ်တဲ့အတွက် နောက်မကျရလေအောင် အခုပဲ သင်တန်းအပ်ထားဖို့လိုပြီနော်

သင်ကမသိလိုက်ဘဲ သင့်ရဲ့ပြိုက်ဘက်ကသာ သိရှိသွားမယ်ဆိုရင်တော့ သင့်ရဲ့ပြိုက်ဘက်ကို အခွင့်အရေးပေးလိုက်သလို ဖြစ်သွားနိုင်တယ်နော်.. :)

ဆက်သွယ်ရန်
🏡 ရန်ကုန်ရုံးချူပ်
Ph - 09773728027, 09773728028
email - [email protected]
တိုက်အမှတ်(၅)၊ ပထမထပ်(1-B)၊ကမာရွတ်ဘူတာရုံလမ်းနှင့် ဗဟိုလမ်းထောင့်၊ လှိုင်၂ရပ်ကွက်၊ လှိုင်ညနေဈေးအရှေ့၊ လှိုင်မြို့နယ်။

🏡 မန္တလေးရုံးခွဲ
Ph - 09783700065, 09783700076
email - [email protected]
၇၂လမ်း၊ ၃၄ × ၃၅ကြား၊အမှတ် ၁၈(ဇ)(၁)၊ အကွက်(၇၀၁)၊ ရန်မျိုးလုံရပ်ကွက်၊ ချစ်အေးသာဇံမြို့နယ်၊ မန္တလေးမြို့။

Search Engine ဆိုတာဘာလဲ ?
25/02/2018

Search Engine ဆိုတာဘာလဲ ?

25/02/2018

Facebook တွင် အခမဲ့ကြော်ငြာနည်း.. :)

Search Engine တွေဘယ်လို အလုပ်လုပ်ပါသလဲ ?Search Engine တွေက ယေဘုယျ အားဖြင့်အောက်ပါ အဆင့်တွေအတိုင်း အလုပ်လုပ်ပါတယ်..1. Cra...
25/02/2018

Search Engine တွေဘယ်လို အလုပ်လုပ်ပါသလဲ ?

Search Engine တွေက ယေဘုယျ အားဖြင့်အောက်ပါ အဆင့်တွေအတိုင်း အလုပ်လုပ်ပါတယ်..

1. Crawling (လာရောက်ရှာဖွေခြင်း)
Website တစ်ခုမှာပါဝင်သော Web Pages အားလုံး၏ အချက်အလက်များကို စုစည်းရယူခြင်းကို လုပ်ဆောင်ပါသည်။ ဒီလုပ်ငန်းစဉ်များကို Crawler, Spider(Google Bot) ကဲ့သို့သော software များက ထမ်းဆောင်ကြသည်။ website တစ်ခုတည်ဆောက်ပြီးပါက Crawler, Spider များလာရောက်နိုင်အောင် စီစဉ်ရပါသည်။ မိမိ၏ website အား Crawler, Spider များ မရောက်ရှိခဲ့ပါက Search Engine မှ ရှာဖွေတွေ့ရှိနိုင် မည်မဟုတ်ပါ။

2. Indexing (အညွှန်းပေးခြင်း)
Crawling လုပ်ငန်းစဉ်မှ ရရှိလာသော Web Page များကို သက်ဆိုင်ရာ keywords(အညွှန်းစကားလုံး) များဖြင့် အညွှန်းတပ်ပြီး သက်ဆိုရာ ဒေတာသိမ်းဆည်းရာနေရာတွင် ဒေတာများကို ပြန်လည်ရှာဖွေနိုင်ရန် သိမ်းဆည်းခြင်း လုပ်ငန်းစဉ်ဖြစ်ပါသည်။

3. Processing (လုပ်ဆောင်ခြင်း)
ရှာဖွေရေးလုပ်ငန်းစဉ်များ စတင်ချိန်တွင် Search Engine မှ ယခုလုပ်ငန်းစဉ်အား စတင်ဆောင်ရွက်ပါသည်။ အသုံးပြုသူမှ ရှာဖွေလိုက်သော keyword( အညွှန်းစကားလုံး) နှင့် ဒေတာသိမ်းဆည်းရာနေရာတွင် ရှိနေသော webpage များ၏ keyword(အညွှန်းစကားလုံး) များနှင့် နိုင်းယှဉ်စစ်ဆေးသော လုပ်ငန်းစဉ်ဖြစ်ပါသည်။

4. Calculating Relevancy (ကျိုးကြောင်းဆီလျော်ခြင်းအား တွက်ချက်ခြင်း)
ရှာဖွေလိုက်သော စကားလုံးများသည် Webpage တစ်ခု၏ အညွှန်းစကားလုံးထက် အခြားတစ်ခုက ပိုမိုပါဝင်နိုင်ခြေရှိပါသည်။ ထိုကြောင့် Search Engine မှ ပိုမိုပြီး ကျိုးကြောင်းညီညွတ်သော Web Page အညွှန်းကိန်း များကို ရှာဖွေတွက်ချက်သော လုပ်ငန်းစဉ်ဖြစ်ပါသည်။

5. Retrieving Results (ရလဒ်များအား ထုတ်ပြခြင်း)
Search Engine ၏နောက်ဆုံး လုပ်ဆောင်ချက် အဆင့်ဖြစ်ပါသည်။ ရှာဖွေလိုသော ရလဒ်နှင့် အတူညီဆုံးသော ရလဒ်များကို Browserတွင် ထုတ်ပြပေးခြင်းဖြစ်ပါသည်။

သင့်အတွက် ဗဟုသုတလေးတွေ ရရှိလိုက်တယ်ဆိုရင်တော့ ကျွန်တော်တို့၏ Page ကိုလဲ Like လုပ်ခဲ့ပါအုံးနော်..

BEST IT Group - BIG

🏡 Yangon Head Office
No(5/1B), Butaryone Street, Hlaing Tsp, Yangon.
Ph: 09773728027, 09773728028

🏡 Mandalay Branch Office
72 Street, 34 x 35 Street, Chan Aye Thar San Tsp,Mandalay.
09783700065, 0978370007

ကျွန်တော်တို့၏ ၀န်ဆောင်မူ့များ - ၁ Our Products & Services1. Website Design &  Development2. Facebook Marketing3. SEO (S...
15/02/2018

ကျွန်တော်တို့၏ ၀န်ဆောင်မူ့များ - ၁

Our Products & Services
1. Website Design & Development
2. Facebook Marketing
3. SEO (Search Engine Optimization), SEM(Search Engine Marketing)
4. Email Marketing
5. SMS Marketing

1. Website Design & Development
-----------------------------------------------
ဒီနေ့ခေတ်ရဲ့ user တွေက သူတို့လိုချင်တဲ့ ကုန်ပစ္စည်း (သို့) ၀န်ဆောင်မူ့တစ်ခု အတွက် အချိန်ကုန် လူပင်ပန်းခံပြီး လှည့်လည်ပြီး ရှာဖွေနေမှာ မဟုတ်တော့ပါဘူး။ သူတို့ရဲ့ ဖုန်းကလေးသုံး အင်တာနက်လေးဖွင့်ပြီး ရှာဖွေလို့ နေကြပါပြီ။ အဲဒီလိုသူတို့ ရှာဖွေတဲ့အချိန်မှာ လူကြီးမင်းရဲ့ ၀န်ဆောင်မူ့တွေ၊ ကုန်ပစ္စည်းတွေကို လူကြီးမင်းရဲ့ customer တွေကို ပြမပေးချင်ဘူးလား။ အကယ်လို့ လူကြီးမင်းကသာ ရှိမနေဘဲ လူကြီးမင်းရဲ့ ပြိုင်ဘက်ကသာ ရှိနေမယ်ဆိုရင်တော့ လူကြီးမင်းအတွက် ဆုံးရူံး မူ့ကြီးတစ်ခုပဲနော်။ အဲ့ဒီအတွက် အင်တာနက် Showroom ကြီးဖြစ်တဲ့ Website တစ်ခု လူကြီးမင်း၏ လုပ်ငန်းအတွက် အမှန်တကယ်လိုအပ်နေပါတယ်။ Website ဆိုတာ အရမ်းကို သစ္စာရှိတဲ့ ၀န်ထမ်းကောင်းတစ်ယောက်လိုပါ။ Website က နေမကောင်းလို့ ခွင့်ယူတာမရှိဘူး၊ အလုပ်ပိတ်ရက်ဆိုတာ မရှိဘူး၊ ၂၄နာရီလုံး မရပ်မနား လူကြီးမင်းအတွက် အလုပ်လုပ်တယ်။ customer တွေအလိုရှိတဲ့ အချိန်တိုင်းမှာ အချက်အလက်တွေကို ပြောပြပေးနိုင်တယ်။ Website တစ်ခုရဲ့ကုန်ကျစရိတ်ကလဲ Showroom တစ်ခုတည်ဆောက်တာထက် အများကြီး ကုန်ကျစရိတ်သက်သာပါတယ်။ ကဲအဲ့ဒါတွေကြောင့် လူကြီးမင်း၏ လုပ်ငန်းအတွက် Website တစ်ခုရှိနေသင့်ပါကြောင်း အကြံပြုလိုက်ပါတယ်နော်။

* Website တစ်ခုတည်ဆောက်မယ်ဆိုရင် BIG(BEST IT Group) ကိုဘာကြောင့်ရွေးချယ်သင့်ပါသလဲ ? *

ကျွန်တော်တို့ BIG သည် SEO အတွက် အဆင်သင့်ဖြစ်ပြီး UI/UX ကောင်းမွန်သော Website တစ်ခုကို လူကြီးမင်း၏ လုပ်ငန်းနှင့် အဆင်ပြေသော ဒီဇိုင်း၊ ကာလာ တွေကို ဘယ်လိုအသုံးပြုပြီး တည်ဆောက်ရမလဲဆိုတာကို လူကြီမင်းနှင့် ဆွေးနွေးပြီး အရည်သွေးပြည့်မီသော Website များကိုတည်ဆောက်နိုင်ပါသည်။ အရည်အသွေးတူလျှင် ဈေးနူန်းသက်သာရမည်၊ ဈေးနူန်းချင်းတူလျှင် အရည်အသွေးကောင်းရမည်၊ အရည်အသွေးနှင့် ဈေးနူန်းခြင်းတူလျှင် လူကြီးမင်း စိတ်ကျေနပ်မူ့ ရစေရမည်ဟု ကျွန်တော်တို့ အာမခံပါသည်။ ထိုအချက်များသည် အခြားသော Agency များထက်အားသော အချက်ဖြစ်ပါသည်။ ကျွန်တော်တို့ရေးဆွဲ ပေးသော website များသည် လူကြီးမင်း ကိုယ်တိုင် ထိန်းချူပ်နိုင်သော website အမျိုးအစားများသာဖြစ်ပါသည်။

BEST IT Group - BIG

🏡 Yangon Head Office
No(5/1B), Butaryone Street, Hlaing Tsp, Yangon.
Ph: 09773728027, 09773728028

🏡 Mandalay Branch Office
72 Street, 34 x 35 Street, Chan Aye Thar San Tsp,Mandalay.
09783700065, 09783700076

09/02/2018

သင့်ရဲ့ page အတွက် message ပေးပို့လာသူတွေကို ချက်ချင်းပြန်လည်ပြီး အကြောင်းပြန်ပေးစေလိုပါသလား.. ?

အဲ့ဒီလို ပြုလုပ်ထားခြင်းတယ်ဆိုရင်တော့ အောက်ပါသင်ခန်းစာလေးကို လေ့လာနိုင်ပါတယ်နော်.. :)

30/09/2016

အောင်မြင်ကြသူများ ဖြစ်ကြပါစေ
-----------------------
ကိုယ်ကျိုးတစ်ခုကိုပဲကြည့်ပြီး ငွေရချင်လို့ဆိုတာတစ်ခုထဲနဲ့ အလုပ်လုပ်တဲ့ အခါ သင့်ရဲ့ လူသားဆန်တဲ့ စွမ်းဆောင်ရည်တွေကို ပစ်ချလိုက်တာနဲ့အတူတူပါပဲ..။
သူအကျိုး ကိုယ့်အကျိုးပါတဲ့ အလုပ်ကို မလုပ်ရရင် မနေနိုင်တဲ့ စိတ်ဓါတ်နဲ့ လုပ်တဲ့ အခါ ငွေဆိုတဲ့ အရာတွေက သင့်နောက်လိုက်လာပါလိမ့်မယ်.။
အလုပ်လုပ်တဲ့ အခါ အရင်းအနှီးထက် အိပ်မက်က အဓိကပိုကျပါတယ်..။
ငွေအရင်းအနှီးနည်းလို့ မအောင်မြင်တာထက် ဦးနှောက်အရင်းအနှီးနည်းလို့မအောင်မြင်ကြတာများပါတယ်။
ကိုယ့်အစွမ်းအစကို ဖျစ်ညှစ်သုံးမယ့်အစား ငွေနဲ့ပဲ မျောချလိုက်ချင်ကြတဲ့ ဥာဉ်လေးတွေကိုဖျောက်ရင် သင်ဟာ မှန်မှန်ကန်ကန်ရင်းနှီးတတ်သွားပါလိမ့်မယ်။
အောင်မြင်နေကြသူတွေအများစုဟာ ငွေကြေးတောင့်တင်းစွာလုပ်ငန်းကို စခဲ့လိုအောင်မြင်ကြတာမဟုတ်ပါဘူး။
အိပ်မက်ကောင်းကောင်းတွေ အားပါးတရမက်ပြီး တစိုက်မတ်မတ်လုပ်ကိုင်ခဲ့ကြလို့ဆိုတာမမေ့ပါနဲ့။
အိပ်မက်ဆိုတာလည်း ရှိရုံလေးနဲ့ အလုပ်မဖြစ်ပါဘူး.။
ကိုယ့်အိပ်မက်လေးတွေ အကောင်အထည်ဖော်ဖို့ ဘယ်လို Strategy တွေသုံးပြီး ဘယ်လိုလျှောက်ရမလဲဆိုတာသိရပါမယ်။
Strategy တွေ Theory တွေ ဆိုတာကလည်း ထိုင်ရွတ်နေပြီး တကယ် Action မယူဘဲနဲ့ ကိုယ့်အိပ်မက်တွေ ပြည့်လာနိုင်မှာမဟုတ်ပါဘူး။
Management ဆိုတာကလည်း နေရာတကာ စာအုပ်ကြီးသမားထိုင်လုပ်နေတိုင်း ကောင်းတာမဟုတ်ပါဘူး။
ဦးနှောက်နဲ့ နှလုံးသား တွဲပြီး Management လုပ်ရင်ပိုအဆင်ပြေပါလိမ့်မယ်။
အလုပ်ကို အလုပ်လိုသဘောမထားတဲ့သူတွေကို လက်တွဲဖြုတ်သင့်ရင်ဖြုတ်ရပါမယ်.။
စကားလုံးတွေနဲ့တင် အချိန်ဖြုန်းပြီး ရလဒ်ကောင်းအောင်မလုပ်နိုင်တဲ့သူတွေကို လက်တွဲဖြုတ်သင့်ရင်ဖြုတ်ရပါမယ်.။
အောင်မြင်မှုဆီမရောက်ခင် ခဏခဏလဲကျမှာပါပဲ။
ဘယ်လိုပဲဖြစ်ပါစေ အလုပ်ကိုပဲ စိတ်ဝင်တစားဆက်လုပ်သွားတဲ့ လူတစ်ယောက်အတွက် အောင်မြင်မှုကပစ်မထားပါဘူး။
စိတ်ဝင်တစားလုပ်တဲ့အခါမှာလည်း ဘာရလဒ်မှမထွက်ရင် သင်တစ်ခုခုလွဲနေလို့ဖြစ်ပါလိမ့်မယ်.။
ရလဒ်ကောင်းတွေရအောင် သင်လုပ်နိုင်တာနဲ့ လူတွေက သင့်ကို စိတ်ဝင်စားလာပါလိမ့်မယ်။
တစ်ချို့က ကမ်းလှမ်းဖို့ တစ်ချို့က ပုတ်ခတ်ဖို့ ဖြစ်နိုင်ပါလိမ့်မယ်.။
ဒါပေမယ့် မပူပါနဲ့ ...။
သင်ဟာ အဲဒီအချိန်ကျရင် ဘယ်လိုပဲဖြစ်ဖြစ် ကြံ့ကြံ့ခံပြီး အောင်မြင်နေပါလိမ့်မယ်..မိတ်ဆွေ..။
အားလုံးအောင်မြင်ကြပါစေ..။

Website တစ်ခုတည်ဆောက်တော့မယ်ဆိုရင်**********************************************အခု တိုးတက်နေတဲ့ ခေတ်ကြီးမှာ မိမိအကြောင်...
09/09/2016

Website တစ်ခုတည်ဆောက်တော့မယ်ဆိုရင်
**********************************************
အခု တိုးတက်နေတဲ့ ခေတ်ကြီးမှာ မိမိအကြောင်း မိမိ စီးပွားရေးအကြောင်း ဒါမှမဟုတ် မိမိ အဖွဲ့အစည်းအကြောင်းကို Onlineမှာ အခြားသူတွေ ရှာဖွေနိုင်ဖို့ အတွက်ဆိုရင် Website တစ်ခုက မရှိမဖြစ်လိုအပ်ပါတယ်။ ဒါကြောင့် Website တစ်ခုလောက်ကို Online ပေါ်မှာ လွှင့်တင်ထားမယ်။ Website တစ်ခုတည်ဆောက် ဖို့ အတွက်က Online မှာ ကျင်လည် ( Online ပါးဝ ) နေတဲ့သူ ဆိုရင် ရိုးရိုး Website တည်ဆောက်ဖို့အတွက်က မခက်ခဲပါဘူး။ Online မှာတော့ ကျင်လည်တယ် ဒါပေမဲ့ ဒီ အပိုင်း ( Website တည်ဆောက် ခြင်း) မှာတော့ မကျွမ်းကျင်ဘူး ဆိုရင် တော့ တတ်သိနားလည်တဲ့ သူတွေနဲ့ ပူးပေါင်းပြီး Website တစ်ခု ရေးဆွဲတာ ပိုအဆင်ပြေမှာပါ။

Static Website
**************
ကိုယ်ရေးဆွဲချင်တဲ့ Website က ရိုးရိုး လက်ကမ်းစာစောင် ပုံစံလား။ ဆိုလိုတာက ကိုယ့် Website မှာ ဖြည့်သွင်း မယ့် Data တွေက တစ်သက်လုံးစာ အသေတွေ ကိုပြောတာပါ။ ထပ်ဖြည့်စရာလည်း မရှိဘူး။ ပြင်လည်း မပြင်တော့ ဘူး။ ဒါဆိုရင်တော့ Website က Static Website ပုံစံ လုပ်လို့ ရပါတယ်။ Static Website လုပ်ခြင်းက Online ပေါ်မှာရှိတဲ့ ကိုယ့် Website က အခြား Website တွေထက် အနည်းငယ် ပိုပြီး ပေါ့ပါးပါတယ်။ ဆိုလိုတာက ကိုယ့် Website ကို Online ပေါ်မှာ ခေါ်ကြည့် လိုက်မယ် ဆိုရင် ( Internet Connection ပေါ်မူတည်ပြီး ) အခြား Website တွေထက် အရင် တက်လာတာကို တွေ့ရမှာပါ။ ဒါပေမဲ့ Static Website ဟာ Data (အချက်အလက်) တွေပြောင်းလဲဖို့ ခက်ပါတယ်။ ရေးသားတတ်တဲ့လူ မဟုတ်ရင် ပိုပြီးတောင် ခက်ပါသေးတယ်။ Link လေးတစ်ခုထည့်ဖို့ ဒါမှမဟုတ် စာလုံးပေါင်းလေးပြင်ဖအတွက်တောင် နားလည်တတ်ကျွမ်းတဲ့ သူဆီ သွားပြီး ပြင်ခိုင်းရမှာပါ။ ပြီးတော့ ကိုယ့် ရဲ့ Website ကို active ဖြစ်အောင် ပြုလုပ်လ မရပါဘူး။ Active ဖြစ်တယ် ဆိုတာ က Website မှာ Data တွေ အမြဲ ပြောင်းလဲ ပြီး အသစ်ဖြစ်နေတာကို ဆိုလိုတာပါ။ Active ဖြစ်နေရင် ကိုယ့် Website ကို လူပိုဝင်မှာပါ။ လူပိုဝင်တဲ့ အတွက် ကိုယ်ပြောပြချင်တဲ့ အကြောင်းကို ဝင်လာတဲ့ သူတိုင်း တွေ့မှာပါ။ လူများများဝင်လေ လူများများ သိလေဖြစ်မှာပါ။ တစ်ခါတစ်ရံ ကိုယ် Website မှာ Data က အသေတွေလို့ ထင်ထားပေမဲ့ တစ်ခုလောက်များ ထပ်တိုးလာမယ် ဆိုရင် အရင် ရှိပြီး သား Website Frame ထဲမှာ ထပ်ထည့်ဖို့ ခက်သွားပါပြီ။ အဲ့ဒီ တိုးလာတဲ့ Data အတွက် Page တစ်ခုတိုးလိုက်မယ်။ ဒါဆိုရင်တော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ တိုးတက်နေတဲ့ ခေတ်ထဲမှာ page လေးတစ်ခု တိုးဖို့အတွက် နားလည်တတ်ကျွမ်းတဲ့ သူဆီ သွားနေစရာမလိုပါဘူး။ ကိုယ့်ဘာသာ ထပ်တိုးလိုက်လို့ရပါတယ်။ ဒါပေမဲ့ တိုးဖို့ အတွက် ကတော့ Static Website မှာမရပါဘူး။ Dynamic Website မှသာရမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ Static Website က HTML, CSS, JavaScript စတာတွေလောက်ကို အသုံးပြုပြီးရေးဆွဲထားလို့ပါ။ ဒါကြောင့် အခု ခေတ်ထဲမှာ Static Website ကို တည်ဆောက် တာ နည်းပါးလာပါတယ်။ ဒါပေမဲ့ အဲ့ဒါတွေ မလိုချင်ဘူး။ ကိုယ့် Website က လက်ကမ်းစာစောင် ပုံစံ ဆိုရပြီ ဆိုရင်တော့ Static Website က အသင့်တော်ဆုံးပါ။

Dynamic Website
***************
Website မှာ Facebook လို သတင်းတွေတင် ချင်တယ်၊ စာတွေရေးချင်တယ်၊ ပုံတွေတင်ချင်တယ် ဒါမှမဟုတ် ကိုယ့် Product တွေကို showcase လိုမျိုးပြထားချင်တယ်ဆိုရင်တော့ Dynamic Website လိုမျိုးရေးရမှာပါ။ အဲ့ဒီလိုရေးလိုက်တဲ့ အတွက် ကိုယ့် Websiteက flexible တော်တော် ရှိသွားမှာပါ။ ပြင်ဆင် ချင်တာကိုလည်း အလွယ်တကူ ပြင်နိုင်ပါတယ်။ စာတွေ ပုံတွေ သတင်းတွေ Product တွေကလည်း Up to date ဖြစ်နေတဲ့ အတွက် ကိုယ့်ရဲ့ Website ကို လူဝင်များလာမယ်။ ဝင်လာတဲ့ လူတွေ က လည်း ကိုယ့် ကို Online ကနေဆက်သွယ်နိုင်မယ်။ လူတွေရဲ့ ထင်မြင်ချက်တွေကို လည်း အပြင်မှာ လိုက်မေး နေစရာ မလိုပဲ Website ထဲကနေ သိနိုင်မယ်။ လူတွေနဲကိုယ်နဲ့ Online ကနေ အပြန်အလှန်ဆက်သွယ်နိုင်မယ်။ အဲ့ဒီကနေ တစ်ဆင့် ကိုယ့်အတွက် ပြန်ပြီး အကျိုးရှိတာ တွေ ရလာနိုင်ပါတယ်။ ဒါတွေက Dynamic Website သုံးရင် ရမယ့် အကျိုးရလဒ်တွေ ပါ။ ဒါ့အပြင် ကိုယ့် Website က ကိုယ်ပိုင် ဖြစ်တဲ့ အတွက် ကိုယ့်ရဲ့ စာတွေပုံတွေ Product တွေကိုလည်းအလွယ်တကူ ပြန်လည်ရှာဖွေနိုင်ပါတယ်။ ဆိုလိုတာ က လွန်ခဲ့တဲ့ တစ်နှစ်လောက်က တင်ထားတဲ့ ပုံ ဒါမှမဟုတ် စာကို ပြန်ရှာချင် ရင်လည်း အလွယ်တကူ ရှာနိုင်ပါတယ်။

- Thet Paing

BEST IT Group - BIG

🏡 Yangon Head Office
No(5/1B), Butaryone Street, Hlaing Tsp, Yangon.
Ph: 09773728027, 09773728028

🏡 Mandalay Branch Office
72 Street, 34 x 35 Street, Chan Aye Thar San Tsp,Mandalay.
09783700065, 09783700076

Website တစ်ခုဘာကြောင့်လိုအပ်တာလဲ?******************************************(သင့်လုပ်ငန်း တိုးတက်လိုတယ်ဆိုရင်တော့ဒါလေးကို...
09/09/2016

Website တစ်ခုဘာကြောင့်လိုအပ်တာလဲ?
******************************************
(သင့်လုပ်ငန်း တိုးတက်လိုတယ်ဆိုရင်တော့ဒါလေးကို အချိန်းအနည်းငယ် ပေးပြီး ဖတ်ကြည့်သင့်ပါတယ် )

အကယ်၍ သင့်မှာသာ Website တစ်ခု ရှိနေတယ်ဆိုရင် သင့်အနေနဲ့ အဲ့ဒီ website ကို ဘယ်လို အရေးပါ အရာရောက်တယ်ဆိုတာ သိပြီးသား ဖြစ်နေပါလိမ့်မယ်။ မသိသေးဘူးဆိုရင်တောင်မှ အောက်က အချက်တွေကို ဖတ်ကြည့်လိုက်မယ်ဆိုရင် ဘာကြောင်Website တစ်ခု လိုအပ်သလဲဆိုတာကို သဘောပေါက်လာပါလိမ့်မယ်။ သင့်အနေနဲ့ ကိုယ်ပိုင် Website တစ်ခု မရှိထားဘူးဆိုရင်တော့ Website တစ်ခုအနေနဲ့ သင့်အပေါ်ကို ဘယ်လို အထောက်အကြူဖစ်စေနိုင်တယ်ဆိုတာကို နားလည်မှာ မဟုတ်ပါဘူး။ သင်ထင်နေမှာက - “ငါ့ စီးပွားရေး လုပ်ငန်းက သေသေးလေးပဲ။ Website ရှိဖို့လိုအပ်လို့လား?” ဒါမှမဟုတ် ငါ့မှာ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတောင် မရှိတာ Website လုပ်နေတော့ကော ဘာထူးခြားလာမှာ မို့လို့လဲ? Website တစ်ခု ဖြစ်လာဖို့အတွက် အများကြီးလုပ်ပြီး အဲ့ဒီကနေ အကျိုးအမြတ် နည်းနည်းလေးပဲ ပြန်ရမှာစိုးလို့လည်းဖြစ်နိုင်တယ်။ အဲ့ဒါမှမဟုတ်လည်း သင့်အနေနဲ့ Website အတွက် ပိုက်ဆံတွေ အများကြီး အကုန်ခံထားရတယ်၊ ဒါပေမယ့် ဘာမှလည်းပြန်မရဘူး၊ တစ်နှစ်လောက် ကြာတဲ့အခါမှာတော့ Website ကို ပိတ်သိမ်း လိုက်ရတဲ့အထိ ဖြစ်သွားခဲ့တယ်။ သင့်အနေနဲ့
ဘယ်လိုပဲစဉ်းစားနေပါစေ၊အောက်က အချက်တွေကသင့်အနေနဲ့ဘာကြောင် Website တစ်ခု လိုအပ်သလဲဆိုတာကို ရှင်းပြပါလိမ့်မယ်။

* လူတွေက သင့်ကို Online မှာ ရှာဖွေလာကြပါမယ် *
သိပ်မကြာခင် ကာလအတွင်းမှာပဲ သင့်နာမည်၊ ဒါမှမဟုတ် သင့်ရဲ့ စီးပွားရေးလုပ်ငန်း အကြောင်းကို တစ်စုံတစ်ယောက်က အင်တာနက်ကို အသုံးပြုပြီး search engine တစ်ခုကနေ ရှာဖွေလာပါတော့မယ်။ သင့်အနေနဲ့ သူတို့ကို ဘာတွေရှာဖွေစေချင်သလဲ? သူတို့ကို သိစေချင်တာ ဘာမမရှိဘူးလား?.. ဒါမှမဟုတ် သင့်ရဲ့ ပြိုင်ဖက်တွေအကြောင်းကို ရှာဖွေတွေ့ရှိသွားစေချင်တာလား? သင့်အကြောင်းကို ရှာဖွေသိချင်တဲသူတွေရှိနေပါတယ်။ သူတို့အနေနဲ့ သင်ဘာတွေ ရောင်းချနေတယ်၊ ဘယ်လို Service တွေပေးနေတယ်ဆိုတာကို သူတို့တွေက သိချင်ပါလိမ့်မယ်။သူတို့တွေက သင့်ကို Online ကနေ ရှာဖွေပါလိမ့်မယ်၊ အကယ်၍ သင့်အနေနဲ့ Website တစ်ခု ရှိမထားဘူးဆိုရင်တော သူတို့အတွက် စိတ်ပျက်စရာ ဖြစ်သွားပါလိမ့်မယ်။ ကိုယ်ပိုင် Website တစ်ခုရှိမထားဘူးဆိုရင် သင့်ကိုလည်း search engine ကနေရှာဖွေနိုင်မှာ မဟုတ်ပါဘူး။ Website တစ်ခု မရှိဘူးဆိုတာက သင့်လုပ်ငန်းဖုန်းနံပါတ်ကို ဖုန်းစာအုပ်ထဲမှာ ထည့်သွင်းထားခြင်း မရှိသလိုပါပဲတော်တော်လေး ဘဝင်မကျဖို့ကောင်းပါတယ်။ သင့်အနေနဲ့ ဖုန်းမရှိပဲ စီးပွားရေးလုပ်ငန်းတစ်ခုကို တိုးတက်အောင် ဆောင်ရွက်နိုင်မလား?
အဲ့ဒီလိုပဲ အခုလို “Information Age” ဆိုတဲ့ ခေတ်ကြီးထဲမှာ online မှာ လူသိနေဖို့ ဆိုတဲ့အချက်ကလည်း အဓိက အချက်တစ်ချက်ဖြစ်လာနေပါပြီ။

* Website တွေက ကြော်ငြာဖို့ အကောင်းဆုံးနေရာပါပဲ *
သင့်အနေနဲ့ ဘာကို ကြော်ငြာချင်သလဲ? – services လား? products တွေလား? ဒါမှမဟုတ် သင့်အကြောင်းကိုလား? - အားလုံးအတွက် website က အကောင်းဆုံး နည်းလမ်းပါပဲ။ တခြား ကြော်ငြာနည်းလမ်းတွေဆိုရင် သင့်အနေနဲ့ ငွေအလုံးအရင်းနဲ ကုန်ကျနိုင်တယ်၊ အထူးသဖြင့်ဈေးကွက်တစ်ခုက ဦးတည်ပြီးကြော်ငြာတဲ့အခါမျိုးမှာဆိုရင် သူတို့တွေဆီက အာရုံစိုက်မူ့ ရနိုင် မရနိုင်ဆိုတာကို ဘယ်သူမှ အာမ မခံနိုင်ပါဘူး။ ဒါပေမယ့် Website တွေကျတော့ လက်ကမ်းစာစောင် အသေးစား မဂ္ဂဇင်း တွေလိုပါပဲ။ပြုပြင်ပြောင်းလဲရ လွယ်ကူတယ်၊ Customer နဲ့ ကိုယ်တိုင် ထိတွေ့ဆက်ဆံခွင့်ရတယ်၊ ပြီးတော့ ကိုယ့် products တွေကို သိချင်နေတဲ customer တွေကိုလည်း မြန်မြန်ဆန်ဆန်နဲ့ ဖော်ပြပေးနိုင်တယ်။ ဒါကြောင့်လည်း နောက်ပိုင်း အသုံးပြုရလွယ်ကူပြီး ထိထိရောက်ရောက် ကြော်ငြာနိုင်တဲ့ Website တွေကိုပဲ အသုံးများလာတာကို တွေ့ရပါတယ်။

* Website ဆိုတာ တစ်ကမ္ဘာလုံးနဲ့ ဆက်နွှယ်နေပါတယ် *
Webပေါ်မှာဆိုရင် သင့်အိမ်နီးနားချင်းပဲဖြစ်ဖြစ် ကမ္ဘာရဲ့အခြားတစ်ဖက်ခြမ်းမှာပဲ
ဖြစ်ဖြစ် ဘယ်မှာပဲ ရှိနေနေ အရေးမကြီးတော့ပါဘူး။ သူတို့တွေအားလုံးက တခြားသူတွေလိုပဲ သင့် Website ကို ကြည့်ရှုနိုင်တဲ့အတွက် သင့်အတွက်ကော
သူတို့တွေအတွက်ပါ အပိုကုန်ကျမှုတွေ ရှိလာမှာ မဟုတ်တော့ပါဘူး။ ဆိုလိုချင်တာက သင့်ကုန်ပစ္စည်းတစ်ခုကို သူတို့တွေဆီ သွားရောက် ကြော်ငြာဖို့ မလိုအပ်တော့သလို သူတို့တွေကလည်း ကုန်ပစ္စည်းအကြောင်းကို သိချင်တဲ့အခါမျိုးမှာ သင့်ဆီကို တကူးတက လာရောက်စရာ မလိုအပ်တော့ပဲ Website ပေါ်ကနေ တစ်ဆင့် သိရှိနိုင်ပါတယ်။

ကဲဒီလို အကျိုးကျေးဇူးလေးတွေ ရှိနိုင်တာမို့ အခုပဲသင့်လုပ်ငန်းအတွက် website တစ်ခုပြုလုပ်လိုက်ပါ ၊ အခုချိန်လောက်ဆိုရင် သင့်ရဲ့ပြိုင်ဘက် က website တစ်ခုလုပ်ဖို့ ကျွန်တော်တို့ဆီကို ဆက်သွယ်နေလောက်ပြီနော် ........

IT Dragon Web Service Group

hotline - 09792727163

BEST IT Group မှလူကြီးမင်းအတွက် အကောင်းဆုံးသော website တွေကို အသက်သာဆုံးသော ဈေးနူန်းတွေနဲ့ ရေးဆွဲပေးနေပါပြီ.........3 p...
08/09/2016

BEST IT Group မှလူကြီးမင်းအတွက် အကောင်းဆုံးသော website တွေကို အသက်သာဆုံးသော ဈေးနူန်းတွေနဲ့ ရေးဆွဲပေးနေပါပြီ.........
3 pages website - ၁သိန်း ၅သောင်းကျပ်
(hosting နှင့် domain ဖိုးတစ်နှစ်စာ ပါဝင်ပြီး)
4 pages website - ၂သိန်းကျပ်
(hosting နှင့် domain ဖိုးတစ်နှစ်စာ ပါဝင်ပြီး)
5 pages website - ၂သိန်း ၅သောင်းကျပ်
(hosting နှင့် domain ဖိုးတစ်နှစ်စာ ပါဝင်ပြီး) များအပြင်
Online Shopping Website
eCommerce website
Travel & Tour Website
Hotel Website
Fashion Website များကိုလဲ လူကြီးမင်းတို့ စိတ်တိုင်းကျ ဈေးနူန်းသက်သာစွာ ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါတယ်။
hotline - 00786056055

Address

Hlaing
Yangon
11081

Telephone

09792727163

Website

Alerts

Be the first to know and let us send you an email when BEST IT Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BEST IT Group:

Share

Category