Gro Tech Myanmar Group colour sorter စက္ျဖန္ခ်ီေရး

  • Home
  • Myanmar
  • Yangon
  • Gro Tech Myanmar Group colour sorter စက္ျဖန္ခ်ီေရး

Gro Tech Myanmar Group colour sorter စက္ျဖန္ခ်ီေရး Gro Tech Colour Sorter Machine

နှစ်သစ်မှာ  လူသားအားလုံး ဆန္ဒ နဲ့ လက်တွေ့ဘဝ တစ်ထပ်ထဲ ဖြစ်ပါစေလို့ Gro Tech Myanmar Group  က ဆုမွန်ကောင်း တောင်းအပ်ပါတယ်ခ...
31/12/2023

နှစ်သစ်မှာ လူသားအားလုံး ဆန္ဒ နဲ့ လက်တွေ့ဘဝ တစ်ထပ်ထဲ ဖြစ်ပါစေလို့ Gro Tech Myanmar Group က ဆုမွန်ကောင်း တောင်းအပ်ပါတယ်ခင်ဗျာ

Labour Day အား Gro Tech Myanmar Group မိသားစုမှ ဂုဏ်ပြုကြိုဆိုပါသည်။
01/05/2022

Labour Day အား Gro Tech Myanmar Group မိသားစုမှ ဂုဏ်ပြုကြိုဆိုပါသည်။

GroTech color sorter က Changsha အပြည်ပြည်ဆိုင်ရာ စပါးနှင့် ရေနံစက်မှု ပြပွဲရဲ့ ရွှေတံဆိပ်ဆုကို ရရှိခဲ့ပါတယ်။Gro Tech col...
29/12/2020

GroTech color sorter က Changsha အပြည်ပြည်ဆိုင်ရာ စပါးနှင့် ရေနံစက်မှု ပြပွဲရဲ့ ရွှေတံဆိပ်ဆုကို ရရှိခဲ့ပါတယ်။Gro Tech color sorter ရဲ့ မိတ်ဖက်သုံးစွဲသူ customer အားလုံး 2021 နှစ်သစ်ကစပြီး စိတ်ချမ်သာ ကိုယ်ကျန်းမာ၍ စီပွါးဥစ္စာ ဒီရေအလား တိုးတက်ပါစေကြောင်း ဆုတောင်းပေးပါတယ် ခင်ဗျာ

ပြပွဲ ဒုတိယနေ့ လေ့လာကြည့်ရှူ့ဝယ်ယူသူများစည်စည်ကားကား
01/11/2020

ပြပွဲ ဒုတိယနေ့ လေ့လာကြည့်ရှူ့ဝယ်ယူသူများ
စည်စည်ကားကား

Hefei Grain Expo မှာ ကျနော်တို့ Gro Tech Color Sorter ရဲ့ပြပွဲမြင်ကွင်းတစ်ချို့
31/10/2020

Hefei Grain Expo မှာ ကျနော်တို့ Gro Tech Color Sorter ရဲ့ပြပွဲမြင်ကွင်းတစ်ချို့

Thursday, September,  24, 2020မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း(သတင်းထုတ်ပြန်ချက်- ၅/၂၀၂၀)
24/09/2020

Thursday, September, 24, 2020
မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း
(သတင်းထုတ်ပြန်ချက်- ၅/၂၀၂၀)

12/09/2020

မမဆောင်း ကတော့လုပ်ချလိုက်ပြီ ကိုရန်လေး တော့မမြင်ပါစေနဲ့ဗျာ

မြန်မာဆန်စပါး အသင်းချုပ်မှထုတ်ပြန်
10/09/2020

မြန်မာဆန်စပါး အသင်းချုပ်မှထုတ်ပြန်

SME-Development Bank ရဲ့ Green Financing(သဘာဝအစိမ်းရောင်စီမံကိန်းချေးငွေ)
26/08/2020

SME-Development Bank ရဲ့ Green Financing
(သဘာဝအစိမ်းရောင်စီမံကိန်းချေးငွေ)

 ဦးနှောက်ဘယ်မှာလဲ~~~~~~~~~~~~~~တစ်ခါတုန်းက တောနက်ကြီးတစ်ခုထဲမှာ ခြင်္သေ့အိုကြီး တစ်ကောင်ရှိတယ်။ တောရဲ့ဘုရင်ပဲဆိုပါတော့။ ...
25/08/2020


ဦးနှောက်ဘယ်မှာလဲ
~~~~~~~~~~~~~~

တစ်ခါတုန်းက တောနက်ကြီးတစ်ခုထဲမှာ
ခြင်္သေ့အိုကြီး တစ်ကောင်ရှိတယ်။ တောရဲ့ဘုရင်ပဲဆိုပါတော့။

သူဟာ ငယ်ရွယ်စဉ်ကတော့ အားကောင်းမောင်းသန် တစ်တောလုံး တစ်တောင်လုံး ထင်ရာစိုင်းနိုင်တဲ့ အင်အားမျိုး ရှိခဲ့ပါတယ်။ ဒါပေမယ့် အသက် အရွယ် ကလည်း ကြီးရင့်လာတာနဲ့အမျှ ဇရာကြောင့် အရင်ကလို သွက်သွက်လက်လက် မလှုပ်ရှားနိုင်တော့ဘူး။

ဒီအထဲ အကျိုး အကြောင်း အမျိုးမျိုးအရ နာမကျန်း ဖြစ်လာတဲ့အခါ ပိုဆိုးတော့တာပေါ့။ သူအားကောင်း မောင်းသန်နဲ့ လှုပ်ရှားနိုင်တုန်းက သူ့ဘေး မှာ ညာဝါး စားသောက်နေတဲ့ အကောင်တွေလည်း အနားမှာ မရှိ တော့ဘူး။

အိုနာကျိုးကန်း မြေခွေးတစ်ကောင်ပဲ ကျန်တော့တယ်။နာမကျန်းဖြစ်နေတဲ့ ခြင်္သေ့အိုကြီးမှာဆန္ဒတစ်ခုရှိတယ်။ အဲဒါကတော့ ဒရယ်တစ်ကောင်ရဲ့အသည်းနှလုံးနဲ့ ဦးနှောက်ကို စားသောက် လိုက်ရရင် သူ့ရောဂါသက်သာပြီး ကျန်းမာလာလိမ့်မယ်လို့ ယုံကြည်နေတာပဲ။ ဒါကြောင့် မလှမ်းမကမ်းမှာရှိတဲ့ သူ့ တပည့်မြေခွေး ကိုခေါ်ပြီး ဒီလိုပြော တယ်။

'တပည့်ကြီး ငါ နေကောင်း ကျန်းမာလာဖို့အတွက် ဒရယ်ရဲ့နှလုံးနဲ့ ဦးနှောက်ကို စားရမှဖြစ်လိမ့်မယ်။ အဲဒါဟာ ငါ့ရဲ့ ဓာတ်စာပဲ။ မင်းက ငါ့ရဲ့ငယ်မွေး ခြံပေါက်ပီပီ တောစပ်မှာရှိတဲ့ဒရယ် ကို လိမ်ညာပြီး ငါ့အနားကို အပါ ခေါ်ခဲ့ပါ။ အကြံအောင်ရင် ထုံးစံ အတိုင်း အကြွင်းအကျန်တွေဟာ မင်းအတွက်ပေါ့...'လို့ပြောပြီး ဒရယ်ရှိရာအရပ်ကို ညွှန်ပြလိုက်တယ်။

မြေခွေးဆိုတဲ့အကောင်က ခြင်္သေ့ကို လွန်ဆန်ရဲတာမှမဟုတ်တာ၊ ခိုင်းတဲ့အတိုင်းလုပ်ရတာပေါ့။ ခြင်္သေ့ရဲ့ အကြွင်းအကျန်လေးတွေကို ကပ်စားနေတဲ့ အကောင်ပီပီ ခြင်္သေ့ကြီးရဲ့ဆန္ဒအတိုင်း ဒရယ်ဆီ ကို သွားပြီး ဒီလိုလှည့်ဖြားပြောဆို ပါတယ်။

'မိတ်ဆွေကြီး ကိုဒရယ်၊ အခုက ခြသေ့င်္မင်းကြီး မကျန်းမာတာကို ခင်ဗျားသိပါတယ်နော်။ ကျုပ်အထင်တော့ အဲဒီအဘိုးကြီး သိပ် ကြာတော့မယ်မထင်ဘူး။ ဟိုနေ့က ကျုပ်နဲ့တွေ့တော့ အခြေအနေက သိပ်မကောင်းတာ အမှန်ပဲ။ အားလည်းရှိပုံမရဘူး။ သူလည်း သူ့ကိုယ့်သူ သိတယ်ထင်တယ်။ သူ ကွယ်လွန်တော့မှာမို့ သူ့ကိုယ်စား ဘုရင်အသစ်တစ်ပါးခန့်ထားခဲ့ချင်တယ်။

သူ့ဆန္ဒက ခင်ဗျားကို ရည်ရွယ်ဟန်တူတယ်။
ဒါကြောင့် ခင်ဗျားကို ကျုပ်လာခေါ်တာပဲ။ လူမမာသွားမေးလိုက်ပါဦး'လို့ မမှန်ကန်တာတွေ ကိုပြောပြီး ဒရယ် ကို သိမ်းသွင်းစည်းရုံးပါတယ်။ ဘုရင်ဖြစ်ချင်တဲ့ ဒရယ်ကလည်း မြေခွေးရဲ့စကားကိုယုံပြီး လိုက်လာပါတယ်။ ခြင်္သေ့ကလည်း အကြံ နဲ့ စောင့်နေ တာပေါ့။ ဒရယ်လည်းရောက်လာရော အစာငတ်နေတဲ့ခြင်္သေ့အိုကြီးက ဣနြေ္ဒမရနဲ့ လှမ်းကုတ်လိုက်ပါတယ်။ ဖျားပြီး အားနည်းနေတာမို့ ထိရောက်မှုမရှိပါဘူး။ ဒရယ်ဟာ လန့်ပြီး အဝေးကိုထွက်ပြေးပါတော့တယ်။

စားရခါနီးမှ လွတ်သွားတဲ့ ဒရယ်ဖိုဝဝကြီးကို လက်လွှတ်လိုက်ရတာကို ခြင်္သေ့အိုကြီးက မကျေနပ်ဘူး။ ဒါကြောင့် သူ့ တပည့်ကြီး ကိုပြန်ခေါ်ပြီး အဲဒီအကောင်ကို မရရအောင် လိမ်ညာလှည့်ဖျားပြီး ပြန်ခေါ်လာဖို့စေခိုင်းပြန်ပါတယ်။ ငယ်ကြောက်တပည့် ကြီး မြေခွေးကလည်း သူ့အရှင်သခင်ဆရာသမားရဲ့ အမိန့်အတိုင်း ဒရယ်ကြီးဆီကို ဒုတိယအကြိမ် ချဉ်းကပ်ပြန်ပါတယ်။ အသက် ဘေး ကလွတ်အောင် မနည်းပြေးခဲ့ရတဲ့ ဒရယ်ဟာ မြေခွေးကိုမြင် တော့ ဒေါသထွက်ပြီး သူ့ချိုနဲ့ခတ် ဖို့ ပြင်တာပေါ့။ ဒါပေမဲ့ ကလိမ် ကကျစ်မြေခွေးက ဒရယ်ကို အချို သတ်ပြီး ဒီလိုပြောပြန်ပါတယ်။

'စိတ်မဆိုးပါနဲ့ဗျာ။ အမြင်စောင်းပြီး အထင်လွဲကြတာပါ။ သူက ထီးနန်းလွှဲပေးမယ့်ကိစ္စကို တိုးတိုးကျိတ်ကျိတ် ခင်ဗျားနဲ့ စကားပြောဖို့ အနားကပ်လိုက်တာကို ခင်ဗျားက အထင်လွဲသွားတာကိုး။ ဒါလောက်အရေးကြီးတဲ့ ထီးနန်းလွှဲပြောင်းမှုဆိုတာ သူက ခင်ဗျားကို တိုးတိုးကျိတ်ကျိတ် မှာစရာ ကိစ္စတွေရှိမှာ သေချာတယ်။ ဒါ ကြောင့် ခင်ဗျားနားကို သူမပြောမဆို ကပ်လိုက်တာဖြစ်မယ်။ ဒီ တစ်ခါ သွားရင် မကြောက်နဲ့နော်။ သူက အားမရှိလို့ အနားမကပ်နိုင် ရင်တောင် ခင်ဗျားကပ်သွားလိုက် ပါ...'လို့ လိမ်ညာလှည့်စား ပြီး ပြောပြန် ပါတယ်။

အာဏာရူးဖြစ် နေတဲ့ ဒရယ်ကလည်း 'ရှင်ဘုရင် ဖြစ်ရချေသေးရဲ့'ဆိုတဲ့ အတွေးနဲ့ မြေခွေးလိမ်ပြီးခေါ်လာတဲ့ ခရီး လမ်းအတိုင်း ခြင်္သေ့အိုကြီးအနားထိ ကပ်သွားတာပေါ့။ ဒီတော့ ချောင်းနေတဲ့ ခြင်္သေ့က သူ့ကို အလွယ်တကူပဲ ဖမ်းယူပြီး ကိုက်စားလိုက်တော့တာပေါ့။ နှလုံးသားကို ဦးစားပေးပြီးစားသလို ကျန်တဲ့အသားတွေကိုလည်းငတ်ငတ်နဲ့အားပါးတရ စားတာ့ တာပေါ့။

ဒီအချိန်မှာ အကြံသမား မြေခွေးက ဒယ်ရဲ့ဦးနှောက်ကို ဝှက်ထားလိုက်တယ်။ ခြင်္သေ့ကွယ်ရာရောက်မှ သူစားမယ်ဆိုတဲ့ အတွေး နဲ့ပါ။ ဒါပေမယ့် ခြင်္သေ့အိုကြီးက သူစားချင်တဲ့ ဦးနှောက်ကို သတိရလာတဲ့အတွက် ရှာဖွေပါ တော့တယ်။ ဒါပေမယ့် လုံးဝရှာလို့ မတွေ့ဘူးတဲ့။ ဒါနဲ့ မြေခွေးကို မသင်္ကာတဲ့အသံနဲ့ ဦးနှောက်ဘယ်မလဲလို့ မေးပါတယ်။ ဒီတော့ မြေ ခွေးက ဘာပြောတယ်မှတ်သလဲ။

'ဒီဒရယ်က ဦးနှောက်ရှိဟန်မတူပါဘူး ခြင်္သေ့မင်းရယ်၊ ကျွန်တော်တို့ နှစ်ကြိမ်လောက်လိမ် ညာပြောဆိုတာတွေကို ယုံပြီး ဒီ နေရာ အထိ လိုက်လာမှတော့ ဦး နှောက်မရှိတဲ့ သတ္တဝါပဲဖြစ်မှာပေါ့။ သေချာပါတယ်...'လို့ ဆင်ခြေပေး လျှောက်ထားလိုက်သတဲ့။

ပုံပြင်ကို မြေခွေးရဲ့အကြောင်းပြချက်နဲ့ပဲ နိဂုံးချုပ်ထားပါတယ်။

ဦးနှောက် / စဉ်းစားဉာဏ်မရှိတဲ့သူဆိုတာ
တစ်ကြိမ်မက နှစ် ကြိမ် လိမ်ညာတာမျိုးကိုလည်း အမှန်တရားလို့ ထင်မှတ်နေတတ်ကြတယ်။
အကျိုးအကြောင်း အချက်အလက်တွေအရ ဖြစ်နိုင်ခြေရှိခြင်း၊ မရှိခြင်းကို ဝေဖန်သုံးသပ်ရာမှာ အားနည်းတတ်ကြပါတယ်။

Ref : အီစွတ်ပုံပြင်
Credit : Argyi
မေတ္တာများစွာဖြင့်
#အောင်မြင်ရေးနည်းလမ်းများ


ဦးေႏွာက္ဘယ္မွာလဲ
~~~~~~~~~~~~~~

တစ္ခါတုန္းက ေတာနက္ႀကီးတစ္ခုထဲမွာ
ျခေသၤ့အိုႀကီး တစ္ေကာင္ရွိတယ္။ ေတာရဲ႕ဘုရင္ပဲဆိုပါေတာ့။

သူဟာ ငယ္႐ြယ္စဥ္ကေတာ့ အားေကာင္းေမာင္းသန္ တစ္ေတာလုံး တစ္ေတာင္လုံး ထင္ရာစိုင္းနိုင္တဲ့ အင္အားမ်ိဳး ရွိခဲ့ပါတယ္။ ဒါေပမယ့္ အသက္ အ႐ြယ္ ကလည္း ႀကီးရင့္လာတာနဲ႕အမွ် ဇရာေၾကာင့္ အရင္ကလို သြက္သြက္လက္လက္ မလႈပ္ရွားနိုင္ေတာ့ဘူး။

ဒီအထဲ အက်ိဳး အေၾကာင္း အမ်ိဳးမ်ိဳးအရ နာမက်န္း ျဖစ္လာတဲ့အခါ ပိုဆိုးေတာ့တာေပါ့။ သူအားေကာင္း ေမာင္းသန္နဲ႕ လႈပ္ရွားနိုင္တုန္းက သူ႕ေဘး မွာ ညာဝါး စားေသာက္ေနတဲ့ အေကာင္ေတြလည္း အနားမွာ မရွိ ေတာ့ဘူး။

အိုနာက်ိဳးကန္း ေျမေခြးတစ္ေကာင္ပဲ က်န္ေတာ့တယ္။နာမက်န္းျဖစ္ေနတဲ့ ျခေသၤ့အိုႀကီးမွာဆႏၵတစ္ခုရွိတယ္။ အဲဒါကေတာ့ ဒရယ္တစ္ေကာင္ရဲ႕အသည္းႏွလုံးနဲ႕ ဦးေႏွာက္ကို စားေသာက္ လိုက္ရရင္ သူ႕ေရာဂါသက္သာၿပီး က်န္းမာလာလိမ့္မယ္လို႔ ယုံၾကည္ေနတာပဲ။ ဒါေၾကာင့္ မလွမ္းမကမ္းမွာရွိတဲ့ သူ႕ တပည့္ေျမေခြး ကိုေခၚၿပီး ဒီလိုေျပာ တယ္။

'တပည့္ႀကီး ငါ ေနေကာင္း က်န္းမာလာဖို႔အတြက္ ဒရယ္ရဲ႕ႏွလုံးနဲ႕ ဦးေႏွာက္ကို စားရမွျဖစ္လိမ့္မယ္။ အဲဒါဟာ ငါ့ရဲ႕ ဓာတ္စာပဲ။ မင္းက ငါ့ရဲ႕ငယ္ေမြး ၿခံေပါက္ပီပီ ေတာစပ္မွာရွိတဲ့ဒရယ္ ကို လိမ္ညာၿပီး ငါ့အနားကို အပါ ေခၚခဲ့ပါ။ အႀကံေအာင္ရင္ ထုံးစံ အတိုင္း အႂကြင္းအက်န္ေတြဟာ မင္းအတြက္ေပါ့...'လို႔ေျပာၿပီး ဒရယ္ရွိရာအရပ္ကို ၫႊန္ျပလိုက္တယ္။

ေျမေခြးဆိုတဲ့အေကာင္က ျခေသၤ့ကို လြန္ဆန္ရဲတာမွမဟုတ္တာ၊ ခိုင္းတဲ့အတိုင္းလုပ္ရတာေပါ့။ ျခေသၤ့ရဲ႕ အႂကြင္းအက်န္ေလးေတြကို ကပ္စားေနတဲ့ အေကာင္ပီပီ ျခေသၤ့ႀကီးရဲ႕ဆႏၵအတိုင္း ဒရယ္ဆီ ကို သြားၿပီး ဒီလိုလွည့္ျဖားေျပာဆို ပါတယ္။

'မိတ္ေဆြႀကီး ကိုဒရယ္၊ အခုက ျခေသ့မၤင္းႀကီး မက်န္းမာတာကို ခင္ဗ်ားသိပါတယ္ေနာ္။ က်ဳပ္အထင္ေတာ့ အဲဒီအဘိုးႀကီး သိပ္ ၾကာေတာ့မယ္မထင္ဘူး။ ဟိုေန႕က က်ဳပ္နဲ႕ေတြ႕ေတာ့ အေျခအေနက သိပ္မေကာင္းတာ အမွန္ပဲ။ အားလည္းရွိပုံမရဘူး။ သူလည္း သူ႕ကိုယ့္သူ သိတယ္ထင္တယ္။ သူ ကြယ္လြန္ေတာ့မွာမို႔ သူ႕ကိုယ္စား ဘုရင္အသစ္တစ္ပါးခန႔္ထားခဲ့ခ်င္တယ္။

သူ႕ဆႏၵက ခင္ဗ်ားကို ရည္႐ြယ္ဟန္တူတယ္။
ဒါေၾကာင့္ ခင္ဗ်ားကို က်ဳပ္လာေခၚတာပဲ။ လူမမာသြားေမးလိုက္ပါဦး'လို႔ မမွန္ကန္တာေတြ ကိုေျပာၿပီး ဒရယ္ ကို သိမ္းသြင္းစည္း႐ုံးပါတယ္။ ဘုရင္ျဖစ္ခ်င္တဲ့ ဒရယ္ကလည္း ေျမေခြးရဲ႕စကားကိုယုံၿပီး လိုက္လာပါတယ္။ ျခေသၤ့ကလည္း အႀကံ နဲ႕ ေစာင့္ေန တာေပါ့။ ဒရယ္လည္းေရာက္လာေရာ အစာငတ္ေနတဲ့ျခေသၤ့အိုႀကီးက ဣေျနၵမရနဲ႕ လွမ္းကုတ္လိုက္ပါတယ္။ ဖ်ားၿပီး အားနည္းေနတာမို႔ ထိေရာက္မႈမရွိပါဘူး။ ဒရယ္ဟာ လန႔္ၿပီး အေဝးကိုထြက္ေျပးပါေတာ့တယ္။

စားရခါနီးမွ လြတ္သြားတဲ့ ဒရယ္ဖိုဝဝႀကီးကို လက္လႊတ္လိုက္ရတာကို ျခေသၤ့အိုႀကီးက မေက်နပ္ဘူး။ ဒါေၾကာင့္ သူ႕ တပည့္ႀကီး ကိုျပန္ေခၚၿပီး အဲဒီအေကာင္ကို မရရေအာင္ လိမ္ညာလွည့္ဖ်ားၿပီး ျပန္ေခၚလာဖို႔ေစခိုင္းျပန္ပါတယ္။ ငယ္ေၾကာက္တပည့္ ႀကီး ေျမေခြးကလည္း သူ႕အရွင္သခင္ဆရာသမားရဲ႕ အမိန႔္အတိုင္း ဒရယ္ႀကီးဆီကို ဒုတိယအႀကိမ္ ခ်ဥ္းကပ္ျပန္ပါတယ္။ အသက္ ေဘး ကလြတ္ေအာင္ မနည္းေျပးခဲ့ရတဲ့ ဒရယ္ဟာ ေျမေခြးကိုျမင္ ေတာ့ ေဒါသထြက္ၿပီး သူ႕ခ်ိဳနဲ႕ခတ္ ဖို႔ ျပင္တာေပါ့။ ဒါေပမဲ့ ကလိမ္ ကက်စ္ေျမေခြးက ဒရယ္ကို အခ်ိဳ သတ္ၿပီး ဒီလိုေျပာျပန္ပါတယ္။

'စိတ္မဆိုးပါနဲ႕ဗ်ာ။ အျမင္ေစာင္းၿပီး အထင္လြဲၾကတာပါ။ သူက ထီးနန္းလႊဲေပးမယ့္ကိစၥကို တိုးတိုးက်ိတ္က်ိတ္ ခင္ဗ်ားနဲ႕ စကားေျပာဖို႔ အနားကပ္လိုက္တာကို ခင္ဗ်ားက အထင္လြဲသြားတာကိုး။ ဒါေလာက္အေရးႀကီးတဲ့ ထီးနန္းလႊဲေျပာင္းမႈဆိုတာ သူက ခင္ဗ်ားကို တိုးတိုးက်ိတ္က်ိတ္ မွာစရာ ကိစၥေတြရွိမွာ ေသခ်ာတယ္။ ဒါ ေၾကာင့္ ခင္ဗ်ားနားကို သူမေျပာမဆို ကပ္လိုက္တာျဖစ္မယ္။ ဒီ တစ္ခါ သြားရင္ မေၾကာက္နဲ႕ေနာ္။ သူက အားမရွိလို႔ အနားမကပ္နိုင္ ရင္ေတာင္ ခင္ဗ်ားကပ္သြားလိုက္ ပါ...'လို႔ လိမ္ညာလွည့္စား ၿပီး ေျပာျပန္ ပါတယ္။

အာဏာ႐ူးျဖစ္ ေနတဲ့ ဒရယ္ကလည္း 'ရွင္ဘုရင္ ျဖစ္ရေခ်ေသးရဲ႕'ဆိုတဲ့ အေတြးနဲ႕ ေျမေခြးလိမ္ၿပီးေခၚလာတဲ့ ခရီး လမ္းအတိုင္း ျခေသၤ့အိုႀကီးအနားထိ ကပ္သြားတာေပါ့။ ဒီေတာ့ ေခ်ာင္းေနတဲ့ ျခေသၤ့က သူ႕ကို အလြယ္တကူပဲ ဖမ္းယူၿပီး ကိုက္စားလိုက္ေတာ့တာေပါ့။ ႏွလုံးသားကို ဦးစားေပးၿပီးစားသလို က်န္တဲ့အသားေတြကိုလည္းငတ္ငတ္နဲ႕အားပါးတရ စားတာ့ တာေပါ့။

ဒီအခ်ိန္မွာ အႀကံသမား ေျမေခြးက ဒယ္ရဲ႕ဦးေႏွာက္ကို ဝွက္ထားလိုက္တယ္။ ျခေသၤ့ကြယ္ရာေရာက္မွ သူစားမယ္ဆိုတဲ့ အေတြး နဲ႕ပါ။ ဒါေပမယ့္ ျခေသၤ့အိုႀကီးက သူစားခ်င္တဲ့ ဦးေႏွာက္ကို သတိရလာတဲ့အတြက္ ရွာေဖြပါ ေတာ့တယ္။ ဒါေပမယ့္ လုံးဝရွာလို႔ မေတြ႕ဘူးတဲ့။ ဒါနဲ႕ ေျမေခြးကို မသကၤာတဲ့အသံနဲ႕ ဦးေႏွာက္ဘယ္မလဲလို႔ ေမးပါတယ္။ ဒီေတာ့ ေျမ ေခြးက ဘာေျပာတယ္မွတ္သလဲ။

'ဒီဒရယ္က ဦးေႏွာက္ရွိဟန္မတူပါဘူး ျခေသၤ့မင္းရယ္၊ ကြၽန္ေတာ္တို႔ ႏွစ္ႀကိမ္ေလာက္လိမ္ ညာေျပာဆိုတာေတြကို ယုံၿပီး ဒီ ေနရာ အထိ လိုက္လာမွေတာ့ ဦး ေႏွာက္မရွိတဲ့ သတၱဝါပဲျဖစ္မွာေပါ့။ ေသခ်ာပါတယ္...'လို႔ ဆင္ေျခေပး ေလွ်ာက္ထားလိုက္သတဲ့။

ပုံျပင္ကို ေျမေခြးရဲ႕အေၾကာင္းျပခ်က္နဲ႕ပဲ နိဂုံးခ်ဳပ္ထားပါတယ္။

ဦးေႏွာက္ / စဥ္းစားဉာဏ္မရွိတဲ့သူဆိုတာ
တစ္ႀကိမ္မက ႏွစ္ ႀကိမ္ လိမ္ညာတာမ်ိဳးကိုလည္း အမွန္တရားလို႔ ထင္မွတ္ေနတတ္ၾကတယ္။
အက်ိဳးအေၾကာင္း အခ်က္အလက္ေတြအရ ျဖစ္နိုင္ေျခရွိျခင္း၊ မရွိျခင္းကို ေဝဖန္သုံးသပ္ရာမွာ အားနည္းတတ္ၾကပါတယ္။

Ref : အီစြတ္ပုံျပင္
Credit : Argyi
ေမတၱာမ်ားစြာျဖင့္
#ေအာင္ျမင္ေရးနည္းလမ္းမ်ား

COVID 19 ချေးငွေလျှောက်လွှာများကို ရုံးပိတ်ရက်များတွင်လည်း စိစစ်လျက်ရှိ🔷🔷🔷ဩဂုတ်လ (၂၂) ရက်COVID-19 ချေးငွေများ လုပ်ငန်းရှ...
22/08/2020

COVID 19 ချေးငွေလျှောက်လွှာများကို ရုံးပိတ်ရက်များတွင်လည်း စိစစ်လျက်ရှိ
🔷🔷🔷
ဩဂုတ်လ (၂၂) ရက်

COVID-19 ချေးငွေများ လုပ်ငန်းရှင်များထံသို့ အချိန်မီရရှိစေရန်အတွက် အသင်းချုပ်သည် ဩဂုတ်လ (၁၀)ရက်နေ့မှစ၍ ရန်ကုန်တိုင်း၊ ပြည်နယ်/တိုင်းဒေသကြီးနှင့် Online မှတဆင့်လျှောက်ထားလာသော လျှောက်လွှာပေါင်း (၁၀၀၀၀)ကျော်ခန့်ကို ဩဂုတ်လ (၁၁) ရက်နေ့ နံနက်ပိုင်းမှစတင်၍ သက်ဆိုင်ရာဌာနများဖြစ်သည့်

🔷SME ဌာန၊
🔷DICA ဌာန၊
🔷မြန်မာ့စီးပွားရေးဘဏ်
🔷မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်
🔷ပညာရေးဝန်ကြီးဌာန (နည်းပညာ၊ သက်မွေးပညာ နှင့် လေ့ကျင့်ရေးဦးစီးဌာန)
🔷ကုန်သွယ်ရေးဦးစီးဌာန (စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)
🔷ငါးလုပ်ငန်းဦးစီးဌာန
🔷မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
🔷အလုပ်သမားညွှန်ကြားမှုဦးစီးဌာန
🔷စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများအပြင်
🔷ညီနောင်အသင်း (၂၁)သင်းမှ တာဝန်ရှိသူများတို့နှင့်အတူ ချေးငွေပဏာမစိစစ်ရေးကို ရုံးပိတ် ရက်များတွင်လည်း ဆောင်ရွက်လျက်ရှိပါသည်။

ကုန်သည်စက်မှုအသင်းချုပ်

"ပို့ကုန္သြင္းကုန္လုပ္ငန္းရွင္မ်ားအား အသိေပးေၾကညာျခင္း"======================================၁။ ျမန္မာနိုင္ငံေတာ္ဗဟိုဘဏ္...
21/08/2020

"ပို့ကုန္သြင္းကုန္လုပ္ငန္းရွင္မ်ားအား အသိေပးေၾကညာျခင္း"
======================================

၁။ ျမန္မာနိုင္ငံေတာ္ဗဟိုဘဏ္၊ နိုင္ငံျခားသုံးေငြ စီမံခန္႔ခြဲမွု ဥပေဒ ပုဒ္မ ၃၈-ခ ႏွင့္ နိုင္ငံျခား သုံးေငြ စီမံခန္႔ခြဲမွုစည္းမ်ည္း အပိုဒ္ ၃၅ တို့အရ ပို့ကုန္တင္ပို့သူမ်ားအေနျဖင့္ ပို့ကုန္ရေငြအားလုံးကို သေဘၤာတင္သည့္ေနမွ ၆ လအတြင္း နိုင္ငံေတာ္အတြင္းရွိ ယင္း၏ ဘဏ္စာရင္းကို နိုင္ငံျခား သုံးေငြျဖင့္ အျပည့္အဝ ထည့္သြင္းရန္ လိုအပ္ပါသည္။

၂။ သို့ျဖစ္ရာ ျမန္မာနိုင္ငံရင္းႏွီးျမႇုပ္ႏွံမွုေကာ္မရွင္၏ ခြင့္ျပဳမိန္႔ႏွင့္ တိုင္းေဒသႀကီး/ျပည္နယ္ ရင္းႏွီးျမႇုပ္ႏွံမွုေကာ္မတီမ်ား၏ အတည္ျပဳမိန္႔ျဖင့္ လုပ္ငန္းေဆာင္ရြက္လ်က္ရွိသည့္ ရင္းႏွီးျမႇုပ္ႏွံ သူမ်ားအေနျဖင့္ အဆိုပါ နိုင္ငံျခားသုံးေငြစီမံခန္႔ခြဲမွု ဥပေဒႏွင့္ နိုင္ငံျခားသုံးေငြ စီမံခန္႔ခြဲမွု စည္းမ်ဥ္းပါ ျပ႒ာန္းခ်က္မ်ားအား သတိျပဳလိုက္နာေဆာင္ရြက္နိုင္ပါရန္ အသိေပးအေၾကာင္းၾကား အပ္ပါသည္။

ျမန္မာနိုင္ငံရင္းႏွီးျမႇုပ္ႏွံမွုေကာ္မရွင္

Address

Yangon
130408

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959420060010

Website

Alerts

Be the first to know and let us send you an email when Gro Tech Myanmar Group colour sorter စက္ျဖန္ခ်ီေရး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Gro Tech Myanmar Group colour sorter စက္ျဖန္ခ်ီေရး:

Share