NEO Tech Inside

NEO Tech Inside We would like to share our IT imformation and technology news and specifications of Innovative devic

REDMI K90 Xiaomi ကနေ အခုပဲ REDMI K90 Series ကို မိတ်ဆက်နေပြီပြီး REDMI K90 ကို အရင်စျေးနှုန်းနဲ့ အသေးစိတ်တရားဝင် ကြေညာလိ...
23/10/2025

REDMI K90
Xiaomi ကနေ အခုပဲ REDMI K90 Series ကို မိတ်ဆက်နေပြီပြီး REDMI K90 ကို အရင်စျေးနှုန်းနဲ့ အသေးစိတ်တရားဝင် ကြေညာလိုက်ပြီဖြစ်ပါတယ်...။

REDMI K90 ဖုန်းက စျေးနှုန်းအနေနဲ့ဆိုရင် RAM 12GB | 256GB Version ကို 2,599 Yuan (မြန်မာငွေ ၁၅~၁၆ သိန်းဝန်းကျင်) ကနေ စတငရောင်းချသွားမှာဖြစ်ပါတယ်။

အရောင်အနေနဲ့ဆိုရင် (၄) မျိုးရွေးချယ်နိုင်မယ်။ 6.59" Flat TCL M10 Super Pixel RGB OLED 120Hz Display ကို သုံးပေးထားတယ်။ အထူက 8.0mm နဲ့ အလေးချိန်က 206g ရှိမယ်။

Performance ပိုင်းမှာ Qualcomm Snapdragon 8 Elite Processor ကို သုံးပေးထားတယ်၊ Battery အနေနဲ့ 7100mAh Battery ကိုမှ 100W Fast Charging ရမယ်။ Wireless Charging မပါပေမယ့် ကြိုးနဲ့ပဲ 22.5W Reverse Wireless Charging ပြန်ထုတ်ပေးနိုင်မယ်။

Camera အနေနဲ့ကတော့ 50MP Light Hunter 800 (OIS) (1/1.55") Main Camera | 50MP OV50M 2.5x 60mm (1/2.88") Telephoto Camera နဲ့ 8MP Ultrawide Camera တွေကို ထည့်ပေးထားမယ်။ ထူးခြားတာတစ်ခုက Speaker ကို Dual 1115F Symmetrical Speaker တွေသုံးထားပေးပြီး Sound by Bose Audio Tuning လည်း လုပ်ပေးထားမယ်။

ဘာပဲဖြစ်ဖြစ် စျေးက မြန်မာအရောက်ဆိုရင်တော့ အနည်းငယ်အပြောင်းအလဲရှီနိုင်ပေမယ့် Snapdragon 8 Elite သုံးထားတဲ့ ဖုန်းတစ်လုံးအနေနဲ့ဆိုရင်တော့ REDMI K90 က တော်တော်လေး တန်သွားပြီ

ဒီနှစ်ရဲ့ အတန်ဆုံး price to performance Flagship ဖြစ်လာတဲ့ Realme GT8 Pro Realme က Flagship ဖုန်းလောကကို တုန်လှုပ်စေမဲ့ ...
22/10/2025

ဒီနှစ်ရဲ့ အတန်ဆုံး price to performance Flagship ဖြစ်လာတဲ့ Realme GT8 Pro

Realme က Flagship ဖုန်းလောကကို တုန်လှုပ်စေမဲ့ ဖုန်းအသစ်ကို မနေ့ကပဲ တရားဝင် မိတ်ဆက်လိုက်ပါပြီ။ အဲ့ဒါကတော့ realme GT8 Pro ပါပဲ! စျေးနှုန်းနဲ့ စွမ်းဆောင်ရည်ကို ယှဥ်ကြည့်ရင် "ဈေးအသက်သာဆုံး 8 Elite Gen 5 Flagship" ဆိုတဲ့ ဂုဏ်ပုဒ်ကို GT8 Pro က သိမ်းပိုက်လိုက်ပါပြီ။

* Qualcomm Snapdragon 8 Elite Gen 5 Processor ကို သုံးထားပြီး LPDDR5X RAM | UFS 4.1 Storage တို့ကြောင့် အမြန်ဆုံးဆိုတဲ့ အတွေ့အကြုံကို ပေးမှာပါ။
* 7000mm Ultra-Coverage Cold Front Cooling VC နဲ့ GT Performance Engine, Independent Graphic Chip R1 နဲ့ Sky Signal Chip S1 တို့ပါဝင်တဲ့အတွက် Gaming ပိုင်းမှာ 2K 120fps Open World Game တွေအထိ တုန်ခါမှုမရှိပဲ run နိုင်မယ်။

* 50MP Ricoh GR Anti-Glare Main Camera (OIS) နဲ့ ပေါင်းစပ်ထားလို့ ဓါတ်ပုံရိုက်တာ ဝါသနာပါသူတွေအတွက် Film Tone ၅ မျိုးနဲ့ 28mm/40mm Focal Length တွေအပြင် Immersive Viewfinder Mode / Snap Focus Mode တွေပါ သုံးနိုင်မှာပါ။
* Telephoto ပိုင်းမှာလည်း 200MP Samsung HP5 3x Periscope Telephoto Camera ကို ထည့်ပေးထားပါတယ်။ OPPO Find X9 Pro ထဲကနဲ့တောင်တူတဲ့ flagship-grade lens ပဲ။ 8K Resolution နဲ့ ဓါတ်ပုံရိုက်တာ၊ 3x/6x Portrait တွေနဲ့ 25cm အကွာက Close-up ဓါတ်ပုံတွေအထိ Quality မကျဘဲ ရိုက်နိုင်မှာပါ။
* 50MP Ultrawide Camera လည်း ပါပါတယ်။
* 8K30fps | 4K120fps Dolby Vision | 10-bit Log Video အထိ support ပေးတယ်။ ဆိုလိုတာက ဒီဖုန်းက ဖုန်းတစ်လုံးနဲ့ Pro Camera တစ်လုံးလို ဖြစ်နေတာပဲ။

Battery အနေနဲ့ 7,000mAh Battery ပါဝင်ပါတယ်။120W Fast Charging၊ 50W Wireless Charging နဲ့ 10W Reverse Charging တွေပါ Support လုပ်ပါတယ်။

Display ပိုင်းမှာ 6.79" BOE Q10+ 2K 144Hz LTPS Flat OLED Display ကို သုံးထားပြီး Peak Brightness က 7000nits အထိ ရမှာပါ။ IP69 Rating ၊ Dual Stereo Speaker နဲ့ Ultrasonic Fingerprint, Wi-Fi 7 တွေလည်း အပြည့်အစုံပါဝင်ပါတယ်။ Camera bump ကို စိတ်ကြိုက်ပြင်လို့ရတဲ့ Modular Design concept သုံးထားတယ်။ ဖုန်းအထူက 8.2mm ပဲရှိပြီး အလေးချိန် 214gပဲရှိလို့ 7000mAh ဖုန်းအတွက်တော့ သိသိသာသာ ပေါ့တယ်။ အပြာရောင် Leather Edition ကတော့ သာမန်ထက်ပိုတဲ့ flagship vibe ရှိတယ်။

စျေးနှုန်းကို ပြောရရင် 3,999 Yuan နဲ့ 12GB RAM + 256GB Storage Version ကို စတင်ရောင်းချမှာပါ။ တခြား Flagship ဖုန်းတွေက 4,000 Yuan အထက် စျေးတွေနဲ့ ရောင်းနေချိန်မှာ GT8 Pro ရဲ့ ဒီစျေးနှုန်းက တကယ်ပဲ "တန်လွန်းအားကြီး" နေပါတယ်။

Realme GT8 Pro ဟာ ဒီနှစ်အတွက် Price to Performance ဖြစ်လွန်းတဲ့ Model ဖြစ်နေပြီး တန်ဖိုးနဲ့ specs ratio ကြည့်လိုက်ရင် ဒီဖုန်းက Flagship Price ထိသုံးစရာမလိုပဲ Flagship Experience ပေးစွမ်းနိုင်တဲ့ဖုန်းအနေနဲ့ ပထမဆုံးနေရာထိ ဦးတက်လာနိုင်ပါတယ်။

Samsung ၏ စွမ်းဆောင်ရည်အမြင့်မားဆုံးနှင့် ပါးလွှာပေါ့ပါးမှုအရှိဆုံး နောက်ဆုံးပေါ် Galaxy Z Fold7 နှင့် Galaxy Z Flip7 ခေ...
11/07/2025

Samsung ၏ စွမ်းဆောင်ရည်အမြင့်မားဆုံးနှင့် ပါးလွှာပေါ့ပါးမှုအရှိဆုံး နောက်ဆုံးပေါ် Galaxy Z Fold7 နှင့် Galaxy Z Flip7 ခေါက်ချိုးစမတ်ဖုန်းများ

နောက်ဆုံးပေါ် Galaxy Z Series ထုတ်ကုန်များအား Pre-Order ကြိုတင်မှာယူသူများအနေနှင့် (၇) သိန်းကျပ်ထိတန်ဖိုးရှိတဲ့ Pre-order လက်ဆောင်များအပါအဝင် များစွာသော အထူးအကျိုးခံစားခွင့်များအား ရရှိသွားနိုင်မည်ဖြစ်

စမတ်ဖုန်း အသုံးပြုမှုအတွေ့အကြုံအား နောက်တစ်ဆင့် မြှင့်တင်ပေးသွားနိုင်မည့် ပါးလွှာပေါ့ပါးမှု အရှိဆုံးနှင့် စွမ်းဆောင်ရည်အမြင့်မားဆုံး Galaxy Z Fold7 ခေါက်ချိုး စမတ်ဖုန်း

215 g အလေးချိန်သာရှိသည့် နောက်ဆုံးပေါ် Galaxy Z Fold7 ခေါက်ချိုးစမတ်ဖုန်းသည် Galaxy S25 Ultra ထက်ပင် ပိုမိုပေါ့ပါးမည် ဖြစ်ကာ ခေါက်ထားပါက 8.9 mm အထူနှင့်၊ ဖြန့်ထားပါက 4.2 mm အထူသာ ရှိမည် ဖြစ်သည့် အတွက် Galaxy Z Fold စမတ်ဖုန်းများအနက် အပါးလွှာဆုံးနှင့် အပေါ့ပါးဆုံး စမတ်ဖုန်း ဖြစ်လာခဲ့သည်။ ထို့အပြင် ပိုမိုကောင်းမွန်သော အသုံးပြုမှု အတွေ့အကြုံကို ရရှိခံစားနိုင်စေရန်အတွက် Galaxy Z Fold7 ခေါက်ချိုးစမတ်ဖုန်းတွင် ပိုမိုကြီးမားကျယ်ပြန့်သည့် 8” Dynamic AMOLED 2x အဓိကမျက်နှာပြင် (ယခင်မျိုးဆက်ထက် 11% အထိပိုမိုကျယ်ပြန့်လာ) နှင့် 6.5” Dynamic AMOLED 2x Cover မျက်နှာပြင်များ ကိုလည်း ထည့်သွင်းတည်ဆောက် ပေးထားသည်။

ကင်မရာရိုက်ကူးမှု အပိုင်းတွင်လည်း Samsung သည် ၎င်း၏ Pro-Grade ကင်မရာစွမ်းဆောင်ရည်များအား Galaxy Z Fold7 တွင် ထည့်သွင်းပေးထားပြီး Galaxy Z Series စမတ်ဖုန်းများအနက် ပထမဦးဆုံးအကြိမ်အဖြစ် 200MP Wide Camera နှင့်အတူ ၄ ဆအထိ Detail ပိုမိုမြင့်မားပြီး 44% အထိ ပိုမိုအလင်းရောင် ရရှိသည့် ပုံရိပ်များကို ရိုက်ကူးသွားနိုင်မည် ဖြစ်သည်။ ထို့အပြင် 10MP 100° wide-angle camera ကိုလည်း အဓိက မျက်နှာပြင်တွင် ထည့်သွင်းပေးထားပြီး မျိုးဆက်သစ် ProVisual Engine၊ Night Video လုပ်ဆောင်ချက်နှင့် 10-bit HDR ပုံရိပ်အရည်အသွေးများကိုလည်း ထည့်သွင်းပေးထားသည်။

ထို့အပြင် ယခင် မျိုးဆက်ထက် 10% ပိုမိုမာကျောသည့် Advanced Armor Aluminum အား Frame နှင့် Hinge များတွင် ထည့်သွင်းပေးထားသည့်အပြင် Corning® Gorilla® Glass Ceramic 2 အသုံးပြု ထားသည့် Cover မျက်နှာပြင်၊ 50% အထိ ပိုမိုအထူရှိသည့် Ultra-Thin Glass (UTG) နှင့် Titanium Plate Layer များဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် အဓိကမျက်နှာပြင်များ နှင့်အတူ Galaxy Z Fold7 ခေါက်ချိုး စမတ်ဖုန်း အား ပိုမိုကျစ်လစ်ပြီး အမြင့်မားဆုံးသော အကြမ်းခံနိုင်မှု ရရှိစေရန် ဒီဇိုင်းရေးဆွဲ တည်ဆောက် ထားသည်။

Galaxy Z Fold7 ခေါက်ချိုးစမတ်ဖုန်းတွင် Samsung ၏ စွမ်းဆောင်ရည် အမြင့်မားဆုံး Snapdragon 8 Elite for Galaxy Processor အားထည့်သွင်းပေးထားသည့်အတွက် ယခင်မျိုးဆက်နှင့်နှိုင်းယှဉ်ပါက NPU တွင် 41% အထိ၊ CPU တွင် 38% အထိနှင့် GPU တွင် 26% အထိ ပိုမိုအားကောင်းလာမည် ဖြစ်ပြီး အမြင့်မားဆုံးသော စွမ်းဆောင်ရည်နှင့် AI လုပ်ဆောင်ချက်များအား အကန့်အသတ်မရှိ အသုံးပြုသွားနိုင်မည် ဖြစ်သည်။

ထို့အပြင် ဓာတ်ပုံနှင့်ဗီဒီယိုများအား မိမိစိတ်တိုင်းကျ ပြင်ဆင်နိုင်စေရန်အတွက် Pro-Grade Creative Editing လုပ်ဆောင်ချက်များဖြစ်သည့် Side-by-Side Editing, Photo Assist, Sketch to Image, Instant Slow-Mo, Portrait Studio, Generative Edit, Suggest Erases နှင့် Audio Eraser များကိုလည်း Galaxy Z Fold7 တွင် ထည့်သွင်းပေးထားသည်။

အလားတူပင် Samsung သည် ၎င်း၏ နောက်ဆုံးပေါ် Software Update ဖြစ်သည့် One UI 8 အား Android 16 Operating System နှင့်အတူ Galaxy Z Fold7 တွင်ထည့်သွင်းပေးထားသောကြောင့် Gemini Live, Circle to Search၊ Personalized Now Bar & Now Brief, Drawing Assist & Writing Assist အစရှိသည့် နာမည်ကျော် စွမ်းဆောင်ရည် အမြင့်မားဆုံး Ultra AI လုပ်ဆောင်ချက်များအား မြန်ဆန့်ချောမွှေ့မှုအပြည့်ဖြင့် အသုံးပြုသွားနိုင်မည် ဖြစ်သည်။

Edge-to-Edge FlexWindow အသစ်နှင့် စွမ်းဆောင်ရည်အမြင့်မားဆုံး AI လုပ်ဆောင်ချက်များ ပါရှိ လာသည့် ကျစ်လှစ်လှပသော Galaxy Z Flip7 ခေါက်ချိုးစမတ်ဖုန်း

အိတ်ကပ်ထဲအလွယ်တကူ သယ်သွားနိုင်သည့် ကျစ်လစ်လှပ၍ စွမ်းဆောင်ရည် မြင့်မားမှုအရှိဆုံး Pocket-Sized Galaxy Z Flip7 ခေါက်ချိုးစမတ်ဖုန်းအား ယခင်မျိုးဆက်များထက် ပိုမိုကြီးမားလာပြီး Vision Booster ပါရှိလာသည့် 4.1” Super AMOLED FlexWindow နှင့် 6.9” Dynamic AMOLED 2x အဓိက မျက်နှာပြင်များဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး မျက်နှာပြင် ၂ ခုလုံးတွင် Peak Brightness 2,600 nits နှင့် 120Hz Refresh Rate စွမ်းဆောင်ရည်များအား ထည့်သွင်းပေးထားသည်။

Galaxy Z Flip7 ခေါက်ချိုးစမတ်ဖုန်းသည် 188 g အထိပေါ့ပါးပြီး ခေါက်ထားသည့်အချိန်မှာပင် 13.7 mm အထူသာ ရှိသည့် အတွက် ပါးလွှာပေါ့ပါးမှုအရှိဆုံး Galaxy Z Flip မျိုးဆက် စမတ်ဖုန်းတစ်လုံးဖြစ်လာခဲ့သည်။ ထို့အပြင် Galaxy Z Flip7 အား ယခင်မျိုးဆက်များထက် ပိုမိုကျစ်လစ်မာကျောမှုရှိစေရန် မျက်နှာပြင် ၂ ခုလုံးအား Corning® Gorilla® Glass Victus® 2 အသုံးပြုတည်ဆောက်ထားပြီး Armor FlexHinge နှင့် Armor Aluminum Frame များကိုလည်း ထည့်သွင်းပေးထားသည်။

ထို့အပြင် စွမ်းဆောင်ရည်မြင့် လုပ်ဆောင်ချက်များကို မြန်ဆန်ချောမွှေ့မှုအပြည့်ဖြင့် လုပ်ဆောင်နိုင်စေရန် အတွက် Galaxy Z Flip7 ခေါက်ချိုးစမတ်ဖုန်းများအား နောက်ဆုံးပေါ် Software Update ဖြစ်သည့် One UI 8 အား Android 16 Operating System နှင့်အတူ ထည့်သွင်းပေးထားပြီး Gemini Live (FlexWindow မှာပါ အသုံးပြုနိုင်), Now Bar, Now Brief နှင့် Stretch Clock အစရှိသည့် နောက်ဆုံးပေါ် AI လုပ်ဆောင်ချက်များအား မျိုးဆက်သစ် 3nm Exynos 2500 Processor, 4,300 mAh Battery များနှင့်အတူ ထည့်သွင်းတည်ဆောက်ပေးထားသည်။
ကင်မရာပိုင်းဆိုင်ရာတွင်လည်း Galaxy Z Flip7 ခေါက်ချိုးစမတ်ဖုန်းများတွင် Flagship အဆင့် ကင်မရာ လုပ်ဆောင်ချက်များ နှင့် Samsung ၏ အမြင့်မားဆုံးသော Selfie ကင်မရာ စွမ်းဆောင်ရည်များကို ထည့်သွင်း ပေးထားသည်။ 50MP Wide နှင့် 12MP Ultra-Wide ကျောဖက်ကင်မရာ ၂ လုံး၊ Night Video, 10-bit HDR ပုံရိပ်အရည်အသွေး, Real Time Filters, Flex Cam, Zoom Slider, Dual Preview နှင့် Portrait Studio အစရှိသည့် ကင်မရာပိုင်းဆိုင်ရာ ထိပ်တန်း လုပ်ဆောင်ချက်များနှင့်အတူ Galaxy Z Flip7 စမတ်ဖုန်းသည် အသုံးပြုသူများ အတွက် စိတ်တိုင်းကျ ကျေနပ်မှု အရှိဆုံး ရိုက်ကူးမှုအတွေ့အကြုံများကို ပေးအပ်သွားနိုင်မည် ဖြစ်သည်။

Galaxy Watch 8 နှင့် Galaxy Watch8 Classics စမတ်နာရီများ

Samsung ၏ Galaxy Unpacked အခမ်းအနားကြီးတွင် Galaxy Z Fold7 နှင့် Galaxy Z Flip7 စမတ်ဖုန်းများ အပြင် Galaxy Watch8 နှင့် Galaxy Watch8 Classics စမတ်နာရီ များ ကိုလည်း မိတ်ဆက်ခဲ့သည်။

Samsung ၏ နောက်ဆုံးမျိုးဆက် Galaxy Watch8 နှင့် Galaxy Watch8 Classic တို့အား ယခင်မျိုးဆက်ထက် 11% ပိုမိုပါးလွှာစေရန် သေသပ်လှပစွာ ဒီဇိုင်းရေးဆွဲတည်ဆောက်ထားပြီး အသုံးပြုသူများ၏ ကျန်းမာရေးနှင့် ပတ်သက်သည့် အချက်အလက်များအား တိကျမှုအရှိဆုံး တိုင်းတာနိုင်မည့် BioActive Sensor Smartwatch များအနက် ပထမဆုံးပါရှိလာသည့် Antioxidant Index အပြင် Vascular Load, Running Coach, High Stress Alert နှင့် Energy Core အစရှိသည့် လုပ်ဆောင်ချက်များ အား Gemini AI, Wear OS 6, One UI 8 နှင့် Now Bar အစရှိသည့် နောက်ဆုံးပေါ် စွမ်းဆောင်ရည်များ နှင့်အတူ ပေါင်းစပ်ဖန်တီးပေးထားခြင်း ဖြစ်သည်။

Security ပိုင်းဆိုင်ရာအနေဖြင့်လည်း Samsung သည် ၎င်း၏ AI စနစ်သုံး KEEP (Knox Enhanced Encrypted Protection) လုံခြုံရေးစနစ် အသစ်အား Galaxy Z Fold7 နှင့် Galaxy Z Flip7 စမတ်ဖုန်းများတွင် ထည့်သွင်းပေးထားသည်။

နောက်ဆုံးထွက် Galaxy ထုတ်ကုန်သစ်များအား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်မှ ၂၉ ရက်အတွင်း အောက်ပါအတိုင်း Pre-Order အထူးဈေးနှုန်းများ၊ အထူးခံစားခွင့်များနှင့်အတူ ကြိုတင်မှာယူသွားနိုင်မည်။
Galaxy Z Fold7 [Blue Shadow, Silver Shadow, Jetblack နှင့် Mint (Online Exclusive)] - ၇,၉၅၀,၀၀၀ ကျပ်၊
Galaxy Z Flip7 [Jetblack, Blue Shadow, Coralred နှင့် Mint (Online Exclusive)] - ၄,၉၃၀,၀၀၀ကျပ်၊
Galaxy Watch8 [Graphite နှင့် Silver] – ၁,၅၂၀,၀၀၀ ကျပ် (44mm) နှင့် ၁,၅၂၀,၀၀၀ ကျပ် (40mm)
Galaxy Watch8 Classic 46mm [Black နှင့် White] – ၁,၉၉၉,၀၀၀ ကျပ်

Pre Order ကြိုတင်မှာယူနိုင်မှုနှင့် အထူးအကျိုးခံစားခွင့်များ

RAM 256 GB ရှိသည့် Galaxy Z Fold7 (သို့မဟုတ်) Galaxy Z Flip7 ဝယ်ယူခြင်းအတွက် စုစုပေါင်း မြန်မာငွေကျပ် ၇၀၀,၀၀၀ ဝန်းကျင် တန်ဖိုးရှိ အောက်ပါလက်ဆောင် ၂ မျိုး
RAM 512 GB သို့ Storage နှစ်ဆ အခမဲ့မြှင့်တင်ပေးခြင်း
Galaxy Z Fold7 စမတ်ဖုန်းအတွက် Silicone Case နှင့် Galaxy Z Flip7 စမတ်ဖုန်းအတွက် Silicone Case with Ring အား လက်ဆောင်ထည့်သွင်းပေးခြင်း
လက်ရှိကိုင်ဆောင်နေသည့် ဖုန်းနှင့် လဲလှယ်နိုင်သည့် အဟောင်းပေး အသစ်ယူ Trade In အစီအစဉ် (သတ်မှတ်ထားသော ဖုန်းအမျိုးအစားဖြင့်သာ လဲလှယ်နိုင်)
Samsung Care+ ၀န်ဆောင်မှုကို Pre-order customers များအတွက် ဝယ်ယူပြီးသည့်နေ့မှ ၆လအတွင်း ၁၀၀% သက်သာခွင့် တစ်ကြိမ်
၁၈ လအတွင်း Main Screen မတော်တဆ ထိခိုက်ခြင်းအတွက် ၇၀% နှင့် Cover Screen (သို့မဟုတ်) Screen Protector မတော်တဆ ထိခိုက်ခြင်းအတွက် ၁၀၀% သက်သာခွင့်များအား တစ်ကြိမ် ခံစားခွင့်
ATOM ဆင်းမ်ကတ် အသုံးပြုသူများ အတွက် ၆ ကြိမ်အထိ အခမဲ့ Bundle Benefits များ ရရှိနိုင်ခြင်း
Samsung Showroom များတွင် AYA Bank, AYA PAY, CB Bank, Blue Season, Rent2Own တို့နှင့် ချိတ်ဆက်ဝယ်ယူပါက ၆ လအထိ အတိုးမဲ့အရစ်ကျ ဝယ်ယူနိုင်ခွင့် စသည်တို့အပြင်
Galaxy Z Fold7 (သို့) Galaxy Z Flip7 နှင့်အတူ Galaxy Watch8 Classic (သို့) Galaxy Watch8 (သို့) Galaxy Buds3 / Buds3 Pro အား တွဲဖက်ဝယ်ယူပါက ၂၀% အထိ သက်သာခွင့်ကို ထပ်မံရရှိသွားမည်ဖြစ်သည်။

Design အဆန်းလွန်သွားတဲ့ Nothingရဲ့ ပထမဆုံး Flashship: Nothing Phone 3Nothing ဆိုတဲ့‌ ကောင်က သူရဲ့ ရှင်းလင်းပေါ့ပါးတဲ့ No...
03/07/2025

Design အဆန်းလွန်သွားတဲ့ Nothingရဲ့ ပထမဆုံး Flashship: Nothing Phone 3

Nothing ဆိုတဲ့‌ ကောင်က သူရဲ့ ရှင်းလင်းပေါ့ပါးတဲ့ Nothing OS‌ ကြောင့်ရယ်၊ ဖုန်းDesign တွေကို သူများနဲ့တူအောင် ထုတ်နိုင်တာရယ်ကြောင့် နာမည်ကြီးနေတဲ့ ဖုန်း Brand တစ်ခုပါ။ ဆိုတော့ အခု အသစ်ထွက်လာတဲ့ Nothing Phone (3)က Nothing ၏ ပထမဆုံးသော flagship တစ်လုံးအဖြစ် သတ်မှတ်ပြီးထုတ်ထားတာပါ။ ဒါပေမယ့်လည်း ဒီတစ်ခေါက် ဒီဇိုင်းပိုင်းအနေနဲ့ကော တစ်ခြား Compromiseဖြစ်စရာလေးတွေပါ ရှိနေသေးတာကို မြင်ရပါတယ်။( နည်းနည်းဂွကျစရာလေးတွေတော့ရှိပါတယ်🥲)

ဇူလိုင်လ 1 ရက်နေ့တုန်းက ဒီPhone 3 ကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ဇူလိုင် 15မှာတော့ စတင်ပြီးဖြန့်ချီပေးမယ်လို့ သိရပါတယ်။

ဒီဇိုင်းပိုင်း အဓိကပြောင်းလဲမှု ကတော့ ဖုန်း၏နောက်ဘက်ညာဘက်အပေါ်ထောင့်ရှိတဲ့ micro-LED မျက်နှာပြင်အသစ်။ သူက အရင်က "Glyph Light"ကို ဖြုတ်ပြီး Redesign လုပ်ထားတာဖြစ်ပါတယ်။ တော်တော်လေးလည်းလှပါတယ်။ Notification‌ တွေ၊ စိတ်ကြိုက်ကာတွန်း‌တွေ နဲ့ ဂိမ်း‌ လေးတွေတောင်ဆော့လို့ရဦးမှာပါ။ 3a seriesတွေမှာ စတင်မိတ်ဆက်ခဲ့တဲ့ "Essential Button" လည်းပါဝင်မှာ ဖြစ်ပါတယ်။ Design ပိုင်းမှာ ပြောစရာကတော့ Camera တွေက symmetric မဖြစ်ဘဲ တောင်တစ်လုံး မြောက်တစ်လုံးဖြစ်နေတာရယ် တစ်ကြောင်း၊ "Glyph Interface" ကမသုံးနေတဲ့အချိန်မှာ အနက်ရောင်ကြီးဆိုတော့ Camera တစ်လုံးနဲ့ အထင်မှားနိုင်တာက တစ်ကြောင်းဖြစ်နေလို့ ရုပ်ဆိုးနေတာပါ။ (နောင်ကျရင်တော့ လက်ခံသွားနိုင်ရင်တော့ မပြောတတ်ပါဘူး🥲)

Nothing Phone (3)ကို Qualcomm Snapdragon 8s Gen 4 သုံးထားပြီးတော့ 50MP (main၊ ultrawide နှင့် 3x periscope) နဲ့ 50MP ဆယ်လ်ဖီကင်မရာ‌ တွေကို ထည့်ပေးထားပါတယ်။ Camera အကုန်လုံးမှာ 4K 60fps ဖြင့် OIS ဖြင့် ဗီဒီယိုရိုက်ကူးနိုင်မှာပါ။

Displayအနေနဲ့က 6.67 inches 1.5K resolution နဲ့ 120 Hz AMOLED screen ပါပြီးတော့ peak brightness 4500 nits အထိရနိုင်ပါမယ်။ ဒီနေ့ရာမှာ ပြောစရာရှိတာက LTPO သုံးမပေးထားတာပါဘဲ။ သူတောင်း‌တဲ့ဈေးမှာ LTPS Panel ဘဲသုံးပေးထားတယ်ဆိုတော့ လက်ရှိ Turbo 4 pro ကိုင်နေတဲ့သူတွေဆိုရင် ကွာခြားတာကို ခံစားလို့ရမယ်တောင် မထင်ပါဘူး။ ဒါပေမယ့် Color၊ Resolutionနဲ့ Durability ပိုင်းမှာတော့ အားကောင်းလိမ့်မယ်လို့ထင်ပါတယ်။

Battery အနေနဲ့ကတော့ 5150mAh Silicon/Carbon Battery (India Modelမှာ‌တော့တွင် 5500mAh) ပါမှာ ဖြစ်ပြီး 65W Wired Charging နဲ့ 15W Wireless Charging support ပေးသွားမှာလည်း ဖြစ်ပါတယ်။

OS အနေနဲ့ Andriod (15) Nothing OS 3.5 နဲ့ လာမှာဖြစ်ပြီး တော့ OS support 5 နှစ် နဲ့ Security Support 7 နှစ်ထိပေးမှာ ဖြစ်ပါတယ်။Flagship tier ပါဘဲ။ IP-68 Rating ပါ ပထမဆုံး Nothing ဖုန်းဆိုလည်း မမှားပါဘူး။ Built Qualityကတော့ Glass Back, Metal Frameနဲ့ ဖြစ်သွားမှာဖြစ်ပြီး‌တော့ အရောင်အနေနဲ့ Black and White နှစ်ရောင်ဘဲ ထွက်မှာဖြစ်ပါတယ်။ စျေးနှုန်းကတော့ 12/256 အတွက် $799 USD/€799/£799 မှာ စတင်မှာဖြစ်ပြီး 16GB RAM နှင့် 512GB storage Option‌ တွေလည်း ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

ဆိုတော့ နိဂျုံးခုတ် ရမယ်ဆိုရင် Design ကို လက်ခံနိုင်ပြီးတော့ LTPO မပါလည်း ဖြစ်တယ်ဆိုတဲ့ သူတွေအတွက်တော့ ဒီဖုန်းက သေချာပေါက် Future Proof ဖြစ်ပါလိမ့်မယ်။ Nothing OS နဲ့ Long Term Support ကို သဘောကျရင်တော့ ဝယ်သင့်ပါတယ်။


Nintendo Switch 2ရောင်းအား တတ်Nintendo Switch 2 ဂိမ်းစက် ၃၀၀၀ နီးပါး ကားထဲကနေ အခိုးခံရ    အရောင်းသွက်ဆုံး Nintendo ဂိမ်း...
20/06/2025

Nintendo Switch 2ရောင်းအား တတ်

Nintendo Switch 2 ဂိမ်းစက် ၃၀၀၀ နီးပါး ကားထဲကနေ အခိုးခံရ

အရောင်းသွက်ဆုံး Nintendo ဂိမ်းစက်တွေ ကော်လိုရာဒိုသွား လမ်းပိုင်းတစ်နေရာမှာ အခိုးခံလိုက်ရပါတယ်။

Nintendo အမေရိကန်ရုံးချုပ်ကနေ တက္ကဆက် GameStop စတိုးဆီ ပစ္စည်းပို့ရင်း Love's Truck Stop ဆိုတဲ့ ယာဉ်နားစခန်းတစ်နေရာမှာ ခဏရပ်နားတုန်း အခိုးခံလိုက်ရတာပါ။ ထရပ်ကားပေါ်မှာ ပါတဲ့ ဂိမ်းစက်တွေက Nintendo ရဲ့ နောက်ဆုံးပေါ် Switch 2 console တွေ ဖြစ်ပြီး ဂိမ်းစက်ပေါင်း ၂၈၁၀ ပါသွားခဲ့တာပါ။

Switch 2 တစ်လုံးကို ၄၉၉ ဒေါ်လာတန်ပါတယ်။ ဒေါ်လာ ၁.၄ သန်းဖိုး အခိုးခံလိုက်ရတာလို့ ဆိုနိုင်ပါတယ်။ ကားပြန်ထွက်ဖို့ လုပ်မှ သူ့ကားနောက်ခန်း ဖောက်ထားတာ မြင်ခဲ့တာပါ။

ကားဆရာကတော့ သူ့ကားပေါ် တင်လာတာ Nintendo Switch 2 တွေလို့ မသိဘဲ ကစားစရာအရုပ်တွေလို့ ထင်ခဲ့တာလို့ ဆိုပါတယ်။ အမှုက ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့ပြီး ဒီလောက်များတဲ့ ဂိမ်းစက်တွေကို စောရတွေက ထရပ်ကားထဲကနေ ဘယ်လို ခိုးထုတ်သွားလဲဆိုတာ မပေါ်ပေါက်သေးဘူးလို့လည်း ဆိုပါတယ်။

အခု ဂိမ်းစက်တစ်ခုချင်းစီမှာ serial နံပါတ်တွေ ပါပါတယ်။ ပျောက်သွားတဲ့ ဂိမ်းစက်တွေ သုံးမရအောင်လည်း Nintendo က အဝေးကနေ ပိတ်ချလို့ရပါတယ်။ စောရအဖွဲ့တွေက အခုလို တန်ဖိုးကြီးဂိမ်းစက်တွေ ခိုးတဲ့ဖြစ်ရပ်က အရင်ကလည်း ရှိဖူးပါတယ်။

၂၀၂၀ တုန်းက ယူကေမှာ Sony ရဲ့ နာမည်ကျော် PlayStation 5 တွေ တင်လာတဲ့ ကုန်ကားကို Fast & Furious ရုပ်ရှင်ဆန်ဆန် ကားနဲ့ လိုက်လုခဲ့တဲ့သတင်းတွေ တက်ခဲ့ပါတယ်။

အခု Switch 2 တွေကလည်း Nintendo ရဲ့သမိုင်းမှာ အရောင်းသွက်ဆုံး ဂိမ်းစက်တွေလို့ ဆိုရမှာပါ။ Global ဝင်ပြီး ၄ ရက်အတွင်းမှာတင် Switch 2 အလုံးရေ ၃.၅ သန်းကျော် ရောင်းချခဲ့ပါတယ်။

ဂိမ်းစက်သစ် ဖြန့်ချိပြီးနောက် ဂျပန်ဂိမ်းကုမ္ပဏီ Nintendo ရဲ့ ရှယ်ယာတန်ဖိုးလည်း ၄၆% ခုန်တက်ထားပါတယ်။

Snapdragon 8s Gen 4 နဲ့ Redmi Turbo 4 Pro ကို မိတ်ဆက်Xiaomi ရဲ့ Brand အခွဲတစ်ခု ဖြစ်တဲ့ Redmi အနေနဲ့ သူတို့ရဲ့  Redmi Tu...
25/04/2025

Snapdragon 8s Gen 4 နဲ့ Redmi Turbo 4 Pro ကို မိတ်ဆက်

Xiaomi ရဲ့ Brand အခွဲတစ်ခု ဖြစ်တဲ့ Redmi အနေနဲ့ သူတို့ရဲ့ Redmi Turbo 4 Proကို ယနေ့ပဲ တရုတ်နိုင်ငံအတွင်းမှာ မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။

Redmi တို့ရဲ့ ထုံးစံအတိုင်း Price to Performance ရှယ်ကြမ်းမှာဖြစ်ပြီး Battery အနေနဲ့ဆိုရင် 7550 mAh ထိပါဝင်လာမှာပါ ။ ဒီလောက်ပမာဏ များတဲ့ Battery ပမာဏ ပါဝင်လာပေမဲ့လည်း ဖုန်းရဲ့Batteryက 6550 mAh ထိပါဝင်ထားပြီး အထူအနေနဲ့ 8.06mm ရှိတဲ့ Redmi Turbo 4 နဲ့ယှဉ်မယ်ဆိုရင်တောင် 7.98mm ထိအထူကိုလျှော့ချပေးလိုက်နိုင်ပါတယ်။

ဖုန်းတစ်လုံးအနေနဲ့ ဒီလောက်များပြားတဲ့ Battery ပမာဏကိုအားပြန်သွင်းဖို့အတွက် 90W Wired Charge ကို Support လုပ်ပေးထားတယ်ဆိုတော့ Battery ပိုင်းမှာတော်တော်လေးအားရဖို့ကောင်းတာအမှန်ပါပဲ။

Design ပိုင်းမှာတော့ Redmi Turbo 4 နဲ့ယှဉ်မယ်ဆိုရင် အများကြီးပြောင်းလဲထားတာကိုမတွေ့ရပေမဲ့ Display ပိုင်းမှာ 6.83 Inches 1.5K Resolution ကိုမှ OLED LTPS Panel သုံးပေးထားပါသေးတယ်။ Brightness အနေနဲ့ကတော့ 1800 Nits ထိရှိမှာပါ။

Performance ပိုင်းအတွက်က Qualcomm ရဲ့ Snapdragon 8s Gen 4 လို Chip မျိုးကိုအသုံးပြုပေးလာပြီး ကင်မရာပိုင်းအတွက်ဆိုရင်လည်း 50MP LTY 600 OIS Main Sensor ကိုမှ 8MP Ultrawide ကိုအသုံးပြုပေးလာပြီးတော့ Selfie Camera အတွက်ကိုတော့ 20MP Selfie Camera ကိုအသုံးပြုပေးထားပါတယ်။

တစ်ခြား Features တွေအနေနဲ့ဆိုရင် အကြမ်းခံနိုင်တဲ့နေရာမှာ IP69 Dust & Water Resistance ထိပါဝင်လာသလို WiFi 7 , Bluetooth 5.4 လိုမျိုး Latest Connectivity တွေကိုအသုံးပြုပေးထားပြီး Hatpic ပိုင်းအတွက်ဆိုရင်လည်း X axis haptics နဲ့ အိမ်မှာ ရှိတဲ့ Electronic ပစ္စည်းတွေကို Remote Control လိုမျိုး ထိန်းချုပ်နိုင်ဖို့အတွဥ◌် IR Blaster နည်းပညာကိုလည်းထည့်သွင်းပေးထားပါသေးတယ်။

ဈေးနှုန်းတွေအနေနဲ့ဆိုရင်တော့

12+256: ¥1999
16+256: ¥2299
12+512: ¥2499
16+512: ¥2699
16+1TB: ¥2999 ကိုမှ ပြန်လည်ရောင်းချသူတွေအတွက် Tax / Profit / Transportation Charges တွေထပ်ပေါင်းကျသင့်မှာပါ။

Redmi Turbo Series ရဲ့ ထုံးစံအတိုင်း Redmi Turbo 4 Pro ကို Harry Potter Edition အနေနဲ့ပါထုတ်သွားဖို့ရှိပြီး Special Edition ထုံးစံအတိုင်း Exclusive Gift Box / Harry Potter Theme Phone Back Design / Harry Potter Theme Cover / Harry Potter Theme တွေနဲ့ Redmi Turbo 4 Pro ( Harry Potter Edition ) ရဲ့ ဈေးနှုန်းကတော့ 16GB + 512GB ကို ¥2799 ကျသင့်မယ်လို့လဲသိရပါတယ်။

Redmi K80 Pro POCOF7 Ultra တို့မှာအသုံးပြုထားတဲ့ မျက်နှာပြင် အမျိုးအစားကိုပဲ 2K to 1.5K ညှိယူပြီးအသုံးပြုလာပုံရ၏။Redmi T...
23/04/2025

Redmi K80 Pro
POCOF7 Ultra တို့မှာ
အသုံးပြုထားတဲ့
မျက်နှာပြင် အမျိုးအစားကိုပဲ
2K to 1.5K ညှိယူပြီး
အသုံးပြုလာပုံရ၏။

Redmi Turbo 4 Pro

6.83" 1.5K TCL M9 LTPS display.

Apple 16eနောက်ဆုံးတော့ iPhone အသစ်ကို Apple က မိတ်ဆက်လိုက်ပါပြီ။ ဒါပေမယ့် မျှော်လင့်နေကြသလို iPhone SE အနေနဲ့မဟုတ်ပဲ iPh...
20/02/2025

Apple 16e
နောက်ဆုံးတော့ iPhone အသစ်ကို Apple က မိတ်ဆက်လိုက်ပါပြီ။ ဒါပေမယ့် မျှော်လင့်နေကြသလို iPhone SE အနေနဲ့မဟုတ်ပဲ iPhone 16 Series အနေနဲ့ iPhone 16e ဆိုတဲ့ နာမည်အသစ်နဲ့ မိတ်ဆက်လိုက်တာဖြစ်ပါတယ်။

အခု iPhone 16e ဖုန်းဟာ စျေးနှုန်းအနေနဲ့ $599 ကနေ စတင်ရောင်းချသွားမှာဖြစ်ပြီး iPhone 16 | 16 Plus အတိုင်း A18 Chip ပါဝင်မယ့်အပြင် Apple Intelligence Feature တွေသုံးနိုင်မယ့် iPhone ဖြစ်လာမှာပါ။​ Camera ပိုင်းမှာ Single Camera ပဲဖြစ်ပေမယ့် Apple က "48MP 2-in-1 Camera System" လို့ ဆိုထားပါတယ်။

အရင်ဆုံး iPhone 16e ဖုန်းကို ဝယ်ချင်ရင် အရောင်က အဖြူနဲ့ အနက် (၂)​မျိုးပဲ​ရွေးလို့ရမယ်။ Screen အနေနဲ့ 6.1-inch Super Retina XDR OLED Display ဖြစ်မယ်၊ Dynamic Island မဟုတ်သေးပဲ​ Notch နဲ့ပဲဖြစ်ဦးမယ်။

ပြီးတော့ အခုနပြောသလို A18 Chip | 48MP Single Camera က iPhone 16 | 16 Plus အတိုင်း 2x Crop Mode နဲ့ Telephoto လိုရိုက်လို့ရမယ် (ဒါကြောင့် 2-in-1 လို့ ပြောပုံပဲ)၊​ တခြားက IP68 Rating တွေ၊ USB-C Port တွေဖြစ်သွားမယ်။ Battery ပိုင်းမှာလည်း 6.1-inch iPhone တွေထဲမှာ အကောင်းဆုံးလို့ပြောထားတယ် - iPhone 11 ထက် ၆ နာရီပိုအသုံးခံမယ်ဆိုပဲ။

နောက်ဆုံးထူးခြားတာတစ်ခုရှိသေးပါတယ် - ဒါက iPhone 16e ဖုန်းမှာ Apple ရဲ့ ကိုယ်ပိုင် Apple Silicon Chip အသစ် - C1 Chip ကို ထည့်သုံးထားတာပါ၊ ဒီ C1 Chip က Apple ရဲ့ ပထမဆုံးကိုယ်ပိုင် 5G Modem Chip ဖြစ်ပြီး Battery စားပိုပြီး သက်သာသွားမယ်လို့ ဆိုထားတယ်။

အဲ့အပြင် iPhone 16e ဖုန်းမှာ Action Button ပါလာပါပြီ - ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက Camera Control ခလုတ်မပါပေမယ့် Action Button နဲ့ Visual Intelligence ကို သုံးခွင့်ပေးထားတာပါ။

စျေးနှုန်းအနေနဲ့ အစောကပြောသလို iPhone 16e က 128GB Storage ကို $599 နဲ့ ရောင်းသွားပါမယ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ စ Pre-order မှာယူနိုင်ပြီး ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။​

$600 တန် 2025 ထုတ် Single Camera ဖုန်းပါ -

Samsung ကနေ သူတို့ရဲ့ Galaxy S စီးရီး အသစ်တွေကို မိတ်ဆက်ကြေငြာသွားပါပြီ။ ထုံးစံအတိုင်း Galaxy S25 | Galaxy S25+ | Galaxy...
23/01/2025

Samsung ကနေ သူတို့ရဲ့ Galaxy S စီးရီး အသစ်တွေကို မိတ်ဆက်ကြေငြာသွားပါပြီ။

ထုံးစံအတိုင်း Galaxy S25 | Galaxy S25+ | Galaxy S25 Ultra သုံးမျိုး မိတ်ဆက်ထားပါတယ်။ ဒီနှစ်မှာတော့ ဒီဇိုင်းပိုင်းအရ Ultra ကိုသာ အဓိကထားပြီး ပြောင်းလဲမှုအချို့လုပ်ထားတာကိုတွေ့ရပါတယ်။ ကျန်တဲ့ ရိုးရိုး မော်ဒယ်နှစ်လုံးကတော့ same old design ပါပဲ။

ဝမ်းနည်းစရာတခုကတော့ Galaxy S25 Ultra ရဲ့ S Pen မှာ Bluetooth Function ပါဝင်လာတော့မှာမဟုတ်ပါဘူး။ အဲ့အတွက် အရင်ကလို Air Gesture တွေ S Pen က ခလုတ်ကို Shutter click အနေနဲ့ အသုံးချလို့ရတော့မှာလည်း မဟုတ်ပါဘူး။

Snapdragon 8 Elite for Galaxy ကို ဖုန်းသုံးလုံးစလုံးမှာ အသုံးပြုထားပြီး One UI 7 နဲ့ build in လာမှာ ဖြစ်ပါတယ်။ Galaxy AI နဲ့ပဲ နှစ်ပါးသွားဆက်ကထားပြီး Gemini အပါအဝင် AI feature အသစ်တွေကိုလည်း စုံစုံလင်လင် ထည့်ပေးလာပါတယ်။

ဈေးနှုန်းကိုတော့ Samsung Myanmar ဘက်က ကြေငြာခြင်းမရှိသေးပါဘူး။

ဒါ့အပြင် Galaxy S25 edge ကိုလည်း Unpacked အဆုံးမှာ tease လုပ်သွားခဲ့ပါတယ်။

United Airlines ၏ ပျံသန်းမှုခရီးစဥ်အားလုံးတွင် Starlink Internet ကို အခမဲ့ပေးအပ်လာမည်ဟုဆို▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄အမေရိကန်ပြည်ထ...
18/09/2024

United Airlines ၏ ပျံသန်းမှုခရီးစဥ်အားလုံးတွင် Starlink Internet ကို အခမဲ့ပေးအပ်လာမည်ဟုဆို
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

အမေရိကန်ပြည်ထောင်စုက အထင်ကရလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ United Airlines ဟာ သူ့တို့ရဲ့လေယာဉ်တွေအားလုံးမှာ Starlink ရဲ့ ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုကိုတပ်ဆင်သွားဖို့ရှိကြောင်း ကြေညာလိုက်ပါတယ်။ ဒီတပ်ဆင်မှုဟာ နှစ်အနည်းကြာမြင့်ဖွယ်ရှိပြီး ပထမဆုံးစမ်းသပ်မှုကို ၂၀၂၅ခုနှစ်ဆန်းပိုင်းမှာ ပြုလုပ်သွားဖွယ်ရှိပါတယ်။ အစီစဉ်အတိုင်းသာဖြစ်လာခဲ့မယ်ဆိုရင် Starlink ဝန်ဆောင်မှုရရှိတဲ့ United Airlines ရဲ့ ပထမဆုံးခရီးစဥ်ကို နောက်နှစ်လောက်မှာ စတင်ပြေးဆွဲလာမှာပါ။ United လေကြောင်းလိုင်းကတော့ လေယာဉ် ၁,၀၀၀ ကျော်မှာ Starlink စနစ်တွေ တပ်ဆင်ဖို့ စီစဉ်ထားပြီး ဒီအတိုင်းအတာအလိုက် Starlink ဝန်ဆောင်မှုကို ပံ့ပိုးပေးမယ့် အကြီးဆုံး လေကြောင်းလိုင်းဖြစ်လာမှာပါ။

လေကြောင်းလိုင်းဘက်က အမြန်နှုန်းအတိအကျကိုတော့ ထုတ်ဖော်ထားခြင်းမရှိပေမယ့် လေယာဉ်ထိုင်ခုံနောက်မှာ တပ်ဆင်ထားတဲ့မျက်နှာပြင်ပေါ်မှာပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့စမတ်ဖုန်းတွေနဲ့ဖြစ်ဖြစ် Live TV ကြည့်တာ၊ စီးရီးနဲ့ရုပ်ရှင်တွေ ကြည့်တာ၊ ဂိမ်းဆော့တာ၊ လူမှုကွန်ရက်အသုံးပြုတာ၊ အွန်လိုင်းစျေးဝယ်တာ အစရှိတဲ့ မည်သည့်အင်တာနက်သုံးစွဲမှုကိုမဆို အသုံးပြုနိုင်အောင် စီစဉ်ပေးမှာဖြစ်ပါတယ်။

Starlink Aviation ရဲ့ ထောက်ပံ့ရေးမှတ်တမ်းတွေအရ ဒီဝန်ဆောင်မှုဟာ ဒေါင်းလုပ်အမြန်နှုန်း 40 Mbps ကနေ 220 Mbps အထိ ရနိုင်ပြီး ခရီးသည်တွေအားလုံးဟာ တစ်ပြိုင်တည်း ဗီဒီယိုတွေကို သက်တောင့်သက်သာနဲ့ ကြည့်ရှုနိုင်တဲ့ အမြန်နှုန်းရရှိမှာ ဖြစ်ပါတယ်။

220 Mbps ဆိုတာ အိမ်တွေမှာလက်ရှိ 1 Gbps လောက်ရနေတဲ့ အချို့မြေပြင်အခြေစိုက် အင်တာနက်ဝန်ဆောင်မှုတွေရဲ့ မြန်နှုန်းနဲ့နှိုင်းယှဥ်မယ်ဆိုရင် မပြောပလောက်တဲ့ ပမာဏလို့ဆိုနိုင်ပေမယ့် လေယာဉ်ပေါ်မှာတော့ လွန်စွာမြန်ဆန်တဲ့ အတွေ့အကြုံပဲ ဖြစ်ပါတယ်။ The Wall Street Journal က Joanna Stern ရဲ့ အဆိုအရ အချို့လေကြောင်းခရီးစဉ်တွေဟာ ခေတ်ဟောင်း 3G ကွန်ရက်ကို ဆက်လက်အသုံးပြုနေတုန်းပဲလို့ဆိုပါတယ်။ ဒီအမြန်နှုန်းက အီးမေးလ်ပို့တာ၊ စာရေးတာတွေအတွက် လုံလောက်တယ်ဆိုပေမယ့် အခြားလုပ်ဆောင်မှုတွေအတွက် မလုံလောက်တော့ပါဘူး။

SpaceX ရဲ့ Starlink လို အင်တာနက်ဝန်ဆောင်မှုတွေကတော့ မြန်ဆန်စွာပျံသန်းနေတဲ့ လေယာဥ်တွေကိုတိုက်ရိုက်ထုတ်လွင့်ပေးနိုင်တဲ့ ပတ်လမ်းနိမ့်ဂြိုလ်တုကို မှီခိုပြီး အမြန်ဆုံးကြိုးမဲ့ကွန်ရက်ကိုပေးအပ်နေတာဖြစ်ပါတယ်။ Starlink တပ်ဆင်ထားတဲ့ JSX လေယာဉ်ခရီးစဥ်တစ်ခုမှာ Sternရဲ့ လတ်တလောစမ်းသပ်ချက်အရ ဒေါင်းလုပ်အမြန်နှုန်း 150 Mbps နဲ့ အထင်ကြီးလောက်စရာ latency ကို ရရှိခဲ့တယ်လို့ဆိုပါတယ်။

လောလောဆယ်တော့ Starlink ဝန်ဆောင်မှုကို Hawaiian Air နဲ့ JSX ဆိုတဲ့ လေကြောင်းလိုင်း ၂ခုကသာ အသုံးပြုနေပြီး United လေကြောင်းလိုင်းရဲ့အသုံးပြုမှုက ဒီဝန်ဆောင်မှုကို ပိုမိုကျယ်ပြန့်လာစေမှာဖြစ်ပြီး လေကြောင်းလိုင်းတွေအနေနဲ့ သူတို့ရဲ့အင်တာနက်ဝန်ဆောင်မှုတွေကို အပြိုင်အဆိုင်တိုးတက်အောင်လုပ်ဆောင်ရတော့မယ့် အခြေအနေကို ရောက်ရှိလာတော့မှာပါ။

Source: TechSpot




Address

Yangon

Telephone

+959263393860

Website

Alerts

Be the first to know and let us send you an email when NEO Tech Inside posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share