08/10/2026
Camera နဲ့ Siri ကို မေးကြည့်မယ်။
iOS 27 မှာ Siri AI (Beta) ကို အသုံးပြုထားတဲ့ iPhone တွေအတွက် Camera App ထဲမှာ Siri Mode အသစ်ကို အသုံးပြုနိုင်လာပါပြီ။
Siri Mode in Camera က Visual Intelligence ကို အသုံးပြုထားတာဖြစ်ပြီး
Camera နဲ့ ချိန်ထားတဲ့ အရာတွေကို ကြည့်ကာ သိချင်တာတွေ မေးမြန်းနိုင်ခြင်း၊
သက်ဆိုင်ရာ Information များကို ရှာဖွေနိုင်ခြင်း၊
မြင်နေရတဲ့အရာနဲ့ ဆင်တူတဲ့ပုံများကို အင်တာနက်မှာ ရှာဖွေကြည့်နိုင်ခြင်း တို့ကို ပြုလုပ်ပေးနိုင်ပါတယ်။
အသုံးပြုချင်တယ်ဆိုရင် Camera App ကိုဖွင့်ပြီး Siri ကိုနှိပ်ကာ Siri Mode ကို ပြောင်းလိုက်ပါ။
ပြီးရင် သိချင်တဲ့အရာကို Camera နဲ့ ချိန်ပြီး Siri Button နဲ့ အချက်အလက်တွေ ရယူနိုင်သလို၊ Ask Button ကိုနှိပ်ပြီး ကိုယ်သိချင်တာကို တိတိကျကျ မေးမြန်းနိုင်ပါတယ်။
Siri AI (Beta) ရဲ့ Siri Mode in Camera ကို iOS 27 တင်ထားပြီး၊ Apple Intelligence အသုံးပြုနိုင်တဲ့ iPhone 15 Pro နှင့် နောက်ပိုင်း Model တွေမှာ အသုံးပြုနိုင်ပါတယ်။
Siri နဲ့ iPhone ရဲ့ Device Language ကိုလည်း Supported Language ဖြစ်အောင် သတ်မှတ်ထားဖို့ လိုအပ်ပြီး လက်ရှိမှာ Siri AI ကို English Language နဲ့ စတင်အသုံးပြုနိုင်ပါပြီ။
mCare - Apple Authorized Service Provider
Join us on Telegram → t.me/mCareASP